နွေမင်းသမီးရဲ့အလှပန်းချီ (ဓါတ်ပုံပိုစ်)
နွေမင်းသမီးရဲ့အလှပန်းချီ (ဓါတ်ပုံပိုစ်)





ရွှေလီမြို့မှာရောက်တဲ့အခိုက်
ရွှေလီမြစ်ကမ်းနံဘေးမှာ
အပွင့်ရဲရဲနီနီတွေနဲ့အလှဆင်ထားတဲ့
နွေမင်းသမီးလို့ တင်စားနိုင်တဲ့
စိန်ပန်းပွင့်တွေ ကို ပါတ်ဝန်းကျင် အလှတွေနဲ့တွဲဖက်မြင်ရတာ
ပန်းချီကားတစ်ချပ်လိုခံစားမိတဲ့အတွက်
ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ
27-5-2015
18 comments
Ma Ei
May 27, 2015 at 9:43 am
စိန်ပန်းနီလေးတွေ အတော ်လှ
တစ်နေ့က ဖွဘုတ်ထဲမှာ စိန်းပန်းနီကို ပြုတ်သုတ်ထားတာတွေ့လိုက်တယ်…
ရိုးရိုးအရွက်သုတ်လို အရသာမျိုးဘဲလို့ရေးထားတယ်…
ပါဝင်တဲ့ ဓာတ်တွေက ဘယ်လိုမှန်းမသိတာရယ်…
ပန်းလှလှလေးတွေ စားရမှာနှမြောတာနဲ့ မစမ်းတော့တာ…
🙂
ကိုပေါက်(မန္တလေး)
May 27, 2015 at 12:58 pm
စိန်ပန်းပွင့်ကို သုပ်စာရင်း
ခြေတုန်လက်တုန်ဖြစ်တာကို
သက်သာစေတယ်လို့ မိတ်ဆွေတစ်ယောက် ကပြောဘူးပါတယ်
အောင် မိုးသူ
May 27, 2015 at 9:46 am
စိတ်ကူးထဲ စိတ်ပန်းပင်တွေကြီး တစ်လမ်းလုံးစိုက်ချင်မိတယ်။
Ma Ei
May 27, 2015 at 10:08 am
ရွှေဂုံတိုင် ရွှေကောင်းဘေးနားက ကိုယ်ပိုင်လမ်းလေးတစ်ခု စိန်ပန်းနီတွေချည်း ပွင့်နေတာ လှမှလှ
ကိုပေါက်(မန္တလေး)
May 27, 2015 at 1:05 pm
မသိလိုက် လို့ မအိရေ သိရင်သွားရိုက်လာပါတယ်
ကန်တော်ကြီးသွားရိုက်တာ မိုးမိပြီး ပြန်လာတယ်
ကိုပေါက်(မန္တလေး)
May 27, 2015 at 1:01 pm
အခု ကျနော်ရိုက်ခဲ့တဲ့နေရာမှာ တစ်လမ်းလုံးစိန်ပန်းပင်တွေစိုက်ထားတာပါ
Mike
May 27, 2015 at 11:24 am
.စိန်ပန်းပွင့်တွေက ပင်လုံးညွတ်ပွင့်တာဆိုတော့ အတော်လှပါ၏
ကိုပေါက်(မန္တလေး)
May 27, 2015 at 1:03 pm
စိန်ပန်း က လှ လဲလှ
အကြမ်းတမ်းလဲခံပါတယ်
ဒါကြောင့် ကျနော်က သဘောကျတယ်
တောင်ပေါ်သား
May 27, 2015 at 11:33 am
နံပါတ် ၃ လေး လှတယ် ကိုပေါက်ရေ
ကိုပေါက်(မန္တလေး)
May 27, 2015 at 1:06 pm
ကျနော်လဲ အဲ အပွင့်ပုံစံကို သဘောကျပါတယ် တောင်ပေါ်သားရေ
ဒေါ် လေး
May 28, 2015 at 10:51 pm
နံပါတ် ၄ ပုံအကြိုက်ဆုံး
မြစပဲရိုး
May 28, 2015 at 10:59 pm
နီရောင်ရဲရဲ နဲ့ လှ လိုက်တဲ့ စိန်ပန်း တွေ ကပေါက်ကြီးရာ။
. မြန်မာပြည်ရဲ့ အမျိုးသမီး ပန်း အဖြစ် ရွေးကြစို့။
5 အကြိုအကြား ဝိုးတဝါး ကို အကြိုက်ဆုံးပါ။ :-))))
ကိုပေါက်(မန္တလေး)
May 29, 2015 at 8:38 am
ဒေါ်လေးရေ
နံပါတ်လေးပုံ နဲ့ဆင်တူတာလေးတွေအများကြီးရိုက်ခဲ့ပါတယ်။
ကိုလတ်ကြီး စိန်ပန်းကို မြန်မာအမျိုးသမီးးပန်းအဖြစ် သတ်မှတ်ရင် ကျနော်ကတော့ သဘောတူပါတယ်။
နီနီရဲရဲ က သတ္တိရှိသောအရောင်ကို ညွှန်းနေသလို
နောက်အကြမ်းပတမ်းခံ တာ ရှည်ခံ တဲ့ ပန်း လဲဖြစ်တဲ့အတွက် သဘောကျပါကြောင်း
Ma Ma
May 30, 2015 at 5:17 pm
ကိုယ်ကတော့ ကြီးကြီးကျယ်ကျယ် စိန်ပန်းကို နိုင်ငံတော်ပန်း သတ်မှတ်သင့်တယ်လို့တောင် ထင်တာ။
စိန်ပန်းက အပင်လည်း ကြီးတယ်။ အပွင့်လည်း လှတယ်။ အရောင်စုံလည်း ရှိတယ်။ စိုက်ရလည်း လွယ်တယ်ဆိုပြီးတော့ သဘောကျလို့။
ဒါပေမယ့် စိန်ပန်းပင်က ပင်စည်က လုံးချောမနေပဲ ကွေးကောက်နေလို့ သစ်အနေနဲ့ အသုံးမကျလို့ တန်ဖိုးမရှိလို့ နိုင်ငံတော်ပန်း မဖြစ်သင့်ဘူးတဲ့။
kai
May 31, 2015 at 1:59 am
စိန်ပန်းက.. ဆေးတက္ကသိုလ်ပန်းလို့.. ထင်…။
RITကတော့.. စွယ်တော်လေ.. နော..။
ကိုပေါက်(မန္တလေး)
May 31, 2015 at 8:33 am
ကိုခိုင်ရေ
ကျောင်းဖွင့်ချိန် စိန်ပန်းတွေလဲမြေမှာကျဲပြန့်နေ လို့ တွံတေးသိန်းတန်က ဆိုခဲ့တော့
ရန်ကုန်တက္ကသိုလ်နဲ့လဲ ဆိုင်မယ်ထင်ပါရဲ့
Alinsett @ Maung Thura
May 31, 2015 at 4:25 pm
တကယ့်ကို ပန်းချီကားတစ်ချပ်ချင်းစီလို…
ကိုပေါက်(မန္တလေး)
June 2, 2015 at 9:37 am
ပန်းချီကားလေးနဲ့ တူအောင် ဖန်တီးရတာကို ပို သဘောကျတယ် အလင်းဆက်ရေ