ဖုန်းနဲ့ဖမ်းတဲ့ ဖိုတို အမှတ်နှစ်
ဖုန်းနဲ့ဖမ်းတဲ့ ဖိုတို အမှတ်နှစ်







အခုရက် ဒီမှာမိုးနေ့တိုင်းရွာပါတယ်။
တစ်ပါတ်လုံးနီးပါးရွာတာပါ။
မိုးသဲကြီးမဲကြီးရွာပြီးနောက်တစ်ရက်
ညနေခင်းမှာမထင်မှတ်ပါဘဲတိမ်တွေအရောင်ပြောင်းလို့လာတာကိုမြင်လိုက်ရတော့
ကမန်းကတမ်းဘဲဖုန်းနဲ့အရအမိဖမ်းလိုက်ပါတယ်။
နောက်ရက်တော့ မိုးမရွာပေမယ့်မိုးတွေအုံ့မိူင်းလို့နေပြန်ပါတယ်။
ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ
26-7-2015
9 comments
Ma Ei
July 27, 2015 at 10:23 am
အတော်လှပတဲ့ ညနေလေးပါလား..
အဲ့ဒီ တံတားပေါ်ကနေ တိမ်တွေ အရောင်ပြောင်းလဲသွားတဲ့ နေဝင်ချိန် ကို
စိတ်အေး လက်အေးနဲ့ ခဏလေးလောက်ကြည့်နေချင်လိုက်တာ…
ကိုပေါက်(မန္တလေး)
July 27, 2015 at 12:33 pm
ညနေဆိုရင် အဲဒီတံတားပေါ်က လူစည်ပါတယ်။
လမ်းလျောက်သူ
အလုပ်ကအိမ်ပြန်လာသူ
တံတားအောက်က ဘော့လုံးပွဲကိုလာကြည့်သူ
အေးဆေးလာပြီး လေညှင်းခံသူ
တံတားပေါ်ကဖုန်းလိုင်းကောင်းတော့ ဖုန်းလာပြောသူ
သမီးရီးစားစုံတွဲတွေနဲ့ စည်ကားသပေ့ါ မအိရေ
Mike
July 27, 2015 at 1:44 pm
.နေညိုချိန်တိမ်တောက်တဲ့အခါ… :))
ကိုပေါက်(မန္တလေး)
July 27, 2015 at 1:52 pm
အဲနေ့က တိမ်အရောင်တွေက လူပေါ်တောင် ကျ ပြီး အရောင်တွေလှနေတာ။
ဖဖဖ ပိုစ်က ပုံ့တွေပျက်သွားတာပြန်တင်ပေးထားပါတယ်။
မြစပဲရိုး
July 29, 2015 at 10:06 pm
ကြည့်ရတာ ကမ္ဘာ့ နေရာတော်တော်များများ မိုးများ နေသလားမသိ။
ဒီမှာလဲ နွေသာဆိုရ။ မိုး က နေ့တိုင်း မပြတ်တာ အတော်ကြာပြီ။
မိုးတစ်နေ့ ပုံက တိမ်တွေ ပြိုဆင်းလာတော့မလား မှတ်ရတယ်။
ကိုပေါက်(မန္တလေး)
July 30, 2015 at 7:59 am
ကိုလတ်ကြီး
ဒီအထက်ပိုင်းက မိုးပိုရွာတယ်
ဆယ်ရက်ကျော်ပြီ တစ်ရက်မှ မိုးမပြတ်
Alinsett @ Maung Thura
July 30, 2015 at 5:00 am
ဖုန်း ကင်မရာ ဒီလောက် မကောင်းဘူးဆိုရင်တောင်
.လေးပေါက်ရဲ့ ဓါတ်ပုံ ပညာ လက်ရာအရ ဒီလို ပုံကောင်းတွေ ဖမ်းမိမှာ အသေအချာာာာ
ကိုပေါက်(မန္တလေး)
July 30, 2015 at 8:00 am
အလင်းဆက်ရေ
မုးိတွေအမြဲရွာတော့ ကင်မလာ သယ်မသွားနိုင်ဘူး
အဲတော့ လှတာမြင်တဲ့အချိန် ရှိတာနဲ့ ဖမ်းရတာပေါ့
Shar Thet Man
June 27, 2019 at 7:29 am
မိုက်တယ်