ကြက်ကောင်လုံး အစာသွပ်ပေါင်းနည်း -ဓါတ်ပုံ

NovyNovember 11, 20141min37421

ကြက်ကောင်လုံး အစာသွပ်ပေါင်း

 

ပါဝင်ပစ္စည်းများ

ကြက် – ၁ကောင်

မှိုခြောက် / ပန်းခြောက် / ပဲလိပ် / ပဲပြား / ကြက်ကလီစာ / ဝက်သား / ပဲသွေး / ဝက်သွေး

ဆား / သကြား / ဟင်းခတ်မှုန့် / ပဲငံပြာရည်အပျစ် /တရုပ်မဆလာ /ဂျင်း / ကြက်သွန်ဖြူ

 

ပြုလုပ်နည်း

ကြက်ကို ဗိုက်ဖေါက် ကလီစာတွေထုတ် သန့်စင်ပြီး ဆား / သကြား / ဟင်းခတ်မှုန့် / ပဲငံပြာရည်အပျစ် /တရုပ်မဆလာ /ဂျင်း / ကြက်သွန်ဖြူ တွေနဲ့နယ်ပြီးနှပ်ထားပါ

မှိုခြောက် / ပန်းခြောက် / ပဲလိပ် / ပဲပြား / ကြက်ကလီစာ / ဝက်သား / ပဲသွေး / ဝက်သွေး အတုံးသေးလေးတွေတုံးပါ ပြီးလျှင် ဆား / သကြား / ဟင်းခတ်မှုန့် / ပဲငံပြာရည်အပျစ် /တရုပ်မဆလာ /ဂျင်း / ကြက်သွန်ဖြူတွေနဲ့ ရောနယ်ပြီး ကြက်ဗိုက်ထဲကို အစာသွပ်ပါ ပြီးလျှင် ကြက်ဗိုက်ကလေးကိုပြန်ချုပ်ဖို့မမေ့နဲ့နော်…

၁နာရီခွဲလောက်ပေါင်းလိုက်ရင်တော့ နုညံ့ပြီးအရသာရှိတဲ့ ကြက်ကောင်လုံး အစာသွပ်ပေါင်းရပါပြီ…

ဘိတ်ချဉ်ကလေးလုပ် အရည်သောက်ကတော့ စွန်ထန်(သို့) ကြံမဆိုင်ဟင်းချိုလေးနဲ့ တွဲဘက်ပြီးစားသုံးလိုက်ပါရှင်…

 

ကြက်                      – ၁ကောင်

20141102_122554

 

မှိုခြောက် / ပန်းခြောက် / ပဲလိပ် / ပဲပြား / ကြက်ကလီစာ / ဝက်သား / ပဲသွေး / ဝက်သွေး

 

20141102_122840

မှိုခြောက် / ပန်းခြောက် / ပဲလိပ် / ပဲပြား / ကြက်ကလီစာ / ဝက်သား / ပဲသွေး / ဝက်သွေး

ဆား / သကြား / ဟင်းခတ်မှုန့် / ပဲငံပြာရည်အပျစ် /တရုပ်မဆလာ /ဂျင်း / ကြက်သွန်ဖြူ  ရောနယ်လိုက်ပြီ

20141102_130721

 

 

 

 

 

၁နာရီခွဲလောက်ပေါင်းလိုက်ရင်တော့ နုညံ့ပြီးအရသာရှိတဲ့ ကြက်ကောင်လုံး အစာသွပ်ပေါင်း

20141103_070040_Richtone(HDR)

 

ပုဂံနဲ့ လှလှလေးပြင်ပေးမယ်နော်

20141103_072557_Richtone(HDR)

 

ပေါင်းတဲ့အချိန်မောနေတာနဲ့ ပေါင်းအိုးကို မရိုက်မိတော့ဘူး ပုံဆွဲပေးလိုက်တယ်ဟီဟီး

20141111_135849

 

ရေ ဘောလော မကျန် အချိုရည် တွေ မထွက်အချိုရေတွေမခန်းအောင်လို့  ပေါင်းအိုး (ပရက်ရှာ ကွတ်ကာ) မသုံးပဲ ပုံပါအတိုင်း စတီးအိုးအသေးတစ်လုံး အကြီးတစ်လုံးနဲ့

မြန်မာနည်းသုံးလိုက်တယ် ကြက်နဲ့အနေတော်ဖြစ်မဲ့အိုးထဲကို အစာသွပ်ထားတဲ့ကြက်ကိုထဲ့ အဖုံးပိတ် အလေးတုံး/ သစ်သားတုံးလေးဖိထာ ရေနွေးတွေဆူတဲ့အခါမဝင်ရအောင်

အိုကြီးထဲမှာ ရေသုံးပုံ ပုံ တစ်ပုံထဲ့ ပုံးပါအတိုင်းပေါင်းလိုက်နော်

ကဲ.. အရီးနဲ့ဇီဇီ ရေ အဆင်ပြေရင်လက်တို့လိုက်နော်

 

21 comments

  • ခင် ခ

    November 11, 2014 at 3:25 pm

    ကြက်ကို အရေခွံနွာပြီး ပေါင်းရင်လည်း ရမယ်ထင်တယ်နော်။

    • Novy

      November 11, 2014 at 4:14 pm

      ကိုခေ၇.
      ရေခွံခွာပြီးပေါင်းရင် အစာသွပ်ပြီးကြက်ဗိုက်ကို ပြန်ချုပ်ရတာခက်သွားမယ်လေ

      • ကြွေလွင့် ပန်း

        November 12, 2014 at 7:28 am

        ပြောမယ့်သာပြောရတယ်
        ကြက်တစ်ကောင်လုံး ဝစ်လစ်စလစ်နဲ့ မြင်ရတာရှက်လို့ စာတွေတောင် မဖတ်ဖြစ်တော့ဘူး

        😀

  • ကေဇီ

    November 11, 2014 at 3:30 pm

    ဟေးဟေးဟေးးး
    ဒီစနေ ကို လက်တည့်စမ်းမို့ ဒီလို ပြောပြတာ အရမ်းရမ်းကျေးဇူးတင်ပြီး ချစ်ရပါတယ်။
    ကျနော့ မှ အဲလောက် အကြီးအသေးကွာတဲ့ အိုး တွေ မရှိဘူးး
    ဟီးဟီးးး
    ကြံစည်လိုက်ဦးမယ်။

    :k:

    • ခင် ခ

      November 11, 2014 at 3:38 pm

      ရှိတဲ့အိုးနဲ့ဗူးတွေနှင့် လုပ်လို့ရအောင် ငုံး ကောင်လုံး အစာသွတ် လုပ်ပေါ့ဗျာ ဟုတ်ဘူးလား။

      • ကေဇီ

        November 11, 2014 at 3:44 pm

        ငုံး မရတာ ပိုခက်သဗျ ကိုခရ…

        :k:

    • Novy

      November 11, 2014 at 4:17 pm

      ဇီဇီ…
      မွမွနိုရဲ့ ပန်ချီလက်ရာကအရမ်းပြောင်မြောက်နေလို့ပါ
      အပြင်မှာ အိုးသေးရဲ့ တစ်ဆခွဲလောက်ကြီးရင် ရပါပြီအေ..
      ပုံထဲ့ကလောက်ကြီးစရာမလိုပါဘူး ဟီးးးးးးးး

  • kyeemite

    November 11, 2014 at 3:42 pm

    .ကောင်းမဲ့ပုံပဲ မနိုရေ
    .တွေ့ဆုံပွဲကျရင်တစ်ကောင်လောက်ပေါင်းလာပါလား..ခိခိ :))

    • Novy

      November 11, 2014 at 4:30 pm

      .တွေ့ဆုံပွဲကျလို့ ရန်ကုန်မှာဆိုရင် လုပ်ပေးမှာပေါ့မိုက်မိုက်ရယ်

  • kai

    November 11, 2014 at 3:51 pm

    ကြက်ကြည်ြ့ပီး.. ကြက်သီးထတယ်..။ ကြက်သီးဆိုတာ ..ဒီလိုကိုး.. လို့..။
    ဆိုတော့…
    ကြက်က.. ယူအက်စ်ကကြက်နဲ့စာရင်.. ညှက်သဗျ..။

    လမ်းဘေးလမ်းလျှောက်နေတဲ့.. သဘာဝကြက်လားမသိ..။ :k:

    • Novy

      November 11, 2014 at 4:35 pm

      အဲ့လို့ 1kG လောက်ရှိတဲ့ မြန်မာကြက် (သဘာဝကြက်) ကို မနဲရှာရတယ်တော့
      မွေးမြူရေးကြက် (CP ကြက်) အသားကပွစိစိနဲ့ ပေါင်းလို့မကောင်းဘူးလေ.
      မြန်မာကြက်ကလေးကမှ ကျစ်ကျစ်လစ်လစ်ရှိတာ :k:

  • weiwei

    November 11, 2014 at 3:54 pm

    မြန်မာ့နည်း မြန်မာ့ဟန် အိုင်ဒီယာလေး သဘောကျတယ် ..

  • လာစီဖူ

    November 11, 2014 at 3:59 pm

    နို့ ဘိတ်ချဉ်ဆိုတာ ဘယ်လိုလေးပါလိမ့်??? 😀

    • Yae Myae Tha Ninn

      November 12, 2014 at 2:57 pm

      အရက်သမားအမြည်းထဲက အလကားရတဲ့ အမြည်းတမျိုး.. (ငံပြာရည်ရယ်၊ ငရုတ်သီးစိမ်းရယ်၊ ကြက်သွန်ဖြူရယ် ရောထားတာ)

  • pooch

    November 12, 2014 at 10:54 am

    တရုတ်စားပွဲတွေမှာတော့ ကောက်ညှင်းထည့်ပေါင်းပြီး ဇီးသီးတို့ သကြားရည်လောင်းတဲ့ ကြက်ကောင်လုံးပေါင်းတော့ ကြိုက်တယ် မင်္ဂလာဆောင်တွေ သွားရင် ဘုံကျောင်းက ကျွေးလေ့ရှိတော့ စားဖြစ်တယ်
    ဒါမျိုးတော့ မစားဖူးဘူး
    စားကောင်းမဲ့ပုံပဲ

  • Mr. MarGa

    November 12, 2014 at 12:01 pm

    ချက်နည်းတွေအကုန်ကျော်ပြီး ပုံတွေပဲကြည့်သွားတယ်
    စားကူပါရစေခင်ဗျ :mrgreenn:

  • Yae Myae Tha Ninn

    November 12, 2014 at 2:50 pm

    တကောင်လုံးတော့ အိမ်က စားအားမရှိပါ… ဈေးလဲ ကြီးတယ်.. ဘတ်ဂျက်မကျပါ… 🙂

  • မြစပဲရိုး

    November 16, 2014 at 12:35 am

    ကြက်တစ်ကောင် ဝယ် ခဲ့တယ်။
    . ပေါင်းဖို့ဟာ ကင် ပါ ဆိုတာနဲ့ ၂ မဲ ၁မဲ ကင်လိုက်ရတယ်။
    မလျှော့သေး။ ပေါင်းဖြစ်အောင် ပေါင်းပါ့မယ်။
    ကျေးဇူးပါ မနို ရေ။
    မောင်ကြီးဒါလင် ရောနေကောင်းလား။
    သမီးချောလေးရော နေကောင်းလား။ :))

  • CharTooLan

    November 17, 2014 at 12:28 pm

    သရီးဒီဒရော်ရင် နဲ့ဆွဲပြထားတဲ့ ဖစ်ဂါ မှာလေ 😀
    ကြက်ထဲ့ထားတဲ့ နေရာမှာ ရေမဝင်ရဘူးပေါ့နော် အိုက်လိုလား ??

Leave a Reply