ကျွန်တော့်နှုတ်ခမ်းရဲ့ အစွန်းနှစ်ဖက်ကို အပေါ်ကိုကွေးညွှတ်ပြရဦးမယ်

SawAungJuly 25, 20141min5489

ငွေမရှိလည်း နောက်ထွက်မယ် iPhone အသစ်ကို မျှော်ခွင့်ရှိတယ်။

နင်မရှိလည်း ငါလိုချင်တဲ့ အချစ်တစ်ခုကို မျှော်ခွင့်ရှိတယ်။

အရူးလိုပဲ ငွေမရှိတဲ့အချိန်မှာ ဘီယာကပိုသောက်ကောင်းနေတယ်။

Marry Brown က ကြက်ကြော်ကို အသည်းအသန်စားချင်နေတယ်။

ခရီတစ်ခုကို လွတ်လပ်စွာ သွားချင်တယ်။

အိမ်တစ်လုံးရဲ့ ဆူပူမှုကို ဖြည့်တင်းပေးချင်တယ်။

မပြည့်တဲ့ လိုအင်တွေနဲ့ ဘဝဟာ ရယ်စရာကောင်းသား။

တစ်ခါတစ်ခါ အရူးလို ရယ်သွမ်းသွေးချင်တယ်။

လူတွေဟာ ငွေနဲ့တွေ့ရင် ဘီလူးတွေလို။

မာနဟာ မီးတောက်သလို ထထတောက်တယ်။

တစ်ခါတစ်ရံ ဟုတ်ကနဲ ငြိမ်းသွားတယ်။

ဘဝမှာ ငြိမ်းအေးစွာ နေချင်တာ ဆန်းသလား။

ဘဝမှာ ဘာတွေအလိုအပ်ဆုံးလဲ ကိုယ်တိုင်သိနေတာ ဆန်းသလား။

အဆောင်ယောင်တွေကြားမှာ အယောင်ဆောင်တွေနဲ့ မွန်းကြပ်မှုဟာ ထမင်းနင်ပြီး ရေနစ်သေသလိုပဲ။

လူတွေဟာ နှုတ်ခမ်းအစွန်းနှစ်ခု အပေါ်ကွေးညွှတ်ရုံနဲ့ ပြုံးပြတယ်ထင်ကြတဲ့ ခေတ်ကြီးဟာ အပြုံးတုတွေနဲ့ လှနေတာမဆန်းပါဘူး။

အရွဲ့တိုက်ပြီး တစ်ခါတစ်ခါ ရယ်ကြည့်တယ်။

မခံရပ်နိုင်လို့ မျက်လုံးမှိတ်ထားကြည့်တယ်။

နောက်ဆုံးတော့ ဘဝဟာ ဘဝပါပဲ။

အဆောင်ယောင်နဲ့ လောကကြီးလှပဖို့

ကျွန်တော့်နှုတ်ခမ်းရဲ့ အစွန်းနှစ်ဖက်ကို အပေါ်ကိုကွေးညွှတ်ပြရဦးမယ်။

 

………………..

ရင်နှင့်ရင်း၍

အောင်မိုးသူ

ဇူလိုင်လ ၂၅ရက် ၂၀၁၄ခုနှစ်

နံနက် ၁ဝနာရီ ၁၅မိနစ်

 

9 comments

  • ခင် ခ

    July 25, 2014 at 10:35 am

    တုပလို့ပြုံး မမုန်းပေမယ့်
    စစ်လှတဲ့အပြုံး ချစ်လို့မဆုံး။

  • ခင်ဇော်

    July 25, 2014 at 11:08 am

    တစ်ချို့ကတော့ သူတို့ကိုသူတို့ ဘာတွေ လိုအပ်မှန်းမသိကြဘူးထင်ရဲ့။
    ဖြည့်ဖို့ မကြိုးစားပဲ အသက်တွေသာ ကြီးလာရော။
    :hint:
    ရုပ်ဝတ္ထုကို ပြောတာဟုတ်ဘူးနော်။

    အဲလာမျိုးလူတွေ တွေ့ရင်တော့ ပြုံးရုံတင်မဟုတ်။ ဟားတိုက် ရီချင်တာ မနည်းအောင့်ထားရ။
    😀

  • alinsett (gazette)

    July 25, 2014 at 3:11 pm

    လူတွေဟာ နှုတ်ခမ်းအစွန်းနှစ်ခု အပေါ်ကွေးညွှတ်ရုံနဲ့ ပြုံးပြတယ်ထင်ကြတဲ့ ခေတ်ကြီး…..

    အဲဒီ…လက်ရှိ ခေတ်ကြီးအကြောင်းးးးးးး
    ခေါင်းစဉ်တစ်ခု ထုတ်ပြီး….စဉ်းစားမိဦးတော့မယ်.. ။
    ဟုတ်တယ်… ။

  • Paing Lay

    July 25, 2014 at 3:32 pm

    နောင်တော်အောင်မိုးသူပြောမှပဲ ကားတွန်း ဝိဇ္စာရဲ့ “လူနဲ့မျက်နှာ” ကာတွန်းဇာတ်လမ်းတိုကို ပြေးမြင်ယောင်မိတယ်ဗျ။ အဲဒီကာတွန်းလည်း ဒီက မန်းဂေဇက်ထဲက နောင်တော်အမတော်တွေ ဖတ်ဖူးကြမှာပါ 😀

    • alinsett (gazette)

      July 25, 2014 at 3:42 pm

      နောင်တော်တွေ အစ်မတော်တွေ ဖြစ်ကုန်ကြပြီလား
      ညီတော် ပိုင်လေးရဲ့
      :mrgreen:

      ညီတော်အလင်းဆက်ကတော့
      ကာတွန်းဝိဇ္ဇာရဲ့ ရုပ်ပြတွေကို မလွတ်တမ်း ဖတ်ခဲ့ဖူးတယ်ဗျို့
      ဗျူးနဲ့ ဝိဇ္ဇာ အတွဲ ညီတုန်းက ပို လက်ရာကောင်းသလားလို့

  • Mr. MarGa

    July 25, 2014 at 3:52 pm

    ဟဲဟဲ
    ကျုပ်ကတော့
    နှုတ်ခမ်းတစ်ဖက်စွန်းကိုပဲ အပေါ်ကို ကွေးညွှတ်ပြတတ်တယ်
    မထီတရီ အပြုံး လို့ ဆိုလေမလားတော့ မသိ :mrgreenn:

  • manawphyulay

    July 28, 2014 at 10:04 am

    မထီတရီအပြုံးလား….
    လှောင်ပြုံးလား…
    မဲ့ပြုံးလား….
    လောကကြီးကို အံတုပြုံးလေလား….

Leave a Reply