မေးပါရ ဇီ( ဖြေချင်သူ ဖြေချင်သလို ဖြေနိုင်ပါသည်)
မေးပါရ ဇီ( ဖြေချင်သူ ဖြေချင်သလို ဖြေနိုင်ပါသည်)
ပြီးခဲ့တဲ့ဥပုဒ်က မင်းကွန်းကိုရောက်သွားပါတယ်။
ဒီတစ်ခါတော့ ပုထိုးတော်ကြီးအထက်အဆင့် ထိ တက်သွားလိုက်ပါတယ်။
အဲဒီအပေါ်ရောက်တော့ အမွှေးတိုင်လေးတွေကို အုတ်ကြားတွေမှာထောက်ထားတာကိုမြင်ရပါတယ်။
မေးကြည့်တော့ ကိုယ့် ကိုအထောက်အကူ ဖြစ်အောင် ယတြာအနေနဲ့ထောက်ထားတာ တဲ့။
အဲဒီမှာကောင်လေး နှစ်ယောက်ငြင်းခုန်နေကြတာကိုကြားရပါတော့တယ်။
ဒီလိုထောက်ထား တာ မှားတယ် တဲ့ ။
အုတ်ကို ကန်ထားသလိုဖြစ်တော့ နည်းနည်းချင်း ဟ သွားမယ်တဲ့။
နောက်တစ်ယောက်က တော့ အောက်ကနေ ထောက်ထားတော့
ပင့် အား ရတော့ အလေးချိန်မျှ ခံ သလို ဖြစ်တာပေါ့တယ်။
ကျနော်ကတော့ဒါ တွေ နားမလည် လို့ မဖြေတတ်။
ကဲ သိသူတွေ ပွားကြပါအုံး။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
2-10-2014
22 comments
ကေဇီ
October 3, 2014 at 6:44 am
သမိုင်းးဝင် နေရာ အရုပ်ဆိုးးတာတော့ အမှန်ပဲ
ကြံကြံဖန်ဖန် ယတြာကွယ်…
:a:
အုတ်ကို ပင့်ဖို့ Loading ကို ခံဖို့ ကတော့
အမွှေးတိုင် သုံးး ရုံ နဲ့ ရတယ် တို့
ဒီလိုနည်းးနဲ့ ရတယ် လို့တော့ မကြားးစဖူးး
သင်ရိုးးး အသစ် ထဲမှ ပါလာရင်တော့ မသိ..
ဟေးးးဟေးးးဟေးးး
:kwi:
ကိုပေါက်(မန္တလေး)
October 3, 2014 at 9:04 am
အော် မယ်ဇီရယ် အတွေးတွေ မှားနေတာမှ
ဒီနေရာမှာတင်မဟုတ်ဘူးနော်
Mr. MarGa
October 3, 2014 at 9:11 am
အပေါ်ပြန်တက်လို့ရပြီကိုးး
ကျနော်ကတော့ အဲ့ အမွှေးတိုင်တွေကို မျက်လုံးထဲမှာ မတိုး
အုတ်ပေါ်က စာဖြူဖြူတွေကိုပဲ မြင်နေမိတယ်
ရုပ်ဆိုးလိုက်တာ… 🙁
အမှားပြင်ဖို့ ထုတ်ထားတဲ့ correction pen က အခုတော့ အကျည်းတန်စေဖို့ ဖြစ်နေလေရဲ့
တောင်ပေါ်သား
October 3, 2014 at 12:13 pm
အဲဒီကို မရောက်ဘူးပါ၊
ညောင်ပင်မှာ ဝါးလုံးထောက်တာတော့ မြင်ဘူးတယ် ၊
ကိုပေါက်(မန္တလေး)
October 3, 2014 at 12:49 pm
မာဃရေ
အဲလို စာရေးတာတွေ ကို ပိုစ်ရေးပြီးတောင် တင်ဘူး တယ် ဓါတ်ပုံ တွေနဲ့ တကွပေါ့
ကိုစိုင်းရေ
ဒါ မင်းကွန်းပုထိုးတော်ကြီးမှာပါ
တောင်ပေါ်သား
October 3, 2014 at 12:58 pm
ကိုစိုင်း ဆိုတာ ဘူ့ပြောတာလဲ ?
အနော့်ကိုလား ?
ကိုပေါက်ကြီး လွဲမယ်နော် 🙂
ကိုပေါက်(မန္တလေး)
October 3, 2014 at 4:32 pm
အို တောင်ပေါ်သား ဆိုရင် ကို စိုင်း ဘဲ
တောင်ပေါါ်သူ ဆိုရင် နန်း ဘဲ
အဲလ ို မှတ်ထားတယ်
နာမယ်တွေက ဂဓီး ဂဓီး ပြောင်းကြတော့ သများ မျက်စေ့ လည်တယ်
တောင်ပေါ်သား
October 3, 2014 at 4:36 pm
🙂
kyeemite
October 4, 2014 at 2:50 pm
.တောင်ပေါ်သား ဆိုတာ ရွှေကူသားဗျ ကိုပေါက်ရ :k:
ကိုပေါက်(မန္တလေး)
October 4, 2014 at 3:21 pm
ကိုမိုက်ရယ်
ရွာထဲကလူတွေက နာမယ် ခဏခဏပြောင်းကြတော့
တကယ့် ကို မျက်စေ့လည်ပါတယ်
ကော်မင်းအရေအတွက်ကိုဘဲ ကြည့် ပြီး မှန်းယူရတာ
Yae Myae Tha Ninn
October 3, 2014 at 1:19 pm
လေးပေါက်ရိုက်တာ လှနေတော့… ရုပ်ဆိုးတာ ဘယ်လိုပေါ်တော့မလဲ… ကြည့်မကောင်းတာကို ကြည့်မကောင်းသလို ရိုက်ဗျာ… 😛 ကျွန်တော်က ဘာမော်ဒန်ပန်းချီလဲဆိုပြီး ကြည့်နေတာ… ပို့စ်တင်တော့ မီဒီယာမှာ ဓာတ်ပုံတင်ဖို့ လုပ်တော့ အဲတာပဲ တွေ့တယ်လေ… ဟီး… နောက်မှ ပို့စ်နဲ့ ဆက်စပ်မှ ဂလိုကိုးလို့… နောက်ဆို ရုပ်ဆိုးရင် ရုပ်ဆိုးသလို တင်ပါခင်ဗျာ… အခုတော့ လှလျက်ရှိနေကြောင်းပါ… 🙂
ကိုပေါက်(မန္တလေး)
October 3, 2014 at 4:33 pm
ဟုတ်ကဲ့ပါ
ပြည့်ရှင်မင်းကြီး
နောက်တစ်ခါ မလှအောင် (လူနာမယ်မဟုတ်) ရိုက်ပါမည်
Yae Myae Tha Ninn
October 3, 2014 at 4:48 pm
ခု မဟာရာဂျာဆိုပီး နာမည် ပြောင်းမရို့.. ဘယ်လိုလဲ… လေးပေါက်… 🙂
koyinmaung
October 3, 2014 at 5:19 pm
အမှိုက်တောင်ရှုပ်သေးတယ်…
မွသဲ ( 17082011 )
October 3, 2014 at 8:11 pm
ပထမ ဖဘမှာပုံတွေ့တုန်းက ဘာပုံမှန်းတွေးမရခဲ့ဘူး။ ခုမှပဲအမွှေးတိုင်ထောက်ထားတာမှန်းသိတေ့ာတယ်။ မင်းကွန်းရောက်တုန်းက အမွှေးတိုင်တွေ အရမ်းအများကြီးရောင်းလို့ထူးဆန်းပါတယ်မှတ်တာ ခုမှပဲ ဒီလိုထောက်ဖို့ ရောင်းမှန်းသိတော့တယ်။ ဈေးသည်တွေရဲ့ ဇီးကွက်စီးပွားရေးစနစ်ပဲ ဖြစ်လိမ့်မယ်ထင်တာပဲ။ မြန်မာလူမျိုးတွေရဲ့ အယုံလွယ် အယူသည်းမှု့တွေ အပေါ်လုပ်စားသွားကြတာ
ကိုပေါက်(မန္တလေး)
October 4, 2014 at 8:55 am
ူယုံလွယ်သူ ခ ံ စတမ်းပါဘဲ မယ်သဲရေ
kai
October 4, 2014 at 3:33 pm
အဲဒီအမွေးတိုင်လေးတွေရဲ့ အခု၁ဝပူးစာရဲ့ထောက်ကန်အားက.. ၁ပေါင်( 1psi)တောင်မရှိလောက်တာမို့ .. (သာမန်အားဖြင့်) အဆောက်အဦရဲ့အလေးချိန်တန်သောင်းချီအပေါ်ဘာမှသက်ရောက်မှုရှိမယ်မထင်ပါ…
ဒါပေမယ့်…
အဲဒီလိုအမွေးတိုင်လေးတွေ.. ထောက်ဖို့.. လူက.. ချိန်ဆနေရာယူတာမှာ.. ပေါင်.. ၄-၅ဆယ်အားလောက်သုံး(နိုင်)ပါလိမ့်မယ်..။
အဲဒီအခါမယ်.. အုပ်အစွန်းလေးတွေ..အပေါက်သေးလေးတွေကို.. ဖဲ့နိုင်.. ချဲ့နိုင်ပါတယ်..။
ပျက်ဆီးဆုံးရှုံးမှုဖြစ်ပါလိမ့်မယ်…။
ဆိုတော့…
အဲလိုလုပ်သူတွေကို.. ဓာတ်ပုံရိုက်… အထောက်အထားနဲ့..
ရှေးဟောင်းပစ္စည်းဖျက်ဆီးမှုနဲ့.. တစ်ကက်ပေး.. ဒဏ်ချသင့်…ကြောင်း..။
(ဒါမှမဟုတ်)
နေရာသီးသန့်တခုပေး.. အခကြေးငွေကောက်သင့်ကြောင်း…။
အဲဒီငွေနဲ့.. ပုထိုးတော်ကြီးထိမ်းသိမ်းရေးအတွက်.. အစိတ်အပိုင်းတချို့အဖြစ်.. သုံးသင့်ကြောင်း..။ :k:
အလင်းဆက်
October 4, 2014 at 7:35 pm
ထောက်တိုင်းသာ… အထောက်အကူ ရရင်တော့လားကွယ်…
——–
:k:
ခင် ခ
October 4, 2014 at 8:57 pm
အခါခါရောက်ပေမယ့် တစ်ခါမှ မတက်ဖူးဘူးဗျ
ကိုပေါက်(မန္တလေး)
October 4, 2014 at 11:04 pm
ကျနော်လဲ တက်တော့ တက်လို်က်သေးတယ် အထက်တစ်ဆင့်ရောက်မှ ပြန်ဆင်းလာတာ
နောက်တစ်ခါ စောစောသွားပြီး တက်အုံးမယ် ဗျ
Kyaw Lay
October 5, 2014 at 5:00 pm
ဒီတစ်ခါရောက်ရင်သေချာတက်ကြည့်ဦးမှပဲ ကိုကြီးပေါက်ရေ
ကိုပေါက်(မန္တလေး)
October 5, 2014 at 10:03 pm
ကိုကျော်လေး ရေ ငယ် တုန်း သန်မာ တုန်း တက်သင့်ပါတယ်