စံပယ်ဖြူတွေတောင်ပွင့်ပြီကွယ်… (မောင်ဂီနောက်လိုက်ခြင်း)
စံပယ်ပန်းတော့ရှာတွေ့ပြီ… အပွင့်တွေက စိတ်တိုင်းကျလောက်အောင်သိပ်မလှဘူး…
စံပယ်တွေချည်းအားမရလို့….
ကျန်တဲ့ပန်းလေးတွေလဲထည့်ပေးလိုက်တယ်ဗျာ…
မက်ခရိုဆေးအောင်တယ်ပဲဆိုကြပါစို့…
အော်… ပြောရဦးမယ်…
Mac ပေါ်မှာကြည့်တဲ့ပုံတွေအရမ်းလှပြီး… PC ပေါ်ရောက်တဲ့အချိန်မှာ အရောင်ပြောင်းသွားတယ်လို့ခံစားရတာ…
PC ပဲမကောင်းတာလား Mac ပဲအရမ်းကောင်းနေတာလားမသိ…
ခင်မင်လျက်-
ဖက်ဖက်ကက်
10 comments
အောင် မိုးသူ
May 27, 2015 at 9:46 am
လှပါအိ။
ခင်ဇော်
May 27, 2015 at 9:56 am
နာလည်း ဖွဘုတ်မှာ မောင်ဂီ နောက် လိုက်ထားတယ်၊
ဒါပေမဲ့ ဒီကလေးရဲ့ ဓာတ်ပုံရိုက်တဲ့ ဝင်စားမှုမှာ ဘယ်သူမှ မမှီဘူး ဆိုတာ တော့ ဝန်ခံရလိမ့်မယ်။
🙂
BTW,
ပီစီမကောင်းတာလို့ပဲ ယူဆတယ်။
ဒါတောင် တဂျီး ဆိုဒ် က ဓာတ်ပုံ ကွာလတီကို မလျှော့ပစ်ဘူးးး
ဖွဘုတ်က အော်တိုလျှော့တယ်ထင်တယ်အေ။
:mrgreenn:
တောင်ပေါ်သား
May 27, 2015 at 11:42 am
ပန်းဖြူကို ကြိုက်တယ်
အဖြူရောင်ပန်းကိုပြောတာပါ
kai
May 27, 2015 at 2:57 pm
မနေ့ကတင်..အသိတယောက်ပြောတယ်…
အတ်ပဲလူလည်ကျပုံများ.. သူ့အိုင်ပက်..အိုင်ဖုံးနဲ့ရိုက်တဲ့ပုံတွေ… သူ့ဟာသူထဲကြည့်တော့လွှတ်ကောင်း…နေတာကို… ဓာတ်ပုံလည်းသွားကူးရော..လွှတ်ညံ့သွားဆိုပဲ..။
မှန်ကြီးကြောင့်နေမှာပါ..။ :k:
စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောကျာ်း
May 27, 2015 at 7:09 pm
မိုးဦးကျ ရိုက်ချင်ရင် တရက်ချိန်းဗျာ..
မက်ခရို သီးသန့် ရိုက်မယ်
ပါကင်ပေပါ
ရီဖလက်တာ
စပရေးဗူး
ဆေးထိုးတဲ့ ဆရင့်ချ်
ဓါတ်မီး တချောင်း နဲ့
ကြည့်မှန်တချပ် ဆောင်ယူခဲ့ပါ…
ကျူတိုရီရယ် ရိုက်ကြမယ်….
😛
kai
May 28, 2015 at 2:15 am
ဗမာ့ အင်းဆက်နဲ့ပိုးကောင်တွေရိုက်ကြပါလား…။
ငဆင်ဖြူသန်းတို့..။ အာရှကျားကပ်ပါးကောင်တို့ပုံ လိုချင်မိ…။ :k:
Shwe Ei
May 28, 2015 at 12:34 pm
dancing lady ကျိုက်ဒယ်အေ 🙂
မြစပဲရိုး
May 28, 2015 at 10:55 pm
စပယ် ခေါင်းစဉ်မှာ “စိမ်းသရဖူစိမ်း” ကို အကြိုက်ဆုံးလို့ ပြောရမှာ အားတော့နာပါရဲ့။
အနီးကပ်မို့ အတော်လှတဲ့ ပန်း ကိုရွေးရမလား?
lens ကောင်း ရင် မလှတာကိုလဲ လှအောင် ရိုက်နိုင်လား?
မက်ခရို က နဂိုရှိတဲ့ ဆိုက်ထက် ပိုချဲ့ကားပြီး ပြထား တာ ကို တကယ်တော့ မကြိုက်ဘူး။
lens ကောင်းရင် ပုံကောင်းထွက် ဖို့များမှာဘဲ မဟုတ်လား။ မသိ။
landscape ပုံတွေကို ကြည့်ရတာ ပိုပြီး ကြိုက်တယ်။
အဲဒါတွေ က လွတ်လပ်တယ်။ အသက်ရှူလို့ ဝ တယ် လို့ ခံစားမိလို့။
ဟုတ်ကဲ့။
ကျွန်မ က ဆိုက်ကို ပါမောင်။ (MG= Myanmar Gazette) lol:-)))))
ဒေါ် လေး
May 28, 2015 at 11:00 pm
ကချေသည် နဲ့ တိတ်တခိုး ကိုကြိုက်ပါတယ်
Alinsett @ Maung Thura
May 28, 2015 at 11:58 pm
ဒီဂဗာပေါ်မှာ ကျနော် နဲ့ ဓါတ်မတည့်ဆုံးသော ပန်း