Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖြစ်စဉ်အတိုင်း လည်ပတ်ပါ Gear

ဖြစ်စဉ်အတိုင်း လည်ပတ်ပါ Gear

ဖဘမှာ ကဘုန်းကျော် ယူ၁၉ မြန်တျန့်အသင်း ကိစ္စနဲ့ ပတ်သက်ပြီး အဆဲခံနေရ၊ သူ့အကောင့်ကို ပိတ်ဖို့ဝိုင်း စာပို့တယ် ဖတ်ရတော့ ရယ်လည်းရယ်ချဉ် ငိုလည်းငိုချဉ်မိဒယ်။ အစောထဲက ဒီစာကို ရေးဖို့အကြံရနေဒါ ခုတော့ ရေးမိလိုက်ပြီ။ ဒီလိုဗျ.. လောကဂျီးမှာ ဖြစ်စဉ်အတိုင်း သွားဒါသာ ကောင်းတယ်၊ ဖြစ်စဉ်အတိုင်း သွားမှ လူ့အသိုင်းအဝန်းဂျီး တိုးတက်တယ်၊ အဆင်ပြေတယ်။ နို့မို့လျင် ကမောက်ကမတွေ ဖြစ်ကရော။ မတိုးတက်၊ ဆင်းရဲတဲ့ နိုင်ငံတွေမှာ အဲဒီ ဖြစ်စဉ်မှ လွဲချော်မှု ရှိတယ်။ မတိုးတက်လို့ ဖြစ်စဉ်က လွဲသလား၊ ဖြစ်စဉ်အတိုင်း မသွားလို့ မတိုးတက်သလား…. စနစ်နဲ့လူ ဘယ်ကစလို့ မေးခွန်းထုတ်ရမည့် ကြက်ဥကြက်မ အရာပါပဲ။

လူတိုင်း ကိုယ့်အလုပ် ကိုယ်လုပ်လျင် ပြသနာ တဝက်ငြိမ်းပါသည်။ မြန်တျန့်ပြည်မှာ ကိုယ့်အရာ ကိုယ်မနေ လွဲချော်မှုတွေဖြစ်တော့ ကျောကော့အောင် ခံနေရပြီ။ ခွေးသွားစိတ် ပင်နီယံလို ဘီးအကြီးနဲ့ ဘီးအသေး အံဝင်ခွင်ကျ လည်တဲ့အခါ လွဲချော်မှုတွေမဖြစ်၊ အဲ… အချိန်တခု ကြာလျင်တော့ ရပ်တန့်ပြန်ညှိ မွမ်းမံရတာ ရှိမှာပေါ့။ သူ့ဟာနဲ့သူ ဖြစ်နေတဲ့အခါ ကျေးဇူးရှင် ကယ်တင်ရှင်ဘွဲ့ လုပ်ယူလို့ မရ။ စစ်သား စစ်တိုက်တာ မဆန်း၊ အစိုးရ လမ်းဆောက် တံတားဖောက်တာ မထူးခြား၊ လွှတ်တော် ဥပဒေပြုတာ သူ့အလုပ်။ ဒါကိုမှ ငါကွလို့ လက်မထောင်လျင် ငပေါဖြစ်သွားမှာပေါ့..။ သူ့ဟာနဲ့သူ အံကိုဖြစ်နေတဲ့ လူ့ အဖွဲ့အစည်းမှာ ပြောတာ။

နိုင်ငံရေး အသာထား.. အခြားကဏ္ဍတွေ ကြည့်လျင်လဲ ဆရာဝန် ဆေးကု၊ ကျောင်းဆရာ စာသင်တာ အဆန်းလား။ ဂုဏ်ပြုသင့်သူတော့ ဂုဏ်ပြုရမှာမည်။ ဒါပေမဲ့ သောက်တလွဲတွေ ဖြစ်နေတဲ့အခါ သာမန် ဖြစ်ရိုးဖြစ်စဉ်က အထူးအဆန်း ဖြစ်သွားတယ်။ အဲဒီ ကမောက်ကမ ဖြစ်စဉ်တွေသည် တိုင်းပြည်လူမျိုးရဲ့ အသိညဏ်၊ အဆင့်အတန်း ရေချိန်ကိုလည်း မီးမောင်း ထိုးပြတယ်။

တလောက ကျောင်းဆရာတဦး အခြားမြို့ကို ပြောင်းတော့ ခလေးတွေ ဝိုင်းငိုတာ ဖတ်ရတယ်။ ဂုဏ်ယူပါ၏.. တဆက်ထဲမှာပဲ မတူတဲ့ အတွေးနဲ့ စဉ်းစားတာ မြန်တျန့်ပြည်မှာ ဝတ္တရားကျေသူ ဘယ်လောက် ရှားနေပြီလဲ။ အဲဒီ ဆရာကို ဦးတည် မပြောနော်… ဖြစ်နေတာကို ခြုံငုံပြောတာ။ ကျောင်းဆရာ စာသင်တတ်ရမည်၊ အပိုကြေး မတောင်းရ၊ ခလေးစိတ်ပညာ နားလည်ရမည်။ ဒါတွေက ပိုမထူးခြားတဲ့ အရည်အခြင်းတွေ။ ဆရာဝန်ဆိုလဲ ဆေးကုတတ်။ လူနာအပေါ် ညှင်သာရမည်။ ဂွင်မရိုက်ရ။ ဒါတွေက ပုံမှန်ရှိရ ဖြစ်နေရမည့် အရည်အချင်းတွေ။ ရဲဆိုလဲ လာဘ်မစားရ၊ ဥပဒေ စိုးမိုးရေး နားလည်ရမည်ပေါ့။ အဲလို ဖြစ်ရပ်တွေ လူပုဂ္ဂိုယ်တွေ ရှားပါးတဲ့အခါ ဖြစ်ရိုးဖြစ်စဉ်က အထူးအဆန်း၊ သာမန်က စပါယ်ရှယ်ဖြစ်ရတယ်။

ယူ၁၉ဘောလုံးပွဲ ကိစ္စမှာဆိုလဲ အဲလိုပဲ၊ နိုင်ငံတကာ မယ်တွေမှာဆိုလဲ သိဂတဲ့အတိုင်း။ တောကလူတွေ ကိုယ့်ရွာက သူကြီးအိမ် ပြကြွားတော့ မြို့သားက ကြိတ်ရယ်လိမ့်မယ်။ ပျော်ကြပါ.. အောင်မြင်မှု ငတ်နေချိန်မှာ ဒါဟာ အောင်ပွဲတခုပါ။ ဒါ့ထက်ပိုတော့ ဖြစ်စဉ် လွဲပြီ။ ကဘုန်းကျော်က အသက်လိမ်တယ် ဘာညာ သူထင်ရာ ပြောတယ်။ ဝိုင်းဆဲကြတယ်၊ သူ့ဖဘကို ပိတ်ခိုင်းဖို့ လှုံစော်တယ်။ နှစ်ဖက်စလုံး သောက်ရူးတွေ… ဟိုကရူးတာ တယောက်ထဲ ရူးတာ..။ ဒီဖက်က အုပ်နဲ့ ဝိုင်းလုပ်တော့ ဟားစရာကို ဖြစ်လို့။ တညီတညွတ်ထဲ ဝိုင်းဆဲတဲ့ပုံစံ ဖြစ်တော့ မြန်တျန့် သရုပ်သကန် ဖြစ်လာမှာ စိုးရတယ်။ (ခုလည်း အတော်ဖြစ်နေပါပြီ)

ခွေးသွားစိတ် ပြေးထားလှိမ့် မွေးစားကြိတ် ဘေးနားဖိန့်
ခွေးသွားစိတ် ပြေးထားလှိမ့် မွေးစားကြိတ် ဘေးနားဖိန့်

ဖြစ်စဉ်မှ လွဲတဲ့အခါ ကြာလျင် အမှားက အမှန်ဖြစ် အကျင့်ဖြစ်သွားရော။ ပြင်ရကောင်းမှန်းမသိ နာလို့နာမှန်း မသိ၊ ထုံပေပေနဲ့ မောင်ထုံ၊မထုံများ ဖြစ်ကုန်တယ်။ ဥပမာဗျာ.. အနုပညာနယ်ပယ်မှာ အမေမင်းသမီး၊ သမီး မင်းသမီး၊ အဖေ အဆိုတော်၊ သားလည်း အဆိုတော် .. အဲဒါ မှန်ရဲ့လား။ လူမှန်နေရာမှန် မဖြစ်တဲ့အခါ ဒကယ် အရည်အချင်းရှိသူ၊ ဝါသနာရှင်၊ ပညာရှင်တွေ ပျောက်ကုန်ပြီး ရုပ်ပြစား၊ နာမည်ပြစားတဲ့ ခေတ်ဖြစ်လာရော မဟုတ်လား။ ဒါကို အကျင့်ဖြစ်နေတော့ မှားလို့ မှားမှန်းမသိ၊ ပြင်လည်းမပြင်တတ်တော့။ နိုင်ငံရေးမှာဆိုလဲ ဒီသဘောပဲ။ တကယ်တော်မှ ခေါင်းဆောင်ဖြစ်ရမှာပေါ့။ သားစဉ်မြေးဆက် အုပ်ချုပ်တဲ့ မြောက်ကိုရီးယားနိုင်ငံ ကူမြူနစ်စနစ်ကြွေးကြော်တော့ ဟားစရာဖြစ်လို့၊ အရင်းရှင်ဈေးကွက် စီးပွားရေးလုပ်စားနေတဲ့ ကူမြူနစ်တရုတ် ပြည်သူ့ဒီမိုကရေစီ ပြောတော့ ဘယ်သူ ယုန်မလဲ။ ဖြစ်စဉ်က လွဲချော်မှုတွေနော်။ ဒါဆို တရုတ်ကြီး ဘာလို့ ချမ်းသာလာလဲ… တိမ်တိမ်လေး မတွေးပါနဲ့.. အန်ကယ်ဆမ်နဲ့ အနောက်ကမာ္ဘက ပိုအကျိုးအမြတ်ကြီးလို့ တရုတ်ကြီးကို လွှတ်ထားတာ။

ကိုယ်က နိမ့်ပါးနေလျင် ရှိတာလေးကို အမွမ်းတင်တာ ထုံးစံပဲ။ လုပ်ပေမဲ့ လိုနေကြောင်းသိလျင် တိုးတက်ဖို့ လမ်းစရှိတယ်။ မရှိသုံး သဘောထားနိုင်တဲ့အခါ သိပ်ဆတ်ဆတ်ထိ မခံနိုင် မဖြစ်ဘူး။ ဓမ္မသဘော အရလည်း ငါတကယ် မရှိလက်ခံထားလျင် ပြေပျောက်တယ်။ ခွင့်လွှတ်ကောင်းတယ်။ ဆင်းရဲသားမာန ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ့်အခြေအနေ ကိုယ်သိ။ မတူတဲ့အမြင် လက်ခံပါ။ ဆင်းရဲတော့ မာနထားစရာ ရိုးသားခြင်းသာ ရှိတယ်.. ဒါကို ပိုပြီး ငါ့လှေငါထိုး ဗဂိုရောက်ရောက် လုပ်လျင်တော့ မိုးပေါ် သေးထောင်ပန်းတာနဲ့ အတူတူပဲ။ ငန်လည်းငန် နံလည်းနံလိမ့်မည်။

 

မှတ်ချက်။ ခုပဲ ဖဘမှာ ဖတ်ရတယ်။ အာရှ ဘောအဖွဲ့ချုပ်က နောက်တခါ ကွင်းထဲ ပရိတ်သတ်ဝင် သောင်းကျန်းလျင် မြန်တျန့်ပြည်မှာ ဘောပွဲကျင်းပခွင့် ပိတ်မည်တဲ့။ ဒဏ်ငွေလည်း ချမည်တဲ့။။ နည်းတောင် နည်းသေး… ရာသက်ပန်ပိတ်၊ ဒဏ်ငွေ ဒေါ်လာသန်းတရာ ချသင့်တယ်။

 

ပုံ

အမှံတယား ဗက်တော်သား ကြောင်ကြီး။။

16 comments

  • Ko chogyi

    October 20, 2014 at 5:45 am

    အမှန်တရားဘက်တော်သား ပန်းကန်ပြားလ ျှက်ကော်စား ကြောင်ကြီးဖွားဘက်တော်ပြား

  • မမချွိ

    October 20, 2014 at 8:47 am

    ပို့(စ) က မိုက်သကွာ။
    :kwi:

  • Kaung Kin Pyar

    October 20, 2014 at 10:20 am

    ပေါက်ကွဲသံစဉ်တွေလား အူးကြောင်……….
    :k:

  • Novy

    October 20, 2014 at 10:34 am

    Gear ကဖြစ်စဉ်အတိုင်း မလည်ပတ်ရင်တော့ ပျက်စီးတော့မယ့်သဘောပဲ

  • တောင်ပေါ်သား

    October 20, 2014 at 1:57 pm

    မြန်မာနိုင်ငံမှ အိမ်ရှင်ဖြစ် လက်ခံကျင်းပလျက် ရှိသော AFC U19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲတွင် ပရိသတ်အချို့၏ မလိုလားအပ်သော အပြုအမူ များကြောင့် အာရှဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ဒဏ်ကြေးငွေ ဒေါ်လာ ၂၄၀၀ဝ နှင့် ၂ နှစ်အတွင်း အိမ်ရှင်အဖြစ် ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲ များမှ ပွဲစဉ်(၁)ပွဲအား ပရိသတ်မပါဘဲ ကစားစေရန် အောက်တိုဘာ ၁၉ ရက်နေ့က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အား ပြစ်ဒဏ်ချမှတ် အရေးယူခဲ့သည်။
    အဆိုပါ ပြိုင်ပွဲအား နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် အောက်တိုဘာ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပလျက် ရှိပြီး ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းတွင် အောက်တိုဘာ ၁၃ ရက်နေ့ အီရန်နှင့် ကစားခဲ့သည့် အုပ်စု နောက်ဆုံးပွဲစဉ်တွင် ပရိသတ် အချို့က ပွဲကြည့် ထိုင်ခုံများအား ရိုက်ချိုးဖျက်ဆီး၍ ကွင်းအတွင်းသို့ ပစ်ပေါက်ခြင်း သတ်မှတ်နေရာများတွင် အားပေးမှု မရှိခြင်း စသည့် အပြုအမူများ ပြုလုပ်ခဲ့ကြပြီး အောက်တိုဘာ ၁ရ ရက်နေ့ ယူအေအီး အသင်းနှင့် ကစားခဲ့သည့် ကွာတားဖိုင်နယ် ပွဲစဉ်အနိုင်ရရှိခဲ့ပြီး မြန်မာ့ဘောလုံးသမိုင်းတွင် ပထမဆုံး ကမ္ဘာ့ဖလား (ယူ၂၀) ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့သည့် အတွက် ပရိသတ်အချို့ ကွင်းအတွင်း မြက်ခင်းပြင်ပေါ်သို့ ဝင်ရောက်၍ အောင်ပွဲခံခဲ့ကြပါသည်။ အဆိုပါ ပွဲစဉ်တွင် ကွင်းအတွင်း ဝင်ရောက်ခဲ့သည့် အချို့သော ပရိသတ်များ အနေဖြင့် ပြိုင်ဘက်အသင်းအား မလိုလားအပ်သော နောက်ပြောင်မှု ပြုလုပ်ခြင်း၊ ကွင်းအတွင်းရှိ အားကစားဆိုင်ရာ ပစ္စည်းအချို့ ပျက်စီးခဲ့ခြင်း တို့ကြောင့် အာရှ ဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း အရ အထက်ပါအတိုင်း ပြစ်ဒဏ်များ ချမှတ် အရေးယူ ခဲ့ခြင်းဖြစ်သည်။ အာရှ ဘောလုံး အဖွဲ့ချုပ်၏ အရေးယူမှု သတိပေးချက်အရ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အနေဖြင့် ဒဏ်ကြေးငွေ ဒေါ်လာ ၂၄၀၀ဝ ပေးဆောင်ရမည့် အပြင် ပရိသတ် မပါဘဲ နိုင်ငံတကာ ပြိုင်ပွဲ(၁)ပွဲ ကစားစေရန် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့ပြီး အကယ်၍ အောက်တိုဘာလ ၂ဝ ရက် (ယနေ့)တွင် ကာတာ အသင်းနှင့် ကစားရမည့် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ပရိသတ်များ၏ အလားတူ ဖြစ်ရပ်မျိုး (သို့မဟုတ်) စည်းကမ်းချိုးဖောက်မှုမျိုး တစ်ခုခု ထပ်မံပြုလုပ်ခဲ့ပါက ဗိုလ်လုပွဲတွင် ပရိသတ်မပါဘဲ ကစားရမည် ဖြစ်သည့်အပြင် သီးခြားပြစ်ဒဏ်များ ထပ်မံချမှတ်ခံရမည် ဖြစ်ပါသည်။
    အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် AFC U19 Championship 2014 Regulations ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းဥပဒေများ ဖြစ်သည့် Article 65 နှင့် Article 3 (a)(ii) အရ ဒေါ်လာ (၁၀၀၀၀)၊ Article 67.1 နှင့် 67.3 အရ ဒေါ်လာ (၉၀၀၀)၊ Article 40.1 နှင့် Article 15.3 အရ ဒေါ်လာ (၅၀၀၀) စုစုပေါင်း ဒေါ်လာ ၂၄၀၀ဝ အားပေးဆောင် စေရန်နှင့် Article 24 နှင့် Article 33.5 အရ ပရိသတ် မပါဘဲ နိုင်ငံတကာ ပြိုင်ပွဲ တစ်ပွဲ ကစားစေရန် ( ၂ နှစ်တာ ကာလအတွင်း အိမ်ရှင်အဖြစ် ကျင်းပမည့် မည်သည့် နိုင်ငံတကာပွဲမဆို) ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် အဆိုပါ ပြစ်ဒဏ်များအား လျှော့ပေါ့ပေးစေရန် အာရှ ဘောလုံးအဖွဲ့ချုပ်သို့ ထပ်မံ ရှင်းလင်းပန်ကြား၍ အယူခံဝင်သွားမည် ဖြစ်သည်။
    မြန်မာ ယူ၁၉ အသင်းအား သမိုင်းဝင် အောင်မြင်မှု အဖြစ် ဖီဖာ ယူ၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ဝင်ရောက်ကစားခွင့် ရရှိစေအောင် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးမှုအဖြစ် တခဲနက် စည်းကမ်းတကျ အားပေးကြည့်ရှု ခဲ့ကြသည့် ဘောလုံးချစ် ပရိသတ်များကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် အထူးကျေးဇူးတင်ရှိပါသည်။ ၎င်းပွဲစဉ်သည် အာရှအဆင့် ပြိုင်ပွဲကြီးဖြစ်သည့်အတွက် ရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှုအား အာရှတိုက် နိုင်ငံများအပြင် အခြားနိုင်ငံအသီးသီးမှလည်း စိတ်ဝင်တစား အားပေးကြည့်ရှုလျက် ရှိရာ ပရိသတ်အချို့၏ ဖော်ပြပါအတိုင်း မလိုလားအပ်သည့် အပြုအမူမျိုး ပြုလုပ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အရေးယူ အပြစ်ပေးမှုမျိုး ခံခဲ့ရသည့် အပြင် နိုင်ငံအတွက်လည်း အနည်းနှင့်အများ ဂုဏ်သိက္ခာ ထိခိုက်စေခဲ့ပါသည်။ အလားတူ ဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပေါ်ပါက နိုင်ငံတကာ ပြိုင်ပွဲမျိုးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်များ ဆုံးရှုံး စေနိုင်ပါသည်။ ၂၀၁၁ ခုနှစ်က အိုမန်အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင်လည်း မလိုလားအပ်သည့် အပြုအမူများကြောင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)မှ မြန်မာ့ လက်ရွေးစင် အသင်းအား ခြေစစ်ပွဲကစားခွင့် ပိတ်ပင်ခြင်း၊ ဒဏ်ငွေများ ချမှတ်ခြင်း စသည့် အရေးယူ အပြစ်ပေးမှုများကို ဂုဏ်သိက္ခာကျဆင်းစရာ အဖြစ် ခံခဲ့ရဖူးသည်မှာလည်း ပရိသတ်များ အားလုံး သိရှိပြီး ဖြစ်ပါသည်။
    မြန်မာ့လက်ရွေးစင် ယူ၁၉ အသင်းမှာ ယခု အာရှပြိုင်ပွဲတွင် မိမိတို့ထက် အတွေ့အကြုံ၊ ကြံ့ခိုင်မှု ပိုမိုကောင်းမွန် တောင့်တင်းသည့် အာရှအဆင့် ထိပ်တန်းအသင်းများကို ကျော်ဖြတ်၍ ဆီမီးဖိုင်နယ် အဆင့်ထိ တက်လှမ်းနိုင်ခဲ့ခြင်း ကြောင့် ၂၀၁၅ ဖီဖာ ယူ၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို အာရှတိုက် ကိုယ်စားပြု အသင်းအဖြစ် သွားရောက်ယှဉ်ပြိုင်ခွင့် ရသည်အထိ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီး ဖြစ်ရာ ယနေ့ အောက်တိုဘာ ၂ဝ ရက်နေ့ ည(ရးဝ၀)နာရီတွင် ကစားရမည့် ကာတာ အသင်းနှင့် ဆီမီးဖိုင်နယ်တွင် မည်သည့်ရလဒ် ထွက်ပေါ်သည်ဖြစ်စေ ဘောလုံးချစ် ပရိသတ်များ အနေဖြင့် မြန်မာအသင်း၏ ကြိုးစားအားထုတ် အောင်မြင်ခဲ့မှုကို ချီးကျူးအသိအမှတ်ပြု နားလည်သည့် အနေဖြင့် မလိုလားအပ်သော မည်သည့် အပြုအမူကိုမျှ မပြုလုပ်မိစေရန် အချင်းချင်း ဝိုင်းဝန်းထိန်းသိမ်းကူညီဆောင်ရွက်ပေးကြပါရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် အထူး မေတ္တာရပ်ခံ ပန်ကြားထားကြောင်း သိရသည်။ ( သတင်း MFF )

  • မြစပဲရိုး

    October 20, 2014 at 3:36 pm

    ဒီမှာတော့ တော်လိုက်တဲ့ ကြောင်ကြောင်။
    ဖဘ ထဲ မှာ ရီထား တဲ့ အကြောင်းနောက်တစ်ခု။
    မိထ္ထီလာ မှာ မြို့နယ် စည်ပင် က အမှိုက်သိမ်းတာကို ကြေးမုံသတင်းစာထဲ ခေါင်းစည်းမဲကြီး နဲ့ သတင်းလုပ် ရေးပြထားတာ။
    စည်ပင်က အမှိုက်သိမ်းရမှာ သူ့တာဝန်၊ ဒါကြောင့် သူ့ ကို ပိုက်ဆံပေးခန့်ထားတာ ကို။
    သူ့တာဝန် သူလုပ်ရတာ အဆန်းလား။
    အလကား လုပ်ပေးတာ ဆိုလဲ တစ်မျိုး။

    အခု ဘော်လုံးပွဲ လိုမျိုး ကိစ္စ တွေကို အတင်း ထိုးပြ ပြီး ပြည်သူတွေ ကို အာရုံလွှဲ နေမှာ မြင် နေပါသေးတယ်။
    ပြသနာက လုပ်ချင်ရာ ရမ်းလုပ်နေတဲ့ ဖွတ် အစိုးရ နဲ့ ထစ်ကနဲ ဆို နေရာလွဲပြီး သွေးနီ ပြမဲ့ လူတန်းစားကြား အဆီအငေါ် တဲ့ နေရင်လဲ အကြောင်းမဟုတ်။
    အခုတော့ တစ်လွဲချည်းဘဲ။ 🙄

    • မြစပဲရိုး

      October 20, 2014 at 3:44 pm

      အုပ်ချုပ်သူများ အတွက် အမြဲ အကောင်းမြင်နေသူ များ ရဲ့ အမြင်မှာ
      ဖွတ်များ ကို ဝေဖန်သူ ပြောရင် ပြောတဲ့ သူက မကောင်းမြင်သူ၊ အဆိုးမြင်သူတွေ ဖြစ်ရော။

      ဆက်တွေး ရင်း သတိရသွားတာ ဒါနဲ့ ဘဲ တို့ ပြည်ကြီး မှာ ဒီလို ဖြစ်နေတယ်။

      Dear optimists, pessimists, and realists,
      While you were all arguing over the glass of water, I just drank it.
      Sincerely, an opportunist

      lol:-)))

  • kai

    October 20, 2014 at 4:00 pm

    လူသတ်တဲ့ပရို.. စစ်သားက.. တိုင်းပြည်တက်အုပ်ချုပ်မှတော့.. ခုလိုဖြစ်တာဆန်းသလား..

    ပြောတာပြောသာ..
    ဘယ်သတင်းလည်းမသိ.. ဖတ်ရင်း.. ဦးသိန်းစိန်မိန့်ခွန်းတွေ့လိုက်မိတာ..
    အီဘိုလာဗိုင်းရပ်ကူးစက်.. အကြောင်းပြောပြီး.. အောက်မှာ.. ဘိုင်အိုကမစ်ကယ်စစ်အကြောင်း ဆက်ထည့်ပြောသွားတယ်လို့.. သတိထားမိတယ်..။( ပြန်ရှာတာမရ။ တွေ့သူများပြောပ..)
    သူွှအတွင်းစိတ်.. လှမ်းဖတ်လို့.. ရသပေါ့..။

    ဒါမျိုုးကျတော့လည်း.. နိုင်ငံရေးက..နပ်ရမှာလိုသား..။ စစ်အမြင်ပဲလိုသလား.. ထင်မိသား..။ :k:

  • Mr. MarGa

    October 20, 2014 at 4:08 pm

    ဗရာဗို် အူးကြောင်
    ဗရာဗို :k:

  • မွသဲ ( 17082011 )

    October 21, 2014 at 8:23 am

    ယားးးးးးးးးးအူးကြောင်ကွ။ ဒီလိုရေးထားတာဖတ်ရတော့ ရေးသူဟာ အူးကြောင်မှဟုတ်ပါလေစ။ အူးကြောင် ကလုန်းများရေးသလားမှတ်ရဒယ်။ မတ်တပ်ရပ်ပြီးလက်ခုတ်အကြီးကြီးတီးပါအိ :mrgreen:

    • အလင်းဆက်

      October 21, 2014 at 8:35 am

      တဲသီက မတ်တပ်ရပ်ပြီး လက်ခုပ်တီးသွားတယ် ဆိုတော့ ဖြူဖြူကျော်သိန်း အိုက်စတင်နဲ့ပေါ့နော်
      တော်တော်ဆိုးတဲ့ ဖြူဖြူတဲသီ
      :k:

      ကျနော်ကတော့ စည်သူလွင်လိုပဲ နေကာ မျက်မှန်လေးတပ်ပြီး ထိုင်လျက်နဲ့ လက်ခုပ်တီးသွားပါတယ်

      :k:

  • manawphyulay

    October 21, 2014 at 9:40 am

    ပြောပါ ထင်သာ မြင်သာခေတ်ရောက်နေပါပြီ
    များများပြောပါ…
    မဖတ်ရတာ အတော်ကြာတော့ တကယ့်အနှစ်ပဲ…

  • CharTooLan

    October 23, 2014 at 2:00 pm

    မလည်နိုင်ပါဘူး ဂလန့်တိုက်မှာဘဲ :kwi:
    အူးကြောင် ဘယ် ဆို ကျနော်က ညာ ပဲ
    ကဘုန်းကျော်ဆို ဘလောက်နံမယ်ကြီးသလဲ ကျန်းးးးးး
    ဘုန်းကျော်နှိမ်နင်းသူများ ဆိုဒဲ့ ပေ့ချ်ယီးတောင် ပေါ်ပေါက်လာသေးဒယ် မဆိုးဝူး 🙂

  • Shwe Ei

    October 23, 2014 at 2:17 pm

    ဖေ့ဘုတ်မှာရှဲချင်လို့ လင့်ခ်လိုက်ရှာတာ…မရှိပါဝူးရော ???

  • uncle gyi

    November 8, 2014 at 10:57 pm

    ကြောင်ကြီးကတော့ကြောင်ကြီးပါပဲ
    နဂိုလ်စတိုင်မပြောင်း
    ပြောင်းတာကတင်ပြပုံတွေ
    အချိတ်အဆက်တွေလှနေတာ
    ဒီလိုအရေးနဲ့စာပြောင်တွေမပါပဲ
    ဖတ်လိုက်ရရင်အတော်အရသာရှိမှာလို့
    တွေးမိပါကြောင်း

Leave a Reply