Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရန်ကုန်-ကျိုက်ထို ခရီးစဉ်…

ကုိ ထြဋ္July 16, 20142min53414

P1270274

ဟဲ.. ဒါက ကျွန်တော့်ရဲ့ ခရီးစဉ်လေးပါ..  မပြောခင်လေးမှာ စကားဦးလေး ပြောပါရစေ…

အခုတလော ကျွန်တော် ရောက်စကတည်းက ပဋိပက္ခတွေ များနေသလားပဲ…

အခုတင်တဲ့ ကျွန်တော့်ပို့စ်လေးကို အမြောက်သံ၊ ဗုံးသံကြားထဲက တင်ရတဲ့ ပို့စ်လို့ တင်စားရမလားပဲ… 🙂

သွားတာကတော့ ဗုဒ္ဓဟူးနေ့ညက သွားတာ.. ည ကားပေါ့… ၉း၄၅ လောက်ထွက်တယ် ပြောမယ်..  ကားက E Lite နဲ့… Scania နည်းနည်း Date အောက်လေးပေါ့…

ရောက်တော့ စောနေတယ်ဗျ.. ဒါနဲ့ ပါတဲ့ 8.6 ကလေးကို မော့ပြီးစောင့်ရတယ်… ဆိုးဘူး ပြောရမယ်.. E Lite က အဲကွန်းလေး ဖွင့်ပေးထားတယ်.. ရှက်တာ တည့်တည့်ဆိုတော့ ငိုက်ချင်သလိုလိုပဲ…

ပြီးတာ့ ကားပေါ်တက်ပေါ့… ကားပေါ်မှာ မုန့်ကျွေးတယ်ဗျ.. စားလဲ ကောင်းတယ်.. ဘာမှန်းတော့ မသိဘူး.. Snack တခုခုပဲ…

(တခြားကားတွေ ကျွေးလာ မကျွေးလားမသိပါ.. ခရီးသိပ်မသွားဖူးသဖြင့်…)

မိန်းမကတော့ ကိုးနဝင်း ပုတီးစိပ်.. ကျွန်တော်က ကွမ်းလေးဝါးပြီး.. သီချင်းလေးနားထောင်ပေါ့…

စကားမစပ် ရန်ဖြစ်ထားသေးတာလဲ ပါတယ်.. ဟီး…

သိပ်မမောင်းရဘူး.. ၄ နာရီလောက်ပဲ.. ကျိုက်ထိုကို ရောက်တာပဲ.. ဘဲလေးမှာ ရပ်တယ်…

P1270283

ပြီးတော့ ညလယ်စာ ခေါ်မလားပဲ… ဒါပေမဲ့ ဘတ်ဂျက်က ၁၀၀ဝ ဆိုတော့ မုန့်ဟင်းခါးပဲ စားရတယ်…

P1270281

သူတို့က မုန့်ဟင်းခါးဆိုတာနဲ့ ဘဲဥ အကြော် အော်တိုလားမသိဘူး.. ထည့်ပြီးသားလာပေးတယ်.. တော်သေးတာက… တပွဲ ၅၀ဝ ကျပ်မို့…

သူတို့ဆိုင်လေးက မဆိုးဘူး.. ဆားဗစ်ရော.. စားပွဲထိုးတွေလဲ သပ်သပ်ရပ်ရပ်ပဲ… အိမ်သာဆိုလဲ သန့်တယ်… ဆိုးဘူးပေါ့…

အဲကနေ နည်းနည်း ၁၅ မိနစ်လောက် ထပ်စီးတော့ လိုချင်တဲ့ နေရာရောက်တယ်…

ရုံးကလဲ ဘောပွဲ ရှိတော့ မအိပ်သေးဘဲ စောင့်ပြီး လာခေါ်တယ်ဗျ… သာသာယာယာပဲ လို့ ပြောရမယ်… အဲနေ့က အာဂျင်တီးနားပွဲဗျ…

ဒါနဲ့ပဲ ဟိုတယ်ကို သွားတယ်ပေါ့ဗျာ… ညအိပ်တယ်…

မအိပ်ခင် အဖေက ဖုန်းဆက်တယ်.. စိတ်ပူတာ.. ခရီး မထွက်ဖူးတော့ .. ရောက်ပြီလားပေါ့… ကျေးဇူးတင်ပါတယ်.. အဖေ… 🙂

မနက်လဲ အစောကြီး နှိုးတာဗျ… ကျိုက်ပေါလော မှဲ့ရှင်သွားဖူးလိုက် သားတဲ့…

ဒါနဲ့ သွားကြတာပေါ့.. လင်မယား ၂ ယောက်…

P1270305

သွားတဲ့ လမ်းမှာ မနက်စာစားကြတယ်… ဘာ မုန့်ဟင်းခါး ခေါ်မလဲ မသိဘူး… ရှောက်ရွက်တွေ ပဲပင်ပေါက်တွေနဲ့ဗျ…

P1270306

တန်တယ် ပြောရမယ်… အကြော်ပါသေးတယ်.. ၂၀ဝ ကျပ် ခင်ဗျာ့.. တွက်ချေကိုက်သွားပြီ…. 🙂

တည်းတဲ့နေရာကနေဆို.. ဘုရားကို ၁၅ မိနစ်လောက် လျှောက်ရမယ်ဗျ…

ကဲ.. ဘုရားရောက်ပါပြီဗျာ… ဖူးကြရအောင်နော်…

P1270316

အဲဒီနေ့က ဘုရားရဲ့ မှဲ့ တော်က ညာဘက် နားထင်နားမှာဗျ…

ဘုရားရှိခိုး.. အလှူငွေထည့်.. ရွှေပြားရွှေသင်္ကန်းကပ်ပေါ့.. လူကိုယ်တိုင် ကပ်မရဘူးလေ.. အလှူခံ ထည့်ခဲ့ရတာပေါ့.. အမျှပေးတယ်နော်… အမျှ.. အမျှ… အမျှ .. ယူတော်မူကြပါကုန်သောဝ်…

သာဓုလိုက်ခေါ်ရင် ကျွန်တော်တို့ ရတဲ့ ကုသိုလ်အတိုင်း ရတယ်တဲ့ဗျား.. နော်….

ပြီးတာရှေ့  ဘုရားရဲ့ အရှေ့က ပြောမလား.. ကပ်လျက်ပြောမလား… မဟာမြတ်မုနိ ဘုရားကို ထပ်ပြီး သွားဖူးခဲ့သေးတယ်..

P1270334

အဲဒီမှာတော့ ရွှေသင်္ကန်းကို ကိုယ်တိုင် ကပ်လှူလို့ ရတယ်ဗျ… ဟဲ.. ကိုယ်လဲ ကပ်ခဲ့သေးတာပေါ့… ရေမြေ့သနင်းကို မမြင်ဖူးရင် ရှုတော်မူဗျာ… 😛

P1270344

ဒါလေးလဲ .. အမျှပေးတယ်ဗျာ… အမျှ .. အမျှ… အမျှ… ယူတော်မူကြကုန်သော်ဝ်….

ပြီးတော့ ဟိုကြည့် ဒီကြည့်ပေါ့ဗျာ.. အလှူခံပုန်းတွေမှာ အလှူငွေထည့်ပေါ့..  ဟိုလေ.. ဘီလိုပြောရမလဲ.. ရွှေသင်္ကန်းက မိန်းမက လှူတာ ကျွန်တော်က ကပ်တာဗျ… ပြန်ကြည်သွားပြီနော်.. အဲဒီမှာ… 🙂

ဟိုတယ်ပြန်.. ရုံးကို ဖုန်းဆက်ပြီး လာကြိုခိုင်း…

ရုံးရောက် ကွန်ပျူတာ စာရင်းတွေစစ်.. ဗိုင်းရပ်စ်တွေ စစ်… အင်တာနက် အခြေအနေတွေ မေးပြီး… ကားဂိတ်ကို ထွက်လာပါတယ်…

ကံများကောင်းချင်တော့ လမ်းထိပ်မှာတင် ကားက ရောက်နေတော့ တက်လိုက်သွားတယ်ဗျာ….

Win ကားနဲ့ မော်လမြိုင်ကို ဒိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ပြီဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး….

ကျိုက်ထို- မော်လမြိုင်မှာ ပြန်ဆုံမယ်နော်…

 

ps: မိန်းမက လမ်းမှာ ကွန့်မန့်တယ်… ဓာတ်ပုံတွေ ရိုက်…  ကောင်းကောင်းမစားနိုင်ဘူး… စားခါနီး အရင် ရိုက်တာကိုး…

ရောဂါတမျိုးပဲတဲ့… သူများတွေက Face Book ရောဂါ.. ကျွန်တော့်အလှည့်ရောက်မှ… ဂဇက်ရောဂါတဲ့…

တကယ်တော့ ရောဂါ မဟုတ်ပါ… ကိုပေါက်စကား ဌားသုံးရရင်.. ဇီးသီးယက် ဆိုလားပဲ… ဟီးးးးးးးးးးးး  😛  စိတ်မဆိုးနဲ့နော်… ကိုပေါက်… 🙂

 

 

 

 

 

 

14 comments

  • အရီးခင်

    July 16, 2014 at 2:37 pm

    မုန့်ဟင်းခါး ပုံလေး တွေကြည့်ပြီး စားသွားပါတယ်။
    ကျေးဇူးပါ။ :-))

    ဘုရားဖူး သွားပါတယ်။
    သာဓု၊ သာဓု၊ သာဓု ပါ။

    ကျိုက်ထို ဆိုလို့။
    အရီး ရထားနဲ့ မော်လမြိုင်သွားတုန်း က ကျိုက်ထိုဘူတာမှာ ဗုံးပေါက်တာ ကိုယ့်မျက်စိ ရှေ့ဘဲ။
    အခုတော့ အဲဒီလောက် မဆိုးတော့ပါဘူး ထင်ရဲ့။

  • Ma Ei

    July 16, 2014 at 2:55 pm

    ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရားမှာ
    အဲဒီနေ့က ဘုရားရဲ့ မှဲ့ တော်က ညာဘက် နားထင်နားမှာဗျ…
    ဆိုလို့ ကျမတို့ ဖူးသမျှ အခေါက်တိုင်းလဲ အိုက်နေရာနားမှာဘဲလို့ထင်ပါတယ်……
    မထိုက်သေးလို့လားမသိ ထူးထူးခြားခြား နေရာရွေ့နေတာမျိုး မဖူးခဲ့ရဘူး..
    ဓာတ်ပုံလေးတွေ နဲနဲသေးတယ်…နောက်တင်ရင် နဲနဲကြီး (450X600) လောက်တင်ပါ..(ဒီစာသူကြီးမမြင်ပါစေနဲ့..ဆာဗာလေးတယ်ပြောမစိုးလို့ပါ)..
    🙂

  • ဦးကျောက်ခဲ

    July 16, 2014 at 2:56 pm

    ဘဲလေးက ဝါးတီးကောင်းတယ် သန့်တယ်… ဒါပေမယ့် ဈေးကြီးတယ်…
    ချဉ်ပေါင်ကြော် စားကောင်းလို့ ပါဆယ်ဝယ်လာတာ တစ်ထုပ် ၁၀၀ဝကျပ် ၊ နဲနဲလေးရယ်…
    😀

  • ဇီဇီ

    July 16, 2014 at 3:02 pm

    ဟမ်မငေးးးး
    သများ မရောက်ဖူးတဲ့ နေရာတွေ သွားပြနေတယ်။
    နေနှင့်ဦးးး
    သများ အကိုဂျီးတွေ အဲ့ဘက် မှာ အဟွာပြု မှ လိုက်သွားရင်း ဓာတ်ပုံတွေ အားဂျီးများဂျီး ရိုက်ခဲ့မယ်။
    :mrgreenn:

    ခုတော့ ဒီကပဲ အစားငမ်းရင်း သာဓု ခေါ်သွားပါတယ်။

    😀

  • surmi

    July 16, 2014 at 3:02 pm

    ကိုရေမြင်း အဲ အဲ မှားလို့
    မနက်ဖြန် အဲဒီကျိုက်ဗောလောမှာကြုံခဲ့တာလေးပို့စ်တင်မလို့ဗျ
    ကျုပ်က လွန်ခဲ့တဲ့ ၁၄ နှစ်ကပါ
    အဲဒါတိုက်ဆိုင်နေတာလေးလာပြောတာ
    စကားမစပ်
    မနေ့ကဘဲ ခင်ဗျားညွှန်းတဲ့ဆိုင်ရောက်သေးတယ်

  • မဟာရာဇာ အံစာတုံး

    July 16, 2014 at 3:52 pm

    သူက 8.6 ချလို့
    မိန်းမ က ပုတီးစိပ်လို့
    တော်တော် ကောင်းတယ် …
    :mrgreen:

    ဘုရားလည်း ဖူးသွားပါတယ်ဗျို့

  • Yae Myae Tha Ninn

    July 16, 2014 at 3:53 pm

    အရီးခင်ရေ.. အဲလောက် မဆိုးလောက်တော့ပါဘူး.. အေးအေးချမ်းချမ်းပါပဲ…
    Ma Ei ရေ.. ကျွန်တော်က ငယ်တုန်းက တခါဆိုတော့ မှတ်မိဘူးဗျ.. မထိုက်လို့ပဲလို့ မှတ်ပါတယ်.. ပုံကတော့ မကောင်းဘူးဗျ.. ကင်မရာက မရှိလို့.. ဒါတောင် ယောက္ခထီးဟာ… 🙂
    ဦးကျောက်ခဲကတော့.. ဟုတ်တယ်.. မော်လမြိုင်က ပြန်တော့ အဲလမ်းပဲ.. ထပ်စားတယ်.. ဆီချက်က ၁၀၀ဝ ကျပ်.. သန့်တယ်.. ဈေးတော့ နည်းနည်း များတယ်.. အဲဒါ မော်လမြိုင် ခရီးစဉ်မှာ ရေးမလို့ပဲ… 😛
    ဇီဇီရေ.. မခံနဲ့ .. ရိုက်လာခဲ့… ဟဲ…
    surmi.. ဆရာကြီး.. နာမည်ဖျက်နဲ့ဗျာ.. နဂိုကတည်းက တွင်ချင်နေတာ.. မိန်းမက ဈေးဝယ်မယ်ဆို ကန်စွန်းရွက်ကိုပဲ ဓာတ်ကျနေတာနော်… ဟွန်း…ပို့စ်တူ ညီကိုပေါ့.. ဟဲ… ကျွန်တော့်နာမည် မပြောခဲ့ဘူးလား… အရင် အကြွေးတောင်းမှာစိုးလို့လား…
    သာဓုလေး ခေါ်ကြပါဗျ.. ကုသို်လ် မျှပေးနေတာကို…
    ဒါထက် ကျွန်တော့်ကို ချောတယ်လဲ မပြောကြဘူး.. ပုံတင်ထားတယ်လေ… 😛 😛 😛 😉

  • Yae Myae Tha Ninn

    July 16, 2014 at 3:59 pm

    မြင်လဲ မြင်တတ်ပလေ…ဆရာ အံစာတုံးရယ်… E Lite ဂိတ်မှာ စောင့်နေတုန်း သောက်တာပါ… အဲအချိန်မိန်းမနဲ့ စကားပြောတုန်း… သောက်တာ… ကားပေါ်တက်ခါနီးမှ စကားများတာ.. အဲချိန်မှာ သူက ပုတီးစိပ်.. ကျွန်တော်က ကွမ်းစား.. သီချင်းနားထောင်လေ.. 🙂

  • kyeemite

    July 17, 2014 at 12:59 pm

    ဂလု..ဂလု..ဟာအရေးထဲမန့်ခါနီး လေတက်နေသေးတယ် 😀
    ဘုရားဖူး သွားပါတယ်။
    အလှူအတွက်…သာဓု၊ သာဓု၊ သာဓု ပါ။
    ကျုပ်လည်းတစ်ခါတော့ဖူးခဲ့ဖူးပါတယ်…

  • Yae Myae Tha Ninn

    July 17, 2014 at 2:05 pm

    ဟဲ.. ဖြစ်ရမယ်.. ကိုကြီး မိုက်ရယ်… 🙂

  • alinsett (gazette)

    July 17, 2014 at 2:51 pm

    အဲ့…ကျိုက်ပေါလောမှဲ ့ရျင်တော်ဘုရားရဲ ့ ရုပ်တုမျက်နှာတော်ပေါ်က..မှဲ ့ဆိုတာကြီးကို..
    သေသေချာချာ ထိုင်ကြည့်နေခဲ့ဘူးတယ်.. ။
    ဘာပဲ.ဖြစ်ဖြစ်…စိတ်ကူးပေါက်ပြီး…ဘုရားတည်သူတွေကို ကျေးဇူးတင်ရတာပါပဲ..

    😆

    အဲဒီဘုရားရှေ့မှာ.ရောင်တဲ့..ပိန်းနဲသီးတွေ…
    တဝကြိးထိုင်စားခဲ့ဖူးတယ်.. ။
    ဘာပဲ.. ဖြစ်ဖြစ်..ဈေးပေါပေါနဲ ့ ရောင်းသူတွေကို..ကျေးဇူးတင်ရတာပါပဲ..

    😆

    အဲဒီ မွန်တို့ဠာနေကို..ရောက်တိုင်း..
    မွန်သံ ဝဲဝဲလေးတွေ…ပြောနေတဲ့ မိန်းကလေးတွေရဲ ့ အသံတွေကိုကြားတိုင်း…
    ချစ်သူတစ်ယောက်ကို သတိရမိတယ်…။
    အင်းးး
    ဘာပဲ..ဖြစ်ဖြစ်.. မွန်မလေးရယ်..ကျေးဇူးပါ.. ။

    :kwi:

    ဒီပိုစ့်လေးဖတ်ပြီး.လွမ်းသလိုလို ဆွေးသလိုလို..ကြည်နူးသလိုလို..
    ခရီးပဲ..ထွက်ချင်သလိုလို… သလိုလိုတွေ ဖြစ်သွားတာ…
    ဘာပဲဖြစ်ဖြစ်.. ပိုစ့်တင်တဲ့.. နောင်တော့်ကို ညီတော်အလင်းဆက်က… ကျေးဇူးတင်ပါတယ်…

    😆

  • Yae Myae Tha Ninn

    July 17, 2014 at 4:48 pm

    နောင်တော်တဲ့လား.. ညီတော်အလင်းဆက်ကဆိုတော့.. ငယ်တယ်ပေါ့… 🙂
    ပို့စ်တင်ချင်တာ… မအားလို့.. နောက်များဆို လက်တော့ တလုံးလောက်တော့ ဝယ်မလားပဲ.. အိမ်မှာအေးဆေး တင်တော့မယ်.. ရုံးမှာက အားချင်မှ အားတာ.. ဖီးလ်ဖြစ်လို့ ရေးမယ်ဆို.. မအား.. အားလို့ ရေးမယ်ဆိုတော့ ဖီးလ်ကမလာပဲ… ရေးချင်တာတွေ စုထားတာ မနည်းဘူး… ဟူး…. 🙂

    • alinsett (gazette)

      July 25, 2014 at 3:25 pm

      ညီတော့့် အသက်က….
      ဆယ့်ခြောက်နှစ်…တစ်ခါ….
      ဆယ်နှစ် တစ်ခါ…. ( ပေါင်း… )
      ပြီးရင်….. ဆယ်လ တစ်ခါ…ထပ်ပေါင်းးးးး

      ဘာပဲ..ဖြစ်ဖြစ်…ညီတော်ပဲဗျာ…

      :mrgreen:

  • Yae Myae Tha Ninn

    July 25, 2014 at 3:42 pm

    ဟုတ်ပါပြီ ညီတော်ရယ်.. ဟုတ်ပါပြီ… 🙂

Leave a Reply