ခဏလေး အတွင်းမှာဘဲ…………..(ဓါတ်ပုံပိုစ်)
“ခဏလေး အတွင်းမှာဘဲ…………..(ဓါတ်ပုံပိုစ်)”
ပြည်သူ့ရင်ပြင်ကို လုလင်နဲ့ကျနော်တစ်ခါ သွားရို်က်ဘူးပါတယ်။
ဟိုတစ်လောက ကိုစိန်သော့ ပြည့်သူ့ရင်ပြင်က ရေပန်းပုံကို
ဖေစ်ဘုတ်မှာတင်ပါတယ်။
ကျနော်ရိုက်ချင်တယ်ပြောတော့ ပြည့်သူ့ရင်ပြင်မှာ
ညနေ ခြောက်နာရီခွဲကနေ ရ နာရီခွဲထိရေပန်းဖွင့်တယ်ပြောပါတယ်.
ဒါနဲ့ဘဲရန်ကုန်ရောက်ရောက်ခြင်း ညမှာ
အပြေးအလွှားသွားလို့ရေပန်းများကို ဖမ်းခဲ့ကြောင်းပါခင်ဗျာ။
ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ
25-10-2014
22 comments
တောင်ပေါ်သား
October 25, 2014 at 3:52 pm
ကျုပ်တို့များ ပြည်သူ့ဥယျာဉ်နဲ့ ကား ၄ မှတ်တိုင်လောက်ပဲ ရှိတာကိုတောင် မရောက်ဖြစ်ပါဘူးဗျာ ၊
ဒီလိုမြင်ကွင်းမျိုး ကိုပေါက်ကြောင့်သာ မြင်ရတာပါဗျိုး ၊ ဘရာဗို
ကိုပေါက်(မန္တလေး)
October 25, 2014 at 4:02 pm
အော် …………
တောကလူ မြို့ရောက်တော့ လျောက်သွား တာပေါ့။
မြို့ကြီးသားတွေ မထူးဆန်းတာ က တောကလူတွေအဘို့ ထူး ဆန်း နေ တာပေါ့
ကိုကိုမျိုးရဲ့
ပထမဆုံးဝင်မန်းပေးတာကျေးဇူးပါ
မမချွိ
October 25, 2014 at 4:50 pm
လှလိုက်တာဗျာ။
အတော်သဘောကျလိုက်တာ။
ကိုပေါက်(မန္တလေး)
October 25, 2014 at 9:49 pm
မယ်ဇီ ဒီတစ်ခါ ပြန်လာရင် ပြည့်သူဥယျာဉ်ထဲကို လိုက်ပို့ခိုင်း ပြီး ဓါတ်ဖမ်းပါ
eel sophie
October 25, 2014 at 6:53 pm
လှလိုက်တာ… ကိုပေါက်ရဲ့ရိုက်ချက်က လှလွန်းလို့ မြန်မာဂဇက်မှာ ပထမဆုံးမှတ်မိသွားတာ ကိုပေါက်နာမည်ပါပဲ။ 🙂 ညီမက new face ပါ။ မနေ့ကမှ စ join တာပါ။ နောက်လည်း ပုံကောင်းလေးတွေ တင်ပေးပါဦးနော်။
P.S မသိလို့မေးတာနော်။ ဒီ site ထဲက post တွေကို ပြန် share လို့ရလား၊ ကိုပေါက်ပုံတွေ share ချင်လို့ပါ။ (not in FB and G+)
ကိုပေါက်(မန္တလေး)
October 25, 2014 at 9:52 pm
eel sophie ရေ
ပုံလေးတွေ နှစ်သက်တယ်ဆိုလို့ ကျေး ဇူးတင်ပါတယ် ခင်ဗျာ
ကျနော့်ပုံတွေကို ရှယ်နိုင်ပါတယ်ခင်ဗျာ
ကျနော်ကတော့
ဓါတ်ပုံတွေလဲ တင် စာတွေလဲရေးတဲ့ ရွာသားကြီး တစ်ဦးပါဘဲခင်ဗျာ
weiwei
October 25, 2014 at 7:47 pm
မှန်တာပြောရရင် ရန်ကုန်မှာနေပြီး ပြည်သူ့ရင်ပြင်ထဲကို တစ်ခါမှ မရောက်ဖူးသေးဘူး …
တစ်ခေါက်လောက် သွားချင်စိတ်ပေါ်လာပြီ ..
ကိုပေါက်(မန္တလေး)
October 25, 2014 at 9:53 pm
မဝေရေ ပြည့်သူ့ရင်ပြင် ကိုနောက်တစ်ခေါက်ထပ်သွားဘို့ လုပ်ပေမယ့် အဲ ဒီည က မိုးရွာလို့ မရိုက်ခဲ့ရဘူး
သွားပြီး ရိုက်သင့်တဲ့နေရာ ပါ မဝေရေ
Foreign Resident
October 26, 2014 at 3:52 am
အင်း ၊ ဘေးကသာ ခဏခဏ ဖြတ်တာ ၊ အထဲ မရောက်တာ ကြာလှပေါ့ ။
အခုဆို အဲဒီမှာ စားသောက်ဆိုင် ကောင်းကောင်းတွေလဲ ရှိလာပြီမို့ ၊
တစ်ညလောက် သွားဦးမှပါဘဲလေ ။
အဖေါ်လိုတယ် ၊ အဖေါ်လိုတယ် ၊ ဘယ်သူနှင့် သွားရပါ့ ။ ဟီ ဟိ ။
ကိုပေါက်(မန္တလေး)
October 26, 2014 at 8:06 am
ကိုဖောကလဲ ရွာသားတွေ အများကြီးထဲက တစ်ယောက်လောက်ခေါ်သွားလိုက်လေ
မမချွိ
October 26, 2014 at 9:22 am
ဥပေါက်
ရန်ကုန် ည ဆိုပြီးးး ခေါင်းးစဉ်နဲ့
နေရာ အနှံ့ ရိုက်လာတဲ့ ထဲက
မီးးရောင်စုံ နဲ့ အလှဆုံးးးပုံတွေ သီးးသန့် တင်ပါလားးဗျို့
Photos Qualities are better and better.. !!
ကိုပေါက်(မန္တလေး)
October 26, 2014 at 9:29 am
ရန်ကုန်ကိုမနှံ့ခဲ့ပါဘူ မယ်ချွိရယ်
ကန်တော်ကြီးအရှေ့ဖက်ခြမ်းရယ်
ပြည်သူ့ရင်ပြင်ရယ်
ရွှေတိဂုံ ရယ်ဒါဘဲရောက်ခဲ့တာပါ
အလင်းဆက်
October 26, 2014 at 10:16 am
အခုတလော… အဲ့ဒီ အထင်ကရ ပန်းခြံတွေ လှပဖို့…
အတော် ပြင်ဆင်နေတာတွေ့တယ် ။
Yae Myae Tha Ninn
October 27, 2014 at 9:47 am
နံပါတ် ၄ ကို ကြိုက်ဘူး.. ဘုရားက ၂ ထပ်ဖြစ်နေတယ်.. ကျန်တာတော့ ကောင်းပါတယ်… တကယ် ရေပန်းရှိမှန်းတောင် မသိဘူး.. ကြည့်မြင်တိုင်နေပြီးဗျာ… 🙂
ကိုပေါက်(မန္တလေး)
October 27, 2014 at 1:43 pm
ဘုရားကိုနှစ်ထပ်ဖြစ်အောင် ရိုက်ရ တာ ပိုခက်ပါတယ် ပြည့်ရှင်မင်းကြီးရေ
Yae Myae Tha Ninn
October 27, 2014 at 4:51 pm
ဟုတ်ကဲ့ပါ.. လေးပေါက် ကျွန်တော်က တင်ပြတဲ့ ပုံစံကို မမြင်မိလိုက်တာပါ… 🙂
Novy
October 27, 2014 at 12:21 pm
ဓါတ်ပုံတွေအရမ်းကိုလှပါတယ်လေးပေါက်ရေ..
တစ်ခါမှ ရောက်ဘူးပါ
နောက်ပြီးရန်ကုန်ရောက်တာဖုံးလေးတောင်ဆက်ဖေါ်မရဘူးစိတ်ကောက်ပါတယ်
ကိုပေါက်(မန္တလေး)
October 27, 2014 at 1:49 pm
စိတ်မကောက်ပါနဲ့မနိုရေ
ဟုတ်တယ်ဗျ ကျနော်မှားသွားတယ် မတွေ့ နို်င်တောင်မှ ရန်ကုန်ရောက်နေတယ်ဆိုတဲ့အကြောင်း
မိတ်ဆွေတွေကိုသတင်းပေးသင့်တယ်
pooch
October 27, 2014 at 1:00 pm
မရောက်ဖူးဘူး အဲ့လို ချိန် ပုံတွေလှတယ်
ကိုပေါက်(မန္တလေး)
October 27, 2014 at 1:51 pm
မယ်ပု ရေ အခု မန်းလေးမှာနေတာလား ရန်ကုန်မှာနေတာလား
မန်းလေးညက လဲ တစ်မျိုးလှ
ရန်ကုန်ညကလဲတစ်မျုးိလှ ပါ သဗျာ
kyeemite
October 27, 2014 at 1:53 pm
.ဗဲရီးဂွတ်ဖိုတိုရှော့….
ကိုပေါက်(မန္တလေး)
October 28, 2014 at 7:59 am
ကိုမိုက်
မှားနေပြီ
ကျနော်က ဖိုတိုရှော့ကို နာမယ် ထိုးရုံလောက်ဘဲသုံးပါတယ်
ကင်မရာမှာပါတဲ့ အလင်းအမှောင်ကို ကစားပြီး ရိုက်ထားတဲ့ပုံတွေပါ