ပန်းခြံထဲက တစ်နေ့လည်
ကနေ့ သူများ မွေးနေ့ ကို ဝါးတီး မသွားခင်လေး တရုတ်ပန်းခြံ မှာ လက်သွားဆော့လာကြတာတွေပါ ခည။
ဒါတွေက Snapseed နဲ့ HDR ပါးပါးလေး ပုတ်ထားတာ။
ဒီပုံတွေက ဗျိုင်း ငါးဖမ်း တာကို လမ်းကြုံလေး ရိုက်လာတာ။ ဒီ တစ်ခေါက်က တော့ ဗျိုင်းရောက်တာ ငါးတွေ မသိသေးတော့ မပြေးသေးဘူး။ အဲဒီတော့ ဗျိုင်းလဲ သိပ်ကြာကြာ မစောင့်လိုက်ရပါဘူး။
ခဏလဲ နေရော ငါးတွေ ထွက်ပြေးကုန်လို့ ဒီ ဗျိုင်းလဲ ဘယ်လို ဆက်စောင့်စောင့် ငါး ထပ်မမိတော့ဘူး။
ဒီ ပုံ ၂ ပုံ က တော့ ငှက်လေး ပျံတာကို ကံကောင်းစွာ မိလိုက်တဲ့ ပုံလေးတွေကို တော်တော်ကြီး crop လုပ်ထားတာ။ (snapseed နဲ့ ကာလာလေး ဘာလေး ပြင်ထားတယ်)
ပြီးတော့ ပုဇင်း၊ ဒါလေးလဲ ဒီ ပုဇင်း က သဘောကောင်းလွန်းလို့..
အဲ့ဒီ တုတ်တံလေးမှာပဲ လာနားလိုက် ခဏ ထ ပျံပြီး ဒီပဲ လာပြန်နားလိုက် နဲ့
ဒီလောက် ကင်မရာတွေ တချိန်ချိန် နဲ့ နေတာလဲ ဒင်းက ရှိုးမပဲ့ဘူးဗျား။
ကဲ ဒီ နောက်ဆုံး ၂ပုံ က တော့ ပြန်ခါနီးလေး ရိုက်လာတာ။ ဘာမှ တော့ မထူးခြားပါဘူး ရိုးရိုး ရှုခင်းပေါ့။
ကောင်းကင်ကြီး အဲ့လို ပြာနေတာကို သဘောကျလို့။
ပုံလေးတွေ ဘာလိုတယ် ဘယ်လို မျိုး ရိုက်ရင် ပိုကောင်းမယ် ဆိုတာမျိုးလဲ ဝေဖန်ပေးကြပါ ခင်ဗျ။
ကင်မရာ ကို ခလုတ်ပဲ နှိပ်တတ်ပြီး ဘယ်လို ရှုထောင့် ဘယ်လို composition မျိုး က ကောင်းသလဲ ခုထိ မကြည့်တတ်သေးလို့ဘာာာာ
60 comments
ဇီဇီ ခင်ဇော် (15102012)
September 13, 2014 at 10:24 pm
Very nice..
So called Photo Post…
:s:
JackSkellington
September 13, 2014 at 10:27 pm
ဒီလိုပဲ ဓာတ်ပုံတွေ ရလာရင် ဖေ့စ်ဘွတ်ခ် မှာ ကိုယ့် ဝေါလ်ပေါ် ကိုယ် တင်လိုက် ဂရု တွေ မှာ တင်လိုက် ဒီမှာ တင်လိုက် နဲ့ ခွတုတ် နေတာ။ ဟိဟိ
Iris
September 13, 2014 at 11:25 pm
ဟွန်း ဒီ ဂျက်စပဲရိုး ငါ့နယ်မြေရောက်နေပါလား။ အဲ့ဘက်ဒါ့ပုံသွားမရိုက်ဖြစ်တာကြာပေါ့။ အဲ့ဗျိုင်းလည်းရိုက်ဖူးတယ်။သူကကင်မလာမကြောက်ရေးချမကြောက် မော်ဒယ်တောင်လျှောက်ပြလိုက်သေးတယ်။ တားမြစ်နယ်မြေထဲသွားမရိုက်ဘူးလား။ အရင်တစ်ခေါက်ကသူငယ်ချင်းကိုလိုက်ကြွားရင်းတားမြစ်နယ်မြေထဲရောက်သွားတယ်။ အဲ့ဘက်မှာအဝါရောင်ကြာပန်းတွေ့လိုက်တယ်။ကင်မလာပါမသွားလို့မရိုက်ခဲ့ရဘူး။ အန်ဒရယ်ရှိသည်မဝင်ရဆိုပါမှ အဲ့မှာ….
JackSkellington
September 14, 2014 at 6:34 am
ဘုရား ဘုရား ကြိမ်းဝါးတဲ့ လေသံကြီးက သူ့နယ်မြေထဲ ရောက်လာမှန်း သိရင် ချောင်းရိုက်မယ့် အနေအထားကြီး။
အဲ့ဗျိုင်း ကတော့ လူမခန့်တာများ အနား သွားကပ်ရင်တောင် ဒင်း က ပေစောင်းစောင်း ပြန်ကြည့်သေးတာ။
တားမြစ်နယ်မြေ ဆိုတာတော့ မသိဘူးဗျ။ ဘယ်နားပါလိမ့်။ ဒီ တရုတ်၊ဂျပန် ပန်းခြံ တွေ ကို ၃ ခေါက်ပဲ ရောက်ဖူးသေးတာ။ ရောက်တော့လဲ သိပ် ကို မပတ်ဖြစ်ဘူး။
ဒါနဲ့ ဂျက်စပဲရိုး ဆိုတော့ ဟို အရီး မြစာကလေးနဲ့ ဘာတော်ပါလိမ့်… 😛
Iris
September 14, 2014 at 7:24 am
အရီးကိုမေးကြည့်ပေါ့..အရီးလက်ခံရင် အမျိုးတော်ပလိုက်ပေါ့။
တားမြစ်နယ်မြေဆိုတာ အမှန်တော့ ´Do not Enter´ လို့ရေးထားတဲ့နေရာတွေကိုပြောတာပါ။ အချို့နေရာတွေကပြန်ပြင်ရတော့မယ် အန်ဒရယ်ရှိလို့ရေးထားတာ အဲ့မှာမကြောက်တဲ့သူတွေပုန်းနေတာ။ ဘွန်စိုင်းဂါးဒင်း ဘက်မှာ။ ဘွန်စိုင်းပင်တွေသက်တမ်းကလည်း ဂျက်အရိုးခေါင်း ဘိုးဘိုးခေါ်ရလိမ့်မယ်။
JackSkellington
September 14, 2014 at 7:40 am
အရီးရေ………. အို အရီးရဲ့………..
အမျိုးတော်မလားဟင်….
ဘွန်ဇိုင်း ဂါးဒင်း ကို မရောက်ဖူးသေးဘူး
နောက်တစ်ခေါက်မှ သေချာ ပတ်ဦးမယ် ရေတစ်ပုလင်းနဲ့ 🙂
အရိုးခေါင်း ဖြစ်သွားပြန်ပြီလား ဟင်င်င်င်င်……
sorrow
September 15, 2014 at 2:32 pm
ကိုဂျက်…သတိတော့ထားခင်ဗျ…ပါးချိုင့်နှစ်ဖက်နဲ့အစ်မကြီးက လက်ယဉ်တယ်…ပန်းတွေကိုဒါ့ပုံ ရိုက်တာများ ပြောပါတယ်… များများတင်ပါခင်ဗျ..ပုံ 11 နဲ့ 12 က Screen Saver လုပ်ထားချင်စရာ
JackSkellington
September 15, 2014 at 3:01 pm
ကချင်နုထွားကြီးရေ သတိပေးတာ ကျေးဇူးပါဗျ။
သူတင်ပဲလား ကျနော်လဲ ဖနောင့်ယဉ် ပါတယ်ဗျ။
ဖနောင့်နဲ့ တင်ပါး တသားထဲ ကျအောင် ပြေးတဲ့နေရာမှာ။ 😛
ပုံ ၁၁ နဲ့ ၁၂ က တကယ်တော့ ကံကောင်းလို့ ရသွားတာ။
ငှက် နားနေတာကို ချိန်နေရင်း ဒင်းက ထ ပျံတော့ ဖိုးကပ်စ် မိသွားတာနဲ့ ကြုံသွားတယ် ဟီးဟီး။
ကိုယ်စွမ်းကိုယ်စ နဲ့ဆို ဒါမျိုး ဘယ်ရလိမ့်မတုန်း….. 😀 😀
ခင် ခ
September 13, 2014 at 11:38 pm
ဗျိုင်း ငါးဖမ်းပုံအဆင့်ဆင့်လေးရိုက်ပြသွားတာ သဘောကျမိတယ်လေ
JackSkellington
September 14, 2014 at 6:36 am
ကျေးဇူးပါဗျ။ ဦးခ ရေ..
အဲ့ ဗျိုင်း အတော်တော့ လှရှာသား သူ့အမွှေး အရောင်လေးတွေ က
Iris
September 14, 2014 at 8:03 am
ဂျက်အရိုးခေါင်း သနားလို့သတင်းပေးလိုက်ဦးမယ်. အဲ့မှာ ခိုဒိုမို ဆိုတဲ့ ရေကူးတတ်တဲ့ ခြေလက်ရှည်တဲ့ ဂျက့်အမျိူးတွေရှိတယ်။ သူနဲ့သူငယ်ချင်းလုပ်ထားတယ်.မကျေနပ်တဲ့သူရှိရင် ကိုက်ခိုင်းမို့လို့။ သူက နံ့သာဥယျဉ်ဘက်မှာကျက်စားတာ။ ၂စောင်ပြိုင်ဘုံနန်းနားကလှေကားကိုကူးလိုက်ရင် အဲ့ဒီနားမှာ အင်ကြင်းပန်းတွေရှိတယ်။
JackSkellington
September 14, 2014 at 8:15 am
အဲ့ ခိုဒိုမို ဆိုတဲ့ အကောင် ကို မနေ့က ရန်သူ စာရင်း သွင်းထားတာ
စားဖား တစ်ကောင် ကို ကိုက်သွားလို့ 😛
နောက်တစ်ခါ တွေ့ ဒင်း ချက်စားခံရမယ် ပြောပေးပါ။ 😀
Iris
September 14, 2014 at 12:42 pm
ခိုဒိုမို နဲ့ အပြိုင် စားဖား ဖမ်းမို့လား။ရေငုပ်တတ်လို့လား။ ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာပဲကြားဖူးတယ်. ဂျက်မိချောင်းဖြစ်…..ဘာဖြစ်မလဲမသိ။
JackSkellington
September 14, 2014 at 1:11 pm
အဲ့မှာ ခိုမိုဒို စားဖား ဖမ်းစားသွားတာမြင်လို့ အနော်တို့လဲ စိတ်ပေါက်ပေါက်နဲ့ ဆိုင်မှာ ဖားကြော် (ဖားကင် မဟုတ်ပါ) သွားတွယ်ပလိုက်တယ်။
ဂျက်မိချောင်း ဖြစ်တော့ တစ်ကျွန်းလုုံး ဒုက္ခရောက်မယ်သာပြင် 😛
Iris
September 14, 2014 at 1:22 pm
လာခဲ့ အဲ့မိကျောင်း အရေခွံဆုပ်ပြီး ကေဇီ ဘရန်းဒက်ဆီပို့ပလိုက်မယ်။ သားရေအိပ်လုပ်ဖို့။
JackSkellington
September 14, 2014 at 1:23 pm
ကိုယ့်ဖာသာ ကိုယ် ဖိနပ်ချုပ်ပလိုက်တာ အေးမယ် ထင်တယ်….. 😛
ဇီဇီ ခင်ဇော် (15102012)
September 14, 2014 at 2:28 pm
Where??? Where is that crocodile??
I wanna make that skin to handbag..
:k:
JackSkellington
September 14, 2014 at 2:56 pm
Kranji နားမှာ ရှိတယ်လေ crocodile farm ဆိုလားပဲ
အဲ့မှာ သွားဖမ်း….. 😀 😀
ကိုပေါက်(မန္တလေး)
September 14, 2014 at 2:33 pm
လှပသောပုံလေးများ ကို အားကျ စွာ ခံစား သွားပါကြောင်း
JackSkellington
September 14, 2014 at 2:54 pm
ကျေးဇူး တင် သွား ပါ ကြောင်း..
မြစာကလေး (23122011)
September 14, 2014 at 3:37 pm
ပုံလေးတွေ အရမ်းလှတယ် မောင်ဂျက်။
ကြုံတုန်း အင်တာလေးဗျူးးပါရစေဦး။
ဗျိုင်း ငါးဖမ်း တာကို ရိုက်ဖို့ ဘယ်လောက်စောင့်ခဲ့ရတုန်း။
ဓာတ်ပုံရိုက်တုန်း အိပ်ရိုက် မှောက်ရိုက် ပက်လက်ရိုက် ဘယ်လုံပုံစံနဲ့ ရိုက်ခဲ့ရတုန်း။
6. grab က ရိုက်ချက် အပီဘဲ။ 🙂
JackSkellington
September 14, 2014 at 3:40 pm
ကျေးဇူးပါ အရီး။
ဗျိုင်း ငါးဖမ်းတာ ရိုက်ဖို့ မစောင့်လိုက်ရပါဘူးခင်ဗျ။ ငါးမိနစ် ဆယ်မိနစ်ပေါ့။
ဘာလို့လဲဆို ဒီကောင်ကလဲ ကန်ထဲ ဆင်းစ ဆိုတော့ ငါးတွေ တော်တော်များနေသေးတယ်၊ မပြေးကြသေးဘူး။
မတ်တတ်ကနေပဲ ရိုက်တာပါ ခင်ဗျ။
nicolus agral
September 14, 2014 at 6:38 pm
ဂျွတ်တယ်ဗျာ
အလန်းပဲ
predator တေသိပ်မုန်းတာ
လူမလေးဒေကလွဲပီး
JackSkellington
September 14, 2014 at 6:40 pm
လူမလေးတွေက predator စာရင်းထဲ ပါတယ်လားဟင်….
အကိုက်ခံထားရဖူးပုံ ပေါ်တယ်… 🙂
nicolus agral
September 15, 2014 at 2:17 pm
သူတို့က ကိုက်ဘူး
အကောင်လိုက်မျိုတာ
အမီးနဲ့ဂျိုတောင်မကျန်ဘူးနော်
အဲ ခဏခဏအမျိုခံချင်နေတာခက်တယ်
ကိုယ် ကိုကအမှတ်မရှိတာပါလေ
JackSkellington
September 15, 2014 at 3:02 pm
ဆြာဝန်ပီပီ အမြိုခံလိုက် ဗိုက်ထဲက ပြန်ခွဲထွက်လာလိုက် လုပ်နေပုံ ရတယ်။…. 🙂
Yae Myae Tha Ninn
September 15, 2014 at 2:33 pm
သဘောကျတယ်ဗျို့.. လာလည်ချင်တယ်.. လေယာဉ်လက်မှတ် ပိုးစိုးပက်စက် ဈေးချတဲ့ အချိန်… ဒါတောင် တည်းစရာ အိမ်ကတော့ ဂျက်တို့အိမ်ပဲ တည်းမယ်နော်… ဖြစ်မလား… တခုပဲ အေပရယ်ရုံးပိတ်ရက်ချိန်ရမှာ… 🙂
JackSkellington
September 15, 2014 at 3:04 pm
လေယာဉ် လက်မှတ် က တစ်ခါတစ်လေတော့ အသွားအပြန် ကို စလုံး ၁၀၀၊၁၅ဝ လောက် ထိ ချတယ် ထင်တယ်။
ဘာမှ စိတ်မပူနဲ့
တည်းဖို့ ဘုန်းကြီးကျောင်း
စားဖို့ အလှူ
လျှောက်လည်ဖို့ ရာဘာဖိနပ်(အဟောင်း) တစ်ရန် support လုပ်ပေးပါ့မယ်ခင်ဗျ။ 😛
အတည်ပြောရရင်တော့ လာသာ လာပါလေ…. ဝဲလ်ကမ်းဘာာာာ
(ဟို ဂျီးဒေါ် နှစ်ယောက် ရှိနေသားကို..)
ဇီဇီ ခင်ဇော် (15102012)
September 15, 2014 at 3:06 pm
ငါ့တူ။
ဘယ်နဲ့ကွယ်။
ဘူ့ ကို အားကိုးပြီး ဘူတွေကို ဖိတ်နေတာတုန်းး
:k:
JackSkellington
September 15, 2014 at 3:18 pm
အို ခေါ်သာ ခေါ်လိုက်ပါလေ။
လင်မယား စုံတွဲလိုက် ရောက်လာမှ ခုတ်ခုတ် ထစ်ထစ် အရေဆုတ်တန်ဆုတ် လုပ်ကြတာပေါ့… ငိငိငိ
Yae Myae Tha Ninn
September 15, 2014 at 3:17 pm
တယောက်တော့ သိတယ်.. နောက်တယောက်ကို သိဘူး.. ဘူရဲ… ဇီဇီရယ်.. နောက်တယောက်က ???
ဇီဇီ ခင်ဇော် (15102012)
September 15, 2014 at 3:22 pm
အိုင်းရစ် လေ။
လေးလေးကြည် လို့လည်း ခေါ်တယ်။
🙂
Yae Myae Tha Ninn
September 15, 2014 at 3:37 pm
ဟုတ်.. ဒါဆို စ လုံးမှာ ၃ ယောက်ပေါ့.. အဲလိုလား.. ဂဇက်မန်ဘာလေ…
ဇီဇီ ခင်ဇော် (15102012)
September 15, 2014 at 3:39 pm
ကျန်သေးတယ်။
အိမ်လွမ်းသူတို့
မစနိုးတို့
ရွှေကြည်တို့
🙂
Crystalline
September 15, 2014 at 3:24 pm
ကင်မရာကောင်းကောင်း တစ်လုံးလောက် ဝယ်အူးမှပါ …သူများ ဓာတ်ပုံလှလှလေးတွေတွေ့ရင် ပိုက်ဆံသုံးချင်စိတ်တွေပေါက် :p:
JackSkellington
September 15, 2014 at 3:28 pm
ပိုက်ဆံ သုံးချင်စိတ်တွေက ကင်မရာကောင်းကောင်း တစ်လုံး လောက် ဝယ်ပြီးမှ ပို်ဆိုးလာတာ ခည :'(
lens ဝယ်ဖို့ tripod ဝယ်ဖို့ bag ဝယ်ဖို့ filters ဝယ်ဖို့
အဲ့ဒါတွေကို ကြံ့ကြံ့ခံပြီး ရှိတာလေးနဲ့ ရိုက်ရတဲ့ ဘွ ရယ်…. :'(
Iris
September 15, 2014 at 7:02 pm
ဂျက်…သူငယ်ချင်းလုပ်ရအောင်…ဟီးဟီး လန့်စ်အပိုလေး.ဖစ်လ်တာအပိုလေးရှိရင်ငှါးပါလားဟင်..မဝယ်နိုင်လို့ ကင်မလာနဲပါလာတာပဲသုံးနေရလို့..:'(
ဂျက်စပဲရိုး
September 16, 2014 at 1:25 pm
လန်းစ် အပိုတော့ ရှိတယ်။ ငှားပါတယ်ခည။ အနော့် ကင်မလာ က nikon ပါ။
ဖစ်တာ အပိုကတော့ တစ်ခု ကို ၁၀ဝ နား ကပ်နေလို့ မဝယ်နိုင်ပါဘူးဂျာ…. း(
Yae Myae Tha Ninn
September 15, 2014 at 3:25 pm
အဲယိုတော့ ရုတ်နဲ့နော်.. တားတားဒို့က လူရည်သိပ်မလည်ဘူးနော်… ညက်ရုံးရေး တရယ် တရယ် နဲ့.. အားတိုးရာမဲ့တွားမှာ… 🙂
Yae Myae Tha Ninn
September 15, 2014 at 3:52 pm
ဒါဆို ကျွန်တော် သိသလောက် အကုန် နိုင်ငံခြားမှာချည်းပဲပေါ့နော်.. ကော်မန့်တွေကတော့ ဒါဆို ဘာလို့ ကျွန်တော်နဲ့ အချိန်သိပ်မကွာတဲ့လူတွေထဲမှာ ဇီဇီပဲ တွေ့ရတာလဲ.. ဒါဆို ကျွန်တော် ပြောသလို ဖတ်ပြီး မမန့်တဲ့သူတွေပေါ့နော်.. 🙂
ဇီဇီ ခင်ဇော် (15102012)
September 15, 2014 at 3:56 pm
ရွာထဲ အားအားယားယား ဖလန်းနေတာ အနော် တစ်ယောက်ပဲ မို့။
ဟေးဟေးဟေးး
ကျန်တဲ့ သူတွေက ဖတ်ပါတယ်။
ကွန် ကောင်းတာ မကောင်းတာ ရှိတယ်။
စိတ်ပါတဲ့ အချိန် မပါတဲ့ အချိန်ရှိမယ်။
အလုပ်ရှုပ်တဲ့ အချိန်ရှိမယ်။
ဒါမျိုးပေါ့။
ကျနော်က မအားလည်း ဝင်ကြည့်ပြီး အရင်ဖတ်ပြီးမှ နောက်မှ ကွန်မန့်လိုက်ပေးဖြစ်တာမို့။
အမငီးးး
ရှက်ထာ။
:i:
လတ်လျား လတ်လျား လုပ်တာတွေ လူသိကုန်ဘီ။
:b:
kai
September 15, 2014 at 4:03 pm
အဲ့တယောက်က.. မော်မော်တွေနဲ့ခြေရာတိုင်းချင်နေပုံရသဗျ..
ရာဘာဖိနပ်..အမြီးပြတ်နေတာလေး.. ပေးလိုက်..။
ဘယ်နှယ်..
ကော်မန့်တွေ.. အက်ဒစ်လုပ်လို့.. မရစကောင်း..။ :k:
(နောက်ပြီးတကယ်ပြောတာ.. မဟုတ်ဖူးဆိုတာ.. အဟုတ်..)
ဇီဇီ ခင်ဇော် (15102012)
September 15, 2014 at 4:06 pm
ဒူ တုန်းးး
ကျနော့ ပြောသလားးး
ဟိ။
:k:
Yae Myae Tha Ninn
September 15, 2014 at 4:20 pm
တဂျီးမကောင်းဘူး… ပြန်ဖွတယ်… 🙁
Iris
September 15, 2014 at 7:12 pm
သူကြီး က ဘယ်သူ့ကိုပြောမှန်းမသိရောချသွားတာလား။ လွတ်လပ်စွာအမြင်မတူပြောခွင့်သူကြီးပဲပေးထားတာလေ။ ဘက်မလိုက်ဘူးလို့ထင်မှတ်ထားတဲ့သူကြီးက အဲ့လိုကြီးကောက်ချက်ဆွဲတော့တစ်မျိုးကြီးပဲ။ နော်က်ြေပာတာလား အတည်လား။
kai
September 15, 2014 at 11:47 pm
အဲ.. ရှုပ်ကုန်ပြီ..ကျုပ်က.. ရေမြေ့သနင်းပြည့်ရှင်မင်းကို.. အီးမေးလ်ပြန်ရမှာကို.. ဒီမှာလာပြန်လိုက်တာ..
အဲဒါကလည်း…
နောက်တယ်လို့မှတ်ပါ..။ အဟုတ်..။
Yae Myae Tha Ninn
September 15, 2014 at 4:15 pm
ဒါပေသိ.. ဂဇက်စိုပြေတိုးတက်ရေးမှာ.. ဇီဇီက စည်းရုံးရေးမှူး း မလား… ဆည်းလည်းလေးဆိုလဲ မမှားဘူး.. ဟုတ်… 🙂
ဇီဇီ ခင်ဇော် (15102012)
September 15, 2014 at 4:24 pm
တစ်ချို့ကတော့ မက်စိနောက်ကြရဲ့။
ဂလိုပဲ မက်နှာပြောင်တိုက်ပြီး ကိုယ်ပျော်ရာမှာ ပျော်အောင် ဖန်တီးနေရတာ၊
ခိခိ။။
ဆည်းလည်း မ က ခေါင်းလောင်းဖြစ်နေပြီတဲ့။
ငိငိ။
ဒီ ခေါင်းလောင်းကြီး နစ်ရင်တော့ ဦးစံလင်းကို မဆယ် ခိုင်းဖို့ မှာခဲ့ဗျဇီ
:k:
kyeemite
September 15, 2014 at 4:16 pm
.ကောင်းလိုက်တဲ့ပုံလေးတွေ..ငါးဖမ်းပုံအမိအရရိုက်ထားတာလေးကြိုက်သဗျာ
.ငှက်ပျံနေပုံလေးလဲလှပါ၏
JackSkellington
September 15, 2014 at 4:40 pm
ကျေးဇူးတင်ပါတယ် ဦးမိုက်စ် ခင်ဗျားးးး 😀
Yae Myae Tha Ninn
September 15, 2014 at 4:28 pm
မျက်စိနောက်တာက အခုတင်ထားတဲ့ ပုံကြောင့်ပါ.. ခိ.. ရတုန်း တွယ်ထားမှ… ဦးစံလင်းကလဲ မဆယ်ပါဘူးတဲ့.. နဂါးပိနေလို့တဲ့… 🙂
Iris
September 15, 2014 at 6:35 pm
:'( မီးမီး ရဲ့data usage ကိုတာကုန်သွားလို့ ရုံးမှာဖွင့်မရဘူး ရေမြေ့သနင်းအရှင်မင်းတြားကြီးရဲ့။ အခုမှအိမ်ရောက်လို့ သုံးလို့ရတာ။ အခုလည်းအားသေးဘူး စားဖို့လုပ်ရအုံးမယ်. :'( နောက်မှလာပြောမယ်.
Yae Myae Tha Ninn
September 16, 2014 at 11:12 am
ဟုတ်ကဲ့ပါ… အိုင်းရစ်ရယ်… အခုလို ပြောဖော်ရတာပဲ ကျေးဇူးပါ… 🙂
တချို့တွေကတော့ လုပ်ကြတယ်.. ရောင်းတန်ရောင်း ပြီး ပြန်ဖို့ … 🙁
Mr. MarGa
September 15, 2014 at 6:57 pm
ဟေ့လူရီးးး
ကြည့်သွားတယ်
ကောင်းတယ်
နောက်ထပ် ထပ်ရိုက်ပါ
ဟုတ်ပလား
JackSkellington
September 15, 2014 at 7:04 pm
ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ခည….
ထပ်ရိုက်ပါဦးမယ် ဒီနား ခေါင်းလေး ထိုးပေးစမ်းဘာာာာာာ 😛
ဓာတ်ပုံဖရိန်ထဲ မပါမှာ စိုးလို့ဘာာာ
Iris
September 15, 2014 at 6:57 pm
ကပ်ပိယ ဂျက်ရှိတယ်။ သူ့ဘုန်းကြီးကျောင်းမှာတည်း။ ကေဇီထမင်းဆိုင်မှာစား။ အန်တီ ကတော့ အဲ့ဒီပန်းခြံအလကားပို့ပေးမယ်လေ။
မြစပဲရိုး
September 15, 2014 at 7:30 pm
မနေ့ ကျန်ခဲ့တဲ့ အကြွေး အရင် ဆပ်ပါတယ်။
မောင်ဂျက်
တကယ်ဘဲ အညိုး တော်မား။
ဂယ်ပြယ်တာ သဘောကောင်း ရုပ်ချော မောင်ကလေး တစ်ယောက် ရှိပါတယ်။
သူ့ မာမီ က သင့်တော်ရာရှာပေးပါလို့ နားပူနားဆာတိုက်နေလွန်းလို့။
ဟိ ဟိ။
ဂျက်စပဲရိုး နာမည်ပြောင်းလေ။
အရီး လဲ ပြောင်းပြီ။
ဇီကလေး – နာပါတ်ကြီး တွေ နဲ့ နေရတာ ပြင်း လာလို့ ။ ခွေးလွှတ်။ 🙂
JackSkellington
September 15, 2014 at 7:39 pm
ခညာ… အရီး..
အညိုး တော်ချင်ပါရဲ့..
နို့ပေမယ့် မောင်ကလေး ကိုကတော့ သူ့ဟာသူ သင့်တော်ရာမှာ သင့်တော်သလို နေပါစေ အရီးရယ်..
နေရင်းထိုင်ရင်း မကျိန်းသင့်တာတွေ ကျိန်းကုန်လို့ဘာာာာ
အနော့်မှာလဲ ညီမတွေ အမတွေ မရှိရှာပါဘူး။ း)
Yae Myae Tha Ninn
September 16, 2014 at 11:16 am
ဟုတ် တဂျီး.. အခုလို ရှင်းမှပဲ.. မဟုတ်ရင် ကျန်လူတွေပါ သို့လော သို့လော ဖြစ်နေမှာ… ဟီး..
တကယ် မသိလို့ မေးတာပါဗျာ… 🙂
မအိုင်းရစ်ကိုလဲ ကျေးဇူးတင်ပါတယ်.. တကယ်လာဖြစ်ရင်တော့ စကား မမေ့ရဘူးနော်… ဟိုဆရာကြီးရော ဆရာမကြီးရောပေါ့… ကျေးဇူးတင်ပါတယ်… ဟောဒီက ရေနည်းငါးလေး လာရင် ကူနော်.. ခုတော့ ပိုက်ပိုက်ကို စာမူရေးရင်း စုလိုက်ဦးမယ်… 🙂
manawphyulay
September 16, 2014 at 2:16 pm
အငြိမ်ထက် လှုပ်ရှားနေတဲ့ပုံတွေကို ပိုသဘောကျမိတယ်..