Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝေါဟာရကြွယ်လိုသော် – ဆရာမျိုးကျော်မြင့်

kaiSeptember 11, 20141min4478

အင်္ဂလိပ်ဝေါဟာရမကြွယ်ဝ၍ မိမိပြောလိုသည့်စကားလေးများကို ရင်ထဲ၌ပင်သိမ်းဆည်းထားလိုက်ရသည့် အတွေ့အကြုံမျိုး ကြုံဖူးကြသူများရှိပါလိမ့်မည်။ ဘယ်ဘာသာစကားကို သင်ယူရာ၍မဆို ဝေါဟာရများများစားစားမသိသူများအနေနှင့် စကားပြောရာ၌လည်းကောင်း၊ စာရေးရာ၌လည်းကောင်း အခက်အခဲများတွေ့ရသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ သို့ဖြစ်၍ ဝေါဟာရကြွယ်ဝလာအောင် Dictionary တအုပ်လုံးကို အလွတ်ကျက်မှတ်ရမှာလားဟု မေးစရာဖြစ်လာပါသည်။ စင်စစ်မလိုအပ်လှပါ။ တကယ်တော့ ဝေါဟာရကြွယ်ဝလာအောင် လုပ်သင့်သည့် လုပ်နိုင်သည့်နည်းလမ်းကောင်းများ ရှိပါသည်။ ဝေါဟာရအသစ်များကို လေ့လာကျက်မှတ်သည့် နည်းလမ်းကို ခေတ္တခဏ မေ့ထားပြီး မိမိနှင့်ရင်းနှီးပြီးသား၊ တနည်းအားဖြင့် မိမိနှင့်အကျွမ်းတဝင်ရှိပြီးသား စကားလုံးလေးများကို တိတိကျကျ၊ ထိထိမိမိ၊ လှလှပပသုံးစွဲတတ်အောင်ကြိုးစားကြရအောင်။ ဤနည်းကပိုမိုထိရောက်ပါသည်။ တတ်ရန်လည်းပို၍မြန်ပါသည်။

ဥပမာအားဖြင့် Look ဟူသောစကားလုံးလေးကို ကြည့်ကြရအောင်။ အင်္ဂလိပ်စာကို အနည်းအပါးလေ့လာထားသူတိုင်းအတွက် ရင်းနှီးပြီးသား စကားလုံးလေးဖြစ်ပါလိမ့်မည်။
” ဒါလေးများသိတာပေါ့” ဟု၊ ” ဒါလောက်တော့ သုံးတတ်တာပေါ့ ” ဟု ထင်ကြပေလိမ့်မည်။ အောက်ဖော်ပြပါ ဝါကျ၃ခုကို ကြည့်လိုက်ပါဦး။

1.    He wants to look for a job.
သူအလုပ်ရှာချင်နေတယ်။

2.    He looks very weak.
သူ့ကြည့်ရတာ တော်တော်အားနည်းနေသလိုဘဲ။

3.    Looks can be deceptive.
အမြင်ဟာ လှည့်စားတတ်တယ်နော်။

ပထမဝါကျမှာ Look ဟာ ကြည့်တယ်ဆိုတဲ့ အများသိပြီးသားအဓိပ္ပာယ်နဲ့မတူဘဲ၊ အလုပ်ရှာတဲ့သဘောကို ဆောင်တယ်။ (အလုပ်ရှာဖွေတာပါ။)
ဒုတိယဝါကျမှာ Look ဟာ ကြည့်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ လုံးဝမတူဘဲ၊ အခြားသူများရဲ့အမြင်မှာ ဆိုတဲ့သဘောကို ဆောင်တယ်။
တတိယဝါကျမှာတော့ Look ဟာ ကြိယာမဟုတ်ဘဲ ကတ္တားဖြစ်နေတယ်။

မိမိနှင့်ကျွမ်းဝင်ပြီးသား Look ဆိုတဲ့စကားလုံးလေးမှာ လေ့လာစရာ၊ မှတ်သားစရာတွေ လိုနေသေးတယ်ဆိုတာကို သဘောမပေါက်သေးရင်တော့ Look မှာ Preposition လေးတွေ ကပ်ပေးလိုက်ရအောင်။
1. Look up
2. Look up to
3. Look down on
4. Look into
5. Look out
စာသင်ခန်းထဲမှာ ဆရာက ” Look up the meaning of this word ” လို့ဆိုရင် စကားလုံးရဲ့အဓိပ္ပာယ်ကို ခေါင်မိုးပေါ်မှာ၊ မျက်နှာကျက်ပေါ်မှာ မကြည့်ကြပါနဲ့။ စကားလုံးရဲ့အဓိပ္ပာယ်ကို အဘိဓာန်မှာ ရှာပါလို့ ဆိုလိုတာဖြစ်ပါတယ်။ ” Look up ”
ကို နောက်တမျိုးသုံးကြပါသေးတယ်။ ဥပမာအားဖြင့် အမိမြန်မာနိုင်ငံကို အလည်အပတ်သွားတဲ့အခါ US ရှိ မိမိရဲ့လိပ်စာကိုပေးရင်း ” Look me up when you get to LA ” ဟု ကြွားကြွားဝါဝါပြောဆိုနိုင်ပါသည်။ တကယ်ရောက်လာခဲ့ရင်တော့ ပုန်းနေရုံပေါ့။ ဖုံးပိတ်ထားလိုက်လည်း ဖြစ်ပါတယ်။
” Look up” နောက်မှာ ” to” လေးတလုံးထည့်လိုက်တော့ အဓိပ္ပာယ်လုံးဝပြောင်းလဲသွား ပါတယ်။ ” I always look up to my parents” ဆိုတဲ့ဝါကျမှာ ” Look up to” ဆိုတာ လေးစားတဲ့သဘော၊ အထင်ကြီးတဲ့သဘောကို ဆောင်ပါတယ်။ အိမ်ထောင်သည်များအတွက် အထူးမှတ်သားသင့်တဲ့ဝေါဟာရလေးပါ။ ” One should always look up to one’s spouse ”
တမျိုးအကောက်လွဲပြီး ကိုယ့်ထက်အရပ်ရှည်သူကိုသာရှာပြီး မယူမိရန် သတိထားပါဦး။
” Look down on” ဆိုတာကတော့ အထင်အမြင်သေးခြင်းကို ဆိုလိုပါတယ်။ အလုပ်၌လည်းကောင်း၊ ရပ်ကွက်ထဲ၌လည်းကောင်း၊ ဈေးဝယ်သွားသည့်အခါ၌လည်း
ကောင်းမချေမငံဆက်ဆံတတ်သူများနှင့်တွေ့ရင် ဤတခွန်းထဲနှင့်ပြန်လည်ချေပနိုင်ပါတယ်။ ” Don’t look down on me just because I’m different”.
ကျောင်းသားတယောက်၏ ကိုယ်တွေ့အရ ” Look into” ဆိုသည့်ဝေါဟာရလေးဟာ အလုပ်မှာ နာမည်ကောင်းရအောင်လုပ်ပေးနိုင်ပါတယ်။ ထိုကျောင်းသားလေးရဲ့ အလုပ်ခွင်မှာပြဿနာတခုပေါ်ပေါက်ရာ အထက်မှ Manage လုပ်သူက အလုပ်သမားအားလုံးကို ” What do you know about this ? ” ဟုမေးပါသည်။ အားလုံးလိုလို ” I don’t know anything “ဟု ပြောကြားကြသော်လည်း ထိုကျောင်းသားသည် Look နှင့်ပတ်သက်သည့် Phrasal Verb လေးများကို သင်ယူပြီးကာစဖြစ်တဲ့အတွက် ” I will look into the matter and report to you ASAP “ဟုပြောကြားလိုက်ရာ လွန်စွာသဘောကျသွားကြောင်း ပြောပြဘူုးပါတယ်။

နောက်ဆုံးဝေါဟာရလေး ” Look out” ကမူ အသက်ကိုပင်ကယ်နိုင်တဲ့ဝေါဟာရ
လေးဖြစ်ပါတယ်။ အင်္ဂလိပ်လို ” Be careful ” ၊ မြန်မာလို ” သတိထား” လို့အဓိပ္ပာယ်ရပြီး  ” Look out” ဟုဆိုလျှင်ခေါင်းငုံ့ပြီးသား၊ သတိရှိပြီးသားဖြစ်ရန် အထူးလိုအပ်ပါတယ်။ သတိလက်မဲ့နေခဲ့လျှင်တော့ အနည်းဆုံးထိခိုက်ဒဏ်ရာရနိုင်ပြီး၊ အဆိုးဆုံးအသက်အန္တရာယ်ကိုပင် ရင်ဆိုင်ရနိုင်ပါတယ်။

ဒီတပတ်အတွက်တော့ ဒီလောက်နဲ့ပဲ နားကြရအောင်။ လေ့လာလိုသူများအနေနှင့်ကတော့ ” Take ” ” Get” စတဲ့လွယ်ကူသိလွယ်တဲ့စကားလုံးလေးများကို Proposition လေးများကပ်လိုက်တဲ့အခါ ထူးထူးခြားခြားပေါ်ပေါက်လာတဲ့အဓိပ္ပာယ်လေးတွေကို
Dictionary အားကိုးပြီး လေ့လာမှတ်သားကြည့်ရှုနိုင်ပါတယ်။

မျိုးကျော်မြင့်
Myo Kyaw Myint
ESL Dept.
Mission College
Santa Clara, CA USA

 

မှတ်ချက်။  ။ မြန်မာ့ဂဇက် စက်တင်ဘာထုတ်တွင်ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။

8 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 11, 2014 at 2:00 pm

    ကြည့်ပါ
    မြင်ပါ
    ရှုစားပါ
    :k:

    • pooch

      September 11, 2014 at 2:06 pm

      လေ့လာပါတယ်
      မှတ်ပါတယ်
      သင်ယူပါတယ် တကယ်ပြောတာ
      :mrgreenn:

  • Yae Myae Tha Ninn

    September 11, 2014 at 2:40 pm

    ဘာမှ ဟုတ်ဘူး.. ကိုယ် အင်္ဂလိပ်စာတွေ တင်တာကို အားကျပြီးတင်တာ… ဟီး… 🙂

    • kai

      September 11, 2014 at 2:59 pm

      ဟုတ်ပါ့.. ကိုရင်တင်တော့မှ.. သတိရပြီးဆက်တင်တာ…။
      နောက်လတွေလည်းဆက်တင်ဦးမယ်..။ :k:

      တလက်စထဲ.. ဂဇက်သတင်းစာအတွက်.. သတင်းတို၁ပုဒ် ၁ဒေါ်လာနဲ့… မြန်မာဘာသာပြန်အလိုရှိသည်.. ဆိုမှ.. ဆိုပါမှ..
      ဘယ်သူမှအလုပ်မလျှောက်…။ :i:
      ၁ဒေါ်လာခွဲဆိုရင်ကော..

      • ခင် ခ

        September 11, 2014 at 5:13 pm

        သဂျီး ဈေးနည်းနည်း တိုးလာပြီပေါ့

  • Yae Myae Tha Ninn

    September 11, 2014 at 3:12 pm

    ဘာတွေ ပြန်ရမှာလဲ… ပြောပြလေ… စာမူပို့လိုက်… ပြန်ရမယ့်ဟာကို… ကောင်းမကောင်းကို ကြည့်ပြီး ရွေးပေါ့… စမ်းကြည့်မယ်လေ.. ဒါတော့ လုပ်နိုင်မယ် ထင်ပါတယ်… ဖုန်းကိစကတော့ မလွယ်ဘူး.. ကော်မကောင်းတာနဲ့ မအားတာနဲ့… ဘာသာပြန်တာက အိမ်မှာဆိုတော့ နားတဲ့အချိန် ဝါသနာပါတာ လုပ်တာဆိုတော့ ဖြစ်မယ်ထင်တယ်… 🙂
    ဟင်းတွေက ချက်တယ်.. အားချင်းဆိုတော့ ဓာတ်ပုံမရိုက်ဖြစ်…
    ဆိုင်တွေဆိုစားတယ်… ဆာတာနဲ့ ဓာတ်ပုံ မရိုက်ဖြစ်နဲ့… ဆိုင်တွေကလဲ ပြန်ထပ်လာတယ်… ပို့စ်လဲ နည်းနေတယ် ဟုတ်… ဂဇက်မှာ.. ပြန်ပေးမယ်လေ… muli.htut@gmail.com ကို ပို့လိုက်…

  • alinsett

    September 11, 2014 at 6:42 pm

    သတင်းတိုတစ်ပုဒ် = တစ်ဒေါ်လာခွဲ

    အင်းးးးးးးးးးးး
    အဲ ဲ ဲ ဲ ဲ ဲ ဲ ဲ ဲ ဲ ဲ

    :mrgreen:

  • kyeemite

    September 12, 2014 at 10:07 am

    .” Look out” ကိုတော့ ရုပ်ရှင်တွေမှာအကြားများလို့မှတ်မိနေတယ်…ရှဲရှဲနီပါ

Leave a Reply