“ရှိတာလေးနဲ့ လှအောင်ဆင်”(ဓါတ်ပုံပိုစ်) ဖုန်းနဲ့ရိုက်တာ
“ရှိတာလေးနဲ့ လှအောင်ဆင်”(ဓါတ်ပုံပိုစ်)
ဟိုးအရင်က ကျနော့်မှာအိမ်သုံးကင်မရာပေါက်စလေးတွေရှိပါတယ်။
၂၀၁၂မှာ အရင်ကိုင်နေကျ ဆမ်ဆောင်းက ပျက်သွားပါတယ်။
ကင်နွန်ပေါက်စန ကပျောက်သွားပါတယ်။
ကင်နွန်အကြီးတစ်လုံးရှိပေမယ့် သွားလေရာတိုင်းယူသွားလို့မရပါဘူး။
အဲ့တော့ အရင်လောက်ဓါတ်ပုံမရိုက်ဖြစ်တော့ပါဘူး။
မန္တလေးမှာတုံးကတော့ ညနေဖက် ညဖက် နဲ့ ဥပုဒ်နေ့တွေမှာဓါတ်ပုံအမြဲထွက်ရိုက်ဖြစ်ပါတယ်။
ကိုယ်မသွားလဲ လာခေါ်ကြတဲ့သူတွေ က အဆင်သင့်။
အခုသူများမြို့ရွာရောက်တော့ အရင်လောက် ဓါတ်ဖမ်း မထွက်ဖြစ်တော့ပါဘူး။
ကြာတော့ လဲ မနေနိုင်တောပါဘူး။
လက်ထဲရှိတဲ့ဖုန်းလေးနဲ့ ဟိုရက်ဒီရိုက် ရိုက်ဖြစ်ပါတော့တယ်။
နောက်ဖေစ်ဘုတ်မှာ ဖုန်းနဲ့ရိုက်သောဓါတ်ပုံများအဖွဲ့ မှာလဲ တင်ချင်တော့
့ ညနေလမ်းလျှောက်ရင်း သွားရင်းလာရင်း ဓါတ်ပုံတွေရိုက်ဖြစ်ပါတော့တယ်။
ကဲ ကြည့် လိုက်ကြပါအုံး။
ဆက်လက်ဖော်ပြပါအုံးမယ်
ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ
25-6-2015
17 comments
Courage
June 26, 2015 at 2:33 am
နံပါတ် ၈လေးကြိုက်ပါ၏
ကိုပေါက်(မန္တလေး)
June 26, 2015 at 12:20 pm
ရေတံခွန်လေးက မော်လိ ရေတံခွန်လို့ခေါ်ပါတယ် သူ့အကြောင်းရေးပါအုံးမယ်
ကိုပေါက်(မန္တလေး)
June 26, 2015 at 10:21 pm
လမ်းလျောက်သွားရင်း သစ်ရွက်ခြောက်တွေကြားထဲမှာတွေ့လို့ ယူလာခဲ့တာပါ
Mike
June 26, 2015 at 9:04 am
.“ကိုယ့်မြေနဲ့ သူ့ပြည် ” ကြည့်၍ စိတ်မကောင်း
ကိုပေါက်(မန္တလေး)
June 26, 2015 at 9:19 pm
ကိုမိုက်ရေ သူတို့ မြေမှာက တိုက်ခန်းတွေအများကြီး နေမယ့်သူမရှိ
သစ်ပင်တွေနဲ့စိမ်းစိမ်းစိမ်းစိုစို
ကျနော်တို့ မြေမှာ သစ်ပင်တွေအကုန်ခုတ် ရှိသမျှ မြေကျဉ်းကျုပ်ကျုပ်မှာအိမ်အပြည့်ဆောက်
ပူလောင်လောင်ထဲ မှာနေကြရပါတယ်
စိတ်မကောင်းစရာကတော့ အမှန်ပါ
Ma Ei
June 26, 2015 at 10:13 am
5 မှာ သူတို့က ငုံ့ကြည့်ခြင်း ဆိုတော့
က ျမတို့က မော့ကြည့် နေရတာဖြစ်သွားမှာပေါ့နော်
ရေတံခွန်လေးကြည့်ရတာ စိတ်အေးချမ်းပါတယ်…
ကိုပေါက်(မန္တလေး)
June 26, 2015 at 9:21 pm
ဟုတ်ပါတယ် မအိရေ
မော်စီတုန်းလက်ထက်မှာ သူတို့က ကျနော်တို့ကိုမော့ကြည့်ရာကနေ
အခု ခေတ်အဆက်ဆက် စစ်အစိုးရလက်ထက်မှာ သူတို့ က ကျနော်တို့ကို ငုံ့ကြည့် နေပါတယ်
တောင်ပေါ်သား
June 26, 2015 at 12:57 pm
နံပါတ် ၇
ကွာခြားမှုတွေကြားမှာပေါ့လေ
ကိုပေါက်(မန္တလေး)
June 26, 2015 at 9:22 pm
ဟုတ်ပ ကမျိုးရေ မထင်မှတ်ဘဲ ကွားခြားမူ့တွေကြားမှာရောက်နေပါတယ်။
မြစပဲရိုး
June 26, 2015 at 1:00 pm
. မြန်မာပြည် ထဲ ပြည်နယ်တွေ ရဲ့ နေရာ တော်တော်များများ မှာရေတံခွန် တွေ ရှိတယ်။
ကျွန်မ တော့ မွန် က ဂျုံးဂျုံးကျ ကို ရောက်ဖူးတယ်။
မေမြို့ က ရေတံခွန် ကို ရောက်ဖူးတယ်။
ရွှေစက်တော် သွားတဲ့ နေရာမှာလဲ အသေးတစ်ခု ရှိတယ်မှတ်တယ်။
အဲဒီ ရေတံခွန် တွေ စာရင်း လုပ်ကြည့်ဖို့ ကောင်းသား။
ကျွန်တော့ ကိုယ်ပွါး ရဲ့ အိုင်ဒီယာကြိုက်သဗျာ။
ဘေးက ကိုယ်ပွါး ရဲ့ နံရိုး ကိုယ်ပွါး ပေါ့ လေ။
ကိုပေါက်(မန္တလေး)
June 26, 2015 at 9:26 pm
ကိုလတ်ကြီးရေ
မြန်မာပြည်မှာရေတံခွန်တွေအများကြီးရှိပါရဲ့
သွားလို့လာလို့ခက်
အခုဒီထဲမှာပါတဲ့မော်လိရေတံခွန်ထက် မန်းလေးနားက ဒီးဒုတ်ကအများကြီး ပိုလှ ပိုသာယာပါတယ်
ဒါပေမယ့် သွားရေးလာရေးခက်တော့ ဘယ်သူမှ မလာ
အခုမော်လိရေတံခွန်ဝင်မယ်ဆိုရင်လူတစ်ယောက်ယွမ်50 မြန်မာငွေ တစ်သောင်းနီးပါးပေးဝင်ရပါတယ်
ဒါပေမယ့် တန်ပါတယ်
ဒီရေတံခွန်နှစ်ခု နိူင်းယှဉ်ပြီးစာရေးပါအုံးမယ်
Ma Ma
June 26, 2015 at 2:22 pm
နေဝင်ချိန်ပုံလေးကို ကြိုက်တယ်။
သစ်ရွက်ခြောက်တွေကြားထဲမှာ စိမ်းလန်းနေတာလေးကို ရိုက်တဲ့အိုင်ဒီယာကိုလည်း သဘောကျတယ်။
ကိုယ်ပွားဆိုတာ အရိပ်ကို ပြောတာလား ဘေးက မဟေသီကို ပြောတာလား။ :k:
ကိုပေါက်(မန္တလေး)
June 26, 2015 at 9:27 pm
မမရေ
ကိုယ်ပွားကတော့ ကိုယ်တိုင်ပါဘဲ
ဘေးနားကတော့ ကိုလတ်ကြီးပြောသလို နံရိုးလေးရဲ့ ကိုယ်ပွား ကျနော်သွားလေရာ ပါ တယ်လေ
aye.kk
June 26, 2015 at 3:50 pm
ကိုပေါက်ရေ
ဝူခုန်းပုံလေး
အရမ်းသဘောကျမိပါတယ်၊ပုံတွေအားလုံးလည်းလှတယ်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ဖူးလိုက်ရတာကျေးဇူးပါပဲ။။
ကိုပေါက်(မန္တလေး)
June 26, 2015 at 9:29 pm
မမအေး ရေ
ဝူခုန်းလေးတွေက သူတို့ နဲ့ တွဲပြီးဓါတ်ပုံရိုက်ရင် ပိုက်ပိုက်ပေးရပါတယ်
အုန်းငှက်ပျောဗန်းရွက်ထားတဲ့ မိန်းကလေးတွေရှိတယ်
ဆာရီဝတ်ထားတဲ့ ယောက်ျားမိန်းရှိတယ်
ဘုရားကတော့ မူဆယ်မြို့ က တောင်ပေါ်ဘုရားလို့ ခေါ်ကြတဲ့ရပ်တော်မူကိုယ်တော်ကြီးပါဘဲ
အလွန်သပ္ပါယ်ပါတယ်ခင်ဗျာ
Alinsett @ Maung Thura
June 27, 2015 at 9:52 am
7ကိုယ့်မြေနဲ့ သူ့ပြည် ပုံက… ကိုယ့်ဘက်အခြမ်းကို မြင်ရတာ……
ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကိုပေါက်(မန္တလေး)
June 27, 2015 at 9:04 pm
ဟုတ်ပါတယ် မူဆယ်မြို့ အရှေ့မြောက်ဘက် ၄၅ ကုန်း လို့ခေါ်ကြတဲ့ တောင်ပေါ်က နေ တက်ကြည့်ရင်းရိုက်ထားတာပါ။
ကျနော်ရွာထဲ မဝင်ဖြစ်လို့ အကြောင်းမကြားတာ အဲဒီနေရာလေးမှာ
ချင်းမိသားစု တစ်ခု က ထူထောင်ထားတဲ့ ဂရုဏာစံအိမ်လို့ခေါ်တဲ့ မိဘမဲ့ရိပ်သာလေးရှိတယ်။
ကျနော်တို့ တတ်နိုင်တာလေးသွားလှူကြတုံးကရိုက်လာခဲ့တာပါ။