ရန်ကုန် ရန်ကုန် ရွှေတိဂုံ
“ရန်ကုန် ရန်ကုန် ရွှေတိဂုံ”

ရန်ကုန်ရောက်တော့ ကျနော် ရွှေလင်ပန်းမှာသွားနေရပါတယ် ။
အဲ့ဒီနားမှာရိုက်စရာဆိုလို့ ဒီအပင်ဘဲရှိတယ်

မိရိုးဖလာ ကိုးကွယ်သူဆိုတော့ ရန်ကုန်ရောက်ရင်ရွှေတိဂုံ မသွားဘဲမနေနိုင်ပါဘူး။


ညနေခင်းမှာ ရွှေတိဂုံ ရဲ့ ညမြင်ကွင်းကို မှတ်တမ်းယူကြပါတယ်။

နောက်တစ်ရက်ခြားမှာ တစ်ခါထပ်ရောက်ပါတယ်၊
ဘုရားမှာသန့်ရှင်းရေးလုပ်နေကြသူတွေကိုမြင်ရ တော့ လေးစားမိပါတယ.်။

ဘုရားမှာ လုပ်မယ့် အစား ဒီပြင်နေ့ရာ သွား လုပ်ပါလားလို့တော့ မပြောပါနဲ့
လူဆိုတာ ကိုယ့် ယုံကြည်ချက်နဲ့ ကိုယ်နေကြတာပါ။
အရာရာတိုင်းကို ဥစ္စာပစ္စည်းနဲ့ နိုင်းပြီး တိုင်းတာလို့ မရ နို်င်တာလဲ အမှန်ပါဘဲ။

ကျနော်တို့ရောက်တဲ့အချိန်ဘုရားကိုငြမ်းဆင်ပြီးပြုပြင်နေချိန်ဆိုတော့ လုပ်သားတွေ အလုပ်လုပ်နေတာကိုမြင်ခဲ့ရပါတယ်၊


ဘုရားဖူးနေတဲ့ အချိန်မှာတော့ သူတို့ရဲ့စိတ်တွေငြိမ်းချမ်းနေမှာအမှန်ပါဘဲ။

ကိုယ်ယုံကြည်ရာ ကိုယ်လုပ်တာ က ကိုယ့်စိတ်ကိုေ အးငြိမ်းစေပါတယ်
ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ
3-11-2014

18 comments
YUYA MON
November 3, 2014 at 11:01 pm
NICE….THANKS!!!!
ကိုပေါက်(မန္တလေး)
November 4, 2014 at 9:09 am
YUYA MON ရေ
ပုံလေးတွေ ကို လှတယ်ပြောတော့ ပင်ပန်းခံရကျိုးနပ်ပါပြီ
မြစပဲရိုး
November 4, 2014 at 3:51 am
ရွှေလင်ပန်း ဆိုတာ မကြားဖူး ပါလား ကပေါက်ကြီး။
ပြောပြပါဦး။
(၁) နဲ့ (၂) က တံမြက်စည်း ပင် လေး တွေ လား။
အဲဒီပုံလေး တွေ တစ်အားလှ ပါတယ်။
အဲဒီ အပင် တွေကြား မှောက်ခါတစ်မျိုး ပက်လက်တစ်ဖုံ ရိုက်ခဲ့ ရင်တော့ အတော်ယားမှာ။
:))
ကိုပေါက်(မန္တလေး)
November 4, 2014 at 9:14 am
ကိုလတ်ကြီးရေ
ရွှေလင်ပန်းက လှိုင်သာယာဘက်မှာပါ.
မြစ်အနောက်ဘက်ကမ်း အောင်ဇေယျတံတားနဲ့ ရွှေပြည်သာတံတား နှစ်ခုကြားထဲမှာရှိပါတယ်။
စက်မူ့မြိုတော်ပါဘဲ။
အထည်ချုပ်စက်ရုံတွေအများကြီးရှိတယ်။
(၁)နဲ့(၂)က ကျနော် သွားအလုပ်လုပ်တဲ့ ခြံ စည်းရိုးက တံမြက်စည်းပင် တွေ ပါ။
ဒီလိုအပင်လေးတွေကို
ရန်ကုန်မန်းလေးအမြန်လမ်းမမှာ
ပဲခူးမြို့အဝင်လမ်းမှာ ရှိပါတယ်။
ဲအဲဒီ နေရာ နှစ်ခုလုံးကျနော်ရိုက်ပြီး တင်ဘူးပါတယ်။
မှောက်တစ်ခါ ပက်လက် တစ်လှဲ့တော့ ရိုက်ရဲဘူး.
အဲ့ အနားမှာမြွေဖြတ်သွားတာ မြင်ဘူးလို့။
weiwei
November 4, 2014 at 9:42 am
ကျွန်မတို့ သန်လျင်ဘက်မှာ အဲဒီတံမြက်စည်းပင်တွေ ပေါတယ် ..
အရမ်းလှတယ် … ဒါပေမယ့် ယားတယ် ..
အခုရက်ပိုင်း မယ်ဇလီပင်တွေ ပွင့်နေကြာတာလဲ အရမ်းလှတယ် ..
ကိုပေါက်(မန္တလေး)
November 4, 2014 at 9:48 am
မဝေပြောမှ သတိရ ဟုတ်ပါ့ တညင်အသွားလမ်းမှာလည်းတွေ့ဘူးတယ်
သူက နေရောင်ထိရင် အရောင်တွေလက်လာတာအရမ်းလှတယ်လေ
MAUNG
November 4, 2014 at 6:24 am
ကြည်နူးဖို့ကောင်းလိုက်တာဗျာ…
ကျေးဇူးပါ လေးပေါက် 🙂
ကိုပေါက်(မန္တလေး)
November 4, 2014 at 9:50 am
MAUNG ရေ
ကြည်နူးစရာကို ပြန်လည်ဝေမျှ ပေးရလို့ ဝမ်းသာပါတယ်
Mr. MarGa
November 4, 2014 at 12:34 pm
သာယာပေစွ
ငြိမ်းချမ်းပေစွ
ချမ်းမြေ့ပေစွ
ကိုပေါက်(မန္တလေး)
November 4, 2014 at 4:15 pm
ကဲ ကော်ကော်မကောင်းတော့ ပေါင်းမန်းလိုက်တော့မယ်နော်
ဃဃ ရေ
ငြိမ်းအေးစွာနေချင်ရင် အေးငြိမ်းစွာနေနို်င်အောင်ကျိုးစားရတယ်
ကိုမျိုးရေ
ကျနော်လဲ ရန်ကုန်ရောက်ခိုက်ရွှေတိဂုံကိုရောက်တာပါ
ကိုခရေ
ရွှေတိဂုံညနေခင်းမှာ ဘုရားဖူးတွေနဲ့ စည်ကားပေမယ့်
အေးငြိမ်းသောအသွင်ကိုဆောင်ပါတယ်။
တောင်ပေါ်သား
November 4, 2014 at 1:00 pm
အင်းးးး ဘုရားမရောက်တာ ဘယ်လောက်ကြာပြီလဲ ?
မမှတ်မိချင် ၊
ဝါခေါင်လပြည့်ကတော့ ကျောက်တန်းရေလယ်ဘုရားရောက်တယ် ၊
ရွှေတိဂုံက မရောက်တာ ၁ နှစ်ကျော်ပြီထင် ၊
ခင် ခ
November 4, 2014 at 2:24 pm
မွေးရပ်ဇာတိ ရွှေစေတီမို့ ရန်ကုန်ရောက်တိုင်း ညချမ်းချိန်ခါမျိုး သွားဖြစ်တယ်။
စိတ်ကြည်နူးစရာ သဒ္ဒါပီတိ ကုသိုလ်ရတာပေါ့ဗျာ။
Shwe Ei
November 4, 2014 at 4:34 pm
လူတွေဘယ်လောက်များများ မဆူညံတဲ့ နေရာမို့လား မသိ..
ငြိမ်းချမ်းတာတော့ အမှန်ဘဲ 🙂
ကိုပေါက်(မန္တလေး)
November 4, 2014 at 4:39 pm
ကျနော် ဘာသာရေးဆရာတစ်ယောက်ကိုမေးဘူးတယ်။
အိမ်မှာလဲဘုရား ရှိနေတာ အပြင်ကဘုရားကို သွားဘို့ လိုသေးလား လို့ပေါ့
သူက ဘာပြန်ဖြေလဲဆိုတော့
လူအများ လာရောက်ဖူးမျှော်တဲ့ ဘုရား ပရဝုဏ်မှာက
လူအတော်များများရဲ့ ကောင်းသောစိတ်တွေထုံမွှမ်းနေတာကြောင့်
အေးချမ်းခြင်းတွေ အလိုလိုကိန်းအောင်းတယ်လို့ ပြန်ဖြေပါတယ်
အလင်းဆက်
November 5, 2014 at 10:12 am
ရွှေတိဂုံကတော့….ဘယ်အချိန်ဖြစ်ဖြစ်…ဘုရားဖူးတွေ မပြတ်ဘူး…
မန္တလေးက…မဟာမြတ်မုနိဘုရားကြီးလိုပေါ့….
Yae Myae Tha Ninn
November 5, 2014 at 4:25 pm
အနော် တချိန်ကဆီကို ပြန်သတိရတယ်.. အခုလို ငြမ်းဆင်ထားတော့… အဲတုန်းက ဘုရားရဲ့ ဌက်ပျောဖူးထိ တက်ခွင့်ရခဲ့တယ်.. တာဝန် အရပေါ့… ဖူးမဆုံးတော့ ဘေးကလူတွေက ပြောလို့ ပြန်ပြောခဲ့သေးတယ်.. နောက်တခါဆိုတာ မကျိန်းသေဘူးလို့.. တကယ်ကိုပါပဲ အခု ပြန်တက်ချင်လဲ အခွင့်မရှိတော့ဘူးဗျ… 🙂
uncle gyi
November 6, 2014 at 11:27 pm
လူအများ လာရောက်ဖူးမျှော်တဲ့ ဘုရား ပရဝုဏ်မှာက
လူအတော်များများရဲ့ ကောင်းသောစိတ်တွေထုံမွှမ်းနေတာကြောင့်
အေးချမ်းခြင်းတွေ အလိုလိုကိန်းအောင်းတယ်လို့ ပြန်ဖြေပါတယ်
အတော်ဖြေတတ်တဲ့သူပဲ
တံပျက်စည်းပင်ကိုဒါ့ပုံရိုက်ရတယ်လို့
ဒါပေမဲ့
အရိုင်းပန်းနဲ့နေဝင်ချိန်ကတော့ဂွတ်တယ်
ကိုပေါက်(မန္တလေး)
November 8, 2014 at 12:17 pm
အော် အန်ကယ်ဂျီးက လဲ ဖြေတတ်တာမဟုတ်ပါ
ဟုတ်တာကိုဖြေတာပါ
တံမျက်စည်းပင်ရိုက်ဆို ကျနော်ရောက်တဲ့နေရာမှာရိုက်စရာက ဒါပဲ ရှိတာကိုး