” ရိုက်မိရိုက်ရာ ” တစ်ခါတစ်ခါ ဟိုနားသွား ဒီနားသွား ဟိုရိုက်ဒီရိုက်ကလေးတွေက စိတ်ကို အပျင်းပြေစေပါတယ်။       3             ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 211216


“နေသာတဲ့နေ့ အပြင်ထွက်ခြင်း” (ဓါတ်ပုံပိုစ်) ဒီမှာမိုးတွေရွာနေတာနေ့တိုင်းလိုလို။ ဒီနေ့တော့ နေသာတော့ ဆိုင်ကယ်နဲ့အပြင်ထွက်ဖြစ်ပါတယ်။ မိုးရွာမယ့်အရိပ်အယောင်မရှိတော့ ရွှေလီမြို့တောင်ဘက်ဖျား လူသူကင်းဝေးတဲ့နေရာထိရောက်ခဲ့ပါတယ်။ တိမ်တွေနဲ့လှပ လွတ်လပ်ကျယ်ပြန့်တဲ့မြင်ကွင်းဆိုတော့ စိတ်ချမ်းသာစရာ။ မြို့ စွန် လူသူတွေ နေတဲ့ အကြားမှာတော့ ငြိမ်းချမ်းသူများရဲ့ ထာဝရလှဲလျောင်းရာနေရာလေးကိုလည်းတွေ့ခဲ့ရ။ အပြန်လမ်းမှာတော့ တိမ်တွေစီးမိုးထားတဲ့မြန်မာပြည်ဘက်က တောင်တန်းများကို မြင်ရပြန်ပါတယ်။ ဘာဘဲပြောပြော စိတ်အေးချမ်းခဲ့ရတဲ့နေရာလေးပါဘဲ.   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 12-8-2015  


“နေဝင်စရယ်က ရောင်စုံခြယ်” (ဓါတ်ပုံပိုစ်) အခုရက်ကျနော်ရောက်နေတဲ့အရပ်မှာမိုးနေ့တိုင်းရွာပါတယ်။ တစ်ခါတစ်လေ တစ်နေကုန် တဖွဲဖွဲ။ တစ်ခါတစ်လေတော့လဲရွာလိုက်တိတ်လိုက်။ တစ်ခါတစ်လေ နေပွင့်လိုက်မိုးရွာလိုက်။ မိုးကိုလဲ မရွာစေချင်ပါဘူး။ ဒီအထက်ကရွာတဲ့မိုးကအောက်ဖက်ကလူကိုသွားဒုက္ခပေးမှာသေချာနေတာကိုး။ မိုးရွာတာက အလုပ်ဖွင့်တဲ့ရက် မှာတော့  သိပ်ပြဿနာမရှိ။ အလုပ် လုပ်နေရင်းက အချိန်ကုန်မှန်းမသိကုန်သွားတတ်ပါတယ်။ အလုပ်ပိတ်ရက်မှာတော့ အိမ်ထဲမှာနေရတာပျင်းလာပါလေရော။     ပြီးခဲ့တဲ့ ဥပုဒ်နေ့ ကတော့ မိုးက ဖွဲဖွဲလေးကျလိုက်တိတ်လိုက်နဲ့။ ညနေပိုင်းတော့ မိုးရိပ်ရှိပေမယ့် မိုးကမရွာပါဘူး။ ဒါနဲ့ဘဲအညောင်းပြောဆိုပြီး မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ ကစားကွင်းဘက်ကို လမ်းလျှောက်ဘို့သွားခဲ့ပါတယ်။ ကျနော်နေတဲ့အိမ်နဲ့ဆိုရင်ဆယ်မိနစ်လောက်လောက်ဘဲဆိုင်ကယ်မောင်းရပါတယ်။ အဲဒီနေရာက သစ်တောပင်အစုလေးတွေနဲ့ အုတ်ခင်းလမ်းတဲ့ဆိုတော့ ညနေခင်းမှာလမ်းလျောက်လာသူတွေအများကြီးပါဘဲ။ အဘိုးအဘွားအရွယ်တွေရော လူလတ်ပိုင်းရော ကလေးတွေနဲ့မိသားစုတွေရော လူငယ်လေးတွေရော စည်ကားလှပါတယ်။ အဝင်ဝမှာဆိုင်ကယ် ကားထားခဲ့ရပါတယ်။ ကိုယ်ဘာသာကိုသော့ခတ်။ အစောင့်ရဲတွေရှိပေမယ့် ယာဉ်အပ်ခမပေးရ။ အဲဒီ လမ်းလျောက်စရာနေရာနဲ့ကလေးကစားကွင်းနဲ့တွဲနေပါတယ်။ လာကစားတဲ့ကလေးတွေလဲအများကြီး။ အဲဒိနေ့က […]


ဖုန်းနဲ့ဖမ်းတဲ့ ဖိုတို  အမှတ်နှစ်   အခုရက် ဒီမှာမိုးနေ့တိုင်းရွာပါတယ်။ တစ်ပါတ်လုံးနီးပါးရွာတာပါ။ မိုးသဲကြီးမဲကြီးရွာပြီးနောက်တစ်ရက် ညနေခင်းမှာမထင်မှတ်ပါဘဲတိမ်တွေအရောင်ပြောင်းလို့လာတာကိုမြင်လိုက်ရတော့ ကမန်းကတမ်းဘဲဖုန်းနဲ့အရအမိဖမ်းလိုက်ပါတယ်။ နောက်ရက်တော့ မိုးမရွာပေမယ့်မိုးတွေအုံ့မိူင်းလို့နေပြန်ပါတယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 26-7-2015


တဝဲလည်လည် (ဓါတ်ပုံပိုစ်) ပြီးခဲ့တဲ့ ဥပုဒ်နေ့က မန်းလေးက ဓါတ်ဆရာတစ်ယောက် မူဆယ်ကိုရောက်လာပါတယ်။ သူက တံတားနားမှာရိုက်ချင်တယ်လို့ ဆိုပါတယ်။ ဒါနဲ့ နေ့လည်တစ်ချက်တီးလောက် ဒီဘက်ကိုကူးလာ။ လက်ဖက်ရည်ဆိုင်ထိုင်။ စကားစမြည်ပြော။ နေနည်းနည်းကျမှ ဓါတ်ဖမ်းထွက်ခဲ့ကြပါတယ်။ နေ့လည်ကတည်းက ဒီနားမှာဘဲ ရိုက်တာ ညနေစောင်းထိပါဘဲ။ 3 အကွေ့အဝိုက်   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 8-7-2015


“ကျနော့်ရဲ့ညနေခင်းလေးများ”(ဓါတ်ပုံပိုစ်)   ဟိုအရင်နှစ်များက မနက်စောစော ထပြီး လမ်းလျောက်ဖြစ်ပါတယ်။ 2014 ကတည်းက လမ်းမလျောက်ဖြစ်သလောက်။ ခရီးထွက်ရတာရယ် အပျင်းထားတာရယ်။   အခုဒီ ကျယ်ခေါင်ရောက်တော့ ဆောင်းဒီဇင်ဘာ။ ထိုင်ပြီးစာရင်းလုပ်ရတာ အေးလာရင်ထွက်လမ်းလျောက်ဖြစ်ပါတော့တယ်။ ညနေဆိုရင်လဲ နေ့တိုင်းနီးပါးလမ်းလျောက်ဖြစ်ပါတယ်။ လမ်းလျောက်ရင်းက ညနေခင်းလေးများကို ပိုသဘောကျသလိုပါဘဲ။ အဲတော့ ညနေခင်းမှာ ရိုက်ဘူးတဲ့ ပုံလေးတွေကိုပြန်စုစည်းပြီးတင်ပေးလိုက်ပါတယ်။ ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 3-7-2015  


“ရှိတာလေးနဲ့ လှအောင်ဆင်”(ဓါတ်ပုံပိုစ်)   ဟိုးအရင်က ကျနော့်မှာအိမ်သုံးကင်မရာပေါက်စလေးတွေရှိပါတယ်။ ၂၀၁၂မှာ အရင်ကိုင်နေကျ ဆမ်ဆောင်းက ပျက်သွားပါတယ်။ ကင်နွန်ပေါက်စန ကပျောက်သွားပါတယ်။ ကင်နွန်အကြီးတစ်လုံးရှိပေမယ့် သွားလေရာတိုင်းယူသွားလို့မရပါဘူး။ အဲ့တော့ အရင်လောက်ဓါတ်ပုံမရိုက်ဖြစ်တော့ပါဘူး။ မန္တလေးမှာတုံးကတော့ ညနေဖက် ညဖက် နဲ့ ဥပုဒ်နေ့တွေမှာဓါတ်ပုံအမြဲထွက်ရိုက်ဖြစ်ပါတယ်။ ကိုယ်မသွားလဲ လာခေါ်ကြတဲ့သူတွေ က အဆင်သင့်။ အခုသူများမြို့ရွာရောက်တော့ အရင်လောက် ဓါတ်ဖမ်း မထွက်ဖြစ်တော့ပါဘူး။ ကြာတော့ လဲ မနေနိုင်တောပါဘူး။ လက်ထဲရှိတဲ့ဖုန်းလေးနဲ့ ဟိုရက်ဒီရိုက် ရိုက်ဖြစ်ပါတော့တယ်။ နောက်ဖေစ်ဘုတ်မှာ ဖုန်းနဲ့ရိုက်သောဓါတ်ပုံများအဖွဲ့ မှာလဲ တင်ချင်တော့ ့ ညနေလမ်းလျှောက်ရင်း သွားရင်းလာရင်း ဓါတ်ပုံတွေရိုက်ဖြစ်ပါတော့တယ်။ ကဲ ကြည့် လိုက်ကြပါအုံး။   ဆက်လက်ဖော်ပြပါအုံးမယ်   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 25-6-2015  


“အလင်းပုံရိပ်တစ်ခုကိုဖန်တီးကြခြင်း” (ဓါတ်ပုံပိုစ်)   အရင်ကတော့ နေရာဒေသတစ်ခုခုရောက်ရင် ကိုယ့်မျက်စေ့ ရှေ့ မြင်တာကို ဂွပ်ကနဲရိုက်ချလိုက်တာပါ။ အလျင်းသင့်လို့ အဆီအငေါ်တည့်ပြီး လှသွားတဲ့ပုံလဲရှိ သလို မလှတဲ့ ပုံလဲရှိပါတယ်။ အရင်ကတော့ ရူ့ခင်းပုံဘဲအရိုက်များပါတယ်။ လူပုံဆိုရင်လဲအလှပုံထက် သဘာဝ ပုံ လျှပ်တစ်ပျက်ပုံတွေဘဲရိုက်ဖြစ်ပါတယ်။ အခုနောက်ပိုင်းဓါတ်ဆရာတွေနဲ့ပေါင်းမိတဲ့အခါ  တစ်ခါတစ်ရံ မော်ဒယ် ရိုက်ဖြစ်သွားပါတယ်။ အလှပုံတွေပေါ့။ ဒါပေမယ့် ကျနော်ရှိတဲ့ဓါတ်ပုံပညာက သူတို့ လှတာကို မတောက်ပစေခဲ့တာအမှန်ပါဘဲ။ ဒီအချိန်မှသိလာတာ မော်ဒယ်အလှပုံရိုက်မယ်ဆိုရင်တစ်ယောက်ထဲနဲ့ရိုက်မရ။ မီးထိုးမှန်ထိုး ကအစ ပြင်ဆင်ပေးသူလိုတယ်ဆိုတာပါဘဲ။ ပြီးခဲ့တဲ့ သုံးလေးရက်လောက်က မော်ဒယ်ဆရာလေးတစ်ယောက်က သူညပိုင်းမော်ဒယ်ထွက်ရိုက်မယ် လေးပေါက်အားရင်လာခဲ့ဆိုတာနဲ့ လိုက်သွားဖြစ်ပါတယ်။ ကဲ အဲ့ညက ပုံလေးတွေကြည့်လိုက်ကြရအောင်ပါ။ ကျနော်တို့ ပထဆုံး ရေပိုက်လုံးတွေကြားသွားရိုက်ပါတယ်။ မိုးရွာထားတော့ အောက်က ရေစပ်စပ်နဲ့ပါ။ မှောင်မဲနေတော့ ခြင်ကလဲ ကိုက်ပါတယ်။ မော်ဒယ်ဆိုလဲ […]


“တိမ်များနှင့်ဆော့ကစားခြင်း” ဒီကျယ်ခေါင် ရွှေလီက မိုးများပါတယ်။ ဒါပေမယ့် ရွာလိုက်တိတ်လိုက်။ မိုးရှိတော့ တိမ်လှပါတယ်။ အဲတော့ကြုံတိုင်းရိုက်မိပါတယ်။ ပထမတော့ ရွှေလီမြို့ အဝင်ကနေရိုက်ပါတယ် ။ အဲဒီအချိန်မိုးမရွာသေးတော့ရိုက်ကောင်းပါတယ်။   အနောက်ဘက်ကိုလှည့်ြကြည့်တော့ တိမ်တွေလှနေတာနဲ့ ကျယ်ခေါင်မြို့အပြင်ထွက် မြန်မာပြည်ဘက်ခြမ်း မူဆယ် ကားကြီးဝင်းဘက်ကနေရိုက်မယ်ဆိုပြီးထွက်လာခဲ့ပါတယ်။ ကျနော်လိုချင်တဲ့ နေရာကိုလဲရောက်ရော အစကကြည်လင်တောက်ပနေတဲ့ ကောင်းကင်ကချက်ခြင်းဘဲ မိုးတွေအုံ့မိူင်းလို့လာပါတယ်။   ဒါနဲ့ဘဲ ကမန်းကတန်း လေးငါးပုံလောက်ရိုက်ပြီး ပြန်လာခဲ့ပါတယ်။ နောက်နှစ်ရက်လောက်နေတတော့ မူဆယ်က ဓါတ်ပုံရိုက်ဘက် ကောင်လေးက  မော်ဒယ်ရိုက်မယ် ဦးပေါက်ထွက်ခဲ့ဆိုတာနဲ့ ဓါတ်ပုံရိုက်ဘို့ ထွက်ခဲ့ပါတယ်။ သူနဲ့ချိန်းတာကလဲ ဟိုနေ့က ကျနော်သွားခဲ့တဲ့ လမ်းမှာပါဘဲ။   ကျနော် သူနဲ့ချိန်းတဲ့နေရာကိုသွားနေတုန်းမှာဘဲ ကောင်းကင်ကြီးက အရောင်တွေပြောင်းပြီးလှလို့လာပါတယ်။. ဒီတော့ ………………………………………………………..   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 24-6-2015