အိုင်တီဘဝ၊ အိုင်တီအလုပ်

ေဇယ်ာစံNovember 17, 20141min51821

အခန်း (၁)
ဒီနေရာမှာ စကားစပ်မိတယ်လို့ သဘောထားပြီး ပုစ္ဆာကလေးတစ်ပုဒ် လောက် တွက်ကြည့်ရအောင်လား ဗျာ။

ပေးချက်..ကျွန်တော်တို့သင်တန်းတွေမျိုးစုံ တက်ခဲ့ကြပါတယ်။
သက်သေပြချက် … ကွန်ပျူတာ သင်တန်း၊ စကားပြောသင်တန်း … စတာတွေ။

အခန်း (၂)
ကျွန်တော်မေးချင်တာက
မေးမြန်းချက်… အောင်မြင်မှု ဘယ်မှာလဲ။ ???

အခန်း (၃)
ဒါဆိုရင် ကျွန်တော်တို့ ပုစ္ဆာ စတွက် ကြည့်ရအောင်။
ကျွန်တော်တို့တတွေ ငွေထုပ်ပိုက်ပြီး တကောက်ကောက် လိုက်တက်နေကြရပေမယ့် တကယ်တမ်း သင်တန်းတွေပြီး လက်မှတ်တွေရကြတဲ့အခါ ဘာလုပ်ရမှန်းမသိ ယောင်ချာချာ ဖြစ်နေတတ်ကြပါရော။ … ကွာ အဲဒီလို ယောင်ချာချာ ဖြစ်မှန်းသိရင် … အစကတည်းကတောင် မတက်ခဲ့ပါဘူးပေါ့ …။ တချို့က တော့ နိုင်ငံခြားထွက် အလုပ်လုပ်ဖြစ်ကြတယ်။ ဒါဆိုရင် အိုင်တီဆိုတာ ပြည်တွင်းမှာ အသုံးချလို့မရတဲ့ ပညာရပ် တစ်ခုတဲ့လား။ တစ်ကယ်တော့ ကျွန်တော်တို့တွေအတွက် အိုင်တီနည်း ပညာကိုအသုံးချပြီး ပြည်တွင်းမှာ တစ်ပိုင်တစ်နိုင်လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းလေးတွေ များစွာရှိပါတယ်။ ဒါကိုSME (Small and Medium Enterprise) လို့ ခေါ်ပါတယ်။ ကျွန်တော် နမူနာတစ်ခုချင်း ပြောပြကြည့်ချင်ပါတယ်။

Normal Position

ပထမဆုံးက ပုံမှန်၊ သမားရိုးကျ ဝန်ထမ်းအလုပ်ပါ။ ကျွန်တော်တို့တွေ အနေနဲ့ ပြည်တွင်းမှာပဲ သင်ကြား လို့ရတဲ့ နိုင်ငံတကာအသိအမှတ်ပြု ဒီပလိုမာတွေ ဖြစ်တဲ့ IDCS တို့ IADCS တို့၊ CCIE, CCNA ဒီဘွဲ့တွေ ယူပြီးရင် အာဆီယံ ၁ဝ နိုင်ငံထဲက တခြားဖွံ့ဖြိုးတဲ့ စင်ကာပူတို့လို နိုင်ငံမျိုးတွေမှာ သွားပြီး အလုပ်လုပ် နိုင်ကြပါတယ်။ များသောအားဖြင့် စင်ကာပူမှာဆိုရင် Programmer,System Analyst, Network Engineer, Project Manager စတဲ့ ရာထူးတွေမှာ မြန်မာတွေ လုပ်ကိုင်ကြတာများပြီး လစာကတော့ အမေရိကန်ဒေါ်လာ ၁,၅၀ဝ လောက်က နေ ၅၀၀ဝ လောက်အထိ ရတတ်ကြပါ တယ်။ Project Manager (PM) လို ရာထူးမျိုးဆိုရင်တော့ MBA ဘွဲ့လိုမျိုးပါ တွဲရထားရင် အမေရိကန်ဒေါ်လာ ၁၀,၀၀ဝ လောက်အထိ ရတတ်တယ်လို့ ဆိုပါတယ်။ အခုလက်ရှိလည်း နာမည်ကျော် ဖေ့စ်ဘွတ်တို့၊ ဂူးဂဲလ်တို့မှာ မြန်မာဝန်ထမ်းတွေ ရှိနေကြပါတယ်။

ဒီမှာပဲ နေချင်တဲ့သူတွေအနေနဲ့ကတော့ ပြည်တွင်းက အိုင်တီစီးပွားရေး လုပ်ငန်း၊ သို့မဟုတ် NGO တွေမှာ ဝင်ရောက် လုပ်ကိုင်နိုင်ပါတယ်။ စစချင်း မှာတော့ ကိုယ့်မျှော်မှန်းထားသလို ဝင်ငွေ၊ အခြေအနေတွေကို ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တန်ဖိုးဖြတ်လို့ မရတဲ့၊ ငွေနဲ့ပေးဝယ်လို့မရတဲ့ အတွေ့ အကြုံကိုတော့ ကျိန်းသေရရှိနိုင်မှာပါ။ အဲဒီအတွေ့အကြုံတွေဟာ ကိုယ့်အတွက် ရွှေဥကလေးတွေပါ။ ကိုယ့်လိုအပ်ချက် တွေကို ထပ်ဖြည့်ရင်းနဲ့ ကိုယ်မျှော်မှန်း ထားတဲ့အခြေအနေကို တစ်ထစ်ချင်း တက်လှမ်း ဖန်တီးနိုင်ပါ တယ်။

သတိပြုရမယ့် အချက်တစ်ချက်က တော့ ဘယ်လိုင်းကို လိုက်တဲ့သူပဲဖြစ်ဖြစ် တစ်လိုင်းတည်း တစ်မျိုး တည်း ရပ်တည် လို့ မရတော့ပါဘူး။ ကမ္ဘာ့စီးပွားရေးလုပ်ငန်းအများစုဟာ T Person ပုဂ်္ဂိုလ် တွေကိုသာ လိုလားပြီး အလုပ်ခန့်လေ့ရှိ ကြပါတယ်။ T Person ပုဂ်္ဂိုလ်ဆိုတာက အင်္ဂလိပ်အက္ခရာ T ကို ဇောက်ထိုး ထားတဲ့ ပုံစံပါ။

ကျယ်ပြန့်တဲ့ အသိပညာ (Wide knowledge) ပေါ်မှာအခြေခံပြီး ကိုယ့်ရဲ့ Wide knowledge ကို တည်ဆောက်ယူရတဲ့ သဘောပါ။ ကျွန်တော်တို့အနေနဲ့ အိုင်တီကို လေ့လာပြီးတဲ့အခါမှာ တခြား စီးပွား ရေး စီမံခန့်ခွဲမှုလိုင်းတွေကို တွဲဖက် လေ့လာထားလိုက်မယ်ဆိုရင် ဝန်ထမ်း ဈေးကွက် (Labour-Market) မှာ ကိုယ့် ကိုယ်ကိုယ် ဈေးကောင်းကောင်း (Skimming Price)နဲ့ အစွံထုတ်နိုင်ကြမှာ ဖြစ်ပါတယ်။

Online Marketing

အင်တာနက်ကဖီးတွေကို နေရာအနှံ့ တွေ့မြင်လာရပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီအင်တာနက် ကဖီး လုပ်ငန်းဟာလည်း နည်းပညာကို အခြေပြုတဲ့ စီးပွားရေးအခွင့်အလမ်းတစ်ရပ် တစ်ခုအနေနဲ့ ဖြစ်ထွန်း လာပါတယ်။ ယေဘုယျ အားဖြင့် အင်တာနက်ကဖီးဆိုင်တစ်ဆိုင် ဖွင့်ဖို့ အခန်းငှားခ၊ ကွန်ပျူတာဝယ်ဖို့ ကုန်ကျစရိတ်၊ အခန်းပြင်ဆင်စရိတ်၊ အင်တာနက်လိုင်း၊ အလုပ်သမားစရိတ် စုစုပေါင်းသိန်း ၁၅ဝ ဝန်းကျင်လောက် ကုန်ကျနိုင်ပါတယ်။ ဒါပေမဲ့ အင်တာနက် ကဖီးတစ်ဆိုင်ရဲ့ တစ်နေ့ဝင်ငွေဟာလည်း နေရာကောင်းကောင်း (Strategic Location)၊ ပုံမှန်ဖောက်သည် (Loyal Customer) သာရှိမယ်ဆိုရင် မသေးလှတာမို့ အကျိုးအမြတ်ရှိတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

အခုနောက်ပိုင်းမှာ ခေတ်စားလာတာကတော့ မိုဘိုင်းဖုန်းဆိုင်လုပ်ငန်းပါ ပဲ။ သူကလည်း သိန်း ၂၀ဝ ပတ်ဝန်းကျင် ကုန်ကျနိုင်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီကြီးတွေနဲ့ ချိတ်မိပြီး ကိုယ့်ကို ယုံကြည်ခဲ့လို့ ခေါက်ပြန် ပေးစနစ်ထားနိုင်ခဲ့ရင် ပညာသင်တဲ့အလုပ်ကိုတောင် လှည့်မကြည့် ချင်နိုင်တော့လောက်အောင် ငွေလက် ဖျားသီးသွားနိုင်ပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့အတွက် ငွေအရင်းအနှီးက အဓိကအခက်အခဲ တစ်ခုပါ။ ကိုယ်တစ်ယောက်တည်း မနိုင်ရင် သူငယ်ချင်း ငါးယောက်လောက် ပေါင်းပြီး တစ်ယောက်ကို သိန်း ၃ဝ စီ လောက် ထည့်ပြီးလုပ် ရင်လည်း ဖြစ်နိုင် ပါတယ်။ လူများတော့ ဝန်ထမ်းစရိတ် လည်းသက်သာသလို အားလုံးတိုင်တိုင် ပင်ပင်နဲ့ ဆောင်ရွက်လို့ရတာမို့ အောင်မြင်ဖို့ Chance လည်း ပိုများပါတယ်။ ကျွန်တော်တို့တွေရဲ့ နဂိုဓလေ့က ပူး ပေါင်းဆောင်ရွက်မှု အားနည်းတာမို့ အဲ့ဒီစိတ်ဓာတ်တွေကို နည်းနည်းလေး ပြင်ပြီး ပူးပေါင်းဆောင်ရွက်ရင် တစ်ခုခု ဖြစ်လာနိုင်ပါတယ်။

Hardware Service

အိုင်တီရဲ့ နောက်အားသာချက်တစ်ခုက ကွန်ပျူတာပစ္စည်း Hardware ရောင်းဝယ်တဲ့လုပ်ငန်းနဲ့ Service ပေးတဲ့ လုပ်ငန်းပါ။ ဒီလုပ်ငန်းဟာ ဒီနေ့အထိ ကျွန်တော်တို့ဆီမှာ အတွင်ကျယ်ဆုံးနဲ့ အလုပ်အဖြစ်ဆုံး လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ နောက် နှစ် ၅ဝ လောက် အထိ အလုပ်ဖြစ်နေဦးမယ်လို့လည်း ကျွန် တော်ထင်ပါတယ်။ ကွန်ပျူတာ Hardware ရောင်းဝယ်ရေးအတွက် အရင်းအနှီးငွေကြေးပမာဏကတော့ ခုန က အင်တာနက်ကဖီး၊ မိုဘိုင်းဖုန်းဆိုင် တို့ထက်စာရင် ပိုများလှပါတယ်။ အဲဒီလို ပဲရမယ့် အကျိုးအ မြတ်ကလည်း မသေး လှပါဘူး။ ပြီးတော့ ကုမ္ပဏီကြီးတွေနဲ့ ရင်းနှီးမှု၊ ယုံကြည်မှုတွေအပေါ် မူတည် ပြီး ခေါက်ပြန်ကြေးသဘောမျိုး ချပေးတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ကိုယ့်ရဲ့ စီမံခန့်ခွဲမှုပေါ်မူတည်ပြီး ရင်းနှီးငွေ ပမာဏ (Investment Amount)ကို လျှော့ ချနိုင်ပါတယ်။ ခန့်မှန်းခြေHardware နဲ့ Service Center တစ်ခုအတွက် ရင်းနှီးငွေကတော့ ကျပ်ငွေ သိန်း ၅၀ဝ ကနေ တစ်ထောင်အတွင်းမှာ ရှိပါတယ်။ အစုစပ်အဖြစ် လုပ်ကိုင်သင့်ကြတဲ့ လုပ်ငန်း တစ်ခုဖြစ်ပါတယ်။

Web Ownership

အခု လတ်တလောမှာ စတင်ထွန်းကားစ ပြုလာပြီဖြစ်တဲ့ ဒီအမျိုးအစားက Website Service နဲ့ Web Ownership လုပ်ငန်းပါ။ လက်ရှိအခြေအနေမှာ ပြည်တွင်းအိုင်တီ ပစ္စည်းတွေက သယ်ရောင်းအဆင့်ပဲ ဆိုတော့ အကျိုးအမြတ် မရနိုင်သေးပေမယ့် ဒီလုပ်ငန်းကနေ မက်လောက်စရာIncome နဲ့ Profit တွေ ကို ကျွန်တော်တို့ လှမ်းမြင်နေရပါတယ်။ Web Site business အတွက် ရုံးခန်း နေရာ (office space)တွေ၊ ရင်းနှီးမြှုပ်နှံ မှု (Investment) တွေ ဘာမှ သိပ်ကြီးကြီးမားမား မလိုပါဘူး။ အင်တာနက် Service နဲ့ ကွန်ပျူတာတစ်လုံးရှိရင် အချိန်မရွေး နေရာမရွေး Website တစ်ခုကို Operate လုပ်လို့ရပါတယ်။ ကျွမ်းကျင်မှု (Skill) နဲ့ အကြံဉဏ် (Idea)တော့လိုအပ်တာ ပေါ့။ ကမ္ဘာကျော် Google တို့ Facebook တို့ဟာ ဒီလိုနဲ့အစပြုပြီး အောင်မြင်မှုရခဲ့ ကြတာပါ။ ကျွန်တော်တို့တွေအတွက်လည်း တကယ့်ကို ကြီးကြီး မားမား အိပ်မက်ကြီးတွေ မက်ချင်တိုင်းမက်နိုင်တဲ့ နယ်ပယ်တစ်ခုပါပဲ။ စစချင်းမှာတော့ လောလောလတ် လတ် ကိုယ့်ပြည်တွင်းမှာ လုပ်လို့ကိုင်လို့ အဆင်ပြေ အလုပ် ဖြစ်နိုင်မယ့် လုပ်ငန်းမျိုးလေးတွေကနေ အစပြု လုပ်ကိုင်သင့်ပါတယ်။ ဥပမာ-Online ကနေ လက်ဆောင်ပစ်္စည်းတို့ ပါဆယ်တို့ ပို့ပေးတဲ့ Service လိုဟာမျိုး လေးတွေပါ။ Idea ကောင်းရင် ကောင်းသလောက် အကျိုးရှိနိုင်တဲ့လုပ်ငန်း ဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ လူတိုင်းကို အိပ်မက် မက်စေချင်ပါတယ်။

Freelance Professional

လူတွေသိပ်မမြင်ကြတဲ့Hidden Opportunity တစ်ခုကတော့ အလွတ် Professional အဖြစ်ရပ်တည်မှု Free-lance Professionalismပါ။ ဒါကတော့ ကိုယ်ကျွမ်းကျင်တဲ့နယ်ပယ် WebDesign, Network တစ် ခုခုမှာ အလွတ်တမ်း Service Provider အဖြစ် ရပ်တည်တဲ့ သဘောပါ။ ရုံးနေ့တိုင်းတက်ရတာတို့၊ စည်း မျဉ်းစည်းကမ်းတွေနဲ့ နေရတာတို့ကို မနှစ်သက်တဲ့ လူငယ်တွေအတွက် အထူး သင့်တော်ပါတယ်။ တစ်ခါတစ်ရံမှာ ဒီဇိုင်နာတစ်ယောက်ဟာ ရုံးတစ်ခုခုမှာ လုပ်နေရင်တစ်လကို လစာငွေ တစ်သိန်း ဝန်းကျင်လောက်ပဲ ရနိုင်ပေမယ့် ပြင်ပက အပ်တဲ့ဒီဇိုင်းတွေကို တကယ်လုပ်ပေးနိုင် ရင် ပျှမ်းမျှတစ်လကို လေး ငါး ခြောက် သိန်းလောက်အထိ ဝင်ငွေရရှိနိုင်တာကို တွေ့ရပါတယ်။

ဒါ့ပြင် သင်ကြားရေးကိုဝါသနာပါတဲ့ လူငယ်တွေအတွက်ကတော့ သက်ဆိုင်ရာ နိုင်ငံတကာအသိအမှတ် ပြုဘွဲ့၊ ဒီပလိုမာတွေကို ထူးထူးချွန်ချွန် အောင်ပြီးသွားရင် အလွတ်သဘောနဲ့ Guide အဖြစ် သင်ကြားပြ သပေးလို့ရသလို ကွန်ပျူတာ သင်တန်းတွေမှာလည်း အချိန်ပိုင်းနည်းပြအဖြစ် ဝင်ရောက် သင်ကြားပေး နိုင်ပါတယ်။ Guide တွေ၊ သင်တန်းနည်းပြဆရာတွေရဲ့ ဝင်ငွေကလည်း တစ်လကို သိန်းချီ ဝင်ငွေရှိပါ တယ်။

အခန်း (၄)
တစ်ခါတုန်းက နယ်မြေသစ်၊ ဒေသ သစ်တွေ ရှာဖွေနိုင်လို့ ကိုလံဘတ်ကို ဘုရင်မကြီးက ဂုဏ်ပြုသတဲ့။
ဖြစ်ချင်တော့ အဲဒီဂုဏ်ပြုအခမ်းအနားမှာကိုပဲ ကိုလံဘတ်စ်ကို မကောင်း ပြောတဲ့သူတွေရှိတယ် ဆိုပဲ။ အဲဒီလူတွေ က “ကိုလံဘတ်လောက်ကတော့ ငါတို့လည်း ရှာနိုင်တာပေါ့ကွာ…” တဲ့။

အဲဒီလို ပြောနေ၊ ဆိုနေကြတာ များလာတော ကိုလံဘတ်ကြီး စိတ်ထဲ မရိုး မရွ ဖြစ်လာတယ်နဲ့ တူပါတ ယ်။
“ကဲ၊ ဒါဖြင့် ဟောဒီ ပြောင်ချောနေတဲ့ စားပွဲပေါ်မှာ ဟောဒီ ကြက်ဥကို ဘယ်သူ ထောင်ပြနိုင်သလဲ” ဆိုပြီး ထပြီး စိန်ခေါ် ပါလေရော..။

ဝေဖန်သံတွေ ငြိမ်သွားလိုက်တာ၊ ယုတ်စွအဆုံး တီးတိုးသံကို ကြားဖို့ဝေး လို့ တစ်ယောက် အသက်ရှူသံ တောင် တစ်ယောက် ပြန်ကြားရတော့တဲ့အထိပဲ၊၊ အဲဒီလို ပြောင်ချောနေတဲ့ ကျောက်သလင်း စားပွဲကြီး တစ်ခုပေါ်မှာ လုံးဝန်း တဲ့ ကြက်ဥတလုံးကို ထောင်ပြနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမှ မဟုတ်တာ။ နတ် ဒေဝါတွေလို အစွမ်းတွေများ ကိုလံဘတ် ကြီး ရှိနေပြီလားပေါ့။ ဘာလဲ …။ ငြိမ်ပြီး အားလုံး …စောင့်ကြည့်နေကြ တုန်း …။
“ကဲ ။ ခင်ဗျားတို့ မထောင်နိုင်ရင် ကျုပ်ထောင်ပြပါမယ်” … ဆိုပြီး .. ကြက်ဥဖင်ကို ခွပ်ကနဲ ရိုက်ပြီး ထောင်ပြ လိုက်တယ် ဆိုပါလေရော …
“ဟာကွာ”… ဆိုတဲ့ အာလုပ်သံ ကြီး ဝေါကနဲ ထွက်လာတော့တယ်။
“ဒီလောက်တော့များကွာ”
“အေးလေ။ ဒါလေးများအေ ..”
“လွယ်လွယ်လေးကို… ”
ဆိုတဲ့ စကားသံတွေ ကြွက်စီကြွက်စီ နဲ့ ဘဝဂ်ညံနေအောင်ကို ထွက်လာတော့ တာပေါ့။
ကိုလံဘတ်ကြီးကတော့ ဘာမှ ပြန် မပြောပါဘူး။
အေးအေးဆေးဆေးပါပဲ။ ပြီးတော့ …။
ခပ်ပြုံးပြုံးပါပဲ။

အခန်း (၅)
ဖြေရှင်းချက်… ကျွန်တော် ကြက်ဥ ထောင်ပြနိုင်ခဲ့ပါတယ်။

21 comments

  • ဇေယျာစံ

    November 17, 2014 at 4:50 am

    မဇျွိမသတင်းစာ အတွက် ရေးဖြစ်တာလေး ကို ပြန်ပြီး ပို့စ် တင်လိုက်တာပါ ခင်ဗျား။

  • manawphyulay

    November 17, 2014 at 9:48 am

    ဂေဇက်မှ ကြိုဆိုပါတယ်… မတွေ့တာ အတော်ကြာပြီ ဘာတွေလုပ်နေတုန်းဟ….

    • ဇေယျာစံ

      November 17, 2014 at 2:28 pm

      ဘာမှလုပ်ပုစ် ။ လုံးချင်းတွေပဲ ရေးနေတယ် မယမင်း

  • kyeemite

    November 17, 2014 at 9:50 am

    .အင်မတန်ကောင်းတဲ့ပို့စ်လေးပါ…ဒီနေ့လူငယ်အိုင်တီသမားတွေအတွက်အင်မတန်အသုံးကျမဲ့အိုင်ဒီယာတွေ…ပါပဲ…

  • ဇေယျာစံ

    November 17, 2014 at 2:29 pm

    အားလုံးကို ကျေးကျေးပါဂျာ။

  • Mr. MarGa

    November 17, 2014 at 3:02 pm

    တကယ်ကောင်းတဲ့ ပို့စ် တစ်ပုဒ်ပါ
    အိုင်တီ ဆိုတာကို ဂြိုလ်သားလို အကြည့်ခံခဲ့ရဖူးတဲ့ အချိန်တွေ ရှိခဲ့ဖူးပါရဲ့ဗျာ

  • kai

    November 17, 2014 at 3:07 pm

    လက်တွေ့လုပ်ကြပါလေ..
    လိုတာပြော..။ ပေးနိုင်တာပေးမယ်ဖြစ်..။ :k:
    =

    Source of the story

    The Columbus story may have originated with Italian historian and traveler Girolamo Benzoni. In his book History of the New World, published in 1565,[2] he wrote:

    Columbus was dining with many Spanish nobles when one of them said: ‘Sir Christopher, even if your lordship had not discovered the Indies, there would have been, here in Spain, which is a country abundant with great men knowledgeable in cosmography and literature, one who would have started a similar adventure with the same result.’ Columbus did not respond to these words but asked for a whole egg to be brought to him. He placed it on the table and said: ‘My lords, I will lay a wager with any of you that you are unable to make this egg stand on its end like I will do without any kind of help or aid.’ They all tried without success and when the egg returned to Columbus, he tapped it gently on the table breaking it slightly and, with this, the egg stood on its end. All those present were confounded and understood what he meant: that once the feat has been done, anyone knows how to do it.

    The factual accuracy of this story is called into question by its similarity to another tale published fifteen years earlier (while Benzoni was still traveling in the Americas) by painter and architect Giorgio Vasari.[3] According to Vasari, the young Italian architect Filippo Brunelleschi had designed an unusually large and heavy dome for Santa Maria del Fiore, the cathedral (Duomo) in Florence, Italy. City officials had asked to see his model, but he refused, proposing instead:

    That whosoever could make an egg stand upright on a flat piece of marble should build the cupola, since thus each man’s intellect would be discerned. Taking an egg, therefore, all those Masters sought to make it stand upright, but not one could find a way. Whereupon Filippo, being told to make it stand, took it graciously, and, giving one end of it a blow on the flat piece of marble, made it stand upright. The craftsmen protested that they could have done the same; but Filippo answered, laughing, that they could also have raised the cupola, if they had seen the model or the design. And so it was resolved that he should be commissioned to carry out this work.

    When the church was finally built it had the shape of half an egg slightly flattened at the top.[4]

  • တောင်ပေါ်သား

    November 17, 2014 at 3:42 pm

    ( ဒါလေးက ဒီနေ့ 7Days သတင်းစာထဲကပါ ၊ )
    မြန်မာနိုင်ငံတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက် အောက်ရှိ တက္ကသိုလ်များမှ ကျောင်းသား ၆,၀၀ဝ ကျော်၊ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များမှ ကျောင်းသား၁,၅၀ဝ ကျော်၊ ကွန်ပျူတာအသင်းချုပ်မှ ကျောင်းသား ၁,၅၀ဝ ကျော်နှင့် ပုဂ္ဂလိက ကျောင်းများမှ ကျောင်းသား ၁,၀၀ဝ ကျော် စုစုပေါင်း ကျောင်း သားတစ်သောင်းကျော်ခန့် နှစ်စဉ် ပေါ်ထွက်သော်လည်း နည်းပညာနယ်ပယ်သို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်သည့်အရေအတွက်မှာ နည်းပါးနေကြောင်း သတင်းရရှိ သည်။

    ‘‘ပြည်တွင်းက ကျောင်းတွေ မှာ သင်လိုက်တာတွေက လုပ် ငန်းခွင်အတွက် အဆင်သင့်မဖြစ် ဘူးဖြစ်နေတယ်။ ကုမ္ပဏီတွေက လည်း ကျွမ်းကျင်ဝန်ထမ်းတွေကို ပဲ အဓိကခေါ်တဲ့အတွက် အလုပ် အကိုင်အခွင့်အလမ်းတွေရှားပါး နေတယ်။ တကယ်တော်တဲ့ လူ ငယ်တွေထဲက အများစုကလည်း အခွင့်အလမ်းပိုရှိတဲ့ ပြည်ပကိုပဲ ထွက်သွားကြတယ်’’ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်း အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းက ပြောသည်။

    အိုင်စီတီနယ်ပယ်၌ အလုပ် အကိုင်အခွင့်အလမ်းများပေါ် ပေါက်လာစေရန် ပြည်တွင်းရှိ ကျောင်းများအနေဖြင့် လုပ်ငန်း ခွင်နှင့်နီးစပ်သော သင်ရိုးညွှန်း တမ်းများကို ပြောင်းလဲသင်ကြားပေးရန်လိုအပ်ပြီး ကုမ္ပဏီ အနေ ဖြင့် လူငယ်များအား လိုအပ်သော အရည်အချင်းနှင့်ကိုက်ညီစေရန် သင်ကြားမှုများ ပြုလုပ်ပေးပြီး အလုပ်ပေးရန် လိုအပ်နေကြောင်း နည်းပညာနယ်ပယ်မှ ကျွမ်းကျင် သူများက သုံးသပ်သည်။

    မြန်မာနိုင်ငံ၌ အိုင်တီကုမ္ပဏီ ပေါင်းတစ်ထောင်ကျော်လုပ်ကိုင် လျက်ရှိပြီး နည်းပညာဆော့ဖ်ဝဲလ် ထုတ်လုပ်သည့် ကုမ္ပဏီပေါင်း တစ်ရာကျော်လုပ်ကိုင်လျက်ရှိ ကြောင်း . . . .

    • Mr. MarGa

      November 17, 2014 at 3:56 pm

      hard truth ပါ
      ဒါပေမယ့်
      ကွန်ပျူတာ တက္ကသိုလ်တွေက သင်ရိုးညွှန်းတမ်းတွေဟာ development ပိုင်းကို ပို ဦးစားပေးပါတယ်။ ဒီသင်ရိုးတွေဟာ လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချတတ်ရင် ရွှေပါပဲ။ လုပ်ငန်းခွင်ဝင်ချိန်မှ ပြန်သင်ရမယ်ဆိုရင် အချိန်အတော်ပေးရမှာလေ။ (တကယ်တော့ ဒါ နိုင်ငံတကာစံနဲ့ အညီပါပဲ)
      ပြည်တွင်း ကုမ္ပဏီ အတော်များများက application ပိုင်းကို အဓိက ထားပါတယ်။
      အဲဒီမှာ ဟ. နေတာပါ။ (ဒီမှာက research & development အရမ်း အားနည်းနေတာကိုးဗျ။ တက္ကသိုလ်ရဲ့ အနှစ်သာရဖြစ်တဲ့ အဲ့အချက်က ပျောက်နေတာ)
      နောက်တစ်ချက် ရှိတာက
      ကျောင်းတွေနဲ့ ကုမ္ပဏီတွေ အသင်းအဖွဲ့တွေ ချိတ်ဆက်မှု အားနည်းနေတာပါ။
      ကျောင်းသားတွေကို နောက်ဆုံးနှစ်လောက်မှာ လုပ်ငန်းခွင်ထဲ အချိန်ပိုင်း ထည့်ပေးတာမျိုးက သူရို့တွေအတွက် ပို အဆင်ပြေမယ်လို့ တွေးမိတယ်။
      အခုက စာတွေ့နဲ့ လက်တွေ့ကြား ကွာဟချက် အရမ်းများနေတော့ လုပ်ငန်းရှင်တွေအတွက်လည်း အဆင်မပြေ။ ကျောင်းသားတွေအတွက်လည်း အဆင်မပြေနဲ့ နှစ်ဖက်လုံး နစ်နာနေရတယ်။
      လက်ရှိ ကွန်ပျူတာတက္ကသိုလ်ကထွက်တဲ့ ကျောင်းသူကျောင်းသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိနေပေမယ့် အတော်များများက အိုင်တီနယ်ပယ်နဲ့ အဆက်ပြတ်နေကြတယ်။
      ကျောင်းနဲ့ လုပ်ငန်းခွင်ကြားမှာ ပေါင်းကူးပေးနိုင်မယ့် ကြားကာလလေး တစ်ခုသာ ဖြည့်ပေးလိုက်ရင် ဒီပြဿနာတွေ အဆင်ပြေနိုင်မယ့် အခြေအနေလို့တော့ တွေးမိပါရဲ့

  • Shwe Ei

    November 17, 2014 at 4:04 pm

    အလုပ်တစ်ခု လုပ်နေဘီဆိုရင် တကယ်တမ်းအရေးပါတာက Continuous Learning Environment .ဖြစ်တယ်လို့ ပြောရင် ဘဒူမှအရေးမလုပ်ကြသေးပါခီညော်။
    သင်တန်းတွေ မဆုံးနိုင်အောင်တက်ပီး လက်မှတ်တွေတပွေ့တပိုက်နဲ့ လစာများများ မျှော်လင့်နေကြသူတွေသာ များလာလို့…ကျွမ်းကျင်ဝန်ထမ်းရှားပါးနေတာပါ။
    .ပိုဆိုးတာက အလုပ်တစ်ခုမှာ ၆လတန်သည် ၁နှစ်တန်သည် အချိန်မပေးချင်ကြဘဲ ခနခန ဟိုခုန် ဒီခုန်လုပ်လွန်းတာနဲ့ဘဲ အတွေ့အကြုံကလဲ ရသင့်သလောက်မရ လစာကျလဲ ရချင်သလောက် မရတွေ .ဖြစ်ကုန်ပါကြောင်း..စာရင်းချုပ်တော့ အလုပ်ရှင်ရော အလုပ်သမားရော ၂ဦး၂ဖက် အကျိုးအမြတ်နည်းတာသာဖြစ်ကြောင်း 😛

  • မြစပဲရိုး

    November 18, 2014 at 3:52 am

    အောင်မြင်မှုတိုင်း မှာ ကံကောင်းခြင်း ဆိုတဲ့ အကြောင်း လေးများ ရော ပါမယ် မထင်ဘူးလား။
    အောင်မြင်မှုတိုင်း ဟာ ကြိုပြီးရေးထား တဲ့ ကွန်ပျူတာ ပရိုဂရမ် တစ်ပုဒ် လိုဘဲ လို့ ရော တွေးဘူးလား။
    :))

  • uncle gyi

    November 18, 2014 at 10:19 pm

    ကိုဇေယျာပြောတဲ့သူငယ်ချင်တွေစုလုပ်ဆိုတာဖြစ်နိုင်ရင်ကောင်းပါတယ်
    ဒါပေမဲ့မြန်မာရဲ့အကျင့်၂ယောက်ရှိရင်၃ခြမ်းကွဲတယ်ဆိုတာအရင်ပြင်ရပါမယ်
    မြန်မာမှာကပူးပေါင်းလုပ်တဲ့အလေ့နည်းပါတယ်
    အဓိကကမြန်မာမှုကိုမပြင်နို်င်ရင်ဖြစ်ဖို့မလွယ်ဖူးလို့မြင်ပါကြောင်း

    • kai

      November 19, 2014 at 2:41 am

      ထေရာဝါဒသမားတွေထဲ.. မူလအယူအဆကိုက… တယောက်ထဲ ၃ကိုယ်ခွဲထားတာလို့.. ရေးခဲ့ဖူးတယ်..။
      အရင်ဘဝ(အတိတ်)က.. ကိုယ်ရယ်…
      ဒီဘဝက ကိုယ်ရယ်…။
      နောင်ဘဝ(အနာဂတ်) က ကိုယ်ရယ်..။

      မြန်မာတွေက.. မကောင်းတတခုခုဆို.. အတိတ်ကံမကောင်းလို့ဆိုပြီး… ဖြေလိုက်ပြီးတော့..
      အလှူလုပ်တယ်ဆိုရင်လည်း.. ငါ့လက်ကလွတ်ဗြွတ်.. အလှူလက်ခံသူအကျိုရှိမရှိကြည့်တာထက်.. ကိုယ်(ကိုယ်) နောင်ဘဝကောင်းအောင်ရည်စူးလှူတယ်..။

      ဒီကြားထဲ…
      ဟိုမှာဖက်.. အရီးအေးရေးလိုက်တာကြည့်ပါလား..
      “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”တဲ့..။
      ပစ္စုပ္ပန်ကိုယ်တောင်.. ကိုယ့်ဒူးကိုယ်.. ခွဲခြားဆက်ဆံလိုက်သေး…။

      ဒီလောက်ခွဲခြားဆက်ဆံနေတတ်တဲ့ဓလေ့ကနေ.. ပေါင်းလုပ်မယ်ဆို.. ဘာကိုပေါင်းချင်ပါလိမ့်.. လို့ပြောရမယ်..။ :i:

      ဆိုတော့…
      ပညာရေးကြောင့်လည်းမဟုတ်..။ နိုင်ငံစနစ်ကြောင့်လည်းမဟုတ်..။
      အတွေးအခေါ်တို့၏ မူလဘူတသည်..ဘာသာရေး.. :k:

      • မဟာရာဇာ အံစာတုံး

        November 19, 2014 at 3:46 pm

        ဒီလို ရှိတယ် သဂျီးရဲ့ …
        လူသားတွေရဲ့ မွေးကတည်းက ပါလာတဲ့ ဓါတ်တွေထဲမှာ
        ပေါင်းစည်းခြင်း ဆိုတဲ့ ဓါတ်လည်း ပါသဗျ ….
        ဘာသာရေး နဲ့သာ အဲ့ဒီ ပေါင်းစည်းခြင်း ဓါတ်ကို ခြေဖျက်ကြတာ …
        ဒါတောင် နောက်ပိုင်း ဒီပေါင်းစည်းခြင်း ဓါတ်ကို ဘာသာရေးလည်း မနိုင်တော့ဘူးရယ် …

        အခု သဂျီး ပြောနေတဲ့ ပုံစံ အရဆိုရင် ….
        ဆန့်ကျင်ဘက်ကြီး ဖြစ်နေတယ် …။

        လူတွေက အရွယ်လေး ရောက်လာတာနဲ့ မိန်းမ ယူကြ၊ ယောက်ကျား ယူကြတယ် …
        {မရလို့ မယူတဲ့ လူတွေတော့ မပါဘူးပေါ့နော်} :mrgreen:
        ဒါဟာ ပေါင်းစည်းခြင်း ဆိုတဲ့ ဓါတ်က နိုးဆော်လို့ပဲ …

        ကမ္ဘာ့ လူဦးရေထဲ စစ်တမ်းကောက်ကြည့်ပါ သဂျီးရာ …
        ပေါင်းစည်းခြင်းဓါတ် ဘယ်လောက် အစွမ်းထက်သလဲ ဆိုတာ တွေ့ရပါလိမ့်မယ် …။
        မြန်မာပြည်ထဲလည်း ကြည့်ဦး ….
        အမလေး … သောက်သောက်လဲ လင်မယားများ .. ပေါက်လိုက်ပါဘိသနဲ့ …
        ဒါကိုပဲ သဂျီးက ဘာကို ပေါင်းမလဲ … တဲ့ ….။
        ယီစရာဂျီး …. :mrgreen:

        ဘာသာရေး ဆိုတဲ့ အရာက အဲ့ဒီ ပေါင်းစည်းတဲ့ ဓါတ်ကို ဖျက်ပစ်တာ …
        ဒါကတော့ အသိသာ ကြီးပဲ ….
        ဒီလို အသိသာကြီးကို မသိတဲ့ သဂျီးကတော့ …
        အဟင်း .. ဟင်း … :mrgreen:

    • ဇေယျာစံ

      November 23, 2014 at 8:19 pm

      ပူးပေါင်းဖို့အတွက် အဓိကကတော့
      အားမနာတတ်ဖို့ရယ် ၊ ဥပဒေကို နားလည်ဖို့ရယ် ပဲ ဖြစ်မယ် ထင်ပါတယ်။

  • padonmar

    November 18, 2014 at 10:22 pm

    လက်တွေ့ပါတဲ့ အကြံဉာဏ်လေးတွေမို့ တန်ဖိုးထားပါတယ်။
    ရွာထဲ အမြဲနေပါနော်။

    • ဇေယျာစံ

      November 23, 2014 at 8:17 pm

      ကျေးဇူးပါဗျာ

  • မြစပဲရိုး

    November 19, 2014 at 4:33 pm

    kai says:
    ( အတွေးအခေါ်တို့၏ မူလဘူတသည်..ဘာသာရေး..)

    အမှန်တော့ ပြောရရင် ဒီစကားက အတော်စိတ်ဝင်စားစရာပါ။
    ဘာသာရေး လို့ ပြောတော့ ဘောင်အကျဉ်းချုံ့ မကြည့်ဘဲ နဲနဲချဲ့ ကြည့်စို့။
    ဘာသာရေး လို့ ဆိုတော့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိဒ္ဒူဘာသာ နဲ့ တစ်ခြား ဘာသာရေး တွေလဲ ရှိပါတယ်။
    ဒီထဲမှာ ဘုရားသခင် ကိုးကွယ်တာ ၃ဘာသာ နဲ့ ဗုဒ္ဓဘာသာ ကတော့ ဘုရားသခင် မရှိ တဲ့ ဘာသာပေါ့။
    သူကြီး က ဗုဒ္ဓဘာသာ ကိုဘဲ ရိုးမယ်ဖွဲ့ နေတာ ဘာကြောင့်လဲ။
    တစ်ခြား ဘာသာ ကိုးကွယ် တဲ့ နိုင်ငံ တွေ က အေးချမ်းပြီး မြန်မာနိုင်ငံ က ဘဲ မအေးချမ်း လို့လား။
    တစ်ခြား ဘာသာ ကိုးကွယ် တဲ့ နိုင်ငံ တွေ က လောဘ ဒေါသ ကင်းပြီး မြန်မာနိုင်ငံ က ဘဲ လောဘ ဒေါသ မကင်း လို့လား။
    တစ်ခြား ဘာသာ ကိုးကွယ် တဲ့ နိုင်ငံ တွေ က လူ တွေ က လူသားချင်း စာနာတတ်ပြီး မြန်မာနိုင်ငံ က လူ တွေကဘဲ လူ အချင်းချင်း ဖိနှိပ် နေလို့လား။

    ကိုယ့် အယူအဆ ကိုယ် ကိုးကွယ်ရာ သာ မြင့်မြတ်ကြောင်း သက်သေထူဖို့ စစ်ပွဲ များဆင်နွှဲ နေတာ ဒီနေ့ အမြင်ဘဲ။
    ဒါကြောင့် ဘာသာရေး ဟာ လူ တွေ မအေးချမ်းစေ တာ ဆိုတာ ကို အေးသီးရစ် များ စွပ်စွဲ နေကြတာပေါ့။
    သူတို့ (အဓိက – အစ္စလာမ်ဘာသာ) ဘာသာရေး က (အစွန်းရောက်) စာထဲ မှာ ကို သူတို့ ဘာသာဝင်မှ မဟုတ်ရင် ကျန်တာ မိစ္ဆာများ မို့ အားလုံး ကို ရှင်းထုတ် ရမှာမို့ အဲဒီ အတိုင်း လုပ်နေတာ။

    ကျွန်မ သိ တဲ့ ဗုဒ္ဓဘာသာ က
    လူသားတိုင်း ဟာ အားလုံး အတူတူ ဘဲ။
    ဒါပေမဲ့ မြင်ြ့မတ် တဲ့ သီလ (ကိုယ်ကျင့်သိက္ခာ) ရှိတဲ့၊ လူသားအားလုံး ကို မေတ္တာပွါးနိုင်တဲ့ သူ ရဲ့ စိတ်ဓာတ် ကတော့ အတ္တတွေ စွန်းနေတဲ့ သူ ထက်တော့ မြင့်မြတ် ပါတယ်။
    ဒါနဲ့ ဘဲ ဘယ်သူက ဘယ်သူ ထက် သာ တယ် မြင့်မြတ်တယ် ကို တိုင်းနိုင်ပါတယ်။
    သင်္ကန်းဝတ်ပြီး သီလ မစောင့် သူ နဲ့ မိန်းမ ဖြစ်ပြီး သီက စင်ကြယ် သူ ဘယ်သူ့ ကို ရိုသေထိုက်လဲ။
    တကဲ့ တရားတော်အစစ် က သီလစောင့်သူ ကို ရိုသေထိုက်သူ လို့ ပြောပါတယ်။
    ဒီအချက် ကဘဲ ဗုဒ္ဓ ရဲ့ တရားတော် မှာ ကျား၊ မ ခွဲတာ၊ ဆင်းရဲ ချမ်းသာ ခွဲတာ၊ လူမျိုး ဘာသာ ခွဲ တာ မရှိခဲ့တာ မြင်နိုင်ပါတယ်။
    အရေးကြီးဆုံး ကတော့ ဗုဒ္ဓ ရဲ့ လူသားတွေ ကို သံသရာက လွတ်စေလိုတဲ့ လောကီထဲမှာ ကျင့်ကြံ နိုင်ဖို့ အကျင့်တရားပါ။
    ဒီမှာ ငါ ဆိုတဲ့ အတ္တခွါ ဖို့ ပါပါတယ်။
    အဲဒီ ငါ စွဲ ဖြုတ် ဖို့ အကြောင်း ကို ဒီနေ့ ခေတ် ရဲ့ အောင်မြင်ကြောင်း စိတ်ပညာ စာ တွေထဲ အများကြီး တွေ့နေရတယ်။

    ဆိုရရင်
    ဒီလောက် တန်ဖိုးရှိ တဲ့ တရား အဆိုအမိန့် တွေ နဲ့ ပြည့် နေတဲ့ မြေမှာ
    ဒါကို လစ်လျူရှူပြီး လမ်းလွဲ လိုက် နေသူ တွေ များနေတာ တွေ့နိုင်ပါတယ်။
    အတ္တတွေ၊ လောဘ၊ မောဟ တွေ အတွက် အာဏာကို မလွတ်တမ်း ဆွဲကိုင် နေသူ တွေ က ဘာသာရေး ကို ခုတုန်း လုပ်နေလို့ ဘာသာရေးက တန်ဆာခံ ဖြစ်နေရတာ။
    ငါ မဖြုတ် နိုင်တဲ့ သူ တွေ ကြားမှာ စစ်မှန်တဲ့ တရားအစစ် ပျောက်နေတာ ဝမ်းနည်းစရာပါ။

    ဒါကြောင့်
    နောက်တစ်ခါ သူကြီး အနေ နဲ့
    “ဘာသာရေး” ဆိုတာ ကို တရားခံ ရှာချင်ရင် သူကြီး မျက်စိ ထဲ မြင်နေတဲ့ “ဘာသာရေး” ဆိုတာကို အရင်ဆုံး အဓိပ္ပါယ် ဖွင့် ပေးပါ။
    “သံဃာ” ဆိုတာ ကို တရားခံ ရှာချင်ရင် သူကြီး မျက်စိ ထဲ မြင်နေတဲ့ “သံဃာ” ဆိုတာကို အရင်ဆုံး အဓိပ္ပါယ် ဖွင့် ပေးပါ။
    ဒီလို မဟုတ်ဘဲ …
    ကြုံ ရာ အားလုံး ကို ဝါးလုံးရှည် နဲ့ ရမ်းတီး သိမ်းကြုံး ပြောနေတာကတော့
    လိုအပ်တဲ့ ပြုပြင်မှု တစ်ခု ကို လုပ်ဖို့ အတွက်
    မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါ
    လို့ ပြောချင်ပါရဲ့။

  • လုံမလေးမွန်မွန်

    November 19, 2014 at 11:56 pm

    အကျိုးရှိတဲ့စာ​လေးမို့ သ​ဘောကျတယ်ဆိုတဲ့ အ​ကြောင်​းရယ်​.
    Web ownership နဲ့ freelance professional ကို ပိုစိတ်​ဝင်​စားမိတဲ့ အ​ကြောင်​းရယ်​ကို ဝင်​​ပြောတာပါ 🙂

  • ကန္နားစီး မိဂီ

    November 20, 2014 at 6:18 am

    ဘယ်လို PM က ဘယ်လောက်ရတယ်??
    ကျုပ်ဆိုရင်တော့ ….
    အစွန်းရောက်ချင်ရောက်မယ်
    တခုပြောပြမယ်ဗျ PM ရဲ့ လက်နက် တွေထဲက တခုပဲကိုင် လိုက်အုံး …
    PM တကယ်ကောင်းရင် HR manager ကို ၉ယောက်တယောက်ပေး ပီးချလို့ရပါတယ်ဆို
    (ကျန် အရည်ချင်းပေါ်တော့မူတည်မှာပေါ့လေ)

    ထားပါ
    IT Pro ဘဝ ကိုတော့ သိပ်မညည်းနဲ့ဗျ…
    တက်ကနော်လော်ဂျီကယ် ဒီဗိုက် တို့
    ဖို့သ်ဝေ့ဗ်တို့ နဲ့ ဘဘ ကြီးတွေ လာတရားဟောလိမ့်မယ်
    ကျနော်တော့ အဲ့ တရားတွေ မနာပါဘူးဗျာ….
    ကိုယ်ကိုတိုင်ပဲ ချေဇင်မ် ရဲ့ သည်ဘက် ပါအောင် ကြိုးစားပါတယ်
    အဲ

    တနေ့ သေကြရမှာ
    မသေခင် မှန်မယ်ထင်တာ လုပ်ကြတာချည်းမလား …
    ဆက်လက်ရူးသွပ်နေဖို့ ဆက်လက် ဆာလောင်နေဖို့ပဲ လိုပါတယ်ဗျ

Leave a Reply