အညာဒေသ ရဲ့ မရိုးနိုင်သောမြင်ကွင်းများ (ဓါတ်ပုံပိုစ်)
အညာဒေသ ရဲ့ မရိုးနိုင်သောမြင်ကွင်းများ (ဓါတ်ပုံပိုစ်)









အညာဒေသ ကို ဓါတ်ဖမ်းထွက်ကြတုံးက ရလာ တဲ ့ အမှတ်တရ ပုံလေးတွေကို တင်ပေးလိုက်ပါတယ.်
ကိုပေါက်လက်ဆောင် အလင်းပုံရိပ်များ
29-8-2014
အညာဒေသ ကို ဓါတ်ဖမ်းထွက်ကြတုံးက ရလာ တဲ ့ အမှတ်တရ ပုံလေးတွေကို တင်ပေးလိုက်ပါတယ.်
ကိုပေါက်လက်ဆောင် အလင်းပုံရိပ်များ
29-8-2014
15 comments
မြစာကလေး (23122011)
August 29, 2014 at 11:55 pm
ကျုပ် လဲ ပုပ္ပါးကို ရောက်ဘူးတယ် ကိုပေါက်ကြီး။
ဟင်းရွက်ဆိုင်လေး တွေ ကြည့်ပြီး အရွက်တွေ ကြော်စားချင်လိုက်တာ။
နံပါတ် (၄) ကို အကြိုက်ဆုံးပါ။
Myo Thant
August 30, 2014 at 10:03 am
( 4 မြန်မာပြည်ရဲ့ဖူဂျီယာမား )
အဲဒီပုံလေး ခိုက်သဗျာ
ကိုပေါက်(မန္တလေး)
August 30, 2014 at 10:04 am
အညာဒေသရဲ့ သရုပ်ပါတဲ့မြင်ကွင်းတွေက လူ ကို အမြဲ ဆွဲဆောင်တယ်နော်
ခင် ခ
August 30, 2014 at 10:15 am
အနီးကပ်တောင်မကြီးပုံ အနေထားလေးကြိုက်တယ်ဗျာ။
ကိုပေါက်(မန္တလေး)
August 30, 2014 at 12:20 pm
ကိုခ ရေ အဲဒီတုန်းက အတူသွားသူတွေက သဘောကောင်းလို့ဗျ။
ဒါကြောင့်လဲ ဒီလိုပုံတွေရခဲ့တာပါ
sorrow
August 30, 2014 at 11:02 am
ဦးပေါက်ရေ….နံပါတ်လေးက ဗျတ္တပန်းဆက်လမ်းလား..ကျောက်ပန်းတောင်းဘက်ကပုပ္ပါးကိုတက်တဲ့လမ်းလားခင်ဗျာ ။
နံပါတ်ငါးက ပုပ္ပါးမြို့ဝင်ဆိုင်းဘုတ်နားကဈေးတန်းနားကဈေးလေးလားမသိ … သာယာပါပေ့ဗျာ .. ရွာထဲမှာလဲ ဓါတ်ပုံပို့လေးရှိနေတော့လဲ မရောက်ဖူးသော်မှ အာသာပြေ ကြည့်ခွင့်ရပါရဲ့ …ဦးပေါက်ကို ကျေးဇူးအထူးတင်ရှိပါကြောင်း
ကိုပေါက်(မန္တလေး)
August 30, 2014 at 12:22 pm
ကိုဆောရိုးရေ
ကျောက်ပန်းတောင်းက နေ ပုဂံ ကို သွားတဲ့လမ်းမှာရိုက်လာတာပါ
ဈေးတန်းလေးက တော့ ညောင်ဦးမြို့ ထဲ က အာဂန္တုဈေးသည်လေးတွေကိုရိုက်ထားတာပါ
တင်ပေးတဲ့ပုံလေးတွေက စိတ်အပန်းပြေစေတယ်ဆိုလို့ ဝမ်းသာပါကြောင်း
manawphyulay
August 30, 2014 at 4:09 pm
အောက်ဆုံးပုံက လေးပေါက် ဘယ်ဟိုတယ်မှာ တည်းပြီး ဘယ်နေရာမှာ ရိုက်ထားတာလဲဟင်…
အဲဒီဟိုတယ်က ဈေးကောသက်သာလား။ သမီးနောက်တစ်ခေါက်သွားရင် တည်းချင်ပါတယ်။
ကိုပေါက်(မန္တလေး)
August 30, 2014 at 5:02 pm
အခုပုံလေးက ပုပ္ပါး ရီ ဆော့ ကနေ ရိုက်ထားတာပါ။
အော် ဈေး သိပ်မကြီး ပါ ဘူး တစ်ရက် ကို တစ်ယောက်ခန်း တစ် ရာ နဲ့ နှစ်ယောက်ခန်း နှစ်ရာထဲပါဗျာ
ဒါပေမယ့် ကျနော် သွားတဲ့ အချိန် အခန်းလွတ် မရှိဆိုတာ နဲ့ တောင်ခြေ က အခန်းတွေမှာ
တစ်ည နှစ်ထောင်ပေးပြီး အိပ်လိုက်ရပါတယ်။
alinsett
August 30, 2014 at 7:31 pm
နံပါတ် 6 ပုံကို အကြိုက်ဆုံးပါပဲ ။
ဒါနဲ ့..ဒီမြင်ကွင်းတွေက… မိုးတွင်းပဲလား…
ခြောက်ခြောက်သွေ့သွေ့လေးမို ့…
ကိုပေါက်(မန္တလေး)
August 31, 2014 at 8:44 am
မိုးအကုန်ဆောင်းအကူးမှာပါ
မွသဲ ( 17082011 )
August 30, 2014 at 8:46 pm
နံပါတ်ကိုးလေးကို ကြိုက်တယ်။ ကျန်တဲ့ပုံတွေလဲလှတာပဲ။ အညာပီပီ ပူနေမဲ့ပုံလေးလဲထွက်နေတာခံစားရတယ်
ကိုပေါက်(မန္တလေး)
August 31, 2014 at 8:49 am
အဲဒီပုံက ညနေ သုံးနာရီလောက်ရိုက်ထားတာပါ။
အပြင်မှာ နည်းနည်းလေးပူနေတဲ့အချိန်
ဆောင်းဝင်စနေဆိုတော့ သိပ်တော့ မပြင်းဘူးပေါ့
kyeemite
September 2, 2014 at 10:29 am
.ပုံတွေအားလုံး အညာအလှကိုပေါ်လွင်စေပါတယ်…ကျုပ်တော့ ပုံ ၁ ကိုကြည့်ပြီး ငယ်ငယ်ကကျောင်းခဲ့တဲ့
.ဆိတ်အုပ်ကိုသတိရသွားတယ်ဗျာ…
ကိုပေါက်(မန္တလေး)
September 2, 2014 at 5:00 pm
နောက်ရက် လူ ခြင်းဆုံမှ ဦးမြသောင်းရဲ့ တောင်တော်ပုပ္ပါး သီချင်းဖွင့်ပြအုံးမယ်
နားထောင်ပြီး လွမ်းသွားစေရမယ်