Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အောင်ပွဲဆီသို့ Victorious

တီလုပ်နဲ့မြန်တျန့်ကို ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးလို့ အမှတ်သညာ ပြုသဗျ။ ဒီတော့ လက်သည်းဆိပ် လက်ထိပ်နာ၊ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ မမြင်ရတဲ့ကြိုးတွေ ချည်နှောင်မိနေသလား မသိပါဘူးဗျာ။ ၁၉၈၈ခုနှစ်ကစလို့ အဖြစ်အပျက်တွေ တအိမ်နဲ့တအိမ် ဆက်နွယ်နေတယ်။ ရှစ်လေးလုံး အရေးတော်ပုံဖြစ်ပြီး တနှစ်အကြာ ၁၉၈၉ ဂျွန်လမှာ လူထောင်ချီ ပစ်သတ်ခံရတဲ့ တိန်အင်မင် အရေးအခင်း ပီကင်းမှာ ဖြစ်တယ်။ စီကျွင်းငလျင်နဲ့ နာဂစ်မုန်တိုင်းလဲ သိပ်ကွာမှတ်တယ်။ ရွှေဝါရောင် သံဃာအရေးအခင်းနဲ့ တိဘက်အရေး ဆန္ဒပြမှုတွေရော မရှေးမနှောင်းပဲ မဟုတ်လား။ ခုလဲကြည့်.. ဟောင်ကောင်မှာ ကျောင်းသားတွေရဲ့ တရုတ် ကူမြူနစ်ပါတီ အုပ်ချုပ်မှုအပေါ် စိန်ခေါ်မှု ဖြစ်နေခိုက် မြန်တျန့်ပြည် စစ်အာဏာရှင်စနစ်ကို အပြီးသတ် ဖြိုလှဲတော့မည့် တတိယအကြိမ်မြောက် လူထုအရေးတော်ပုံကြီးအစ ကျောင်းသားလှုပ်ရှားမှုများ ဖြစ်ပေါ်နေပြီ။

မြန်တျန့်နိုင်ငံရေးသမိုင်းဆိုတာ ကျောင်းသားနဲ့စခဲ့တာ ကျောင်းသားနဲ့ပဲ အဆုံးသတ်ရမှာ မဟုတ်လား။ ၂၀၀ရခုနှစ်မှာ သံဃာတော်များ ရွှေဝါရောင်တော်လှန်ရေးနဲ့ ကမာ္ဘကို တုန်လှုပ်ပြစေခဲ့ပြီ။ ခုတချီတော့ ကျောင်းသားများအလှည့် သမိုင်းပေး ပုခုံးပြောင်းတာဝန် ကျလာခဲ့ပြီ။ ကျောင်းပုရဝုဏ် အသီးသီးကို ဖြန့်ခွဲ သိမ်းပိုက်ကြ။ ရန်ကုန်တက္ကသိုလ် ဗဟိုပြု လှုပ်ရှားကြပါ။ ကျောင်းသားသမဂ္ဂ တည်ရှိပိုင်ခွင့်နဲ့ လွတ်လပ်သော ပညာသင်ကြားရေးစနစ် ကျောင်းသားတိုင်း မိဘတိုင်းနဲ့ သက်ဆိုင်ကြောင်း စည်းရုံးလှုပ်ရှားကြပါ။

အောင်ပွဲဆီသို့
အောင်ပွဲဆီသို့

တိုးတက်သော သံဃာတော်များ၊ အဖိနှိပ်ခံ လယ်သမား၊ အလုပ်သမားများဟာ ကျောင်းသားထုရဲ့ သဘာဝ မဟာမိတ်များဖြစ်တယ်။ ရှစ်လေးလုံးအရေးတော်ပုံ ကနဦးသမိုင်းမှာ မဆလအစိုးမရက ရက်ရက်စက်စက် အလျင်အမြန် ဖြိုခွင်းခဲ့ပေမဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် လက်ထက်မှာ အပျော့ဆွဲသုံး စောင့်ကြည့်နေပုံပဲ။ အချိန်သည် အကောင်းဆုံးမိတ်ဆွေ၊ အခွင့်အရေးဖြစ်သလို အကြီးမားဆုံးရန်သူ၊ အဟန့်အတားလဲ ဖြစ်တယ်။ တိုက်ပွဲကြာလာလို့ စစ်ပန်းလူပန်းမဖြစ်ခင် တဖက်ယန္တယားကို ချုပ်ကိုင်နိုင်ဖို့ ကြိုးစားသင့်တယ်။ သူတို့ကလဲ ပြည်သူလူထုနဲ့ ကင်းကွာအောင်၊ ကျောင်းသားထုအတွင်း သွေးကွဲအောင် နည်းမျိုးစုံသုံး တုံ့ပြန်ကြလိမ့်မယ်။ အကောင်းဆုံးက အစိုးမရ ယန္တရားကို ချုပ်ကိုင်နိုင်လျင် အောင်ပွဲတဝက်ရပြီ၊ သို့သော် ဘိုသမ်းရွှေဂျီးက ဒါကို ကြိုမြင်တယ်၊ အုပ်ချုပ်ရေးဌာန အားလုံး နေပူတော ရွှေ့ထားပြီမို့ မိမိတို့နဲ့ဆိုင်တဲ့ ကျောင်းယန္တရား၊ မြို့ အုပ်ချုပ်ရေး ယန္တရားကိုသာ သိမ်းပိုက်ဖို့ ကြိုးစားပါ။ နေပူတော အထီးကျန် ဖြစ်ပါစေ။

နိုင်ငံရေးဟာ ကျောင်းသားနဲ့ မဆိုင်ဆို.. ခေါင်းပေါင်းစ တလူလူ၊ ပုဝါတကားကားနဲ့ မဲခိုးလွှတ်တော်တွင်း ငိုက်မြည်းနေသူများကို စောင့်နိုးပစ် လိုက်ကြပါ။ ခြေကားယား လက်ကားယား စကားကြီး စကားကျယ် သီအိုရီပြောနေသူများကို လက်တွေ့လုပ် ပြလိုက်ကြပါ။ သမိုင်းက တောင်းဆိုလာလျင် ကျောင်းသားဆိုတာ တပ်ဦးမှာ အမြဲရှိတယ်။ သွေးမနဲဘူး၊ အကြောက်အရွံ့ မရှိဘူး၊ မစဉ်းစားဘူး၊ ဒါဟာ လူငယ်စိတ်ဓာတ်ဖြစ်တယ်၊ ညီနောင်စိတ်ဓာတ်ဖြစ်တယ်။ ရယူမှုထက် ပေးဆပ်မှု တန်ဖိုးထားတဲ့ ပရဟိတ စိတ်ဓာတ်ဖြစ်တယ်။ လူကြီးများ လူကြီးအလုပ် မလုပ်သ၍ လူငယ်များ ဝင်ပါနေရတာ သမိုင်းရဲ့တောင်းဆိုမှု၊ လူတိုင်း လက်ခံရမည့် တရားပါပဲ။

မှတ်ချက်။ ကလားစိုက်ကျီးမှာ မရေးချဉ်ဗေမဲ့ ကျောင်းသားလှုပ်ရှားမှုအတွက် တတပ်တအား ပါဝင်လို၍ အနာခံ ရေးလိုက်သီ။ ပုံ – ၉၆၉ဒီမိုကြောင်ကြီး

 

8 comments

  • အလင်းဆက်

    November 17, 2014 at 1:21 pm

    တီလုပ်နဲ့မြန်တျန့်ကို ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးလို့ အမှတ်သညာ ပြုဗေမဲ့..
    အစည်းအဝေးလာတဲ့ တီလုပ်အကျီးဇားဂျီးကို.. ကြိုဇိုတဲ့ မြန်တျန့်အကျီးဇားဂျီးရဲ့ မက်နှာက…
    ခပ်တင်းတင်း ခပ်တီတီဘဲဗျ..
    ဂွစ်ဂွစ်…
    :k:

    ကလားဆိုက်ပေမဲ့
    တအားမိုက်။
    အရှားကြိုက်တွေမို့
    မနား လိုက် ။

    😆

  • မြစပဲရိုး

    November 17, 2014 at 3:38 pm

    ၈၈ မှာ ဆိုတာမျိုး ရနိုင်တော့ မယ် မထင်ပါ။
    ၈၈ ကာလ မှာက လူတန်းစား ကွဲ တာ မသိသာပါ။
    အခုချိန်မှာ ဆင်းရဲ ချမ်းသာ လူတန်းစား အရမ်း ကို ကွဲ ပြီး ကွာဟ လွန်းနေ ပါတယ်။
    ကြားက ဟိုမရောက် ဒီမပါ ငြိမ်ကြည့် နေတတ်သူ တွေ ဟာ နိုင်ငံ ရဲ့ ပြယုပ် ဖြစ်နေပါတယ်။
    ဒီအချက် ကဘဲ ၈၈ လို လူတန်းစားပေါင်းစုံ လူထုအုံကြွ တာမျိုး ဘယ်တော့ မှ မဖြစ်နိုင်ပါဘူး။
    နောက်ပြီး ဒီ ကလေးများ သိသင့်တာက ဒီချိန် အရေးကြီးဆုံး က ဘာလဲ ဆိုတာဘဲ၊
    ပညာရေး ကောင်းဖို့ ပညာရေး ကို စိတ်ပါလက်ပါ လုပ်ပေးမဲ့ အစိုးရ ကို ရအောင် တောင်းဆိုရမှာပါ။
    ဒါကို တစ်ခြားလမ်းလွှဲ လိုက်သွားရင်တော့
    ကလေး တို့ ရေ
    မင်းတို့ ရဲ့ နောက်မျိုးဆက် အတွက် ကမ္ဘာမှာ လူနေမှု အဆင့်အတန်း အကွာဟ ဆုံး နိုင်ငံ ဆိုတဲ့ ဂုဏ်တော့ ရလိမ့် မကွဲ့။
    အဲဒီ အတွက် ဆိုလဲ လုပ်ချင်တာ လုပ်ကြပါ၊
    တိုင်းပြည် အနာဂါတ် ကောင်းဖို့ လို့ တော့ မကြွေးကြော် ကြနဲ့။
    မင်းတို့ ရဲ့ ချစ်သော အဘ များ လက်ထဲ အာဏာ ရှိနေတုန်းဘဲ။
    သူတို့ လက်ထဲ တိုင်းပြည် က အခွင့်အလမ်း တွေ ပိုပို ရှိလာမှာ တော့ သေချာပါရဲ့။။
    ဒါပေမဲ့ ချမ်းသာ ပြီး သူတွေ သာ ပို ချမ်းသာမဲ့ အခွင့်အလမ်း တွေ နဲ့ပေါ့။
    🙄

  • မြစပဲရိုး

    November 17, 2014 at 3:43 pm

    ဒီ ကျောင်ခြင်ဘတ် ရဲ့ Post မှာ ရေးချင်ပေါင်တော်။
    သို့ပေသည့် အခြေအနေ ကွာဟ နေချက် ကို တောင် မမြင်ဘဲ ဟီးရိုး လုပ်နေကြတာ စိတ်ပျက်လွန်းလို့။
    ကိုယ့် သန်ရာ ကိုယ်ထင်ရာ ဒီလို လျှောက်လုပ်နေကြရင် ဘယ်လို ရနိုင်မလဲ စည်းလုံးမှု။
    တစ်ဖက်မှာတော့ ကန့်လန့်ကာ နောက်က လူနောက် လိုက် နေဆဲ။
    မမြင်ကြဘူးလားကွယ်။

    နာ့ ကို အသားလွတ် ဆဲ ရင် နင် တေဘီမှတ် ကြောင်ကြောင်။

  • ဦးကြောင်ကြီး

    November 19, 2014 at 1:40 pm

    ငါ့ ပို့စ်ကြတော့ လာမမန့်ဂျဗူး.. မန့်သူဂေါ မမန့်သူရော လီဖဲပွတ်…

    • မြစပဲရိုး

      November 19, 2014 at 3:37 pm

      ကြောင်ကြောင်
      ရှင်တို့ အဲဒီလို ဆဲဖို့ဘဲ တတ်။ သိလား။

      တစ်ဖက်မှာ ဒီ စစ်အစိုးရ စာတတ်လာပြီ။
      ပညာရေးစနစ် အတွက် ကျောင်းသားများ အကျိုး အတွက်ကိုလဲ တကယ် စိတ်ဝင်စားတာမှ မဟုတ်တာ။
      ဟန်ပြလုပ် နေတာမို့ ကျောင်းသားတွေ က စာခိုးချခွင့်ပေးဖို့ တို့၊ ဒီအတိုင်း အလွတ် အောင်ခွင့်ပေးဖို့ တို့ တောင်း လဲ ပေးမှာ။ စိတ်မပူနဲ့။
      လောလောဆယ် စည်းစိမ်ဥစ္စာမပျက်ရအောင် ရာဇပလ္လင်မြဲ ဖို့ က အဓိက။
      တစ်ခြား ဘာမှ စိတ်မဝင်စား။
      ဒီတော့ ဒါ နဲ့ မဆိုင်တာ တွေ သာ တောင်း။ အားလုံး ရစေရမယ်။
      နောက်မှ ဖြစ်ချင်ရာဖြစ် လေ။
      အခု ရွှေ့နေတဲ့ အကွက်တွေ အင်မတန်ညစ် တယ် ခေါ်လို့ လဲ ရပါ့။
      ပညာပါတယ် လဲ ခေါ်နိုင်ပါ့။
      ထိပ်တန်း နာမည်ပျက် သုံးယောက်၊ လေးယောက် လောက် ကို လွှတ်တော်အမတ် ထဲ ကထွက် ဖို့ ဖိအားပေးလိုက် နိုင်ရင် ခရက်ဒစ်ဘဲ။
      ဒါကို မလုပ်နိုင်ရင်တော့ ဒုံရင်း ဆိုတာပြတာဘဲ။

      NLD ကရော ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ သမ္မတ အရွေးခံ ဖို့ အခွင့်မရရင် ဘယ်သူ့ ကို လျာထားမလဲ အကွက်ချထားကောင်းပါရဲ့။

      ဒါထက်
      ၂၀၁ဝ အကြောင်း နမိတ်ပြခဲ့တဲ့ ရွာသား ပျောက်နေပါလား။

  • ကေဇီ

    November 19, 2014 at 2:37 pm

    ကျန်းးး
    ကျောင်းသားလေးတွေကို လမ်းဘော် ထွက်အောင် မြှောက်ပေးနေတယ်။
    သူတို့ဟာသူတို့ လယ်ကွင်းတွေ မြို့ပြင်တွေက ကျောင်းတွေမှာ အေးအေးလူလူ ပညာသင်ပါစေလားး

    👿

  • ဦးကျောက်ခဲ

    November 19, 2014 at 2:59 pm

    ဟောင်ကောင်မှာ ဆန္ဒပြတာတော့ ဒီမနက်ပဲ နိတ္ထိတံသွားပြီ…
    ဆန္ဒပြတာမမှားပေမည့် ထစ်ကနဲရှိ ဆန္ဒပြမယ်ဆိုတာတော့ နည်းလမ်းမကျသေးဘူး…
    တိုင်းပြည်အတွက် လိုအပ်တာကို ညှိယူလို့မရတဲ့အဆုံးမှ အင်နဲ့အားနဲ့ ဆန္ဒဖော်ထုတ်သင့်တယ်…
    မဟုတ်ရင်တော့ ဆန္ဒပြတာ ပြည်သူတွေအတွက် ရိုးသွားရင် ဘောင်းဘီချွတ်တွေ သည်းခြေကြိုက်…
    🙁

  • kai

    November 19, 2014 at 3:23 pm

    ယူအက်စ်မှာပြနေတဲ့ဆန္ဒကတော့.. ပွဲမပြီးသေးတဲ့အပြင်.. ပိုဆိုးသထက်ဆိုးလာသဗျ..။
    လတွေမနည်းတော့ဘူး..။ တောက်လျှောက်နေ့တိုင်းချနေတာ..
    စစ်တပ်ဝင်တားတာလည်း..မရ..။

    မြန်မာပြည်မှာက… ဒီတခါကျောင်းသားနဲ့စဖို့.. တော်တော်ခက်မယ်..။
    စိနပြည်ကလို.. အာဏာရှိသူကလုပ်တဲ့.. “ယဉ်ကျေးမှုတော်လှန်ရေး”နဲ့မှ..စလို့ရမယ်… ဖြစ်..။
    စဖြစ်မှလည်း.. နောက်မျိုးဆက်တွေမယ်.. တိုင်းပြည်ကောင်းသွားမယ်.. ဖြစ်..။
    =
    FBI Warns Ferguson Decision ‘Will Likely’ Lead to Violence By Extremists Protesters
    Nov 17, 2014, 6:34 PM ET
    As the nation waits to hear whether a Missouri police officer will face charges for killing unarmed teenager Michael Brown in Ferguson, Mo., the FBI is warning law enforcement agencies across the country that the decision “will likely” lead some extremist protesters to threaten and even attack police officers or federal agents.
    =

    Muslim groups seek to co-opt Ferguson protests, says watchdog group

    Fox News-1 hour ago
    Muslim groups have stepped up efforts to co-opt protests over the fatal shooting of Michael Brown in Ferguson, Mo., with a drive to equate the …

Leave a Reply