အချစ်မူးတဲ့ ည
အချစ်မူးတဲ့ည
အပြင်မှာ
မိုးတွေသည်းသည်းမည်းမည်းရွာနေပေမဲ့
ငါ့ရင်ထဲက မီးတောက်ကိုတော့
လေတစ်ချက်တောင်မဟတ်နိုင်ခဲ့ရှာဘူး ။
သနားဖို့ကောင်းလိုက်ပုံများ
မိုးရွာထဲမှာ ရင်ဘတ်ဖွင့်ပြီး
ပက်လက် လှန်အိပ်နေတာတောင်မှ
ရင်ဘတ်က မီးတောက်က မိုးရေနဲ့ထိပြီး
အငြိုးတစ်ကြီးလောင်မြိုက်နေတုန်း
အဲ့ဒိတစ်ခဏမှာ ငါသေချာသိလိုက်တာက
နောက်ဆုံးသောက်ခဲ့မိလိုက်တဲ့ အရက်တစ်ခွက်ဟာ
တစ်ကယ်တော့ ငြင်းပယ်လိုက်ရမဲ့
ဒါမှမဟုတ်သွန်ပစ်လိုက်ရမဲ့ အရက်ခွက်ပေပဲ ။
ဒါပေမယ့် ငါဟာ
နောက်ဆုံးကျန်နေတဲ့ အရက်တစ်ခွက်ကို
နှမြောတ,သစွာနဲ့
မက်မက်မောမော
အလောတစ်ကြီးသောက်လိုက်မိတာပဲ ။
အဲ့ဒိက စ,လို့ ရင်ခွင်မှာ မီးတောက်လောင်ခဲ့တာ ပါ့ ။
ကဗျာဆရာ တစ်ယောက်ပြောခဲ့သလိုပ
ရင်ဘတ်ချင်း ဂျက်ပင် မထိုးနိုင်ရင်တော့
ငါ့ကဗျာလာဖတ်ပါနဲ့ ။
ပလပ်ကျွတ်ပြီး ငါ့လာမဝေဖန်နဲ့ ။
ကဗျာဆရာ့အလုပ် ငါပြီးအောင်လုပ်ပါရစေဦး ။
နေဝန်းနီ
11:18
SEP 16,2014
6 comments
ခင် ခ
September 17, 2014 at 8:42 am
နောက်ဆုံးသောက်မိ
တစ်ခွက် ထိတယ်
ဒို့ရင်တွင်းဝယ်
ဗလောင်ဆူကွယ်။
kyeemite
September 17, 2014 at 9:02 am
.ကြိုက်တယ်ဗျာ…အချစ်မူးသမားကြီးရဲ့ ကဗျာကို ရင်ဖွင့်ခံစားသွားပါတယ်
ကိုပေါက်(မန္တလေး)
September 17, 2014 at 9:59 am
လောက သဘာ ဝ
အပူ ကို အပူ နဲ့ ညှိမ်းမှ ငြိမ်းသတဲ့
ကဲ
ရင်ထဲကအပူတွေငြိမ်းအောင်
သူ့ ထက် ပူ တဲ့ အပူ တွေ
လောင်းသာ ချ လိုက် ပေတော့
ဇီဇီ
September 17, 2014 at 10:48 am
😥
aye.kk
September 17, 2014 at 12:53 pm
တေဇောဓတ်တောက်နေလို့တရား
ရေအေးနဲ့သာဖြန်းပါ
Mr. MarGa
September 23, 2014 at 5:13 pm
ချစ် ဆိပ် ရည် တွေ
တစ်ခွက်ပြီး တစ်ခွက်…… 🙂