1စူးစမ်းတဲ့အကြည့်
အကြည့် လေးများ (ဓါတ်ပုံပိုစ်)
2အလုအယက်ပြုံးတဲ့အကြည့်
![4IMG_0332 [Desktop Resolution]](https://myanmargazette.net/wp-content/uploads/2014/11/4IMG_0332-Desktop-Resolution-600x400.jpg)
3စူးစမ်းတဲ့အကြည့်
4ပေစောင်းစောင်းအကြည့်
5အံ့ဩတဲ့အကြည့်
6 ဘာလဲဆိုတဲ့အကြည့်
7ပြုံးနေတဲ့အကြည့်
9သဘောကျနေတဲ့အကြည့်
ရွာတစ်ရွာကိုအလှူလိုက်သွားရင်း မြင်ခဲ့ရတဲ့အကြည့်လေးတွေပါ
ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ
8-11-2014
Post Views: 476
19 comments
kai
November 9, 2014 at 7:35 pm
ပြောလို့ပြောတာမဟုတ်.. မြန်မာကလေးတွေက.. တော်တော်ချစ်ဖို့ကောင်းတယ်..။
အဲဒီသနပ်ခါးကွက်ကြားကလေးတွေများ.. နိုင်ငံတကာဓာတ်ပုံဆြာတွေရဲ့.. မိုဒယ်တွေဖြစ်လို့..။
လာမယ်နောက်၂ပါတ်မှာ.. အမေရိကန်ဓာတ်ပုံဆြာတယောက် မြန်မာပြည်မှာသွားရိုက်ခဲ့တဲ့ဓာတ်ပုံစာအုပ်… လက်မှတ်ထိုး..စာပေဟောပြောပွဲရှိတယ်..။

မြန်မာ့ဂဇက်က.. ကိုစပွန်ဆာလုပ်တာ..။
မေးစရာလေးတွေ..မေးဦးမယ်… လို့..။
Daybreak in Myanmar Paperback – January 1, 2014
by Geoffrey Hiller (Artist, Photographer), Francis Wade (Author)
weiwei
November 9, 2014 at 8:04 pm
ရိုးသားပြီး အပြစ်ကင်းစင်သော အကြည့်လေးများ ..
Mr. MarGa
November 9, 2014 at 8:36 pm
အောက်ဆုံးပုံက အကြည့်ကို ပို နှစ်သက်ကြောင်း
Yae Myae Tha Ninn
November 10, 2014 at 9:07 am
လေးပေါက်ကတော့ ထုံးစံအတိုင်း နံပါတ် ၈ ထားခဲ့ပြန်ပြီ… 🙂
နံပါတ် ရ က မိန်းကလေးတွေဆိုတော့ ရှက်ပြုံး အကြည့်ဗျ… 😀
ဟုတ်ပါ့.. နံပါတ် ၉ အကြိုက်ဆုံးပါဗျိုး……
ကိုပေါက်(မန္တလေး)
November 10, 2014 at 9:07 am
ဒီပုံလေးတွေက မန်းလေးမြို့နဲ့မိုင်285မိုင်ကျော်ကျော်ဝေးတဲ့ မကွေးတိုင်းပခုက္ကူမြို့နယ်ထဲက ချိုုက် ဆိုတဲ့ရွာလေးကို
တန်ဆောင်မုန်းလပြည့်နေ့မှာရောက်သွားတော့ရိုက်လာတဲ့ ပုံလေးတွေပါ
ကလေးတွေပုံ အမှတ်2လာပါအုံးမယ်
ကိုပေါက်(မန္တလေး)
November 10, 2014 at 9:11 am
ရေမြေသနင်းပြည့်ရှင်မင်းကြီးရေ
ကျန်နေတဲ့ပုံ8 ကိုနောက်လာမယ့် အထဲမှာထည့်ပေးမယ်နော်
Yae Myae Tha Ninn
November 10, 2014 at 9:26 am
ဟုတ်…လေးပေါက်… အနော်တော့ လပြည့်နေ့က ဆေးပေါင်းခလိုက်တာ.. နောက်နေ့ ဗိုက်အောင့်ပြီး ရုံးတောင် မတက်နိုင်ဘူး… 🙂
kyeemite
November 10, 2014 at 10:04 am
.သဘာဝပုံစစ်စစ်လေးတွေပဲ…ကလေးတွေဆိုတာဖြူစင်ကြသေးတော့
.ဘယ်လိုနေနေချစ်စရာကောင်းတာပေါ့…ကျေးဇူးပါကိုပေါက်ရေ
ကိုပေါက်(မန္တလေး)
November 10, 2014 at 12:20 pm
ကိုမိုက်ရေ
ကျနော်က ရူ့ခင်းပုံတွေ ရို်က်တာ ဝ သွားတော့
အခုနောက်ပိုင်း မျက်နှာတစ်ပိုင်းပုံတွေကို လျှပ်တစ်ပြက်ရိုက်တာကို
ပိုအားသန်နေပါတယ်
မြစပဲရိုး
November 10, 2014 at 10:21 pm
ကလေးတွေ အားလုံး ချစ်စရာလေးတွေ ကပေါက်ကြီး။
အပေါ်ဆုံး ပုံထဲ က ကလေးမ လေး တွေ က နာရွက်ကားကား လေးတွေ။
ဉာဏ်ကောင်းမဲ့ ပုံဘဲ။
သတိထားမိတာလေး။
မိန်းကလေး တွေ ထဲ မှာ သုံးယောက်က သနပ်ခါး ဘဲကျားမဟုတ်။ မိတ်ကပ် တွေ နဲ့။
ကောင်ကလေး တွေကလဲ သနပ်ခါး အဖွေးသား ဘဲကျား။
မိန်းကလေး တွေ လက်ထဲ မှာ စာအုပ် တွေ။
ကောင်ကလေး တွေ ကျ ဆပ်ပြာဘူး (ထင်ရဲ့) ရလို့။
ဘာလို့ လဲ ကပေါက်ကြီး။
သူတို့ ကိုလဲ စာအုပ်ဘာလို့ မပေးတာလဲ။
နောက် သနပ်ခါး အဖွေးသား ကလေး တွေ မြင်တော့ ငယ်တုန်းက မောင်နှစ်မ တွေကို အမေက သနပ်ခါးလိမ်းပေးပြီးတိုင်း
ကိုယ်တော်တွေက ဖျက်ပစ်တာဘဲ။
ဒီတော့ ကိုယ့်မှာလဲ သူတို့ လုပ်သလို လိုက်လုပ် ရင်း မျက်နှာပြောင် နဲ့ နေတာ အကျင့်ဖြစ်ရော။
အလုပ်ဝင်တော့ မှ ပရိုမီနာအခံ မှာ သနပ်ခါး လိမ်းတဲ့ အကျင့်လုပ်ရတာ မဟုတ်ရင် မျက်မှာ မှာ အဆီတဝင်းဝင်း နဲ့ မို့။
အဲဒီ အကျင့် က စွဲ ပြီး မြန်မာပြည် အပြင်ထွက်ချိန် ကျောက်ပြင် နဲ့ သနပ်ခါးတုန်း တွေ သယ် တော့တာ။
ဒီမှာ လိမ်း တာပေါ့။
သိပ်မလိမ်းရပါဘူး။ လပိုင်းမှာဘဲ တင်းတိပ်တွေလိုဖြစ် အသား တွေ ကွဲ တော့ တာဘဲ။
ဒီမှာ ရာသီက အေးတာကိုး။
ဒါနဲ့ ရောမလိုရောက် ရောမ လိုဘဲ အအေးခံ ခရင် တွေ လိမ်းမှ သက်တာရော။
ပြီးခဲ့တဲ့ လ လောက်ကလား။ သစ်ထူးလွင် ထဲ မှာ ” မြန်မာ့ ရှင်မတောင်သနပ်ခါး ကို ဝယ်ယူအားပေး နေသော အင်္ဂလန်နိုင်ငံသူ လေးများ”
“သနပ်ခါးသည် မြန်မာကျော် သာမက ကမ္ဘာတိုင်အောင် ကျော်ကြား တော့မည်မို့” ဆိုပြီး ရေးထား တာ တွေ့ပြီး
ရီရမလို၊ ငိုရမလို။
လှောင်တာ မဟုတ်ပါနော်။
တစ်ခါတစ်ခါ life style ဆိုတာ နေရာ၊ ဒေသ၊ ရာသီ၊ အစားအစာ၊ အစိုးရ အုပ်ချုပ်ပုံ ပေါ် မူတည်ပြီး ကိုယ့်မှာ လုပ်လို့ ရတိုင်း တစ်ခြားမှာ ရချင်မှ ရမယ် ဆိုတာလေး
သိစေချင်လို့ပါ။
ပုံ(၇) ကို အကြိုက်ဆုံးပါ။
ဒါထက်
အလှူ က စားစရာ ပုံတွေ ရိုက်ဖို့ များ ဘာလို့ စိတ်မကူးခဲ့တာလဲ ကပေါက်ကြီး ရယ်။ :))
ကိုပေါက်(မန္တလေး)
November 11, 2014 at 3:18 pm
ကိုလတ်ကြီးရေ
ချိုက်ဆိုတဲ့ ရွာ ကနေလာပြီး ကျနော်တို့ နဲ့ အလုပ်တွဲလုပ်နေတဲ့ ကလေး က သူ့ရွာပြန်ပြီး မိသားစု ကထိန်ခင်းပါတယ်။
ကထိန်လှည့်တဲ့အခါ ရွာက ကလေးတွေက လှူဘွယ်ပစ္စည်းလေးတွေ ကိုင်ပြီး လိုက်ကြပါတယ်။
အဲတော့ ကျနော်တို့ ဝိုင်းပြီးလှူထားတဲ့ ပစ္စည်းလေးတွေကို ကလေးတစ်ယောက်ကို တစ်ခု ကိုင်ပြီး လိုက်ကြပါတယ်။
ကလေးတွေကို တန်းစီပြီး လက်ထဲကိုတစ်ယောက်တစ်ခု ထည့်ပေးလိုက်တာပါ။
ကလေး 200 ကျော် လောက်ရှိပါတယ်။
သွားတိုက်ဆေးနဲ့သွားပွတ်တံ စာအုပ် ဆပ်ပြာမူန့် ဆပ်ပြာခဲ ဆပ်ပြာအဆီဘူး အစုံပေါ့
ပျော်စရာကြီးပါဘဲ
ဒီရွာလေးအကြောင်း ပိုစ်ရေးတဲ့အခါ စား စရာတွေလဲ ဓါတ်ပုံ နဲ့ ပြပါမယ်။
အလင်းဆက်
November 11, 2014 at 1:40 pm
ချစ်စရာကောင်းလိုက်တဲ့ ကလေးတွေဗျားးး
:k:
uncle gyi
November 11, 2014 at 10:58 pm
ပေစောင်းစောင်းအကြည့်
ကလေးကြည့်နေတာသိတယ်
ငါ့ကျတော့မရဖူး
သူတို့ကျဘယ်သူနဲ့သိလို့ရသလဲဆိုတဲ့အကြည့်
ဟုတ်ရဲ့လားကိုပေါက်
ကိုပေါက်(မန္တလေး)
November 12, 2014 at 2:47 pm
ဟုတ်ဘူး အန်ကယ်ဂျီး ရ
အဲ့ဒီကလေးက ပဒေသပင်ဆင်နေတာကိုကျောင်းသွားရင်းလာရပ်ကြည့်တာ
အောင် မိုးသူ
November 12, 2014 at 9:41 am
သနပ်ခါးလေးတွေနဲ့ း))))
aye.kk
November 12, 2014 at 4:25 pm
ကလေးတွေရဲ့ အကြည့်တွေက
ရိုးသားလှပတယ် ပေါ်လွင်အောင် ရိုက်နိုင်တဲ့
ကိုပေါက်ကလည်းတော်တယ်။
ကိုပေါက်(မန္တလေး)
November 13, 2014 at 12:42 pm
ကိုအောင်မိုးသူနဲ့မမအေးရေ
ပင်ကိုယ်လှလေးတွေပါခင်ဗျာ
တောင်ပေါ်သား
November 14, 2014 at 2:52 pm
အပျို မလေးတွေလည်း မပါဘူး 🙂
ကိုပေါက်(မန္တလေး)
November 14, 2014 at 10:39 pm
အပျိုမလေးတွေ ကျနော်ရောက်တဲ့နေ့ကစပြီး အိမ်တွင်းပုန်းနေကြတယ်
လက်ဆော့ တဲ့ လူကြီးရွာထဲဝင်လာတယ်ပြောသံကြားလို့ တဲ့