“ရန်ကုန် ရန်ကုန် ရွှေတိဂုံ” ရန်ကုန်ရောက်တော့ ကျနော် ရွှေလင်ပန်းမှာသွားနေရပါတယ် ။ အဲ့ဒီနားမှာရိုက်စရာဆိုလို့ ဒီအပင်ဘဲရှိတယ် မိရိုးဖလာ ကိုးကွယ်သူဆိုတော့ ရန်ကုန်ရောက်ရင်ရွှေတိဂုံ မသွားဘဲမနေနိုင်ပါဘူး။ ညနေခင်းမှာ ရွှေတိဂုံ ရဲ့ ညမြင်ကွင်းကို မှတ်တမ်းယူကြပါတယ်။ နောက်တစ်ရက်ခြားမှာ တစ်ခါထပ်ရောက်ပါတယ်၊ ဘုရားမှာသန့်ရှင်းရေးလုပ်နေကြသူတွေကိုမြင်ရ တော့ လေးစားမိပါတယ.်။ ဘုရားမှာ လုပ်မယ့် အစား ဒီပြင်နေ့ရာ သွား လုပ်ပါလားလို့တော့ မပြောပါနဲ့ လူဆိုတာ ကိုယ့် ယုံကြည်ချက်နဲ့ ကိုယ်နေကြတာပါ။ အရာရာတိုင်းကို ဥစ္စာပစ္စည်းနဲ့ နိုင်းပြီး တိုင်းတာလို့ မရ နို်င်တာလဲ အမှန်ပါဘဲ။ ကျနော်တို့ရောက်တဲ့အချိန်ဘုရားကိုငြမ်းဆင်ပြီးပြုပြင်နေချိန်ဆိုတော့ လုပ်သားတွေ အလုပ်လုပ်နေတာကိုမြင်ခဲ့ရပါတယ်၊ […]