Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကီးမား ခေါက်မုန့် မုန့်ပျားသလက် ကောင်းကောင်းလုပ်စားတတ်ဖို့

23.11.2014 တနင်္ဂနွေနေ့ပေါ့။ ရွာထဲကလည်း ကီးမား ခေါက်မုန့် နဲ့ မုန်းပျားသလက်လေး လုပ်နည်းလေး ရေးပေးဆိုတာနဲ့။

မုန့်လုပ်စားဖြစ်ရင်း မှတ်တမ်းတင်ထားလိုက်တယ်။

တကယ် မုန့်နှစ်နဲ့ပတ်သက်တဲ့ မုန့်လုပ်စားပြီဆိုရင် အဓိက မုန့်နှစ်ကိုစပ်တာ ဖောက်တာက အရေးကြီးဆုံးပါပဲ။

တစ်ခုခုလွဲသွားရင် မုန့်က ဂျတ်ပိတ်ကြီးဖြစ်နေမယ်။ ပျော့နေမယ်။

မုန့်ကလော်ရင် ကပ်နေမယ် မကြွပ်ဘူး မရွဘူး ခဏလေးနဲ့ပျော့သွားမယ်ဆိုတာတွေပေါ့။

ဒါတွေပြေလည်ဖို့ ကျတော့်မေမေဟာ အသေအချာ ကျတော်တို့ကိုသင်ပေးခဲ့ပါတယ်။

ငယ်ငယ်တုန်း ထမင်းကျွေးခဲ့တဲ့ ကီးမားလုပ်တဲ့ အိုးကလည်း အဆင်သင့်လေ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ မီးသွေးဖိုမသုံးတော့ပါဘူး။

မီးပြင်းတာတွေဆို လျော့ဖို့အလုပ်ရှုပ်တာနဲ့ လွယ်လင့်တကူ လျှပ်စစ် ဒယ်အိုးကိုသာသုံးလိုက်ပါတယ်။ ကျတော်တို့ မုန့်လုပ်စားကြရအောင်။ 002

မုန့်နှစ်
မုန့်နှစ်

004

အသီးအရွက်များ
အသီးအရွက်များ
001
ဆီသုတ်တဲ့ ရိုးရာတုတ် ဆီသုတ်တဲ့ ရိုးရာတုတ်
မုန့်ပျားသလက်
မုန့်ပျားသလက်

အဓိကအားဖြင့် ကီးမားလုပ်ရင် ဂေါ်ဖီ ၊ ခရမ်းချဉ်သီး ၊ ငရုတ်သီးစိမ်း ၊ ပဲပင်ပေါက် ၊ နံနံပင် တွေလိုအပ်ပါတယ်။ ကျတော်ကတော့ နှစ်ခုပိုပြီး ထပ်ဆောင်းထည့်လိုက်ပါတယ် ပဲပြုတ်ရယ် ၊ ပြောင်းဖူးကိုပါးပါးလှီးထားတာရယ်ပါ။ ပဲပြုတ်ရဲ့ စိမ့်တဲ့အရသာ နဲ့ ပြောင်းဖူးရဲ့ချိုမြိန်ခြင်းဟာ ကီးမားရဲ့ကောင်းခြင်း လက္ခဏာတွေကို ပိုပြည့်စုံစေမှာပါ။

ဂေါ်ဖီကို ပါးပါးလေးတွေလှီးပါ ခြစ်ခုံနဲ့ခြစ်လည်း အဆင်ပြေပါတယ်။

ခရီးချဉ်သီးဆိုလည်း အထဲက အနှစ်တွေထုတ် ခပ်ပါးပါးလှီး။

ငရုတ်သီးစိမ်းလည်း ခပ်ပါးပါးလှီး။

နံနံပင်တွေကိုလည်း ညှပ်ထားရမယ်။

ပဲပြုတ်နဲ့ ကြက်သွန်မိတ်ကို ရောထားမယ်။

မဆလာလိုမယ်။ ဟင်းခတ်မှုန့်ရယ်ဆားရယ် တစ်ခွက်စီထားမယ်။

အဓိက မုန့်နှစ်စပ်တာပါ။ မနက်ဖြန်လုပ်မယ်ဆို အရင်နေ့ နေ့လည်လောက်ကတည်းက ဆန်ကိုစိမ်ထားရပါတယ်

ဆန်ကောင်းစားမလိုပါဘူး အလယ်အလတ်ဆိုရပါတယ်။ ဆန်ထည့်စိမ်ရင် မတ်ပဲ ငါးကျပ်သားလောက်ထည့်စိမ်ရမယ်။

မတ်ပဲဟာ အနဲငယ်ချွဲတော့ မုန့်ဆွဲမယ်ဆို ဆွဲကောင်းတယ် အရမ်းစိမ့်တော့ အရသာရှိတယ်။

ရွှေကြည်မှုန့်လက်တစ်ဆုပ်လောက်ထည့်ရမယ်။ ရွှေကြည်ဟာ မုန့်ကိုမွစေတယ် စားလို့ရှိရင်။

ဆန်ကိုစိမ်းထားပီး နောက်တစ်နေ့ မနက်မှာ မုန့်ကိုကြိတ်ရယ် ကြိတ်ခါနီး ထမင်းချက်ပီးသားလက်တစ်ဆုတ်လောက်ထည့်ရမယ်။

ထမင်းဟာ မုန့်ကိုရွစေတယ်။ မုန့်သား မွတာနဲ့ ရွတာမတူဘူးနော်။ ကြိတ်ပီးသား မုန့်နှစ်ကို နှပ်ထားရမယ်။

နှပ်ထားတယ်ဆိုတာ ဆော်ဒါဇွန်းတစ်ဝက်ကို ရေနဲ့ဖျော် ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ မွှေပြီးနှပ်ထားရမယ်ဆိုတာကိုပြောတာ။

မနက်ကနေနှပ်ထားမယ်ဆိုရင် နေ့လည်ဆိုအဆင်သင့်ဖြစ်ပါပြီ။

နှပ်ထားတဲ့ မုန့်နှစ်ဟာ ဘိန်းမုန့်လုပ်စားစား မုန့်ပျားသလက်လုပ်စားစား ကီးမားလုပ်စားစား အလွန်ကောင်းတဲ့ မုန့်နှစ်ပါ။ ကဲ လုပ်စားကြည့်ရအောင်ဗျာ။

ကျေးဇူးပါမေမေ

အောင်မိုးသူ

32 comments

  • ကေဇီ

    November 24, 2014 at 12:16 pm

    ဒယ်လည်းရှိတယ်။
    မုန့်ကိုလည်း ကြိုက်တယ်။
    လုပ်စားချင်စိတ်လည်းရှိတယ်။
    ဟိ။
    မုန့်နှစ်ကို စိတ်မရှည်ဘူးကွယ်။

    :mrgreenn:

  • HMM

    November 24, 2014 at 1:00 pm

    စားချင်တယ် စားချင်တယ်..
    စိတ်ကူးထဲမှာမြင်ယောင်ကြည့်လိုက်တာ သရေတောင်ကျလို့ ရှလွတ်.. 😀

  • HMM

    November 24, 2014 at 1:00 pm

    စားချင်တယ် စားချင်တယ်..
    စိတ်ကူးထဲမှာမြင်ယောင်ကြည့်လိုက်တာ သရေတောင်ကျလို့ ရှလွတ်…

  • ဦးကျောက်ခဲ

    November 24, 2014 at 1:02 pm

    ကျောက်စ်လည်း တနင်္ဂနွေနေ့မနက်က လမ်းသရဲမုန့်လုပ်စားတယ်…
    ပဲပင်ပေါက်နဲ့ ကြက်သွန်မြိတ်တော့ မပါဘူးဗျ …
    ဆန်ကြိတ်ဖို့ မလွယ်တာမို့… ရယ်ဒီမိတ် ဆန်မှုန့်တစ်ဆ ရေနှစ်ဆကို…
    ဆော်ဒါ အချိုဇွန်းဝက် ဆား အသားမှုန့်နဲ့ သမလိုက်တာပဲ…
    ပါကစ္စတန်ကလာတဲ့ ရိုတီဒယ်ပြားနဲ့ကြော်တာ ကောင်းမှကောင်း… ရှလွတ်စ်
    :k:

  • Ma Ei

    November 24, 2014 at 1:19 pm

    .ခု အချိုးထဲမှာ ဆန် ဘယ်လောက်ကို ရေစိမ်ရမှာလဲဟင်..

  • Crystalline

    November 24, 2014 at 2:31 pm

    အိမ်​နားမှာ​ရောင်​းတဲ့ဆိုရှိတယ်​.. ပဲပြုတ်​​တွေ​ပြောင်​းဖူး​တွေ​တော့မပါဘူး.. ကွကိုယ်​ယူသွားပြီး ထည်​့လုပ်​ခိုင်​းရမယ်​ထင်​တယ်​ 🙂

    • အောင် မိုးသူ

      November 24, 2014 at 3:52 pm

      အစ်မရေ ခု အပြင်ဆိုင်တွေက အချို့မှုန့်တွေ အရမ်းသုံးတယ် ခရမ်းချဉ်သီးဆိုလည်း နည်းနည်းလေးရယ် ကပ်စေးနဲတယ်။ နောက် အချို့တွေ မုန့်သားမကောင်းဘဲ ဈေးကြီးတယ်။

  • La Yeik

    November 24, 2014 at 3:34 pm

    နိုင်ငံဂျားက လူတွေတော့ သိဘူး…မီးတို့တော့ ဒါလေးစားဖို့ ဒလောက် စိတ်အရှည်ဘူးရယ်…ဝယ်ပဲစားလိုက်တော့မယ်…

    • အောင် မိုးသူ

      November 24, 2014 at 3:49 pm

      ဝယ်စားတာနဲ့ တော့ မတူဘူးလေ ၄၀၀ဝလောက်ပဲကုန်တယ် တစ်မိသားစုလုံးအပြင် နောက်ထပ်လူ ငါးယောက်လောက် အဝစားလို့ရတယ် အရသာလည်းမတူဘူးလေ။

  • Mr. MarGa

    November 24, 2014 at 3:38 pm

    ၁ – လာစားမယ်
    ၂ – ဝယ်စားမယ်
    ၃ – အိမ်ကိုလုပ်ကျွေးခိုင်းမယ်
    ဘယ်ဟာရွေးရပ 🙂

  • kyeemite

    November 24, 2014 at 4:04 pm

    .Sorry….
    .မုန့်ပျားသလက်တော့ကြိုက်တယ်
    .ကိုအောင်မိုးသူရဲ့ ကီးမားတော့စားဖူးဘူး
    .ကျုပ်စားဖူးတာက ကီးမားပလာတာ(ဆိတ်သားနဲ့)… :))

    • ကေဇီ

      November 24, 2014 at 4:07 pm

      ရေမုန့် (အညာ အခေါ်)
      ခေါက်မုန့် (ရန်ကုန် အခေါ်)
      မုန့်ရေပါးး (မန်းလေး အခေါ်)
      မုန့်ပြားသလက် အဖြူအပါး (ကွကိုယ်သတ်မှတ်ထားတာ)
      ကီးမား အပါး (ခုမှ ကြားဖူးတာ)

      ဘယ်လိုခေါ်ခေါ်ရတယ်မို့လားးး
      :mrgreenn:

      မုန့်ပြစ်စလက်မှာ က အဖြူကို အထူရှိသေးတယ်။
      အနီက ထန်းလျက်နဲ့ လုပ်တာ။

      :k:

  • weiwei

    November 24, 2014 at 9:09 pm

    ဒီမုန့်တွေကို အရမ်းစိတ်ဝင်စားတယ် ..
    မုန့်နှစ်လုပ်ဖို့အတွက် ကြိတ်တာက အားကောင်းတဲ့ blender နဲ့ ကြိတ်လို့ရမလား ..
    ကြိတ်စက်ရှိတဲ့နေရာအထိ သွားကြိတ်ဖို့တော့ မလွယ်လို့ ..

  • ဖွေးဖွေးရယ်
    စားချင်လိုက်တာ

    အဲလေ
    ဖွေးဖွေး လုပ် ကျွေးမှာကို
    စားချင်လိုက်တာ ပြောပါတယ်

    :k:

  • surmi

    November 25, 2014 at 10:52 am

    အဲ ………
    ရသဆရာက အရသာရှိတာတွေဖြန်ဝေနေပါလား
    ဂွတ်ထ ဂွတ်ထ
    .
    .
    တွေ့ဆုံပွဲကျရင်အော်ဒါမှာလို့ရမလား :kwi:

  • မဟာရာဇာ အံစာတုံး

    November 25, 2014 at 10:58 am

    မုန့်ပျားသလက်
    ကျုပ် သိပ်ကြိုက်တဲ့ မုန့်ပေါ့ဗျာ …

  • Yae Myae Tha Ninn

    November 25, 2014 at 4:54 pm

    မဆလာ မထည့်ရဘူးလား.. အောင်မိုးသူ.. အိမ်နားက ခေါက်မုန့်ကတော့ ထည့်တယ်… ပထမက ကုလားမုန့်ထင်နေတာ.. မဆလာ သူထည့်တော့… နာမည်ကလဲ ကီးမားဆိုတော့… ခုမှ မြန်မာမုန့်မှန်းသိတယ်… 🙂

    • အောင် မိုးသူ

      November 26, 2014 at 9:05 am

      မဆလာပါပါတယ်ခင်ဗျ။ လမ်းသရဲမုန့်လို့လဲခေါက်ပါတယ်။ မြန်မာတွေခေါ်နေကျတော့ ခေါက်မုန့်ပေါ့။ ခေါက်မုန့်ကတော့ ထန်းလျက်ရည်နဲ့လည်းရှိတယ်။

  • padonmar

    November 25, 2014 at 6:58 pm

    စားချင်တယ်။ မုန့်နှစ်က မလွယ်မှန်းသိတယ်။ဘိန်းမုန့်ကို မုန့်လုပ်နည်း စာအုပ်ထဲက အတိုင်းလုပ်တာ မပွဘူး။အခုကြည့်မှ မတ်ပဲရော၊ဆော်ဒါရော၊ထမင်းရော အစုံထည့်ရတာကိုး။
    ဆရာမပြ နည်းမကျမယ့်ဟာမျိုး။
    (တွေ့ဆုံပွဲကျ မီးဖိုလေး၊ဒယ်အိုးလေးနဲ့ လုပ်ကျွေးပါလားဟင်၊ဘကြီးအောင်ကို ဝိုင်းဝိုင်းလည်နေမှာ၊တန်းစီပြီးတောင် စောင့်ကြအုံးမယ်။)

    • အောင် မိုးသူ

      November 26, 2014 at 9:05 am

      လုပ်ကျွေးဖို့ စဉ်းစားနေတာ လျှပ်စစ်ဒယ်အိုးလေးနဲ့ဆိုဖြစ်ပါတယ် တီတီပဒုမ္မာ

      • Iris

        November 27, 2014 at 7:39 pm

        ​တွေ့ဆုံပွဲလည်​းလာချင်​တယ်​..လမ်​းသရဲမုန့်​လည်​းစားချင်​တယ်​။
        :'(

  • မြစပဲရိုး

    November 26, 2014 at 7:02 pm

    ရန်ကင်း က လမ်းသရဲမုန့် ကို ပြေးပြီး လွမ်းတော့ တယ်။
    အဲဒီ လို မုန့် လုပ်စားကြည့် ချင်တာ ကြာပြီ။
    ကျောက်စ် ပြောသလို ရယ်ဒီမိတ် ဆန်မှုန့် နဲ့ လုပ်ပြီး စမ်းကြည့်ဦးမယ်။
    မောင်အောင် ရဲ့ မေမေ က တော်တော် လေး စည်းစနစ် ရှိပြီး တော်မဲ့ ပုံဘဲ။
    မင်း ကံကောင်း တယ်။
    ကျေးဇူးပါ မောင်အောင် ရဲ့ မေမေ ရှင့်။ :))

    • ဦးကျောက်ခဲ

      November 27, 2014 at 9:25 am

      အရီးရေ… အောင်မိုးသူနည်းကို မော်ဒီဖိုင်းလုပ်ကြည့်တာ ကိတ်သဗျ…
      ရယ်ဒီမိတ် ဆန်မှုန့် ဆန်ချင်ခွက်နဲ့ ၁-ခွက် ၊ ထမင်း နဲနဲ ထည့်ချေထားတဲ့ ရေ ၂-ခွက် ၊ ပဲစိမ်းမှုန့် စားပွဲတင် ၁-ဇွန်း ၊ ဆား အချိုဇွန်းဝက် ၊ အသားမှုန့် အချိုဇွန်း ၁-ဇွန်း ကို နာနာမွှေပြီး ၁-နာရီလောက်နှပ်ထား…
      ပြီးမှ … Non-stick Fry Pan နဲ့ သမလိုက်ရင် ရပြီ… အားဟိ
      :k:

    • အောင် မိုးသူ

      November 28, 2014 at 2:58 pm

      မေမေက ကီးမားရောင်းခဲ့ဖူးတယ်လေ။ ရန်ကင်းက ကီးမားကတော့ ဈေးကြီးတယ် သူက မုန့်ထူထူနဲ့ ကြွပ်ကြွပ်လေးလုပ်လို့ ကောင်းတာ။

  • hmee

    November 27, 2014 at 10:49 am

    ဦး​ကျောက်​​ရေ ပြည်​ပက ဆန်​မှုန်​့က ရတယ်​။ ​နေပြည်​​တော်​မှာ ​မွှေး ဆန်​မှုန်​နဲ့ လုပ်​တာ ဖြစ်​ဖူးရယ်​။ ဂငယ်​​တွေဆီမှာတုန်​းက ငတ်​ငတ်​နဲ့ လုပ်​စားတာ တ​နေကုန်​ ထမင်​းမစားပဲ လမ်​းသရဲ မုန်​့ပဲ စားလို့ ဝမ်​းကိုက်​ပါ​ရော။ 🙂 အဲ့လို ငတ်​တာ။ ပုစွန်​ အ​ကောင်​း​တွေကိုလည်​း ပုစွန်​ချဉ်​ လုပ်​စားလို့ ​ယောက်​ကျား ဒီ​လောက်​ ​ကောင်​းတဲ့ ပုစွန်​ကို မင်​းမို့ အပုတ်​ခံစားတယ်​လို့ အ​ပြောခံရ​သေး။ ဟီး ပဲပုတ်​စိုလည်​း စမ်​းဖူးတာပဲ။ အဲ့လို​တွေကို ငတ်​ခဲ့တာ။ 🙂

  • hmee

    November 27, 2014 at 10:51 am

    ဦး​ကျောက်​​ရေ ပြည်​ပက ဆန်​မှုန်​့က ရတယ်​။ ​နေပြည်​​တော်​မှာ ​မွှေး ဆန်​မှုန်​နဲ့ လုပ်​တာ ဖြစ်​ဖူးရယ်​။ ဂငယ်​​တွေဆီမှာတုန်​းက ငတ်​ငတ်​နဲ့ လုပ်​စားတာ တ​နေကုန်​ ထမင်​းမစားပဲ လမ်​းသရဲ မုန်​့ပဲ စားလို့ ဝမ်​းကိုက်​ပါ​ရော။ 🙂 အဲ့လို ငတ်​တာ။ ပုစွန်​ အ​ကောင်​း​တွေကိုလည်​း ပုစွန်​ချဉ်​ လုပ်​စားလို့ ​ယောက်​ကျား ဒီ​လောက်​ ​ကောင်​းတဲ့ ပုစွန်​ကို မင်​းမို့ အပုတ်​ခံစားတယ်​လို့ အ​ပြောခံရ​သေး။ ဟီး ပဲပုတ်​စိုလည်​း စမ်​းဖူးတာပဲ။ အဲ့လို​တွေကို ငတ်​ခဲ့တာ။ 🙂 ​ခေါက်​မုန်​့က​တော့ ထန်​းလျှက်​ မရှိလို့ ​ချောကလက်​နဲ့ကို လုပ်​ပြီး စားတာ။ 🙂

Leave a Reply