Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွှေတြိဂံသို့အလည်တစ်ခေါက် (၆) White Temple

weiweiJuly 13, 20145min92321

အပိုင်း (၅) မှာ ရွှေတြိဂံနေရာအထိ ပို့ပေးပြီး ၂ လ လောက် ထပ်ကြာသွားတယ်။ မှတ်မိကြသေးရဲ့လားတောင်မသိဘူး။ ချင်းရိုင်မြို့က နံမည်ကြီး White temple ၊ ယိုးဒယားလို Wat Rong Kung ကို ခရီးဆက်ကြမယ်။ အချိန် ၂ နာရီလောက် ကားဆက်စီးလိုက်တဲ့အခါ White temple ကို ရောက်ပါတယ်။ နေ့လည် ၁၂ နာရီရှိပြီမို့ ထမင်းစားဖို့နဲ့ လည်ပါတ်ဖို့ စုစုပေါင်း အချိန် ၁ နာရီခွဲ ရပါမယ်။ နွေနေ့လယ်ခင်းမို့ အလွန်ပူပြင်းနေပေမယ့် မြင်ရတဲ့ ရှုခင်းနဲ့ ဘုရားကျောင်းလက်ရာတွေက အံ့ဩစရာအလွန်ကောင်းပါတယ်။ အရမ်းခက်ခဲပင်ပန်းခဲ့တဲ့ ခရီးစဉ်တစ်ခုလုံးကို မေ့သွားနိုင်လောက်အောင် စွဲဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ 1997 ခုနှစ်မှာ chalermchai Kostpipat ဆိုသူ ဗိသုကာပညာရှင်တစ်ဦးမှ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ပုံ (၁) wide view
ပုံ (၁) wide view
ပုံ (၂)
ပုံ (၂)
ပုံ (၃)
ပုံ (၃)
ပုံ (၄)
ပုံ (၄)
ပုံ (၅) အဝင်ပေါက်ဝမှာ
ပုံ (၅) အဝင်ပေါက်ဝမှာ
ပုံ (၆) မာန်ပါပါ
ပုံ (၆) မာန်ပါပါ
ပုံ (၇) အဝင်ပေါက်
ပုံ (၇) အဝင်ပေါက်

အဲဒီအဝင်ပေါက်ကနေ အထဲကိုဝင်ပြီးရင် အထဲမှာ ဓါတ်ပုံရိုက်ခွင့်မရှိပါဘူး။ နံရံဆေးရေး ဘုရားပုံတော်ကြီးတစ်ဆူက အလွန်သပ္ပါယ်ပါတယ်။ အဖြူရောင်တွေကြားမှာ အဝါရောင်နဲ့ ဆေးခြယ်ထားပါတယ်။ ညအချိန် မီးထွန်းထားချိန်မှာ အပြင်ကနေကြည့်ရင် မြင်နိုင်ပေမယ့် နေ့ခင်းဘက်မှာတော့ မသိသာပါဘူး။ စာအုပ်ထဲမှာပါတဲ့ ပုံကိုပဲ ဓါတ်ပုံပြန်ရိုက်ပြီး ပြလိုက်တော့မယ်။

ပုံ (၈) ညဘက်ဆိုရင် ဒီလိုမျိုး မြင်ရမယ်
ပုံ (၈) ညဘက်ဆိုရင် ဒီလိုမျိုး မြင်ရမယ်
ပုံ (၉) ကြည်ညိုစရာ လက်ရာ
ပုံ (၉) ကြည်ညိုစရာ လက်ရာ

ဘုရားကျောင်းထဲက ပြန်ထွက်တဲ့အခါ ဘေးဘက်အပေါက်ကထွက်ပါတယ်။ ဥယျာဉ်ကြီးတစ်ခုလိုမျိုး သန့်ရှင်းသပ်ရပ်မှုနဲ့ အရောင်တောက်ပမှုတွေအပြင် အနုစိတ်လက်ရာများကို မြင်တွေ့ခဲ့ရတယ်။

ပုံ (၁၀) အနီးကပ်ကြည့်ရအောင်
ပုံ (၁၀) အနီးကပ်ကြည့်ရအောင်
ပုံ (၁၁)
ပုံ (၁၁)
ပုံ (၁၂) ခေါင်းမိုးဒီဇိုင်း
ပုံ (၁၂) ခေါင်းမိုးဒီဇိုင်း
ပုံ (၁၃) တံခွန်တိုင်လိုမျိုး
ပုံ (၁၃) တံခွန်တိုင်လိုမျိုး
ပုံ (၁၄) ဒါလဲ တစ်မျိုး ထူးခြားတယ်
ပုံ (၁၄) ဒါလဲ တစ်မျိုး ထူးခြားတယ်
ပုံ (၁၅) စင်္ကြန်လမ်းခေါင်းမိုး
ပုံ (၁၅) စင်္ကြန်လမ်းခေါင်းမိုး
ပုံ (၁၆) နဂါးပျံနဲ့တူတယ်
ပုံ (၁၆) နဂါးပျံနဲ့တူတယ်
ပုံ (၁၇) အိမ်သာတောင်မှ ဒီလောက်လှပြီး ခမ်းနားနေတာ
ပုံ (၁၇) အိမ်သာတောင်မှ ဒီလောက်လှပြီး ခမ်းနားနေတာ
ပုံ (၁၈) ဒီလိုမျိုး သန့်ရှင်းနေတယ်
ပုံ (၁၈) ဒီလိုမျိုး သန့်ရှင်းနေတယ်
ပုံ (၁၉) အရောင်စုံတယ်
ပုံ (၁၉) အရောင်စုံတယ်
ပုံ (၂၀) ဘေးဘက်မှမြင်ကွင်း
ပုံ (၂၀) ဘေးဘက်မှမြင်ကွင်း

ဒီပုံတွေက ၂၀၁၄ ဧပြီလ အတွင်းက သွားခဲ့တဲ့ပုံတွေဖြစ်ပါတယ်။ မေလ ၅ ရက်နေ့မှာ ချင်းရိုင်ငလျှင်ကြောင့် အများကြီးထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။ ၂ နှစ်အတွင်း မူလအတိုင်း ပြန်လည်ကောာင်းမွန်အောင် ပြုပြင်သွားမယ်လို့လဲသိရပါတယ်။

အဖြူရောင်က အပြင်မှာကြည့်ရင် အရမ်းလှပေမယ့် ဓါတ်ပုံမစားတဲ့အရောင်မို့လို့ ဓါတ်ပုံထဲမှာ အပြင်ကလောက် မလှဘူးဖြစ်နေပါတယ်။ ထူးခြားတဲ့နေရာတစ်ခုဖြစ်ပြီး တာချီလိတ်နဲ့ သိပ်မဝေးလှတဲ့နေရာမှာရှိတဲ့အတွက်ကြောင့် သွားရောက်လည်ပါတ်သင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်လို့ ….

ဒီနေရာပြီးရင် မူလမြဘုရားရှိတဲ့နေရာကို ခရီးဆက်ကြမယ် …

21 comments

  • Ma Ma

    July 13, 2014 at 6:10 pm

    အဖြူရောင်က ဓာတ်ပုံမစားတာတောင် ကြည့်ရတာ တော်တော်လှတယ်။
    အပြင်မှာပိုလှမယ်လို့ အတွေးဝင်လာသလို……
    ဝေဝေလည်း ရိုက်လာတဲ့ဓာတ်ပုံတွေအများကြီးထဲကမှ မနည်းရွေးတင်ရတာဖြစ်မှာ။
    နုရွ လှပ သန့်ပြန့်နေတာတွေကြည့်ပြီး တို့ဆီနဲ့များ ကွာပါ့လို့လည်း တွေးမိပါရဲ့။
    အိမ်သာဆိုတာကလည်း ပြောပေလို့သာပဲ။

    • weiwei

      July 13, 2014 at 8:20 pm

      ပုံတွေအများကြီးထဲကမှ ပုံ (၂၀) လောက်ရအောင် မနဲရွေးထားရတာ … အများကြီးပြချင်ပေမယ့် သိပ်များလွန်းရင် ဖွင့်ရခက်မှာစိုးလို့ …
      တို့ဆီနဲ့ ကွာတာကတော့ ပြောစရာတောင်လိုမယ်မထင် ..
      အချိန်ရမှ ဘုရားကျောင်းဒီဇိုင်းလုပ်တဲ့ အနုပညာရှင်အကြောင်း ဘာသာပြန်ပြီး တင်ပါအုန်းမယ် ..
      ပျင်းနေတာနဲ့ ဒီပို့စ်ကိုတောင် မနဲအားယူပြီး ကြိုးစားထားရတယ် ..

  • ဦးကြောင်ကြီး

    July 13, 2014 at 7:35 pm

    ဘိမ်းဗယင်မဂျီး အေတီဝမ်

  • အရီးခင်

    July 13, 2014 at 8:44 pm

    ချစ်ညီမ ဝေဝေ ရေ
    ခရီး မှာ အတော်ပျော်ခဲ့ရဲ့လား။
    အခု အပိုင်း(၆) တောင်ရောက်နေပြီ။
    အရင် အပိုင်း တွေ ကို ပြန်လှန် မှာ စိတ်ချ။
    ရောက်ဖူးချင်နေတာ မို့ ဝေဝေ က တစ်ဆင့် ဘဲ သွားလိုက်တော့မယ်။
    ပုံတွေကတော့ ကြည့်လိုက်တာနဲ့ ယိုးဒယား ဒီဇိုင်းပါဘဲ။
    ဒါကြောင့် မြန်မာ အဆောက်အဦ တွေ ဒီဇိုင်း တွေ ကိုလဲ ကိုယ်ပိုင် စတိုင် စစ်စစ်လေး ရှိနေစေချင်တာ။
    နောက်ပိုင်း တွေ ဆက်မျှော်နေမယ်။
    :-))

    • weiwei

      July 14, 2014 at 9:08 am

      ဒေါ်အေးကေကေ တစ်ခါတင်ဖူးတာကို မြင်ပြီးကထဲက သွားချင်စိတ်ပေါက်ခဲ့တာ ..
      တကယ်ရောက်ဖြစ်သွားတော့ အများကြီးဆွဲဆောင်မှုရှိတာ တွေ့လိုက်တယ် ..
      နောက်အပိုင်းတွေကို မြန်မြန်တင်ပြီး လက်စသတ်လိုက်တော့မှာပါ …
      ပုံတွေများတော့ ရွေးရတာနဲ့ ကော်နက်ရှင်ကမကောင်းတာနဲ့ အပျင်းစိတ်များပြီး မလုပ်ဖြစ်တော့တာ ..

  • ဇီဇီ

    July 14, 2014 at 8:57 am

    ကျနော် တို့က အဖြူ ခရေဇီမို့လားမသိ။
    ကြိုက်လိုက်တာ။
    လက်ရာတွေက လှလိုက်တာ နွဲ့နေတာပဲ။

    အပြင်မှာ ရှင်းသန့်ပြီး ပိုလှမယ်ဆိုတာ မှန်းမိပါတယ် ဗျာ။
    🙂

    • weiwei

      July 14, 2014 at 9:13 am

      အရမ်းကိုလှပါတယ် .. ငလျှင်ကြောင့် ပျက်စီးမှုတွေရှိတယ်ဆိုတာသိရလို့ နှမြောမိတယ် ..
      ဒါပေမယ့် မကြာခင်အကောင်းအတိုင်း ပြန်ဖြစ်သွားမယ်ဆိုတော့လဲ တော်သေးတာပေါ့လေ ..

      ဒါနဲ့ တစ်ခုစဉ်းစားမိတာက .. မြန်မာပြည်က ဘုရားတွေမှာလဲ ဖိနပ်စီးလို့ရရင် ကောင်းမယ်လို့ ..

  • kyeemite

    July 14, 2014 at 10:28 am

    ပုံ (၁၆) နဂါးပျံနဲ့တူတယ်…တိုးနယားနဲ့ပိုတူတယ်ဗျ…
    ကျောင်းကြီးက အဖြူရောင်မို့ တစ်မျိုးပိုလှနေတာ….
    မျှဝေပေးလို့ ကြည့်ရတာပဲ…သွားလည်ချင်စရာခရီး

  • kai

    July 14, 2014 at 10:29 am

    ပုံ၁၁ အဖြူကို.. ငွေရောင်နဲ့ အနားသတ်တာ.. တော်တော်ဆန်းတယ်..။
    တိမ်တွေလိုလို…။

  • Ma Ei

    July 14, 2014 at 1:03 pm

    လှပလွန်းတဲ့ ကနုတ်ပန်းရွှေရောင် ငွေရောင်တွေ ကြည့်ရင်း
    ကိုယ်ပါ ပျံတက်သွားနေလားလို့တောင် ထင်ရတယ်…
    ပို့စ်ကတ်တွေ့ဖူးတာ နောက်ခံ အပြာလွင်လွင်တိမ်တွေနဲ့
    အဖြူရောင် ကျောင်းဆောင်ဆိုတော့ အရမ်းကိုလှတယ်…

    • weiwei

      July 15, 2014 at 8:42 am

      နွေနေ့လည်ခင်း ၁၂ နာရီလောက်မှာ တိမ်က မလှနေဘူး … မိုးတိမ်တွရှိနေရင် တော်တော်လှလိမ့်မယ်လို့ တွေးမိတယ် .. အဖြူရောင်ဖြစ်တဲ့အတွက် နေ့စဉ် ပြုပြင်ထိန်းသိမ်းမှုလုပ်နေကြရပါတယ် .. အဖွဲ့တစ်ဖွဲ့နဲ့ ဆောင်ရွက်နေကြတာပေါ့ .. ထူးခြားတာက ဝင်ကြေးကောက်ခံခြင်းမရှိပါဘူး ..

  • စန်းစန်းတင့်

    July 14, 2014 at 5:34 pm

    ပုံနံပတ်၁ရ ကတကယ့်အိမ်သာကြီးလားချင့်

    • weiwei

      July 15, 2014 at 8:30 am

      တကယ့်အစစ် အိမ်သာကြီး .. ခမ်းခမ်းနားနားကြီး လုပ်ထားတာ ..

  • ဦးဦးပါလေရာ

    July 15, 2014 at 10:59 am

    မသဲနုအေး ပိုစ့်မှာလဲ မြင်ဖူးတယ်..
    ဒါကြီး ခန်းနားလှပတာက အနုလက်ရာတွေကြောင့်လဲ ပါပါတယ်။
    ဒါပေမယ့် ကျုပ်မျက်စေ့ထဲ တန်း ဝင် လာတာက ဒီဇိုင်း ပဲ..။

    ဒီဇိုင်း (အဲသည်စာလုံးပေါင်းကရော ဟုတ်ရဲ့လားမသိ) ဆိုတာ-
    အရှိတရားတစ်ခုကို ထပ်ဆင့်မွမ်းမံတာမဟုတ်ဘူး..
    ဒီဇိုင်း ဆိုတာ –
    သူကိုယ်တိုင်က အရှိတရားတစ်ခု ဖြစ်သွားတာ..

    ကျုပ်တို့ဆီမတော့
    လေးဒေါင့်ကြီးဆောက်၊ မှန်တွေတပ်ပြီး သံတိုင်တွေကာဖို့လောက်စိတ်ကူးတာပဲ
    အတွေ့ရ များနေသေးတယ်..

    • weiwei

      July 15, 2014 at 11:30 am

      (ဒီဇိုင်း (အဲသည်စာလုံးပေါင်းကရော ဟုတ်ရဲ့လားမသိ) ဆိုတာ-
      အရှိတရားတစ်ခုကို ထပ်ဆင့်မွမ်းမံတာမဟုတ်ဘူး..
      ဒီဇိုင်း ဆိုတာ –
      သူကိုယ်တိုင်က အရှိတရားတစ်ခု ဖြစ်သွားတာ..)

      အဲဒါလေး ထောက်ခံပါတယ် ဦးပါရေ ..
      ကျွန်မလဲ architect တစ်ယောက်မို့လို့ မသေခင် အကောင်းဆုံးဒီဇိုင်းလေးတစ်ခုလောက်တော့ ချန်ထားခဲ့ချင်သား …. အခုထိတော့ အိမ်မက်တစ်ခု ဖြစ်နေတုန်း …

  • black chaw

    July 15, 2014 at 11:09 am

    တစ်ခု သတိထားမိတာက မဝေ ရဲ့ ဓါတ်ပုံတွေ
    ပို ကြည့်ကောင်းလာပါတယ်…။
    အထူးသဖြင့် အဖြူရောင် ကြီးစိုးတဲ့
    အပေါ်ဆုံး ပုံလေးတွေက ပိုလှတယ်လို့ ထင်ပါတယ်…။
    အိမ်သာကတောင် ဒီလောက်ခမ်းနားနေတာတွေ့ရလို့လည်း
    အံ့ဩမိပါရဲ့…။
    သိတ်လည်းမဝေးဘူးဆိုတော့ အဆင်သင့်ရင် သွားဖြစ်အောင်
    သွားမယ်ဗျာ…။

    • weiwei

      July 15, 2014 at 11:35 am

      တာချီလိတ်ကို လေယာဉ်နဲ့သွားပြီး မယ်ဆိုင် ချင်းရိုင် ချင်းမိုင် ခရီးစဉ် အတွက် ၃ ရက် လောက် အချိန်ပေးရင် ရပါတယ် ..
      ဓါတ်ပုံတွေကို ဖုန်းနဲ့ပဲ ရိုက်ဖြစ်နေတာမို့လို့ စိတ်ထဲမှာ အားမရသေးဘူး ..
      ဒီမိုးကုန်ရင်တော့ ကင်မရာအသစ်ဝယ်ပြီး စိတ်တိုင်းကျ လျှောက်ရိုက်ပစ်လိုက်မယ်လို့ စိတ်ကူးထားတာပဲ ..

  • Crystalline

    July 15, 2014 at 3:05 pm

    ထိုင်းက အိမ်သာတော်တော်များများက တကယ့်ကိုလှလှပပသာသာယာယာလေးလုပ်ထားကြတယ်.. :)) တိုးကုန်ကျစရိတ်ကိုလည်း နောက်ဆုံးမှပြောမယ်ဆိုတာလည်း မှတ်မိပါတယ်.. :))

  • ဦးကျောက်ခဲ

    July 15, 2014 at 3:46 pm

    အဟမ်း… အဲသည့် Wat Rong Khun (Thai: วัดร่องขุ่น) က…
    ငရဲနဲ့ခြောက် ဘုံနဲ့မြှောက် ဆိုတဲ့နေရာလေ… သဂျီး သွားလည်သင့်တယ်…

    အဲသည့် ဘုရားကျောင်းကို ဆောက်တဲ့ ပိသုကာ က ဝိပဿ နာ ကမ္မဋ္ဌာန်းသမား…
    သူတရားထိုင်ရင်း မြင်ခဲ့ရတဲ့ နတ်ဘုံနဲ့ ငရဲပြည်ကို သူကိုယ်တိုင် Replica ပြန်ဆောက်ထားတာ
    အပြင်မှာ အလှုမခံသလို ၊ လှုချင်ရင် ဘတ် ၁၀၀၀ဝထက်လည်း ပိုပြီး လှုလို့မရဘူး…
    အဲသည့် ဘုရားကျောင်းဝင်းထဲမှာ ပစ္စည်းကျန်ခဲ့ရင် ဘယ်သူမှ မယူ အကုန်ပြန်ရတယ် ခင်ဗျ …
    အဟိ… သုရာမေရိယကံကျူးလွန်းရင် ဘယ်လိုခံရတယ်ဆိုတာ ပြထားတာများ…
    ဘီယာအေးအေးလေး သောက်ချင်စိတ်တောင် ပျောက်သွားတယ်…
    😀

    • weiwei

      July 15, 2014 at 4:26 pm

      ပုံ (၄) အဝင်ပေါက်မှာ ငရဲခန်းကို ပြထားတယ် ..
      သူကြီးမကြိုက်တဲ့နေရာမို့လို့ ခပ်လှန်းလှန်းကပုံပဲ တင်ထားလိုက်တာ ..

  • black chaw

    July 24, 2014 at 8:38 pm

    အင်…ဒီပို့စ်က ဖတ်ပြီးသားကြီး။
    ကွန်းမန့်တောင် ပေးထားသေးရဲ့။
    ဟင်…ဒို့ကွန်းမန့်တွေ ရဲရဲတောက်နေပါပေါ့။

Leave a Reply