“နေသာတဲ့နေ့ အပြင်ထွက်ခြင်း” (ဓါတ်ပုံပိုစ်)
“နေသာတဲ့နေ့ အပြင်ထွက်ခြင်း” (ဓါတ်ပုံပိုစ်)





ဒီမှာမိုးတွေရွာနေတာနေ့တိုင်းလိုလို။
ဒီနေ့တော့ နေသာတော့ ဆိုင်ကယ်နဲ့အပြင်ထွက်ဖြစ်ပါတယ်။
မိုးရွာမယ့်အရိပ်အယောင်မရှိတော့ ရွှေလီမြို့တောင်ဘက်ဖျား လူသူကင်းဝေးတဲ့နေရာထိရောက်ခဲ့ပါတယ်။
တိမ်တွေနဲ့လှပ လွတ်လပ်ကျယ်ပြန့်တဲ့မြင်ကွင်းဆိုတော့ စိတ်ချမ်းသာစရာ။
မြို့ စွန် လူသူတွေ နေတဲ့ အကြားမှာတော့ ငြိမ်းချမ်းသူများရဲ့ ထာဝရလှဲလျောင်းရာနေရာလေးကိုလည်းတွေ့ခဲ့ရ။
အပြန်လမ်းမှာတော့ တိမ်တွေစီးမိုးထားတဲ့မြန်မာပြည်ဘက်က တောင်တန်းများကို မြင်ရပြန်ပါတယ်။
ဘာဘဲပြောပြော စိတ်အေးချမ်းခဲ့ရတဲ့နေရာလေးပါဘဲ.



ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ
12-8-2015
7 comments
Alinsett @ Maung Thura
August 13, 2015 at 3:42 pm
နံပါတ် 3 က… ကြာခင်းကြီးလား..
ကိုပေါက်(မန္တလေး)
August 13, 2015 at 4:22 pm
ဟုတ်ပါ့ တိုက်တွေရှေ့လမ်းနံဘေးမှာ ကြာကန်လေ
ရန်ကုန်ဝေဇယန္တာလမ်းပေါ်မှာဖြတ်သွားတုန်းက ဂန္ထမာဂေါက်ကွင်းနားမှာ ကြာကန်တွေ့တယ်
မရိုက်ခဲ့ရဘူး
အောင် မိုးသူ
August 14, 2015 at 10:06 am
အဲ့လို တိုက်တွေတာတွေနဲ့ပုံဆို ခံစားလို့မရတော့ဘူး။ ဟီးးးးးးးးး
ကိုပေါက်(မန္တလေး)
August 14, 2015 at 11:05 am
ကိုအောင်မိုးသူရေ
ကျနော်တကယ်ရိုက်ချင်တာကတော့မြန်မာပြည့် ရူ့ခင်းပါဘဲ
ကျနော်သာပိုက်ဆံရှိရင် နိုင်ငံခြားအလည်မထွက်ဘူး
မြန်မာပြည်ထဲအနှံ့သွားမယ်စိတ်ကူးထားသပေါ့
ဒါပေမယ့် ဒီမှာရောက်နေတုန်းတော့ ကိုယ့် အနားမှာရှိတာကိုဘဲ ရိုက်ရသပေါ့
ဟေသီ
August 14, 2015 at 10:39 am
ဘာဖြစ်လို့လဲတော့ မသိ ပုံတွေထဲမယ် နံပါတ် ၄ နဲ့ ၅ ကို တော်တော်လေး ကြိုက်ပါတယ်
ကိုပေါက်(မန္တလေး)
August 14, 2015 at 11:00 am
ဒီပုံတွေအားလုံးတွေက ဖုန်းနဲ့ရိုက်ခဲ့တာပါ မ ဟေသီရေ
နံပါတ် (၅) ရေထဲအရိပ်ကျတဲ့ပုံကလဲ ကျနော်ကိုယ်တိုင်နှစ်သက်တဲ့ပုံတွေပါ
Shar Thet Man
June 29, 2018 at 2:52 pm
ရင်အေးသလိုလို