မနမ်းထိုက်တဲ့ပန်း
မနမ်းထိုက်တဲ့ပန်း
မြက်ခင်းစိမ်းစိမ်း လွမ်းတေးရေးရင်း မျှော်ငေးမိတယ်
ကာရန်အစပျိုးလို့ ငါ့နံဘေးမှာ သူခိုနားဖူးတယ်
ကြေကွဲခြင်းဆိုတာ မသိလိုက်သေးခင်
နှလုံးသား နွမ်းနေဖူးတယ်
ပန်းကလေးတစ်ပွင့်ရယ်ပါ အနမ်းလေးမပေးလိုက်သေးခင်
ရနံ့လေးပျက်ကြွေနေပြီလား
မျက်ရည်ဆိုတာ အချစ်ကြီးသူအဖို့တော့
သံဇဉ်လေးတစ်ပုဒ်ပါ သူရင်နစ်စွာ ငိုကြွေးနေပါပြီလေ
ဆူးမရှိပါဘူး သူ့အနားမှာလိပ်ပြာလေးများ
ပျံဝဲနေတုန်းပါ
တိမ်ကလေးများ ဟိုဒီပြေးရင်း
ဘယ်အရပ်မှာ ခိုနားမည်နည်း
ဒီည လမင်းအလည်မလာဘူးနော်
အဘယ်မှာ သူပုန်းခိုမည်နည်း
ကြယ်ပွင့်လေး ကြွေကျလာတယ်
ငါ့အနားတော့မဟုတ်ပါဘူး
ရနံ့ပြယ်ပန်းကလေးရယ်
နံနက်ခင်း နိုးမထခင်မှာပဲ
သူ သူလေ ငါ့ဘေးကစွန့်ခွာခြေပြီပေါ့
ရှာလည်းမတွေ့ ကြာလည်းမမေ့တာထက်
ငါလည်းတစ်နေ့ လိုက်လာခဲ့မယ်ဆိုရင်လေ
သူ သူ သူက
မနမ်းထိုက်တဲ့ပန်း
မနမ်းထိုက်တဲ့ပန်းလို့
ဘယ်သူဆိုနေမလဲကွယ်
ကာရံ{11.4.2014}
2 comments
ခင် ခ
September 17, 2014 at 8:39 am
မနမ်းထိုက်ပန်း
သိပေသော်လည်း
နမ်းချင်တဲ့စိတ်
မျိုသိပ်ခဲ့တာ
အခါခါ။
ကာရံ
September 17, 2014 at 9:01 pm
ဘယ်နှစ်ကြိမ်များပါလိမ့်