ကမ႓႓ာ့အကောင်းဆုံး ဝီစကီ ရာမာဇာကီ
ဘာရယ်ဟုတ်ပါဘူး ၊
၂၀၁၅ ခုနှစ်အတွက် ကမ႓ာ့အကောင်းဆုံး ဝီစကီရွေးရာမှာ ဂျပန်ထုတ် ဝီစကီ ( ရာမာဇာကီ ဝီစကီ ) က နံပါတ်တစ် ရသွားတယ်ဆိုတော့
စိတ်ထဲ ထူးခြားသလို ဖြစ်သွားလို့ပါ ၊
ကျနော်တို့က စကော့ဝီစကီကသာ အကောင်းဆုံးနေရာမှာ အမြဲရှိတယ် လို့ စွဲသိခဲ့ဘူးတာကိုး ၊
တစ်ကမာ္ဘလုံးက ဝီစကီတွေရဲ့ အရသာ ၊ အရည်အသွေးစတာတွေကို အကောင်းဆုံးဖော်ပြသတ်မှတ်ပေးတဲ့
ဝီစကီ အညွှန်းအဖွဲ့ ( ဂျင်မူရေး – ဝီစကီဘိုင်ဘယ်လ် ) က ရွေးပေးခဲ့တာလို့ ဆိုပါတယ် ၊
daily mail မှာ ဖတ်ရတာပါ ၊
၁ နှစ်အတွင်း ဥရောပအကောင်းဆုံး ဝီစကီကိုတော့ အင်္ဂလန်က Chapter 14 Not Peated က ရပါသတဲ့ ၊
အခု ဆုရတဲ့ ဂျပန် ရာမာဇာကီ ဝီစကီကို ၁၉၂၃ နှစ်မှာ စတင် တည်ထောင်တဲ့ကုမ္ပဏီက ထုတ်တာဖြစ်ပြီး
ပေါ့ပါးသွက်လက်တဲ့ အရသာ၊ ထူးကဲတဲ့ အနံ့တို့နဲ့ အမှတ် ၁၀ဝ မှာ ၉ရ ဒသမ ၅ ရတယ်လို့ဆိုပါတယ် ၊
ပြီးခဲ့တဲ့ နှစ်တွေမှာ စကော့ဝီစကီတွေကို ကမာ္ဘ့အကောင်းဆုံး ဝီစကီလို့ ဂျင်မူရေးက သတ်မှတ်ခဲ့ဘူးပါတယ် ၊
၂၀၁၂ မှာ Old Pulteney’s 21 year old ၊ ၂၀၁၄ မှာ Glenmorangie Ealanta ဝီစကီတို့က ရခဲ့ပါသတဲ့ ၊
အခုတော့ မမျှော်လင့်တဲ့ နေရာကနေ အကောင်းဆုံး အရည်အသွေး ပေးစွမ်းနိူင်တဲ့ ဝီစကီထွက်လာတာဟာ
စကော့ ဝီစကီ လုပ်ငန်းတွေ အကျဘက်ကို ရောက်လာတာမျိုးများလားလို့ ထင်ကြေးပေးတာတွေလည်း ရှိလာခဲ့တယ်လို့ ဆိုပါတယ် ၊
၂၀၁၅ ခုနှစ် ကမာ္ဘ့အကောင်းဆုံး ဝီစကီဆုရခဲ့တဲ့ Yamazaki ဝီစကီဟာ ပုလင်း ၁၈၀၀ဝ ပဲထုတ်လုပ်ထားပြီး
ဗြိတိန်က အကောင်းဆုံး အရက်ဆိုင်တွေနဲ့ အရက်လက်ကားရောင်းတဲ့ဆိုင်တွေမှာ ပေါင် ၁၀ဝ နဲ့ ဝယ်ယူအားပေးနိူင်ပါသတဲ့ဗျာ ၊
ရွာထဲက ကိုကိုတို့ရေ မြည်းတော့ အမြည်းချင်သားနော့ ၊
13 comments
MAUNG
November 4, 2014 at 6:09 pm
မှန်တာ ပြောရရင်ကြားတောင် မကြားဖူးဘူး ဦးမျိုးရေ ….
စမ်းကြည့်လိုက်ဦး မယ် 🙂
ကေဇီ
November 4, 2014 at 7:05 pm
အာ့ လေး တိုက် ကြ ပါ..!!
အာ့လေး တိုက် ကြ ဘာ!!!!!!!!
kai
November 5, 2014 at 3:21 am
‘Best Whisky in the World’ Is No Longer Scottish
NBCNews.com – 5 hours ago
A Japanese whisky has been named the “best in the world,” upstaging traditionally favored …
Suntory time: Japanese whisky named world’s best in sour dram for Scotland
The Guardian – 14 hours ago
The World’s Best Whisky Has Been Named and Scotland is Displeased
TIME – 11 hours ago
အလင်းဆက်
November 5, 2014 at 9:46 am
သောက်တော့ သောက်ကျိချင်သားးးးး
ဒီနေ့ ရန်ကုန် ရာသီဥတုလေးနဲ့လေ…
:k:
တောင်ပေါ်သား
November 5, 2014 at 10:39 am
ရောင်းဈေး စတာလင်ပေါင် ၁၀ဝ ဆိုတော့ တစ်သိန်းခွဲလောက် ရှိမှာ ၊
အမယ်လေးဗျာ ၊ ဂရင်းအပြာနဲ့ပဲ ကျေနပ်လိုက်ပါ့မယ် ၊ 🙂
sorrow
November 5, 2014 at 11:16 am
..ကြွားတာဟုတ်ဘူးနော်…အဲ့မျိုးနှစ်ပုလင်းရှိတယ်..အငိငိငိ
တောင်ပေါ်သား
November 5, 2014 at 11:23 am
ကချင်အချင်းချင်းဆိုတော့
၂ ပက်လောက် မျှပါလားကွာ 🙂
kyeemite
November 5, 2014 at 11:43 am
.SINGLE MALT ဆိုတော့ တစ်ယောက်ထဲမော့ရမှာ ကိုမျိုးရဲ့ :k:
တောင်ပေါ်သား
November 5, 2014 at 11:49 am
ဂလိုဂျီးလား အိုးးး ပျင်းစရာ 🙂
Yae Myae Tha Ninn
November 5, 2014 at 4:21 pm
ကျွန်တော်နှင့် မသက်ဆိုင်သော ဖြစ်သွားပြိဗျ… အနော်က ဘီယာသမား… 🙂
တောင်ပေါ်သား
November 5, 2014 at 4:27 pm
သာဓုဗျာ သာဓု ၊ ဘီယာက ပိုက်ပိုက် ပိုကုန်တယ်ဗျ 🙂
ဦးကြောင်ကြီး
November 6, 2014 at 1:50 pm
ဘီအီးဒီစီဃယော.. ပါပါယောက္ခထီးဦးမျိုးဂျီ း
Yae Myae Tha Ninn
November 7, 2014 at 1:28 pm
ဦးမျိုး… ဦးကြောင် ရန်လာ စ နေတယ်… 🙂