ပိန်းရိုးဟင်းခါး ချက်သောက်ကြမယ်

SawAungNovember 17, 20141min75614

ကျွန်တော်တို့ အိမ်ကလေးရဲ့နောက်ဖေးလမ်းကြားမှာ ပိန်ပင်တွေအများကြီးရှိပါတယ်။ လမ်းဘေးမှာ ပေါက်တဲ့ ပိန်းပင်အစိမ်းတွေပါပဲ။ နောက်ဖေးက ပိန်းပင်တွေကတော့ သန်လိုက်တာမှ လူတစ်ရပ်လောက်တောင် ရှိတယ်။ မိုးတွင်းမို့ တစ်ခါတစ်ခါပျင်းရင် နောက်ဖေးမှာထိုင်ငေးနေရတာက အရသာတစ်မျိုးပါ။ တစ်ရက်တော့ မေမေက အောင်လေး နောက်ဖေးက ပိန်းပင်တွေအရင်းကနေခုတ်ပီး အရွက်ကိုထားခဲ့ ရှစ်ရိုးလောက်ခုတ်ခဲ့ဆိုတာနဲ့ သွားခုတ်ရတာပေါ့။ မေမေ ဘာလုပ်မလို့လဲ ဆိုတော့ ပိန်းရိုးဟင်းခါး ချက်မလို့လဲ။ အမေရယ် ယားကုန်မှာပေါ့လို့ ပြောတော့။ နင်အသာနေ ဆိုတာတဲ့ သွားခုတ်ပေးရပါတယ်။

58

ပထမဆုံး မေမေက ပိန်းရိုးတွေကို ရေစင်အောင်ဆေးပါတယ်။

အရမ်းသွယ်တဲ့နေရာကိုတော့ ဖြတ်ချပါတယ်။

ပြီးတာနဲ့ ပိန်းရိုးပေါ်က အကြောတွေကို ဓါးနဲ့အရင်းကနေခွာချပါတယ်။ ငှက်ပင်ဖတ်အကြောလိုပါပဲ အရင်းကနေ ဓါးလေးနဲ့ အစကိုသပ်ပြီးခွာလိုက်တာနဲ့ အချောင်းလိုက်လေးပါလာတာပါ။

တစ်ရိုးပြီးတစ်ရိုး အကြောက်တွေ စင်အောင်ခွာပြီးသွားတော့။ ပိန်းရိုးတွေကို ရေထပ်ဆေးပါတယ်။ ပီးတောင်နံရံမှာမှီပြီးထောင်ထားပါတယ်။

နောက်တစ်ရက်မှချက်မယ်တဲ့။ အဲ့ဒါမှ အစေးတွေကျပီး ကောင်းမှာတဲ့။

နောက်တစ်ရက်ကျတော့ ပိန်းရိုးကို လက်သုံး ၊ လေးလုံးစာအရွယ်တော်လှီး။

အရင်ဆုံးရေကိုဆူအောင်တည်။ ပုဇွန်ခြောက် ငရုတ်ကောင်း ကြက်သွန်ဖြူကို ညက်အောင်ထောင်း ပုဇွန်ခြောက်တော့ သာသာလေးထည့်ပေးရပါတယ်။ ထောင်းပီး ဆူနေတဲ့အိုးတဲ့ထည့် ပြီးရင် ငံပြာရည် ဟင်းချိုမှုန့် ဆား လိုသလိုထည့်ပြီး ပွက်ပွက်ဆူမှ ပိန်ရိုးတွေကိုထည့်ပါတယ်။

dsc_0123

ပိန်းရိုးဟာ ကြာရိုးနဲ့မတူတာအမှန်ပါ။ ဟင်းခါဆူလို့ကျက်သွားတဲ့အခါ ပိန်ရိုးဟာ နူးညံ့အိပြီးနေပါတယ်။ ပိန်းရိုးရဲ့ ချိုပီးအိတဲ့ အရသာနဲ့ဟင်းခါး ကျွန်တော့်အတွက်တော့ အမှတ်တရပါပဲ။

 

ကျေးဇူးပါမေမေ

အောင်မိုးသူ

14 comments

  • မြစပဲရိုး

    November 18, 2014 at 3:37 am

    ပိန်းပင်ကြီး တွေက လှလိုက်တာ။
    အရိုး ကို ဟင်းချို သောက်လို့ ရမှန်း အခုမှ သိတယ်။
    ဒီ ပိန်းပင် က အပွင့်ပွင့် တဲ့ အလှစိုက် ပိန်းပင် လို မျိုး အပွင့်တော့ မပွင့် ဘူး မဟုတ်လား။
    ပိန်းရွက် ကို ထီး လုပ်ပြီး ဆောင်းလို့ ရတာ ဟုတ်မှာ။ အရွက်တွေက အကြီးကြီးဘဲ။
    “တစ်ခါတစ်ခါပျင်းရင် နောက်ဖေးမှာထိုင်ငေးနေရတာ” ဆိုတာ ကို သဘောကျပါ့။
    မိုးရွာတာ ထိုင်ငေး ရတာ ပိုပြီး အရသာရှိသေး။
    :))

    • အောင် မိုးသူ

      November 18, 2014 at 9:08 am

      အရိုင်းပင်လေ ပိန်းအရိုင်း အစိမ်းရောင်ပင်ပဲ။ အနက်မဟုတ်ဘူး။ အလှစိုက်ပိန်းမဟုတ်ဘူး။

  • ကေဇီ

    November 18, 2014 at 6:43 am

    စာဖိုမှူးးး အသစ်လေးးးးတွေ့ ပြီ…!!!
    အရေးးးအသားးး ကတော့ အရသာရှိအောင် ရေးးးတတ်မှန်းးး သိပြီးးးသားးးး
    ဟင်းးးချက်လက်ရာလေးးးတော့ မြည်းးးချင်သားးးးး
    (ဆက်ဆက် မမြင်ပါစေနဲ့)
    :k:

    သများးးက ရိုးးးရိုးးးသားးသားးး ခပ်ပိန်းးပိန်းးးမို့
    ဒီဟင်းးးစားးးသင့်ရဲ့ လားးးမသိ???
    ခိခိခုခု
    :mrgreen:

  • Mr. MarGa

    November 18, 2014 at 8:44 am

    အပင်တွေပဲပါတယ် ဟင်းပုံမပါလို့ ပြန်တင်ပါ ဒါဗျဲ :mrgreenn:

    • အောင် မိုးသူ

      November 18, 2014 at 9:07 am

      တင်ပေးပါ့မယ် လောဆယ်မရှိသေးလို့ ဘယ်လိုဖြစ်နေလဲ စိတ်ချ စားကောင်းတယ် ဘာမှမဖြစ်ဘူး။

  • kyeemite

    November 18, 2014 at 11:05 am

    .အိမ်နောက်မှာလည်း ပိန်းရိုင်းပင်ကြီးတွေရှိပါ့ဗျာ…ချက်သောက်ကြည့်အုံးမယ်ဗျ :))

    • အောင် မိုးသူ

      November 18, 2014 at 11:36 am

      အမျှင်တွေသေချာ နွှင်ပြီးရင် ထောင်ထားတော့ အူးမိုက် ပိန်းရိုးက နူးညံ့တယ် ချိုတယ်

  • weiwei

    November 18, 2014 at 4:06 pm

    ပိန်းရိုးဟင်းခါး သောက်ဖူးတယ် .. ကောင်းတယ် ကြိုက်တယ် ..

  • Iris

    November 18, 2014 at 7:49 pm

    ပိန်​းရိုး​တော့မစားဖူးဘူး။ ပိန်​း​ခေါင်​းချဉ်​ဟင်​း​တော့စားဖူးတယ်​။ အခု​တော့ဘယ်​မှာမှမ​တွေ့​တော့ဘူး။ ငယ်​ငယ်​က​တော့ အဲ့ဒီပိန်​း​ပင်​​တွေဒါးနဲ့လိုက်​ခုတ်​ စင်​း ပြီး​တော့ စကွဲ နဲ့​ရောကျိုပြီး ဝက်​​တွေကို အစာ​ကျွေးရတယ်​။ ​ကျောင်​းမသွားခင်​လုပ်​ရတာ။ ၂တန်​း ၃တန်း ​တုန်​းက​ပေါ့။ ​နောက်​ပိုင်​း မားသားကြီးကမ​မွေး​တော့ဘူး။ ဝက်​​တွေ​ရောင်​းရင်​ ငိုလွန်​းလို့။

    • အောင် မိုးသူ

      November 19, 2014 at 9:03 am

      ပိန်းခေါင်းက စားရတဲ့ပိန်းပင်သက်သက်ထင်တယ် အရိုင်းပိန်းခေါင်းဥကိုတော့ မစားဖူးဘူးဗျ။

  • Novy

    November 19, 2014 at 1:40 pm

    ပိန်းရိုးဟင်းခါးကို အဒေါ်တစ်ယောက်ချက်ကြွေးလို့စားဘူးပါတယ် အရမ်းလည်းကြိုက်တယ်
    ကြိုက်လွန်းလို့ ကိုယ့်ဘာသာ ကိုချက်စားမလို့ ဈေးကပန်းရိုးဝယ်ပြီး ပိန်းရိုးစသင်းထဲကလက်တွေယားလိုက်တာ ချက်တဲ့ဆီကို မရောက်တော့ဘူး သူများချက်ကြွေးတာပဲမျော်စားရတဲ့ဘဝပါ

  • အလင်းဆက်

    November 22, 2014 at 11:09 am

    ငင်

    အဲ့ဒါ လျှာယားတတ်တယ်ဆို
    ကြားဖူးတာပဲ

    စားဖူးသူလောက်တော့ မသိ။

    😆

Leave a Reply