ည …..ခဏ…..လှပ
ရန်ကုန်က ခဏ ဆို ခဏလေး ရောက်ခဲ့ တဲ့အခါ
ရောက်တဲ့ညမှာ သွားပြီးတော့ ကမန်းကတန်း
ရိုက်လာခဲ့တဲ့ပုံလေးတွေပါ။
အချိန်မရ လို့ ရွာထဲ က မိတ်ဆွေတွေကို မတွေ့ ဖြစ်တာ ခွင့်လွှတ်ကြပါခင်ဗျာ
ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ
24-10-2014
ရန်ကုန်က ခဏ ဆို ခဏလေး ရောက်ခဲ့ တဲ့အခါ
ရောက်တဲ့ညမှာ သွားပြီးတော့ ကမန်းကတန်း
ရိုက်လာခဲ့တဲ့ပုံလေးတွေပါ။
အချိန်မရ လို့ ရွာထဲ က မိတ်ဆွေတွေကို မတွေ့ ဖြစ်တာ ခွင့်လွှတ်ကြပါခင်ဗျာ
ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ
24-10-2014
13 comments
Ma Ei
October 24, 2014 at 11:10 am
ရန်ကုန်ည ဒီလောက်လှတာကိုး….
ဘော်ဒီဂတ် ခေါ်ပြီး…
တစ်ညတော့ ထွက်ရိုက်ဦးမှပါဘဲ…
🙂
အလင်းဆက်
October 24, 2014 at 11:56 am
အဲဒီ မြို့တော်ခန်းမရှေ့နဲ့… ပန်းခြံ… ဆူးလေ စေတီတော်… စသဖြင့်…
နေ့စဉ်လိုလို ရောက်နေပေမယ့်…
အရင်နဲ့မတူ..လှလာလိုက်တာဆိုပြီး… ပုံလေးတွေ ရိုက်ခဲ့ပေမယ့်…
ဘယ်တုန်းကမှ…
အခုလေးပေါက် ရိုက်သလို လှတဲ့ပုံတွေ မထွက်ခဲ့ဘူး ။
ကျနော့် ဓါတ်ပုံ ရိုက်ခြင်း ..ပါရမီပါပုံပြောပါတယ်။
:k:
Yae Myae Tha Ninn
October 24, 2014 at 12:02 pm
မကျေနပ်ပါ… လုံးဝ မကျေနပ်ပါ… 🙂
ဖုန်းနံပါတ်လဲ ရှိပါလျက်… တွေ့ချင်ပါတယ်လို့ ပြောထားပါလျက်… 🙁 🙁 🙁
kyeemite
October 24, 2014 at 1:20 pm
.ရန်ကုန်ညအလှပုံလေးတွေအားလုံးလှတယ်ဗျာ…
.4ပန်းခြံထဲက ည ပုံမှာ အံစရာတို့အတွဲတောင်ပါသေးတယ် :k:
ကိုပေါက်(မန္တလေး)
October 24, 2014 at 3:13 pm
ရန်ကုန်ည ခဏ လေးလာ ရ တာပါ ပြည့်ရှင်မင်းရယ်
ရန်ကုန်မှာနေခဲ့တဲ့ ဆယ်ရက်လုံး ရွှေလင်ပန်းဆိုတဲ့ တောခေါင်ခေါင်ထဲမှာ သွားနေခဲ့ရလို့ပါ။
ဒါပေမယ့် ပုံ တွေ ထပ် တင်စရာ ကျန်သေးတယ် နော်
တောင်ပေါ်သား
October 24, 2014 at 3:19 pm
ရွှေလင်ပန်းက ဘယ်လောက်ဝေးလို့လဲဗျာ ၊
တစ်ညအိပ်သွားရတဲ့ အကွာအဝေးလည်းမဟုတ် ၊
အင်းးးးးး ရွာထဲကပျောက်သွားတာ ဒါကြောင့်ကိုး ၊ 🙂
Yae Myae Tha Ninn
October 24, 2014 at 4:41 pm
ပိုတောင် နီးသေး.. လှိုင်သာယာနဲ့ ကြည့်မြင်တိုင်… ဟွန်း.. ဘာလဲ အိမ်ယာကိုသွားကြည့်တာလား.. 🙂
ကိုပေါက်(မန္တလေး)
October 25, 2014 at 9:15 am
ဟုတ်ဘူးဗျ
ရွှေလင်ပန်းမှာအိပ်ပြီးအလုပ်လုပ်ရတာ
ကျနော်ကသူများလခစား ဝန်ထမ်းဆိုတော့ သူများတွေလို မလွတ်လပ်ပါဘူးဗျ
နောက်တစ်ခါလာရင်တွေ့နိုင်အောင်ကျိုးစားပါမယ်
အရင်က ကျနော် ရန်ကုန်ရောက်ရင်ရွာထဲကလူအတော်များများနဲ့တွေ့ဘို့ကြိုးစားပါတယ်။
အခုနောက်ပိုင်းတော့ ကားလမ်းကျပ်တော့ သွားရလာရ တာ ခက်ခဲတဲ့အတွက်
မိတ်ဆွေတွေကိုအားနာလို့ မတွေ့တော့တာပါ။
အားလုံး က ကိုယ့်အလုပ်နဲ့ကိုယ် တာဝန်ကိုယ်စီနဲ့ပြေးလွှားနေရတာကိုလည်း သိနေတော့
သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို ဖြုန်းတီးသလိုဖြစ်မှာစိုးလို့တွေ့ ဘို့ မကျိုးစားတော့ တာပါ
စိတ်မဆိုးကြပါနဲ့ဗျုးိ
Yae Myae Tha Ninn
October 25, 2014 at 10:43 am
ညဘက်ဆို ကြည့်မြင်တိုင် နဲ့ လှိုင်သာယာကားတွေက ဥဒဟိုပါ.. မနက်လဲ ထိုနည်း အတိုင်းပါ… အိမ်မှာသောက်စားပြီး အိပ်လဲ ရပါတယ်.. အိမ်က ၂ ထပ် တိုက်ပါ… နောက်တခါလာလျှင်သာ ဆက်သွယ်ပါရန်… မဟုတ်လျှင် ရန်ကုန်နဲ့ ပတ်သက်ပြီး ပို့စ်တင်တာတွေ့လျှင် လုံးဝ လာမမန့်တော့ပါ… 😛
ကိုပေါက်(မန္တလေး)
October 25, 2014 at 11:59 am
ဟုတ်ပါပြီဗျာ နောက်တစ်ခါရန်ကုန်လာတာနဲ့ ဆက်သွယ်ပါမယ် ကတိပေးပါတယ်
မမချွိ
October 25, 2014 at 9:35 am
မြန်မာ့ ကျက်သရေကတော့ တကယ် ကျက်သရေရှိတယ်။
:chit:
ကရဝိတ်ကြီး စိတ်နာတာတောင်ဘယ်ပျောက်သွားမှန်းမသိ။
အဟိ။
:mrgreenn:
Ma Ma
October 25, 2014 at 3:00 pm
ကိုပေါက် ဘယ်မှာများ သွားရိုက်ပါလိမ့်လို့။
ကိုယ်မရောက်ဖူးတဲ့နေရာတွေ သွားရိုက်ထားတာလို့ ထင်နေတာ။
ကိုပေါက်(မန္တလေး)
October 25, 2014 at 3:18 pm
မမရေ
ပြည့်သူရင်ပြင်နဲ့ဆူးလေ က တစ်ည
ရွှေတိဂုံရင်ပြင်နဲ့ ကန်တော်ကြီးအရှေ့ဘက်ခြမ်း တစ် ည
အဲလောက်ဘဲ ရိုက်နိုင်ခဲ့ပါတယ်
ကိုပေါက် အရင်လို လမ်း မသလားနိုင်တော့ဘူး မမ ရေ