ခဏလောက်
လေညွှန်တံကို ဘယ်မှမပြစေနဲ့
ယူရေနီယံကို ဘယ်သူမှ မသန့်စင်စေနဲ့
ဝီကီပီဒါကို ဘယ်မှ မဖွင့်စေနဲ့
လယ်မြေကို ဘယ်သူမှ သီးနှံမစိုက်စေနဲ့
ကာဗွန်ဒိုင်အောက်ဆိုက်ကို ဘယ်သူမှ မဝယ်စေနဲ့
အားလုံး ခဏလောက်လေး
သမ္မတရွေးကြရအောင်
မြစ်ကမြစ်လိုမစီးတာတွေ
အချစ်ကအချစ်လိုမစီးတာတွေ
ကြာလာရင်
ဖြစ်သလိုကြီးနဲ့ပြီးသွားမှာစိုးလို့ပါ
ခဏလောက်
ထမင်းတစ်နပ်လျှော့စားပြီး
ကျန်တဲ့ပါးကို
ထပ်အရိုက်ခံလိုက်
လောလောဆယ်
ခလောက်ဘယ်သူ့ဆွဲပေးရမလဲ
မိုးတဆုံးမြေတဆုံး စဉ်းစားတုန်း ။
ကိုစစ်
5 comments
အလင်းဆက်
November 6, 2014 at 6:22 pm
ကောင်းလိုက်တဲ့ ကဗျာလေး
” ဒုတ်ဒုတ်တိုက် ” ပါပဲ
ရင်ထဲ ရောက်သွားတယ်။
အဲ့ဒီလို ပြောရင် လုံလောက်ပါ့မလား. . .
Yae Myae Tha Ninn
November 7, 2014 at 9:07 am
ဆုတ်ကပ်လို့ ပြောချလိုက်ရမလား.. ကိုစစ်… 🙂
kyeemite
November 7, 2014 at 1:54 pm
.Good Poem 🙂
uncle gyi
November 7, 2014 at 11:05 pm
ဖြစ်သလိုကြီးနဲ့ပြီးသွားဒါကြာခဲ့ပြီပဲကိုစစ်ရယ်
မြစပဲရိုး
November 8, 2014 at 2:49 pm
လောလောဆယ်တော့ ဘာမှန်းမသိတဲ့ ခလောက် ကိုယ့်ဟာကိုဘဲ ဆွဲထားလိုက်တယ်။
အသုံးမကျတဲ့ အထဲ ကိုယ်လဲ တစ်ယောက် အပါမို့။
စကားလုံး အသုံးတွေ က အတော်မိုက်ပါ့ ကိုစစ်ရေ။