Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

. မြ ရဲ့ သင်ပုန်း ၂၅ – ၆ – ၂၀၁၅

မြစပဲရိုးJune 25, 20151min69316

. မြ တစ်ယောက် စိတ်ပျက်နေသည်။
. ဒီနေ့ သတင်းများကြောင့်ဖြစ်သည်။
. အဲဒီ သတင်းကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့သည်။
. ယဲ့ယဲ့လေး တောက်နေသည့် မျှော်လင့်ချက်လေး ပျောက်သွားသည်။
. မတရားမှု ကို ထင်ထင်ရှားရှား တွေ့လိုက်ရ၍ ဖြစ်သည်။
. နိုင်ငံတကာ ဒီမိုကရေစီ နည်း အရ မဲ ခွဲသည် ဆိုရာမှာ လူများစု သဘောသည် အနိုင်ဖြစ်ရမည်။
၁% များလိုက်တာနဲ့ ဒါမှမဟုတ် ၁မဲ သာတာ နဲ့ နိုင်သည်ခေါ်နိုင်ပြီ။
ထိုနည်း သည် မြန်မာ့နည်း မြန်မာ့ဟန် ဖြစ်သွားလေသော် ၇၅% အထက် မဲ ရမှ ဖြစ်သွားလေသည်။
၂၅% သည် သေချာပေါက် အန်တီ ဒီမို များ ဖြစ်လေသော် ဘာလုပ်လုပ် ဘာထူးဦးမည်နည်း။

ပွဲမသိမ်းကြပါ နှင့်ဦး။

အဆိုးထဲမှ အကောင်းကို ကြိုးစားပြီး ယူကြစို့။
ဒီမိုကရေစီ လိုလားပြီး တိုင်းပြည် က လူအများစု ကိုဆင်းရဲတွင်း မှ ကူပြီး ထုတ်လိုလျှင် ပိုပြီး စည်းလုံးကြပါ။
ကိုယ့်ရည်မှန်းချက် က ကိုယ့်နာမည်ရဖို့ ကိုယ့်အကျိုးရဖို့ ကိုယ့်နေရာရဖို့ မဟုတ် ရင် ဟိုလူ ဒီလူ အပြစ်ဖို့ ပြီး သွေးမကွဲကြပါနှင့်။

ဘာသာဖျက် များ ကို ရေဒီယိုလွှင့်ရုံတောင် အလှူပေး ဆိုဘဲ။
စစ်မှန်သော ဗုဒ္ဓကျင့်စဉ်မှာ အမုန်းတရား မရှိပါ။
သည်းခံပြီး မေတ္တာပေးတာသာ ရှိသည်။
ဒီလို အဖျက်များ က သာသနာ အတွက်ထက် ဖွတ်များ အကျိုးဆောင်နေခြင်းဖြစ်သည် ကိုလဲ မြင်ကြပါ။

ဒီအချိန်မှာ ရွေးစရာ တစ်လမ်း ဘဲ ရှိနေသည်။
လက်ရှိ အချိန်လေးမှာ လမ်းမချော်ဘဲ လူထု ခေါင်းဆောင် နောက်ကိုသာ ပံ့ပိုးရင်း လိုက်ကြပါ။
မှတစ်ပါးအခြားမရှိပြီ။

 

Lo
အော် နေတဲ့ အရုပ်လေး နဲ့ ထွက်ပေါက် လုပ်ထားရသည်။

16 comments

  • ဇီဇီခင်ဇော်

    June 25, 2015 at 5:32 pm

    နောက် ၅ နှစ် သူတို့ ပဲဆို
    မြန်မာပြည် ဖုန်းးဆိုးးမြေ ဖြစ်ပြီ..

  • အခုအချိန်မှာစိတ်ရှည်လက်ရှည်စောင့်လိုက်ကြစို့
    2015 မဲပေးနိုင်ချိန်မှာ ကိုယ်ဘက်အားလုံးပါအောင် ကြိုးပမ်းကြစို့

  • ဦးဦးပါလေရာ

    June 25, 2015 at 11:26 pm

    .အခုရှုံးနိမ့်သွားတဲ့အဆိုက ကြံ့ဖွတ်က ရေးဆွဲထားတဲ့
    .မဖြစ်စလောက်ပဲ အပြကောင်းရုံပြင်ထားတဲ့အဆိုပါ။
    .NLD အနေနဲ့တော့ ဝင်ဆွေးနွေးရုံမှအပ ဘာမှသီးခြားအဆိုပြုတင်ပြထားတာမရှိသေးပါဘူး…
    .ကျုပ်နားလည်သလောက်တော့ NLD ရဲ့ သဘောထားက
    .၅၉(စ)ကို ပြင်ဖို့မဟုတ်ဘူး လုံးဝဖြုတ်ဖို့ပါ။
    .ဆိုတော့ ဒီဟာရှုံးရှုံးနိုင်နိုင် NLD က ဘာမှ အကျိုးမရှိပါဘူး..
    .အစိတ်သားမထွက်သရွေ့ 436 ပြင်ဖို့ ၇၅% နဲ့ ၇၀%ဆိုတာ ဘာမှမကွာပါဘူး..
    .မဖြစ်နိုင်တာချင်း အတူတူပါပဲ..။
    .ပြောရရင်-
    .ဒီဆိုတွေ နိုင်သွားရင် NLD ဆက်လုပ်ဖို့ခက်ပါတယ်။
    .အခုရှုံးသွားတော့ NLD ဆက်လုပ်ဖို့ လမ်းပွင့်သွားပါတယ်။

  • padonmar

    June 26, 2015 at 12:08 am

    စိတ်မပျက်ပါဘူး၊မှန်းမိပြီးသားပဲတဲ့ ၊ဒေါ်စုက။

  • Courage

    June 26, 2015 at 2:38 am

    အမေစု သမ္မတဖြစ်ရေးထက် လွှတ်တော်တွင်း အာဏာရရေးကိုပဲ ဆက်သွားတာပေါ့။ အကယ်၍ အမတ်နေရာ ၅၀% အထက်ရနေမယ်ဆို သူတို့လုပ်ချင်ရာကို လုပ်ဖို့ မလွယ်ဘူးလေ။ သမ္မတ ဘယ်သူဖြစ်ဖြစ် သူတို့ ချယ်လှယ်ချင်တိုင်း ချယ်လှယ်လို့ မရတော့ဘူးပေါ့။
    သာသနာဖျက်လို့တော့ မပြောပါနဲ့ ဒေါ်လေးရဲ့။ အရောင်းအဆင်း တော်တော်မကင်းတဲ့ တစ်ဖက်ဆောင်းနင်း တွေလို့ပြောပါ။

  • Mike

    June 26, 2015 at 8:52 am

    မဟာ မိုင်း

    မနေ့ညက မိတ်ဆွေများ၏ စကားဝိုင်း ထူးထူးခြားခြားတိတ်ဆိတ်ခဲ့သည်။
    မိတ်ဆွေတစ်ယောက်က ပြောသည်။

    “ကျွန်တော်ဘာအလုပ်မှ မလုပ်ပဲ လွှတ်တော်ချယ်နယ်ကို တစ်နေကုန်ထိုင်ကြည့်နေတာ၊ မြန်မာနိုင်ငံရဲ့ ကံကြမ္မာ မျက်နှာသာရပြီလို့လည်း ထင်ခဲ့တယ်။”

    ထို့သို့ပြောနေရင်း မိတ်ဆွေ၏မျက်နှာက ကျောက်သားတစ်ချပ်လိုတင်းမာသွားခဲ့သည်။
    ဝမ်းနည်းခြင်း၊ ယူကျုံးမရဖြစ်ခြင်း၊ မခံချင်ခြင်းစသည့်ခံစားမှုများက ရုပ်ရှင်အနှေးပြကွက်လို သူ့မျက်နှာတွင်တစ်ကွက်ခြင်းပေါ်လာသည်။ ထို့နောက် စကားစကိုရုတ်ခြည်းဆက်သည်။

    “မနေ့ကအိမ်ကိုဖုန်းဆက်တော့ မဲစာရင်းထဲမှာ ကျွန်တော်တို့တစ်အိမ်သားလုံးရဲ့နာမည်ပါမလာဘူး၊ အဲဒါနဲ့ ရပ်ကွက်ရုံးကို ဖုန်းတိုက်ရိုက်ခေါ်ပြီး မေးလိုက်တော့မှ ထည့်ပေးမယ်လို့ပြောတယ်၊ ရပ်ကွက်ရုံးက လူတွေက ကျွန်တော်တို့ကိုမသိတာလည်းမဟုတ်ပဲနဲ့ တမင်မထည့်ပဲထားတာ၊ ဘာပဲဖြစ်ဖြစ် သံရုံးကို မယုံလို့ မြန်မာပြည်ပြန်ပြီး မဲ ထည့်မယ်၊ ကုန်လှမှ ၃၊ ၄ ရာပေါ့။ မြန်မာနိုင်ငံအနာဂါတ်အတွက် ဒီလောက်ကုန်တာအကြောင်းမဟုတ်ဘူး”

    ဟုတ်သည်၊ ကျွန်တော်တို့မရှုံးသေး။ စိတ်ဓါတ်ကျနေလို့မဖြစ်သေး။
    မလိမ့်တပတ်လုပ်ထားသည့် ပုဒ်မကလေးကိုပင်ပြင်လိုစိတ်မရှိသူများနှင့် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲလည်းမလုပ်လိုတော့ ဟုအမေစုကပြောသည်။

    ပြည်သူနှင့်အမေစု၏အရှုံးကို အလိမ်အညာလွှတ်တော်မှ တမတ်သားက သတ်မှတ်ပေးခြင်းဆိုသည်မှာ ရယ်ဖွယ်လိလိသာဖြစ်သည်။

    မတရားမှုဆိုသည်ကို ပြုသူလည်းသိသည်၊ အပြုခံရသူလည်းသိသည်။

    အမေစုသည် ယုတ်မာကောက်ကျစ်စွာစီမံထားသည့်ထောင်ချောက်သို့သိသိနှင့်ရဲဝံ့စွာဝင်ခဲ့သည်။
    သကာရည်အုပ်ထားသော အဆိပ်ကို လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ရင်း မြိုချခဲ့သည်။
    ပိန်းပိတ်အောင်မှောင်နေသော အမိုက်တိုက်ထဲသို့ မီးခတ်ကျောက်ကို ဆောင်ရင်း ရင်ကော့ဝင်ခဲ့သည်။ အောင်မှတ်ကို ၇၆ မှတ်သတ်မှတ်ပြီး ၇၅ မှတ်ဖိုးသာမေးသည့် မေးခွန်းစာရွက်ကို ဖြေခဲ့ပြီးပြီ။

    ပြည်သူတွေအတွက် လုပ်သင့်လုပ်ထိုက်သည်ကို တတ်နိုင်သမျှအကုန်လုပ်ခဲ့ပါသည်။

    အခု ပြုပြင်ပြောင်းလဲလိုသူနှင့် မပြောင်းလဲလိုသူတို့၏ ရုပ်လုံးကို ပြည်သူတွေကွဲကွဲပြားပြားသိခဲ့ပြီ။

    ကျွန်ုပ်တို့ရင်ဆိုင်နေရသည်မှာ လူသားတွေမဟုတ်။ စိတ္တဇဝိဉာဉ် ပုတ်သိုးနေသည့် အလောင်းကောင်များဖြစ်ကြသည်။

    အသည်းကြားမှ မဲတပြားဖြင့် ငါတို့စည်းကို ငါတို့သားကြမည်။
    ထိုအမှောင့်ပယောဂများအား စကြာဝဠာတံတိုင်းရောက်သည်အထိ ဒီမိုကရေစီဂါထာကို သံပြိုင်ရွတ်ကြမည်။

    တို့အားလုံးညီစေ။

  • Mike

    June 26, 2015 at 8:54 am

    .ပြောခ ျင်တာအတူတူမို့ ကိုကြီးမိုင်းစာလေးယူလာပေးပါတယ်

  • တောင်ပေါ်သား

    June 26, 2015 at 8:57 am

    အရီးမြ
    နကိုယ်ကတည်းက ၇၅ ့ ၁ % ထောက်ခံမှ အတည်လို့ ပါပြီးသား ၊
    ဒါကြောင့် အစိတ်သားကို ဆွဲထည့်ထားတာလေ ၊
    ၅၁ % မပြောနဲ့ ၇၄ % ဖြစ်ရင်တောင် မရဘူးဗျ ၊
    သိပ်အရေးပါတဲ့ အဆိုမျိုးတွေဟာ ရှုံးမယ်လို့ တွေးပြီးသား ၊
    ဒါကြောင့် Plan B ဟာ ဘာလဲ ? လို့ ပြောတာ ၊

  • Ma Ei

    June 26, 2015 at 10:05 am

    မေ ျှာ်လင့်ချက်လေး ရေးရေးထားမိတာ မှားမှန်းသိပါပြီ မလတ်ရေ
    အစိမ်းရောင် 25 ဖယ်ထားလို့ 75 လုံးလဲ ကိုယ့်လူမှတ်လို့မရ
    ဒီကြားထဲ ဟိုလို ဒီလိုနဲ့ ခွင့်ယူပြီး အဖြေမပေး တဲ့လူတွေရှိသေးတော့
    စိတ်ကုန်မိပါတယ်ဆိုတဲ့ အကြောင်း မြရဲ့သင်ပုန်းမှာ မှတ်တမ်းတင်ပါရစေ…

  • ဦးကြောင်ကြီး

    June 26, 2015 at 10:35 am

    နီဒို့တွေ အားလုံး ဘောပွဲရှုံးဒဲ့ မြန်တ ျန့်တွေနဲ့ တလှေသံဒဲဘဲ… လူရှုံးဗေမှည့် လေနိုင်တယ်ကွ… ေဩာ ် ဒါကြောင့်လှည်း မြန်တ ျန့်လို့ အမှတ်သညှာပြု ခေါ်တွင်သကိုး…

  • Ma Ma

    June 26, 2015 at 2:52 pm

    စိတ်မပူနဲ့။ ဒီလိုလူတွေ ရှိသေးတယ်။

    Wynn Htainoo
    June 24 at 6:24pm ·

    အမေစု..နား…တိုက်ရိုက်ပေါက်သူများပြောပေးကြပါ
    မဲစာရင်းမှားနေတာပြင်ဖို့ကိုယ့်ထမင်းကိုယ်စားပြီးကူညီပေးမဲ့သူအများကြီးရှိနေပါတယ်..ကျွန်တော့်နားတွင်ပင်လူရာနှင့်ချီစည်းရုံးလို့ရပါမယ်….အချိန်နဲနေလို့ကျွန်တော်တို့ဘာကူရမလဲအမေ
    .အနည်းဆုံးတော့စာရွက်မလောက်ပြောလွှတ်ခံနေရတဲ့ပုံ့စံ၄(ဂ)တွေလှုပါ့မယ်..လိုရင်ကျွန်တော်ကစအရွက်၁၀၀ဝလှုပါမယ်..ဘယ်သူ့ပြောရမှန်းမသိလို့ပြောပေးကြပါအုန်း။

    Soe Moe Thu ဗဟိုမဲစာရင်းအဖွဲ့နှင့် ချိတ်ဆက် ပါဝင်ကူညီ လှူဒါန်းနိုင်ပါတယ် ခင်ဗျာ.. ချိတ်ဆက်ပေးဖို့လည်း ကျွန်တော် ကူညီနိုင်ပါတယ်။

  • Mike

    June 26, 2015 at 3:10 pm

    .Thetka Moe Nyo

    စိတ်ဓာတ်ကျစရာမလို
    ============

    မျက်လှည့်တစ်ခုအကြောင်း
    ——————————
    ရိုးစင်းလွယ်ကူသော မျက်လှည့်လေးတစ်ခုအကြောင်း ပြောပြချင်ပါသည်။ မျက်လှည့်ပြမည့်သူက စားပွဲနောက်မှာ ထိုင်နေသည်။ စားပွဲပေါ်ဝယ် အကြွေတစ်စေ့၊ ဖန်ခွက်တစ်ခွက်၊ စက္ကူတစ်ရွက်သာရှိသည်။ မျက်လှည့်ဆရာက အကြွေစေ့ဖျောက်ပြမည်ပြောကာ အကြွေစေ့ပေါ်ကို ဖန်ခွက်တင်သည်။ ဖန်ခွက်ပေါ်တွင် စက္ကူအုပ်ကာ ဖန်ခွက်အရာအတိုင်းပေါ်အောင် ဖိချသည်။
    ဂါထာမန်းပြီး ဖန်ခွက်ကို ဖယ်ကြည့်သည်။ အကြွေစေ့ကမပျောက်။ နောက်တစ်ခါ ထပ်လုပ်ကြည့်သည်။ အကြွေစေ့ကမပျောက်။ မပျောက်သဖြင့် အကြွေစေ့ရော၊ အုပ်ထားသော ဖန်ခွက်ကိုပါ လက်နဲ့ ရိုက်ချလိုက်ရာ အကြွေစေ့မပျောက်ပဲ ဖန်ခွက်ပျောက်သွားတော့သည်။

    အမှန်တော့ ပထမတစ်ခါ ဖန်ခွက်ကို ဖယ်ကြည့်ကတည်းက ဖန်ခွက်ကို ပေါင်ပေါ်တင်ထားခဲ့ပြီး ဖန်ခွက်ပုံဖေါ်ထားသော စက္ကူကိုသာ ပြန်သယ်လာခဲ့ခြင်း ဖြစ်သည်။ လက်နဲ့ရိုက်ချလိုက်တော့ ဖန်ခွက်မရှိတော့သောအခါ ပရိတ်သတ်က သဘောကျပြီး လက်ခုပ်တီးသည်။ ပထမပြောခဲ့သော အကြွေစေ့ဖျောက်ပြမည်ဆိုသည့် မျက်လှည့်ဆရာ၏စကားကို မေ့သွားသည်။ ဖန်ခွက်ပျောက်သွားသည့်အပေါ် အာရုံရောက်သွားခြင်း ဖြစ်သည်။

    မျက်လှည့်ဆန်သော နိုင်ငံရေး
    ——————————-
    နိုင်ငံရေးသည်လည်း မျက်လှည့်တစ်မျိုးပင် ဖြစ်ပါလိမ့်မည်။ စားပွဲပေါ်တင်လာသည်က တမျိုး။ တစ်ကယ်တမ်း ရည်ရွယ်ထားသည်က တစ်မျိုး။ ယခု ဆူဝေပွက်ထနေသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်အတွင်း မဲပေးပွဲကို ပြန်ကြည့်မိသည်။ မျက်လှည့်တစ်မျိုးများ ဖြစ်နေမည်လား။

    ရလာဒ်များကတော့ အားရကျေနပ်ဖွယ်မရှိ။ စစ်ရေးအမြင်အား ကာကွယ်ရေးအမြင်ဟု စကားလုံးအစားထိုးသော ပုဒ်မ ၅၉ (ဃ) မှလွဲ၍ ပြင်ဆင်ခွင့်မရ။ သို့သော် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တစ်မျိုးပြောနေသည်။ မဲခွဲဆုံးဖြတ်မှုရလာဒ်သည် သိပ်ထူးဆန်းအံ့ဩစရာ မဟုတ်ဟု ဆိုသည်။ ပြည်သူတွေ စိတ်ဓာတ်ကျစရာမလိုဟု ပြောသည်။

    ပို၍ ထူးဆန်းဟန်ရှိသော အချက်မှာ ရှေ့ဆက် ဘယ်လိုသွားရမည်ကို ရှင်းရှင်းလင်းလင်း သိသွားသည်ဟူသော အပြောဖြစ်သည်။ ပို၍ပို၍ ထူးဆန်းသည်မှာ ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်၍လည်း သိပ်စဉ်းစားတော့မည်မဟုတ်ဟု ပြောကြားလိုက်ခြင်းပင် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်းမှ မပြင်ဆင်နိုင်လျှင် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးသည် အသက်ရှူပေါက် ဖြစ်ရမည်မဟုတ်လော။ ယခုတော့ လူထုခေါင်းဆောင်က ပြောင်းပြန်ပြောနေသည်။ မျက်လှည့်ပွဲ တစ်ခုခုများ ဖြစ်နေမည်လား။ အတွေးပွားရသည်။

    ပျောက်သွားသော ဖန်ခွက်
    —————————–
    ယခု မျက်လှည့်ကြည့်သူတို့ အာရုံထဲမှ ပျောက်သွားသော ဖန်ခွက် တစ်ခုအကြောင်း ပြောပြလိုပါသည်။ ယခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် တင်လာသူတို့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖြစ်နေသည်။ ထူးဆန်းသည်ဟု ထင်ရဟန်ရှိသည်။ တင်လာသော အကြောင်းအရာများသည်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးမှ လွဲ၍ အပရိကဟု ဆို၍ ရသော အကြောင်းအရာများဖြစ်သည်။

    လွှတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းမှ ၇ဝရာခိုင်နှုန်း ဖြစ်သွားသောအခါတွင်လည်း အခြေခံဥပဒေကြီးက ဒီမိုကရေစီ ပုံစံကျသွားမည်လား။ မကျနိုင်ပါ။ သို့ပါလျက် ဘာအတွက် တင်လာကြသနည်း။ ဘာအတွက် မဲခွဲကြသနည်း။ကြံ့ခိုင်ရေးပါတီမှ တင်လာသည့်အတိုင်း ပြင်ဆင်လိုက်သည့်တိုင် ဒီမိုကရေစီပုံစံမကျသေးသော ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို တင်လိုက်သည့်အတိုင်း ပြင်ဆင်ရန် အားတက်သရော မဲပေးစရာလိုသည်လား။ ဒေါ်စုသမ္မတဖြစ်ရေးသည် အရေးကြီးသည့်အရာလား။

    ကျွန်တော်ကမူ ထိုသို့ မထင်နိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည်သည် အာဏာအတွက် လှုပ်ရှားနေသူလည်း မဟုတ်ပါ။ သူဦးတည်ထားသော ပန်းတိုင်သည် ပြည်သူလက်ထဲသို့ ဒီမိုကရေစီရောက်ရှိရေးသာဖြစ်သည်။ ထိုအခါ သူသမ္မတဖြစ်မဖြစ်သည် စားပွဲပေါ်တင်လာသော ဖျောက်ပစ်မည်ပြောသည့် အကြွေစေ့ပမာ ထင်လာသည်။ ထင်ချင်လာသည်။

    ကွဲသွားသော စည်းများ
    ————————
    ကျွန်တော်ကတော့ ယခုမဲခွဲပွဲသည် လူ့စည်း ဘီလူးစည်း ခွဲသော ပွဲဟုသာ မြင်သည်။ ‘အ’ သူ ခံစတမ်းပွဲဟု မြင်သည်။ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်ဟု ထည့်ထားသော ၂၅%သော တပ်မတော်သားတို့သည် သူတို့ ကာကွယ်စောင့်ရှောက်သည်ဟု ထင်ထားသော ပုံစံအတိုင်း ကာကွယ်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့ မသိသည်မှာ ယခုပွဲသည် ယူဆချက်တစ်ခုကို သက်သေပြရန် အားထုတ်သော hypothesis test တစ်ခုသာ ဖြစ်ကြောင်းပင်။

    လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၃၃ယောက်တွင် တပ်မတော်သား ကိုယ်စားလှယ်ပေါင်း ၁၆၆ယောက် ပါဝင်ပါသည်။ ပျက်ကွက်သူ ၅ဝကိုလည်း ကန့်ကွက်မဲထဲတွင် ထည့်ခဲ့သည်ဟု သိရသည်။ ရလာဒ်များကို သမ္မတရုံးညွှန်မှူး မှူးဇော်၏ ဖေ့စ်ဘုတ်အကောင့်မှ ဖေါ်ပြချက်အရ ကြည့်လျှင် အောက်ပါအတိုင်းတွေ့ရမည်။

    ၅၉ (ဃ) – ၅၅၆ မဲ (၈၆.၈%) (၇၅% ကျော်) (ဆက်လက်၍ ပြည်သူ့ဆန္ဒခံယူရမည်)
    ၅၉ (စ) – ၃၂၁ (၅၈.၆%) (၇၅% မကျော်)
    ၆ဝ (ဂ) – ၃၈၆ (၆ဝ.၉၇% (၇၅%မကျော်)
    ၄၁၈ (ခ) – ၃၈၆ (၆ဝ.၉၇%) (၇၅% မကျော်)
    ၄၃၆ (က) – ၃၈၈ မဲ (၆၁.၂၉%) (၇၅% မကျော်)
    ၄၃၆ (ခ) – ၃၈၈ မဲ (၆၁.၂၉%) (၇၅% မကျော်)

    ဆိုခဲ့သော တွက်ချက်ခြင်းမှာ တပ်မတော်သားကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၆၃၃ ယောက်အနေနှင့် တွက်ချက်ခြင်း ဖြစ်ပါသည်။ အကယ်၍သာ တပ်မတော်သားကိုယ်စားလှယ်များ မပါဝင်ပဲ ပြည်သူတို့ ရွေးချယ်ထားသော လွှတ်တော်ကိုယ်စားလှယ်များသက်သက်ဖြင့်သာ တွက်ချက်ကြည့်မည်ဆိုလျှင် ၆၃၃ယောက်မှ ၁၆၆ယောက်ကို နှုတ်ကာ ၄၆ရယောက်ဖြင့် တွက်ကြည့်ပါမည်။ ထိုအခါ ပျက်ကွက်သူ ၅ဝယောက်ကိုပါ ကန့်ကွက်မဲထဲထည့်သည့်တိုင် ရလာဒ်များမှာ-

    ၅၉ (စ) ၆၉%
    ၅၉ (ဃ) ၈၄% (ထောက်ခံသူ ၃၉ဝနှင့် တွက်ထားသည်)
    ၆ဝ (ဂ) ၈၃%
    ၄၁၈ (ခ) ၈၃%
    ၄၃၆ (က) ၈၃%
    ၄၃၆ (ခ) ၈၃%

    ကြည့်လိုက်လျှင် ဒေါ်စု သမ္မတဖြစ်ရေးဖြစ်သည့် ၅၉(စ)မှ လွဲ၍ ကျန်ပုဒ်မများသည် ရာနှုန်း ရှစ်ဆယ်ကျော်ခန့်က ပြင်ဆင်ချင်ကြကြောင်း တွေ့ရသည်။ ဤသည်ပင် လူထုခေါင်းဆောင် လိုချင်သော အဖြေ ဖြစ်ပါလိမ့်မည်။

    စည်းများက သိသိသာသာကွဲသွားသည်။ လျှို့ဝှက်၍ မဲပေးသည့်တိုင် ကြံ့ခိုင်ရေးပါတီမှ အခြေခံဥပဒေပြင်ဆင်ရေးကို မဲပေးခဲ့ကြသည်။ (ပြင်ပြင်မပြင်ပြင် သိပ်မထူးပါဟူသည့် ဘက်လိုက်မှု information bias တစ်ခုတော့ ရှိနိုင်ပါသည်)

    ရလာဒ်များ
    ————-
    နိုင်ငံရေးသည် ‘အ’ သူခံစတမ်းသာဖြစ်သည်။ ယခုပွဲတွင် ရှုံးသူသည် တပ်မတော်သာဖြစ်သွားသည်။ တင်လာသည့်အတိုင်း ပြင်သည့်တိုင် အသာစီးရမှု လျော့သွားမည်မဟုတ်သော အခြေခံဥပဒေပြင်ဆင်ရေးတွင် သဘောထားတင်းမာသူများအဖြစ် ပြည်သူက မြင်သွားသည်။ အားလုံး၏ ကဲ့ရဲ့ပြစ်တင်မှုကို ခံရသည်။ ကြံ့ခိုင်ရေးအသင်းက အမြတ်ထွက်သည်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ရွေးရမည့်လမ်း ရှင်းသွားသည်။

    အထူးသဖြင့် ဘောင်းဘီချွတ်များက ဘောင်းဘီဝတ်များအပေါ် လူလည်ကျသွားခြင်း ဖြစ်သည်။
    အကယ်၍ လျှို့ဝှက် မဲပေးစနစ်မဟုတ်ပဲ မတ်တတ်ရပ်မဲပေးစနစ်ဆိုပါက ကြံ့ခိုင်ရေးပါတီမှ ပို၍ အမြတ်ထွက်ပါလိမ့်မည်။ တစ်ယောက်ယောက်ကတော့ တပ်မတော်သားကိုယ်စားလှယ်များကို ကြိုးစားကယ်တင်ခဲ့ပါသေးသည်။ သို့သော် မအောင်မြင်ခဲ့ပါ။ အများသူငါ၏ အမြင်ဝယ် တပ်မတော်သည် ဒီမိုကရေစီရေး အဟန့်အတားဟု မြင်ကုန်ကြလေပြီ။ ထိုအမြင်သည် မြန်မာပြည်တွင်သာမက ကမာ္ဘသို့ ရောက်မည့် အမြင်လည်း ဖြစ်သည်။

    ပြည်သူများအတွက် လက်ဆောင်
    ———————————–
    ယခုကစားပွဲသည် ဉာဏ်ကြီးသူတို့ပွဲဖြစ်သည်။ တဖက်က ကမ်းကုန်အောင် ဉာဏ်ကြီးကြီးညစ်ထားသည်။ သည်ဘက်က ရိုးသားမှုနှင့် ကစားနေရသည်။ အသိပညာနှင့် ကစားနေရသည်။

    ဒေါ်အောင်ဆန်းစုကြည် ဘာမှ မလုပ်တတ်ပါဘူးဆိုသည့် ဝေဖန်မှုများကြားရသည်။ ဟုတ်မလားတွေးလိုက်တိုင်း လက်ပတောင်းအစီရင်ခံစာကို သတိရသည်။ သာမန်ဖြေရှင်းပုံ လက်ရာမျိုးမဟုတ်။ ယခုလည်း ဉာဏ်နှင့် ချင့်ကြည့်မှ အရိပ်သာသာမြင်ရသည့် ပညာလက်ရာကို တွေ့နေရသည်။ ကမာ္ဘသည် အလကားနေရင်း လေးစားသည်မဟုတ်။ ကမာ္ဘ့ခေါင်းဆောင်များသည် ပညာကို ချင့်တွက်တတ်သည်။ ကမာ္ဘအရပ်ရပ် အလည်လည်တွင် ပွဲလယ်တင့်ခဲ့ခြင်းသည် သံမဏိလို မာကျောမှုတစ်ခုထဲအတွက် မဟုတ်ခဲ့ပါ။

    တွေးနိုင်မှ မြင်ရမည့် ကစားပွဲဖြစ်နေပါသည်။ ထို့ကြောင့် တွေးကြည့်ပါဟု ပြောရုံမှတပါး အခြားပြောစရာမတွေ့ပါချေ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ စကားကို ပြန်၍ ဟိုက်လိုက် လုပ်လိုပါသည်။

    ပြည်သူတွေ စိတ်ဓာတ်ကျစရာ မလိုပါ…တဲ့။ ဤသည်ပင်လျှင် ပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည် ပါးလိုက်သော အမှာစကားဖြစ်ပါသည်။

    ထိုအမှာစကားနောက်တွင် လက်ဆောင် တစ်ခုခု ပါလာပါလိမ့်မည်။

    ——-သက္ကမိုးညို————-(၂၆.၆.၂၀၁၅)———————

  • aye.kk

    June 26, 2015 at 3:47 pm

    မလတ်ရဲ ့
    မြရဲ ့သင်ပုန်းဖတ်ပြီး
    အမှန်သိခွင့်မြင်ခွင့်ရလိုက်တာကျေးဇူးပါ။

  • မြစပဲရိုး

    June 27, 2015 at 4:33 am

    . မြ ရဲ့ သင်ပုန်း ကို ဝင်ရောက်ဖတ်ရှု သူများ အားလုံး ကို ကျေးဇူးတင်ပါတယ်။
    စိတ်ချမ်းသာကိုယ်ကျန်းမာ ရှိကြပါစေ။ :-))

Leave a Reply