ခြေဥပြင်ဖို့ ဂွင်ဆင်စို့ Opportunity
၂၀၁၄ သန်းကောင်စာရင်း လူဦးရေနဲ့ ၂၀၁ဝခုနှစ် ရွေးဂေါက်ပွဲ လူဦးရေစာရင်း ၈သန်းနီးပါးကွာလို့ ပြည်တွင်း၊ နိုင်ငံတဂါ သတင်းတွေမှာ အတော်လေး ရိုက်ခတ်သွားတယ်။ အခုလည်း ဒီချုပ် အမတ်တဦးက လွှတ်တော်ထဲ မေးခွန်းထုတ် ဦးမယ်ဆိုဗဲ။ ဆင်ခြေ ပြမှာပဲ ဘာပုလို့ ညာပုလို့… ဒါကို အခွင့်အရေးလို့ မြင်ကြည့်ရအောင်..။
အားလုံးသိတဲ့အတိုင်း ၂၀၀၈ခုနှစ် နာဂစ်အခြေခံ ဥပဒေကို လူထုအများစု ထောက်ခံတယ် ကြောက်ဖွတ်များ ဖင်ပိတ်ငြင်းတယ်။ ဒီမိုကရက်များဖက်ကလည်း ဘွားဒေါ်ဂျီးကိုယ်တိုင် လွှတ်တော်တက် ကျမ်းကျိန်ထားတော့ အပြောရခက်နေတယ်။ ခုတော့ နတ်ဒေဝါများတန်ခိုးနဲ့ အခွင့်အရေး ပေါ်လာပြီ။ ကွဟနေတဲ့ လူဦးရေရှစ်သန်း ဘယ်မှာလဲ.. နည်းနည်းနောနော ပမာဏ မဟုတ်နော်။ စစ်တပ်အနေနဲ့လည်း ကိုယ်လွန်ထားတာ နှုတ်မရ ဖြစ်တယ်ဆိုလျင် ဒါ အခွင့်ကောင်းပဲ။ အခြေဂံဥပဒေ ခုံရုံးကနေ ၂၀၀၈ နာဂစ်ဥပဒေကို တရားမဝင်ကြောင်း ကြေငြာပြီး အခြေခံဥပဒေ အသစ်ရေးဆွဲနိုင်တယ်… အဲလိုဖြစ်ဖို့က အိမ်မက်မို့.. လမ်းတခုအဖြစ်သာ ချပြတာ။

လုပ်ရမှာ ဒီမိုကရက်များဖက်က ရဲရဲဝံ့ဝံ့ ထောက်ပြတောင်းဆိုရမည်။ ဘွားတော်ဂျီးမှာလဲ တာဝန်ရှိတယ်.. သူ့ အတွက် ပြန်ပြင်ဖို့ အခါကောင်းပါပဲ။ လူဦးရေစာရင်း ကွာဟမှုနဲ့အတူ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ဖြစ်ဆိုဒေါ့ ဖြစ်နိုင်တာ ရွေးကောက်ပွဲလုပ်ခါမှ အဲဒီမဲဆန္ဒနယ်တွေမှာ စာရင်းလိမ်ထားတာ ဘူးပေါ်သလို ပေါ်မှာမို့များလား။ ဒါလည်း အများကြီး ဖြစ်နိုင်တယ်။ စစ်အစိုးမရ တဖြစ်လဲ စစ်တဗိုင်းအစိုးမရမှာ ဖြေရှင်းဖို့ တာဝန်ရှိနေပြီ..။ အဲဒေါ့ကာ…..
အတိုက်အခံများအတွက် ခြေဥပြင်ရေးမှာ အရေးကြီးတဲ့ သက်သေအထောက်အထားမို့ ယူသင့်ယူထိုက်တာ ယူဓာတ်ကျပါလို့ သဂျီးသမက် အကျွန်ုပ်ကြောင်ကြီး ဒီနေရာမှ ပြတ်ပြတ်သားသား တိုက်တွန်းပါဒယ်။။ ငါကွ…
12 comments
မင်း ခန့် ကျော်
September 8, 2014 at 12:11 pm
စစ်တပ်မှာအဖြေ မဟုတ်သောအဖြေတွေ
ဂိုဒေါင်ကြီးနဲ့အပြည့်
ဇီဇီ ခင်ဇော် (15102012)
September 8, 2014 at 12:18 pm
ဝမ်းသာသံကြီးနဲ့!!!

ဇီဇီ ခင်ဇော် (15102012)
September 8, 2014 at 12:19 pm
ကြောင်ကြောင်ကွ!!!!
kai
September 8, 2014 at 12:24 pm
၂၀၀၈ မေလ မြန်မာ့လူဦးရေ = ၅၇၅၀၄၃၆၈ ဦး ( ၅ရသန်းငါးသိန်းကျော်)
၂၀၁၄ မတ်လ မြန်မာ့လူဦးရေ = ၅၁၄၁၉၄၂ဝ ဦး ( ၅၁သန်း၄သိန်းကျော်)
၆သန်းကျော်လေးတော့ လုပ်ပါဆြာရယ်..။
ဆိုတော့..
နာဂစ်ခြေဥဟာ.. ၂၀၂ဝမတိုင်ခင်မှာ ပျက်မယ့်သဘောရှိပါတယ်..။
ဘာလုပ်မလဲ.. ဟင်င်င်.. :k:
ဦးကြောင်ကြီး
September 8, 2014 at 12:28 pm
ဦးမာမွတ် ခီဗျားမသိလျင် ဝင်မရှည်နဲ့.. ဟောသမှာ အလဲဗင်းဂျာနယ်ပါ စာတပိုဒ်…
၂၀၁၄ ခုနှစ် ဩဂုတ် ၃ဝ ရက်က မြန်မာနိုင်ငံရဲ့ ရှေ့ပြေးလူဦးရေစာရင်းဟာ ၅၁၄၁၉၄၂ဝ ဦးရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာတော့ ပြည်သူတွေကြားထဲမှာ သံသယဂယက် ရိုက်သွားခဲ့တယ်။
၂၀၀၈ မှာ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၈ သန်းနီးပါးရှိတယ်။ ၂၀၁ဝ မှာ မြန်မာနိုင်ငံရဲ့ လူဦးရေသည် အနီးစပ်ဆုံး ၅၉ သန်းဝန်းကျင်ရှိတယ်လို့ နိုင်ငံတော်က ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းအရဆိုရင် လေးနှစ်လောက်အတွင်းမှာ လူဦးရေရှစ်သန်းလောက် ပျောက်သွားတဲ့သဘောပါ။ တစ်နှစ် လူဦးရေနှစ်သန်းနှုန်း လျော့ကျသွားသလို ဖြစ်နေပါပြီ။
အဲဒီအတွက်လည်း ပြည်သူတွေကြားမှာ မေးခွန်းတွေမြောက်မြားစွာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ နှစ်စဉ် ပြည်ပထွက်တဲ့ လူဦးရေ သန်းနဲ့ချီလို့လား၊ ၂၀၁ဝ တုန်းက ထုတ်ပြန်ခဲ့တာ အမှားကြီးလား၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ထောက်ခံခဲ့တဲ့ လူဦးရေစာရင်းက အတုကြီးလား၊ ဒါမှမဟုတ် အခု ထုတ်ပြန်တဲ့စာရင်းက မှားယွင်းနေတာလားဆိုတဲ့ မေးခွန်းပေါင်းများစွာ ထွက်လာခဲ့ပါတယ်။ – See more at: http://www.news-eleven.com/politic/%E1%80%A1%E1%80%AC%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%80-%E1%80%B1%E1%80%99%E1%80%B8%E1%80%B1%E1%80%94%E1%81%BE%E1%80%80%E1%81%BF%E1%80%95%E1%80%AE-%E1%80%A5%E1%80%AE%E1%80%B8%E1%80%81%E1%80%84%E1%80%B9%E1%80%9B%E1%80%AE#sthash.vj5BhvQW.dpuf
kai
September 8, 2014 at 3:01 pm
အဟမ်း…
ကြီးက.. တော်တော်ဆိုးသဗျ…
ပြောရင်း.. ရေးရင်း.. ကားသွားတဲ့.. အစကနေကားတဲ့.. စ,ကားပဲ..
ဆိုတော့…

သက်သေပြချက်… ၁)
သက်သေပြချက်၂)

သချင်္ာတွက်ချက်အရ.. ၅နှစ်နဲ့..၁ဝလထဲ.. လူဦးရေကွားခြားချက်…
၆၀၈၄၉၄၈ ယောက်… တိတိရှိသဗျ…။
လွန်ရော.. တနှစ် ၁သန်းနှုန်းလောက်လျှော့သွားတယ်ဆိုနိုင်တာပေါ့…။
တနှစ်.. ၁သန်းနဲ့.. ၂သန်း.. တော်တော်ကွာသဗျ….နော…။ ၂ဆတောင်….။
ဒါက.. အစိုးရဆိုသူတွေထုတ်ထားတဲ့.. သတင်းစာဆိုတာကြီးကနေတိတိကျကျတွက်ပြတာဖြစ်ကြောင်း…။
ကြုံတွန်းလေးရေးပြရရင်…
အဲလိုနဲ့.. လေသချေင်္ကမ္ဘာ၁သိန်းကြီးထွက်လာတယ်… လို့… ထင်..။ :k:
Mr. MarGa
September 8, 2014 at 2:03 pm
မြင်တတ်ပါပေ့ ဦးကြောင်ရယ်…

တစ်မှတ်
ခင် ခ
September 8, 2014 at 2:46 pm
ကြားဖြတ်ရွှေးကောက်ပွဲမလုပ်တော့ဘူးဆိုတာ ထပ်အရှက်ကွဲမှာစိုးလို့ဖြစ်မယ်ထင်တယ်။
nicolus agral
September 8, 2014 at 2:47 pm
၈ သန်းတဲ့ ၁ % မကဘူး
၁၀%နှုန်းတောင်ကျော်သေး
၁% ရရင် လွတ်တော်အမတ်တွေကို ဖြုတ်ချဖို့ ဘေပြည့်တယ်မဟုတ်ဘူးလား
ရွေးကောက်ပွဲကြီးတုံးက အနိုင်ရလွှတ်တော်အမတ်တွေကို အယုံအကြည်မရှိအဆိုတင်သွင်းပါ
ခြေဥကို အယုံအကြည်မရှိ
အစိုးရကို အယုံအကြည်မရှိ
မီးတုတ် မီးတုတ်ရှို့ရှို့………ချကွချ
ေ- -ိုးမစစ်တပ်
ေ- -ိုးမ အစိုးရ
ဘယ်သူနိုင်နိုင် ဒိုင်စားမည့်အပေါက်မြင်နေတယ်
မှတ်ချက်။ ။I am ကြားလူ။
kai
September 8, 2014 at 3:13 pm
ယူအက်စ်မှာ.. ၂၀၁ဝက သန်းခေါင်စာရင်းကောက်တော့.. မြန်မာတွေစာရင်းထွက်အောင်.. US census bureau မှာကူလုပ်ဖူးတယ်..။
သန်းကောင်စာရင်းဟာ တိုင်းပြည်အတွက် သေလောက်အောင်အရေးကြီးသဗျ…။
ကြီးဆို.. ဖယ်ဒရယ်က.. ပြည်နယ်တွေကို.. ငွေချပေးရင်.. လူခေါင်းတခေါင်း တနှစ်.. ဒေါ်လာ ၁သောင်းနှုန်းနဲ့.. အကြမ်းချတွက်ရတာကိုး.။.
ဆိုတော့…
မြန်မာ့လူဦးရေတိုးနှုန်းကို.. ၁၉၈၃က.. လူဦးရေတိုးနှုန်း.. ၃.၄နှုန်းနဲ့တွက်ပုံရပါတယ်..
အဲဒီအတိုင်းသွားရင်.. တကယ်က.. ၂၀၁၄မှာ.. ၆၁သန်းရှိနေရမယ်ဆိုပါတယ်…။
တိတိကျကျဆိုရရင်.. လူ၁ဝသန်းလောက်ပျောက်နေတဲ့သဘောပါ…
ဘယ်တွေရောက်ကုန်သလည်း..
အဲဒါဟာ… နိုင်ငံရေးအချက်မဟုတ်..။ တိုင်းပြည်ပြသနာ.. အမျိုးသားရေးပြသနာကြီးဖြစ်ပါကြောင်း….။
မှတ်ချက်။ ။ ရခိုင်မှာ.. လူ၃သန်းရှိတယ်..။ ၁သန်းက ဘင်္ဂလီ..။ ဘာလုပ်ကြမလဲ..
ချင်းမှာလူ၅သိန်းရှိတယ်..။ ဘာလုပ်ကြမလဲ..
ရန်ကုန်တိုင်းမှာ.. လူ ရသန်းနေတယ်..။ ဘယ်လိုလာပြွတ်နေကြသလည်း..။
အင်း..
အနိစ္စ…။ ဒုက္ခ…။ အနတ္တ…။
တောထွက်ပြီး..သူယောင်မယ်ရှာဦးမှ.. :k:
manawphyulay
September 8, 2014 at 3:21 pm
မှတ်ထားကွ လူတွေ သန်းနဲ့ချီလျော့နေတာ ကြောင်က စစ်တမ်းကောက်ရတယ်လို့
ကြား ကြားဖူးပေါင်နော်…
pooch
September 8, 2014 at 4:04 pm
ဘယ်တုန်းက များ သူတို့က အရှက်ရှိလို့တုန်း
ဒီလောက်လေး လိမ်တာ ဘာဟုတ်သေးလို့တုန်း
ဦးနှောက်က အဆံမပါဘူး ပြောရအောင်လည်း ကျပ်မပြည့်တာ မဟုတ်လောက်ဖူး ၅ မတ်ဖြစ်နေတာ ဖြစ်မယ်
အရူးပါးတွေ ဟီး