Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နားဦးတည့်ရာ နှစ်ဆယ့်ရှစ် – နီနီခင်ဇော် ( မျှော်လင့်ချက်တစုံတရာ)

မြစပဲရိုးJune 25, 20151min91718

“ပြည်သူ တွေ စိတ်ဓာတ်ကျစရာ မလို” လို့ အားပေးတဲ့ စကား အတွက် ကျေးဇူးတင်ပါတယ် ဒေါ်အောင်ဆန်းစုကြည်။
အားမလျှော့မိ အောင် ကြိုးစားနေပါတယ်။
. ဒေါ်အောင်ဆန်းစုကြည် လဲ ကျန်းမာရေး ဂရုစိုက်စေလိုပါတယ်။
အစစ အရာရာ လဲ သတိနဲ့ နေပေးပါ။

*****

NLD မှာ အမတ် ၄၂ ယောက်ဘဲ ရှိတဲ့အပြင် လွှတ်တော် ရဲ့ ၂၅% က စစ်တပ် ခွဲတမ်း ယူထားတာတောင် မှ ၆၆% ကျော်မဲ ရတာ တကယ်တော့ ဝမ်းမြောက်စရာပါဘဲ။
ဒါပေမဲ့ စိတ်ပျက်စရာ တော့ နဲနဲ (တကယ်တော့ အများကြီး) ကောင်း ပါတယ်။
. ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကို ထားတော့ ၇၅% မဲ ရ မှ အလုပ်ဖြစ်မဲ့ ဘဝ ကတော့ မဟန်တာ အမှန်ပါဘဲ။
စစ်ရေး ကို ကာကွယ်ရေးလို့ နာမည်ပြောင်း တဲ့ ပုဒ်မ ပြင်ခွင့်ရသွားတာက တော့ အတော်လေးကို ဗိုက်နှိပ်ပြီး ရီ စရာပါဘဲ။
နာမည်ပြောင်းတာ က လွဲလို့ တစ်ခြား မစဉ်းစား တတ်ကြဘူး ထင်ရဲ့။

တကယ်တော့ သူတို့ လဲ သွေးပျက်နေကြပါပြီ။ အရူး က ရမ်းရင် ပိုကြောက်ဖို့တော့ကောင်းတယ်။

ဒီလို တွေလုပ်ရင် ပိုပြီး မေတ္တာပျက်နိုင်မယ် ဆိုတာ မစဉ်းစားတတ်ကြအောင် ဆင်ခြင်ဉာဏ်များ ဘယ်ပျောက်ကုန်ကြပါလိမ့်။ နဂိုထဲ က မရှိတာလဲ ဖြစ်နိုင်ပါတယ်။
တကယ်တော့ ပြည်သူ လေးစားတာခံရဖို့ လုပ်စရာ နည်းလမ်းတွေ မှ အများကြီး။
ကိုယ်ကျိုး အတ္တတော့ ချန်ခဲ့သင့်ချန်ခဲ့ရမှာပေါ့။
ဒီလောက်လေးတောင် ဒီအချိန်မှာ လုပ်မပြနိုင်တာ ကတော့ အတော်လေး အံ့ဖွယ်သုတ တုံး လိုက်ပုံ လို့ ဘဲ ပြောချင်တယ်။
ခွထိုင်များ လဲ စိတ်ပြောင်း ပြီး အမှန်တရား ဘက် ကို ရပ်ပေးကြပါတော့ လို့ဘဲ တိုက်တွန်းချင်ပါတယ်။

ရထား တဲ့ အချက်များ ကို ကြည့်ကြပါ။

Box  ရဲ့ အပြင်ထွက်ပြီး ဘက်မလိုက် ဘဲ ကြည့်ပါ။
အသာစီးရဖို့ ချိုးထားတဲ့ ဖဲ က အထင်းသားကြီး ပေါ်နေတာ တွေ့ပါလိမ့်မယ်။
ဒါကိုမှ တရားတယ်ပြောချင်ကြရင်လဲ ပြောကြကွယ်။
ကိုယ့် ဘဝ အိုချိန် နဲ့ ကိုယ့်မျိုးဆက် တွေ ရဲ့ အနာဂါတ် ကို အားမနာတတ်ရင်ပေါ့။ အပြောင်းအလဲ တစ်ခု ကို ပြောင်းရမှာကို ကြောက်တတ်ရင်ပေါ့။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ပုဒ်မ ၅၉ (ဃ)  “နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ၊ စစ်ရေး အမြင်များ ရှိရမည်”

ပုဒ်မ ၅၉ (စ) “မိမိကိုယ်တိုင် သော် လည်း ကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်း ကောင်း၊ မိမိ၏ တရားဝင် သားသမီး တဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သား၊ သမီး တဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေ သူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါး ၏ နိုင်ငံသားဖြစ်သူများ မဖြစ်ေ.စရ”

ပုဒ်မ  ၆ဝ (ဂ) ” သမ္မတ ရွေးချယ်ရေး အစုအဖွဲ့ တစ်ခုစီက ဒု- သမ္မတ တစ်ဦးကို လွှတ်တော် ကိုယ်စားလှယ်များမှ ဖြစ်စေ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများ မှ ဖြစ်စေ ရွေးချယ် တင်မြှောက်ရမည်”

ပုဒ်မ  ၄၁၈ (ခ)  “တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကို နိုင်ငံတော် အာဏာ လွှဲအပ်ပြီးသည့် အချိန်မှ စ၍ သမ္မတနှင့် ဒုတိယ သမ္မတ မှ အပ လွှတ်တော်များ၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီး အဖွဲ့၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဦးစီး အဖွဲ့ဝင်များ တာဝန်မှ ရပ်စဲပြီးဖြစ်သည်ဟု မှတ်ယူရမည်”

ပုဒ်မ ၄၃၆
“(က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆ဝ ၊အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁ဝ မှ ၄၃၂ ထိ၊အခန်း (၁၂) ပုဒ်မ ၄၃၆တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
(ခ) ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များ မှအပ အခြား ပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။

မဲပေးခွင့်ရှိသူ – ၆၃၃
လွှတ်တော်တက်ရောက်သူ – ၅၈၃
စစ်တပ် – ၁၆၆
NLD – ၄၂
လိုအပ်ထောက်ခံမဲ – ၄၇၅
ပျက်ကွက်သူ – ၅၀  (၇.၉%) – ကန့်ကွက်မဲ

အထက်ပါပုဒ်မများ ကို ပြင်ရေး  ရလာဒ် (၂၅-၆-၂၀၁၅)
၅၉ (စ) ထောက်ခံမဲ ၃၂၁ (ရှုံးနိမ့်) –  ၅၅.၀၆%
၅၉ (ဃ) ထောက်ခံမဲ ၅၅၆ (အောင်မြင်) – ၉၅%
၆ဝ (ဂ) ထောက်ခံမဲ ၃၈၆ (ရှုံးနိမ့်) – ၆၆.၂ဝ %
၄၁၈ (ခ) ထောက်ခံမဲ ၃၈၆ (ရှုံးနိမ့်) – ၆၆.၂၀%
၄၃၆ (က) ထောက်ခံမဲ ၃၈၈ (ရှုံးနိမ့်) – ၆၆.၅၅%
၄၃၆ (ခ)ထောက်ခံမဲ ၃၈၈ (ရှုံးနိမ့်) – ၆၆.၅၅%

 

Vote
7 Days Journal မှ ယူပါသည်

 

နီနီခင်ဇော်- မျှော်လင့်ချက်တစုံတရာ (သီဖွဲ့သူ – ဆောင်းဦးလှိုင်)

* အကြိမ်ကြိမ် အခါခါရှုံးလဲ
* ယုံကြည်တာတွေ မစွန့်လွှတ် လိုက်/စမ်းပါနဲ့
* အန္တရာယ် လဲများပါစေ
* ဆူးခင်းလမ်း တွေဖြစ်ပါစေ
* အချိန်တိုင်း ထိရှနာကျင်ဆဲ
* ရင်ဟာပဲ့ကြွေ ဝေဝါးလဲ
* အနာဂါတ်များ မှောင်မိုက်နေလည်းဘဲ
* ဒီဘဝ ထဲ လက်တွဲ မဖြုတ်ဘဲနဲ့

* မျှော်လင့်ချက် တစ်စုံတစ်ရာ မပါဝင်ပါတယ်
* ပေးဆပ်ကာသာ ရင်မှာ ပျော်တယ်
* ကျော်လွန်နိုင်ပြီ အခက်အခဲတိုင်း
* ရင်ထဲက မေတ္တာတရားနဲ့

* မျှော်လင့်ချက် တစ်စုံတစ်ရာ မပါဝင်ပါတယ်
* ပေးဆပ်ကာသာ ရင်မှာ ပျော်တယ်
* ကျော်လွန်နိုင်ပြီ အခက်အခဲတိုင်း
* ရင်ထဲက သစ္စာတရားနဲ့
* ပေးဆပ်လာ

* အတုံ့အလှည့် မရှိရင်လဲ
* အပြောင်းအလဲ မဖြစ်ရင်လဲ
* အကုန်ရယူသွား
* ပြန်မငဲ့ညှာ နဲ့တော့

18 comments

  • မြစပဲရိုး

    June 25, 2015 at 7:48 pm

    * အကြိမ်ကြိမ် အခါခါရှုံးလဲ
    * ယုံကြည်တာတွေ မစွန့်လွှတ် လိုက်/စမ်းပါနဲ့ ………………

    * အတုံ့အလှည့် မရှိရင်လဲ
    * အပြောင်းအလဲ မဖြစ်ရင်လဲ
    * အကုန်ရယူသွား
    * ပြန်မငဲ့ညှာ နဲ့တော့ …………..

    နီနီခင်ဇော်- မျှော်လင့်ချက်တစုံတရာ (သီဖွဲ့သူ – ဆောင်းဦးလှိုင်)

    https://www.youtube.com/watch?v=LAQUAEMYZOw

  • ဇီဇီခင်ဇော်

    June 25, 2015 at 8:25 pm

    ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့စကား…

    _

    “အပြောင်းအလဲဟာ လုံးဝလုံလောက်တဲ့ အပြောင်းအလဲမဟုတ်ဘူး…
    ဒီလိုလုံးဝလုံလောက်တဲ့ အပြောင်းအလဲကိုတောင်မှ မထောက်ခံချင်ဘူးဆိုတဲ့ အဓိပ္ပါယ်ကတော့ အပြောင်းအလဲကို မလိုလားဘူးဆိုတဲ့အဓိပ္ပါယ်ကို ရောက်ပုံရပါတယ်၊

    ဒီဟာမထောက်ခံတဲ့ ကိုယ်စားလှယ်များဟာ အပြောင်းအလဲကို မလိုလားတာ ဒီပုဒ်မတစ်ခုချင်းတစ်ခုချင်းကို မပြင်ဆင်တာထက် ဘာဖြစ်လို့လဲဆိုတော့ ပြင်ဆင်ထားတာတွေကလည်း လုံလောက်တာမဟုတ်ဘူး၊ ၇၅ ရာခိုင်နှုန်းကနေပြီးတော့ ၇ဝ ရာခိုင်နှုန်းအောက်မကျသောဆိုတာကလည်း ဘာမှထူးခြားတာလည်းမဟုတ်ဘူး…

    ချွေးမနဲ့ သမက်ကို ၅၉(စ)ကနေ ဖယ်လိုက်တာလည်း ဘာမှသိပ်ပြီးတော့ ထိထိရောက်ရောက် ပြုပြင်ပြောင်လဲတာလည်းမဟုတ်ပါဘူး…
    အဲ့ဒီတော့ ဒီလိုမထိရောက်တဲ့ဟာတွေကိုတောင်မှ မပြင်ချင်ဘူးဆိုလို့ရှိရင်တော့ ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးလို့ပဲ အဲ့လိုပဲသတ်မှတ်ရမှာပါ”

    (ဒေါ်အောင်ဆန်းစုကြည်)

    ‪#‎RFA‬

    • မြစပဲရိုး

      June 25, 2015 at 8:32 pm

      အဲဒါ မဖတ်ရသေးဘူး။
      . ကျေးဇူး ဇီကလေး။ စိမ်းလိုက်ပြီ။

      အဲဒီ ၅၉(စ) ကို မပြင် ရဲတာ က အဘညွန့် ကို ကြောက်တယ်ထင်ရဲ့။

  • ကိုလတ်ကြီးရေ

    လောလောဆယ်တော့ သူတို့ ပြင်ပေးတဲ့ မုန့်ပွဲ ကို အလိုက်သင့်စားကြစို့

    နောင်ကိုယ့်လက်ထဲ တိတိ ပပ ရောက်လာမှ ကိုယ့်စိတ်ကြိုက်ပြင်စားကြစို့ရဲ့

    • မြစပဲရိုး

      June 27, 2015 at 4:04 am

      ကပေါက်ကြီး သူရို့ ပြင်ပေးတဲ့ မုန့်ပွဲ က မသန့်တော့ အဲဒီကနေ ကူးစက်ရောဂါတွေ ဗလပွ နဲ့ နလန်မထနိုင်တော့မှ ခက်ရောဗျာ။

  • Mike

    June 26, 2015 at 9:55 am

    .ရှင်းရှင်းလေးပါဗ ျာ….
    .ပုဒ်မ ၄၃၆ ရဲ့ဆိုလိုရင်းက…“ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မမ ျားကို စစ်တပ် ကသဘောမတူ
    .(သို့) ဘဘရွှေ ကသဘောမတူသ၍ ပြင်ခွင့်မရှိ” တဲ့
    .ဟို ခ ျင်းအမတ်ဗြောင်ပြောသွားတာပဲလေ

    • မြစပဲရိုး

      June 27, 2015 at 4:07 am

      ဒါထက် မှန်တာ မရှိတော့ဘူး မိုက်မိုက် ရေ။

  • အောင် မိုးသူ

    June 26, 2015 at 10:02 am

    မဲပေးတဲ့နေရာမှာ သေသေချာချာ ပေးမှာပါ။ ကလိန်ကကျစ်တွေ ဘယ်လိုလာဦးမလဲမသိဘူး။

    • မြစပဲရိုး

      June 27, 2015 at 4:10 am

      လာမှာ၊ လာမှာ ၊ မပူ နဲ့ မောင်အောင်ရေ။
      မသေမသပ် စုတ်ပြတ်တဲ့ လက်နှီးစုတ် ကြီး ကိုင်ပြီး ကို စောင့်နေကြတာ။
      ဟိုလို လှည့်ကိုင်လိုက် ဒီလို လှည့်ကိုင်လိုက် နဲ့။
      အရူးမီးဝိုင်း ပုံစံ ကို မြင်နေရတော့တာ။ 🙄

  • Mike

    June 26, 2015 at 11:38 am

    .The Voice Weekly
    2 hrs ·

    အခြေခံဥပဒေ ပြင်ဆင်ရေး မအောင်မြင်သော်လည်း NLD ကို မဲပေးပါက အစိုးရ ဖွဲ့နိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြု

    နေပြည်တော်၊ ဇွန် ၂၅

    လွှတ်တော်တွင်း အခြေခံဥပဒေ ပြင်ဆင်ရေး မဲခွဲဆုံးဖြတ်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြင်ဆင်လိုသောအချက်များ အောင်မြင်ခဲ့ခြင်း မရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရှိရေး ပြည်သူက မဲပေးပါက အစိုးရသစ် အဖွဲ့တစ်ခု ဖွဲ့စည်းနိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကတိပြု ပြောကြားလိုက်သည်။
    “NLD ကို နိုင်အောင်လုပ်ပေး၊ အစိုးရဖွဲ့နိုင်ရမယ်” ဟု ၎င်းကဆိုသည်။

    NLD အနေနှင့် အစိုးရအဖွဲ့ ခေါင်းဆောင်လုပ်ကိုင်နိုင်မည့်သူကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း၊ သို့သော် ချပြရန် မဖြစ်နိုင်သေးကြောင်းလည်း ၎င်းက ထပ်လောင်းပြောဆိုသည်။

    ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း အခြေခံဥပဒေ ပုဒ်မ ၄၃၆ အပါအဝင် အရေးကြီးပုဒ်မ ခြောက်ခု မဲခွဲဆုံးဖြတ်မှုအပြီးတွင် ၎င်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးနှင့် သန့်ရှင်း၍ လွတ်လပ်သော ရွေးကောက်ပွဲဖြစ်ရန် မှားနေသော မဲစာရင်းများကို စိစစ်ပေးရမည်ဖြစ်ပြီး ပြည်သူများ၊ မီဒီယာများအနေနှင့် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုသည်။

    အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အောင်မြင်နိုင်မှု ရှိမရှိကို ၎င်းတို့ပါတီ အဖွဲ့အစည်းသာမက ပြည်သူကပင် ကြိုတွက်နိုင်သောကြောင့် ပြင်ဆင်နိုင်မှု မရရှိခြင်းကို ရှုံးနိမ့်သည်ဟု မမြင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

    ယင်းပြင်ဆင်ရေးအတွက် ကြံ့ခိုင်ရေးပါတီမှ ရေးဆွဲတင်ပြသော မူကြမ်းတွင် ပြင်ဆင်လိုသည့် အချက်များ မပါဝင်သောကြောင့် သဘောမတူကြောင်း ၎င်းကဆိုသည်။

    ပြင်ဆင်ရေး မအောင်မြင်သော်လည်း ပြည်သူများအနေနှင့် မျှော်လင့်ချက် ပျောက်ကွယ်သွားရန် မလိုဘဲ ရှေ့ဆက်လုပ်ဆောင်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများကို ပြောကြားခဲ့သည်။

    အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် ပြည်သူ့အရွေးချယ်ခံ မဟုတ်သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ဦးတည်း အနေနှင့် ချုပ်ကိုင်ထားခြင်းကြောင့် ဒီမိုကရေစီ အစစ်အမှန် ရရှိမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

    “တပ်မတော်ရဲ့ အနေအထားကို နားလည်တယ်။ တပ်မတော်ဆိုတာ အထက်က အမိန့်နာခံတာ ဖြစ်လေ့ဖြစ်ထ၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားအတိုင်း လုပ်ရမှာပဲ၊ ရွေးချယ်ခံ မဟုတ်တဲ့ ပုဂိ္ဂုလ်ကနေ ရာထူးကို ကိုင်ထားတဲ့သူဟာ နိုင်ငံတစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ပြုပြင်ပြောင်းလဲရေးကို ဟန့်တားလိုက်လို့ရတယ် ဆိုရင် ဒါ ဒီမိုကရေစီ မဟုတ်ဘူး၊ ဖြစ်သင့်ဖြစ်ထိုက်လို့လား၊ ကာကွယ်ရေးဦးစီးချုပ် ဆိုတာ သူ့အစဉ်အလာအရ တပ်ရဲ့ဖြစ်စဉ်အရ ဒီရာထူးကို ရထားတာ။ သူတစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး ဟန့်တားပိုင်ခွင့် အပြည့်အဝရှိတယ် ဆိုတာ ဖြစ်သင့်သလား။ ဒါ ဒီမိုကရေစီလားဆိုတာ အန်တီတို့ ပြောတဲ့ကိစ္စ” ဟု ၎င်းကဆိုသည်။

    ယင်းအပြင် ကြံ့ခိုင်ရေးပါတီမှ တင်ပြသော ပြင်ဆင်ရေး မူကြမ်းသည်လည်း လူကြားကောင်းရုံသာ ပြင်ဆင်သော အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်ပြီးလုံလောက်သည့် အပြောင်းအလဲ မဟုတ်သောကြောင့် အပြောင်းအလဲကို မလိုလားသူများဟု ပြောဆိုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

  • ဦးကြောင်ကြီး

    June 26, 2015 at 11:40 am

    အန်အယ်လ်ဒီလှော ်ဗီ ဒေါမြစာဂ…. လေ

    • မြစပဲရိုး

      June 26, 2015 at 12:06 pm

      . ရွေးခံရမဲ့ သူ တွေ ကောင်း ရင် တော့ ပိုပြီး လှော်လို့ ကောင်း တာပေါ့ ကြောင်ကြောင် ရယ်။
      မဟုတ် ရင် လှော်သာလှော် ရ၊ ပဲ က စုန်းပြူး ဆို လက်ညောင်းတာဘဲ ရှိမယ်။ :-))

      သို့ပေမဲ့ တကယ်တော့
      မှ တစ်ပါး အခြားမရှိ။

      . ဒေါ်အောင်ဆန်းစုကြည် လဲ သူစွမ်းသလောက်ဘဲ လုပ်နိုင်မည်။
      လူ မညီ ဘဲ ကြောင်ထွက် နေသူ တွေ ရှိရင်လဲ နိုင်ငံအနေနဲ့ ဘာမျှမတတ်နိုင်။
      😉

  • ​ဒေါ် လေး

    June 26, 2015 at 2:18 pm

    အရီး​ရေ
    မအားတာ​ရော ကိုးနက်​ရှင်​ မ​ကောင်​းတာ​ရောနဲ​့
    ပိုစ်​့​တွေ အ​တော်​လွတ်​​နေတယ်​
    ဝင်​လို့ရပြန်​​တော့ မျက်​နှာစာ ဘဲ ြမြန်မာလို ဖတ်​လို့ရပြီး ပိုစ်​့ထဲဝင်​ဖတ်​​တော့ အတုံး​တွေဘဲ ြမြင် ရ
    လက်​ ပကျွတ်​ က မဖွင်​့ဖြစ်​ ios မှာဖွင်​့မရဘူး အတုံး​တွေ ြဖြစ် အဘယ်​့​ကြောင်​့နည်းမသိ

    အရီး​ရေ

    ​ဒေါ်စု ​နောက်​ မှာ အားကိုးစရာ​တွေ က ​လေ
    မြန်​မာပြည်​ မှာ ပညာတတ်​​တွေကို လူရာမသွင်​း
    နီးစပ်​ရာ​တွေကိုသာ လူရာသွင်​း သည်​့ အတွက်​
    ပြင်​ပ ထွက်​ကုန်​ ကြပြီ
    ဒီမှာ ကျန်​​နေ တဲ့ လူ​တွေက လဲ ပါစပ်​ကဘဲ အား​ပေနိုင်​ပြီး လက်​​တွေ့​တော့ ဝင်​မလုပ်​နိုင်​
    တာ​တွေ လဲအများကြီး
    အ​ကြောင်​း​ကြောင်​း ​တွေ ​ပေါ့​လေ
    “#အကြိမ်​ကြိမ်​ အခါ ခါ ရှုံး လည်​း ယုံကြည်​တာ​တွေ မစွန်​့လွှတ်​လိုက်​ပါနဲ့”#
    ရင်​ထဲကို အထိ ဆုံး စာသား​လေး
    အဲဒါကြီးက ​လေ ​ဒေါ်စု အတွက်​​ရေးထားမှန်​း
    သိသိကြီးနဲ့ သူတို့​တွေ အရှက်​မရှိ ယူသုံးကြတယ်​
    အံ့ဩတယ်​ ဂယ်​ဘဲဂယ်​ဘဲ

    • မြစပဲရိုး

      June 27, 2015 at 4:02 am

      . ဒေါ်လေးရေ အဲဒီ အတုံးတွေ ဖြစ်တာ က ဇော်ဂျီ မရှိလို့ ထင်တယ်။
      မှတ်ချက်လေး အတွက် ကျေးဇူးနော်။

  • Ma Ma

    June 26, 2015 at 2:41 pm

    ခုတလော ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အသံတွေကြားလာရတာတောင် တော်သေးရဲ့ ပြောရမလို။
    ဘာပဲပြောပြော ဒေါ်စုရဲ့ သူ့ပါတီဝင် အမတ်လောင်းတွေကို ပြောလိုက်တဲ့စကားက ရာဇဝင်တွင်လောက်တယ်။
    နောက်ထပ်လည်း သူ့ပါတီနိုင်ရင် အစိုးရဖွဲ့နိုင်တယ်လို့ ပြောနေပြီ။

    ရှရှားမှာ သမ္မတပူတင်စတက်တော့ တရုတ်ပြည်ကို ချစ်ကြည်ရေးသွားလည်တယ်။
    တရုတ်ကျောင်းသားနဲ့ ကရာတေးကစားပြီး သူက သာပေမယ့် ကျောင်းသားလေး ကိုင်ပေါက်တာကို သာသာလေးခံပြီး အနိုင်ပေးလိုက်တာကို သတင်းတစ်ခုကရေးပြပြီး ခေါင်းစဉ်ကို ပူတင်ခေသူမဟုတ်လို့ ပေးထားတာ အရမ်းသဘောကျမိတယ်။

    ခုလည်း ဒေါ်စု ခေသူမဟုတ်…. လို့။ 🙂 🙂 🙂

    • မြစပဲရိုး

      June 27, 2015 at 4:06 am

      အခုတော့ အဲ့ ပူတင်း ကြီး က ရာဇဝင်လူဆိုးနီးပါး ဖြစ်နေပါပေါ့ ချစ်မမ ရာ။ lol:-)))

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    June 26, 2015 at 5:22 pm

    နားဦးတည့်ရာ ၄၃၆

    အားလုံးပြီးဆုံးပြီ ဒီဇာတ်လမ်းလေး…
    ကိုယ်လေကြိုးစားခဲ့သမျှ ရှုံးနိမ့်ခဲ့ရ..
    မျှော်လင့်ထားမိတာ ဘာတခုမှ ဖြစ်မလာခဲ့…
    ဘဝမှာ .. ကြေကွဲအထီးကျန်…

    နောက်ထပ်မရတော့မယ့် အခွင့်အရေးများ…
    ပြန်လည်စမ်းသပ်ကြည့်လို့.. စောင့်ကြည့်ပေးဖို့…
    နောက်ဆုံးအဖြစ်နဲ့တောင် ဘယ်သူကမှ လက်မခံတော့…

    နွေလည်နွေရဲ့လမ်းက ရက်စက်လွန်းတယ်..
    အချိန်နာရီတွေ အဓိပ္ပါယ်မဲ့ခဲ့ရတယ်….

    အို….အနာဂါတ်နေ့တွေ အရောင်လွင့်ခဲ့ပြီ …. (ကိုယ့်မှာ လေတယောက်တည်း)
    အိုး…အိပ်မက်မြစ်တွေ ခြောက်ခမ်းခဲ့ပြီ… (ကိုယ့်မှာ လေတယောက်တည်း)
    အိုး… ဟိုမှာကြည့်လိုက်… ကိုယ့်ရဲ့ကောင်းကင် …. ပြိုကျခဲ့ပြီ…..

    အားဟိ

    ဆဲဇေသဒီးးးး

    https://www.youtube.com/watch?v=Ys2mwUveXKA

    • မြစပဲရိုး

      June 27, 2015 at 3:58 am

      . အေးကွယ်။
      . အဲဂလို ကောင်းကင်ပြိုမှာ ကို ကြောက်စိတ် နဲ့ ခြေနှစ်ချောင်း မိုးပေါ်ထောင် အိပ်နေတတ် တဲ့ တစ်တီတူး လေးတွေ မို့ အဲ့ ဒုက္ခကင်း အောင် လုပ်ပေးမဲ့ သူရဲ့ စေတနာ ကို မမြင်တာ အပြစ်မတင်တော့ပါဘူး။ 😉 lol:-))))

Leave a Reply