Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

‘ နား ‘ အကြောင်း တစ်စေ့တစ်စောင်း

“နား” ဆိုတော့ ဘယ်လို “နား” လဲ ဆိုတော့ကာ …
“နားနားနေနေ” ဆိုတဲ့ နားကို ဆိုလိုတာ မဟုတ်ပါဘူး။
“ဟိုနားဒီနား” ဆိုတဲ့ နေရာဒေသပြ နားကိုလည်း ဆိုလိုတာ မဟုတ်ပါဘူး။
ကျုပ်တို့ ခန္ဓာကိုယ် အထက်ပိုင်းမှာ ဟိုဘက်ဒီဘက် နှစ်ဘက်ညှပ်ပြီး ပါနေတဲ့ နားကို ဆိုလိုတာပါ။
အင်္ဂလိပ်လို “Ear” ၊ မြန်မာလို “နား” … အဲ့ဒါ .. အဲ့ဒါ ….။

ဒီ “နား” ဟာ ဘယ်လောက်ထိ အရေးပါသလဲ ဆိုတာတော့ ပြောဖို့လိုပါဘူးနော့။
ငှက်ငယ်လေးတွေရဲ့ ကျလိ ကျလိ အော်မြည်သံလေးတွေကို ဒီနားရှိမှ ကြားနိုင်တယ် ခင်ဗျ။
အချစ်ဆုံးလေးတွေရဲ့ ပုကျိ ပုကျိ အသံလေးတွေကိုလည်း ဒီနားရှိမှ ကြားနိုင်မယ် ခင်ဗျ။
မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို နာယူမယ်ဆိုလည်း ဒီနားရှိမှ ခင်ဗျ။

ပြီးတော့ ဒီ “နား” ဟာ ပေါ့သေးသေး မဟုတ်ဘူး ခင်ဗျ။
ဗုဒ္ဓဘာသာမှာ အနန္တော အနန္တ (၅) ပါး ရှိသလိုပဲ … လူ့ခန္ဓာကိုယ်မှာလည်း (၂) ခု (၂) ခုစီ တွဲလျက် ပါနေတဲ့ အရာ (၅) မျိုး ရှိသဗျ။
ဒါတွေကတော့ “မျက်လုံး၊ နှာခေါင်းပေါက်၊ လက်၊ ခြေ၊ နား” ဆိုတဲ့ အရာတွေပါပဲ။
ဟော … ကြည့် …. ဒီငါးမျိုးထဲမှာ “နား” ပါနေတယ် မဟုတ်လား အရပ်ကတို့။
ဒါကြောင့် ပေါ့သေးသေး မဟုတ်ဘူးလို့ ဆိုခဲ့တာပါ။
ဒီနားဟာ တစ်ခုတည်း ပါနေတဲ့ ပါးစပ် ထက် ပိုပြီး အရေးပါကြောင်းကို ပြနေပါတယ်။
သို့ကြောင့် … စကား ပြောတဲ့အခါမှာ အပြောတွေလျော့ပြီး၊ များများ နားထောင်ပေးကြပါ။ {ဒါက .. ဆရာကျော်ဝင်း ဘာသာပြန်ထားတဲ့ နှစ်ဆယ့်တစ်ရာစု သားရွှေဥ ဆိုတဲ့ စာအုပ်ထဲမှာ ရေးထားတာပါ။} :mrgreenn:

“နား” ဆိုတဲ့ အရာဟာ ပေါ့သေးသေး မဟုတ်ကြောင်း ထပ်ပြီး ပြောရပါဦးမယ်။
ဒီနားဟာ အကြားတင်မက၊ အရသာလည်း ခံစားတတ်သဗျ။
ခင်ဗျားတို့လည်း သိကြပါတယ်။
ဘာတဲ့ … ” အသံလေးက ချိုနေတာပဲ ” …. ဆိုသလိုမျိုးပေါ့။

“သူ့အသံလေးက သာယာလိုက်တာ” လို့ ပြောတတ်ကြပါတယ်။
ဒီနေရာမှာ ပြောရမယ်ဆိုရင် သာယာခြင်း ဆိုတာ လက်ဖက်ရည် စိမ့်စိမ့်လေး သောက်ရသလိုမျိုး ဖြစ်နေမလားပဲ။
ဒါကြောင့်မို့ နား ဟာ စိမ့်တဲ့ အရသာကို ခံစားတတ်ကြောင်း တွေ့နိုင်ပါလိမ့်မယ်။

“သူမရဲ့ အသံချိုလွင်လွင်လေးဟာ နားကနေတစ်ဆင့် နှလုံးသားထိ ရောက်လို့သွားပါတယ်” ဆိုတဲ့ နေရာမှာလည်း …
နား ဟာ ချိုမြခြင်း ဆိုတဲ့ အရသာကို ကောင်းကောင်းကြီး ခံစားတတ်ကြောင်း တွေ့နိုင်ပါလိမ့်မယ်။

“နား ခါးလိုက်တာကွာ” ဆိုပြီးလည်း ပြောတတ်ကြပါသေးတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် … နား ဟာ ခါးတဲ့ အရသာကိုလည်း ခံစားတတ်ပါသေးတယ်။

“နား မုဒိန်းကျင့်ခံရတယ်” ဆိုတဲ့ စကားလည်း ရှိပါသေးတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် နားကို အမျိုးသမီးစာရင်း သွပ်သွင်းလို့ ရကောင်း ရနိုင်ပါတယ်။
သို့ပေမယ့် … ယနေ့ခေတ် အခါကာလမှာတော့ဖြင့် ဒီအချက်ဟာ စဉ်းစားစရာပါပဲ။

ပြောရမယ်ဆိုရင်တော့ အများကြီးပဲဗျာ ….
နောက်မှ ဆက်ပြောတော့မယ် …
ဒီတော့ ဒါပါပဲ ….

 

– ပါရတော ဆရာအံ

35 comments

  • ခင်ဇော်

    November 27, 2014 at 10:04 am

    အဟမ်းးးး
    ရှေးစကား ရှိပါတယ်။
    မိန်းမ ယူမယ် ဆိုရင် နားနဲ့ ယူ ဆိုလားးး
    တစ်မျိုးမထင်ပါနဲ့။
    အမျိုးသမီးတစ်ယောက်ရဲ့ အကောင်းအဆိုး အကြောင်းအကျိုးကို သူ့နီးစပ်သူတွေဆီမှာ စနည်းနာပြီးမှ ယူပါလို့ ပြောတာပါ။
    :k:

    အမှန်ပြောရရင် နာ က မလှတာ သည်းခံနိုင်ပါတယ်။
    နားဝင်ချိုတာတို့ ချော့တာတို့ ဆို အင်မတန်သဘောကျတယ်။
    အပြောလေးများကောင်းရင် မယုံတဲ့ကြားက ပါပါသွားတတ်လို့ ကြိုးနဲ့ ခိုင်ခိုင်ချည်ထားရတယ်။
    ဟိ
    :mrgreenn:

    • မဟာရာဇာ အံစာတုံး

      November 27, 2014 at 5:08 pm

      နာ့ မမဂျီးက ရမ်းရမ်းချောပီး
      ရမ်းရမ်းခြစ်စရာ ကောင်းဒါဘဲ ….
      မမဂျီး ကွန်မန့်တွေ ဖတ်လိုက်ယင်လဲ တစ်ညိုးမဟုတ် တစ်ညိုး ပြုံးမိသွားတာချည်းပဲ …
      ရမ်းရမ်းတော်ဒဲ့ မမဂျီး ….

      ပျံလာယင် မုန့်ဒွေ ဝယ်ဂဲ့နော် … ဟီးဟီး … :mrgreen:

  • Yae Myae Tha Ninn

    November 27, 2014 at 10:18 am

    ထူးဆန်းပေစွ… မောင်အံတယောက် စာတွေ ဘာတွေ ရေးလို့ပါလား… မွန်မွန်လစ်တုန်းလား… သူ အင်းလေးသွားမယ် ကြားထားတယ်… 😛

    • မဟာရာဇာ အံစာတုံး

      November 27, 2014 at 5:13 pm

      ဟီးဟီး .. ဂလိုဘဲဗျ ..
      လစ်တုန်းလေး ပြေးပြေး ရေးရတာ …
      လဂါးနောက်တာ ..

  • kyeemite

    November 27, 2014 at 2:20 pm

    .နားနဲ့မနာဖဝါးနဲ့နာ
    .နားစွန်နားဖျား
    .ထရံမှာနားရှိတယ်
    .နားကလောတယ်ကွာ
    .ကျောပူတာခံနိုင်တယ် နားပူတာမခံနိုင်ဘူး
    :k:

    • မဟာရာဇာ အံစာတုံး

      November 28, 2014 at 9:17 am

      ထရံမှာ နားရှိတော့
      ထရံနဲ့ ခပ်ခွာခွာလေးမှ ကောင်းမပေါ့နော် .. အုတ်ကထဂျီး …
      :mrgreen:

  • Ma Ei

    November 27, 2014 at 2:35 pm

    နားအကြောင်း ဆိုတော့ မောင်အံရဲ့နားများ
    တစ်ခုခု ဖြစ်ကြောင်း( ဆွဲလိမ်ခံရများသောကြောင့်)
    ရေးလေသလားလို့ …
    🙂

    • မဟာရာဇာ အံစာတုံး

      November 28, 2014 at 9:21 am

      အမလေး …
      တစ်ခုခု ဆို တစ်ခုခုကိုပဲ
      ပြေးမြင်နေဒေါ့ဒါဘဲ …. ဟွန့် ..

  • ဦးကျောက်ခဲ

    November 27, 2014 at 2:38 pm

    မယုံမရှိနဲ့… “နား”… ရှိမှ မျက်မှန်ချိတ်လို့ရတာ…
    အဲဒါ ကျောက်စ်ကို လွန်ခဲ့တဲ့ ၂၂-လောက်က…
    ၈-နှစ်သားလေးပေးသွားတဲ့… “နား” … အသုံးချနည်း…
    :k:

    • kai

      November 27, 2014 at 3:19 pm

      မေးထရစ်ရုပ်ရှင်ထဲမှာတော့.. မျက်မှန်တွေက.. နားမှာမချိတ်ပဲ.. ဒီအတိုင်းကပ်နေသဗျ..
      အဲ.. မောင်အံအတွက်ပြောချင်စရာတခုက..
      မုဒိန်း( Rape) က.. ယောကျာ်းကိုမိန်းမကကျင့်တာမှာလည်း.. သုံးလို့ရတယ်… လို့..။

      A 26-year-old Seattle woman Chantae Gilman is facing rape charges after a man alleged woke up to find her on top of him in his apartment, pinning his arms down.

      The unidentified victim, 31, reported the June 17 attack to police saying that he did not know Gilman personally but said she was an acquaintance of another man in the duplex.

      He described her as ‘a drug user in the area.’

      Read more: http://www.dailymail.co.uk/news/article-2754891/Seattle-woman-rapes-sleeping-man-wakes-pinning-down.html#ixzz3KFzhQGuL
      Follow us: @MailOnline on Twitter | DailyMail on Facebook

      • မဟာရာဇာ အံစာတုံး

        November 28, 2014 at 9:25 am

        ဒါကြောင့်
        ဒီအချက်က ဆင်းဇားစရာပါလို့ ပြောဒါးဘဲ …

        ဥငေးကို လက်ဆင်ပေးသွားတဲ့
        နားအသုံးချနည်းကတော့ မိုက်သဗျာ …
        ခလေး ခလေး အထင် မစမောနဲ့ ဆိုတာ အိုက်ဒါ ပြောတာ နေမှာ ..

  • တညင်သား

    November 27, 2014 at 3:44 pm

    ……လူ့ခန္ဓာကိုယ်မှာလည်း (၂) ခု (၂) ခုစီ တွဲလျက် ပါနေတဲ့ အရာ (၅) မျိုး ဆိုတာ ဟုတ်ရဲ့လား ဦးလေးရယ် သူလဲ အရေးကြီးတယ်လို့ ထင်တာပဲ…
    :kwi:

    • မဟာရာဇာ အံစာတုံး

      November 28, 2014 at 9:27 am

      ဆင်ဆာ မိမစိုးလို့
      အိုက်ဒါ ချန်ထားခဲ့တာ … ဟီးဟီး

  • ဒါလေး တင်ပေးတာ ကျေးဇုးတင်ပါတယ်အန်အန်

    ဖွေးဖွေးအကြောင်း သိကောင်းစရာရော တင်ဦးမလားး

    :k:

  • aye.kk

    November 27, 2014 at 4:57 pm

    နားဆိုတာရုပ်ပါ နာမ်ခန္ဓာဆိုတဲ့ စိတ်ဓမ္မာရုံကပဲအလုပ်လုပ်နေတာမို ့
    ကြားရင်ကြားတာကိုမှတ် ။ အဲဒီအပေါ်မှာသုခပဲလာလာ ဒုက္ခပဲလာလာ။
    ခံစားတဲ့အတိုင်းသာမှတ်ပါအံအံရေ ။

    • မဟာရာဇာ အံစာတုံး

      November 28, 2014 at 9:29 am

      ဖေပေါက် …

      ဒါဆို …
      နားမှာ အပေါက်ကြီးနဲ့ပေါ့နော် …

      ==========

      အောင်မဲလင်း …

      ဖွေးဖွေး အကြောင်းကို တင်ပေးပါမယ်
      ဒါမယ့် …
      ဘယ်နေရာက စပြီး တင်ပေးရမလဲ ဆိုတာကို ပြော ..
      မပြောရင် ဟိုနေရာက စတင်ပေးလိုက်မှာနော် …

      =============

      အန်တီအေး

      ဟုတ်ကဲ့ဘာ တီတီ …
      နောက်ခါ ကြားရင် ကြားတယ်လို့ဘဲ မှတ်တော့မယ်နော် …

    • မဟာရာဇာ အံစာတုံး

      November 28, 2014 at 9:32 am

      သေချာလည်း ဖတ်ကျိဘဲနဲ့
      လူကိုများ စွပ်စွပ်စွဲစွဲ ….
      နားရွက်တွေ အကြောင်း စဉ်းစားရင်းနဲ့ ရေးဖြစ်သွားတာပါလို့ ..
      အဲ့လိုဂျီး ဟုတ်ရဘာဘူးလို့ ….

  • CharTooLan

    November 28, 2014 at 9:28 am

    နား… နားနဲ့ပက်သက်လာလို့ကတော့ တစ်ခုတော့ကောင်းကောင်းသိတယ်
    နားများ တစ်ခုခုချို့ယွင်းလာပီဆိုရင်တော့ အရပ်ထဲရှိတဲ့ နားဆေးခန်း နားပါရဂူတွေများ ပိုက်ဆံလုံလုံလောက်မရှိရင်သွာမပြနဲ့ အနဲဆုံး ၁၈၀၀ဝ ~ ၂၀၀၀ဝ လောက်ကိုထွက်တယ်ဗျ
    မတတ်နိုင်တဲ့သူတွေနဲ့ ချွေတာလိုသူများရှိရင် သျှင်ပါဂူရှေ့နားက နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံမှာ သွားပြကြပါလို့ ညွှန်ပြပါရဇီ ကုသပေးတဲ့စက်ပစ္စည်းချင်းအတူတူပါပဲ သပ်သပ်ရပ်ရပ်လဲရှိပါတယ်
    လိုအပ်တဲ့ဆေးဝါးတွေလဲ အစုံအလင်ပေးပါတယ် ကုသစရိတ်ကတော့ မှတ်တမ်းစာအုပ်ဖိုး ၂၀ဝနဲ့
    ဆေးကုပီးတဲ့အခါမှာ အလှူခံပုံးထဲကို စေသနာရှိသလောက် ထဲ့ပေးရပါတယ်။
    ဆေးရုံရဲ့ပြင်ပလူနာဌာနကတော့ မနက် ၈နာရီစဖွင့်ပါတယ် စနေ၊ တနင်္ဂနွေပိတ်ပါတယ်ချင့်။

    • မဟာရာဇာ အံစာတုံး

      November 28, 2014 at 9:44 am

      သန်းခရူး ဂျီးဒေါ် ..
      သန်းခရူး …
      နား ပြချင်တဲ့လူတွေ တွေ့ရင် အဲ့ကို လမ်းညွှန်ပေးလိုက်တော့မယ် …

  • ခင်ဇော်

    November 28, 2014 at 9:46 am

    မိခင် အတော်များများ က မိမိတို့၏ သားသမီးများ ကို မကြာခဏ နား သန့်ရှင်းရေး လုပ်ဆောင် ပေးသည် ကို မြင်ဖူး၊ ကြုံဖူး ကြပေ မည်။ ထိုနား သန့်ရှင်းရေး ကို ဘာကြောင့် လုပ်ဆောင် ရသည်၊ နား ကို မည်သို့ သန့်ရှင်း အောင် လုပ်ရမည် ကို သိထား သင့်သည်။

    (၁) နားသန့်ရှင်းရေး ဘာကြောင့်လုပ်ရသလဲ။

    နားမသန့်ရှင်း သူသည် မိမိ ကိုယ်ကိုယ် ညစ်ပတ်သူ အဖြစ် ပေါ်လွင် ထင်ရှား စေသည်။ တစ်ကိုယ် ရေ သန့်ရှင်းရေး ဂရု မစိုက်သူ ဖြစ်သည်။

    (၂) နားသန့်ရှင်းရေး လုပ်ရန် ဘယ်သူတွေ လိုအပ်သလဲ။

    နား၏ အပြင်ပိုင်း ကို သန့်ရှင်းရေး လုပ်မည် ဆိုပါက ကျွမ်းကျင် ပညာရှင် များ မလိုအပ်ဘဲ မိသားစု ဝင် အချင်း ချင်း ကူညီ ပေးစွမ်း နိုင်သည်။ သို့သော် နား၏ အတွင်းပိုင်း ကို သန့်ရှင်းရေး လုပ်မည် ဆိုပါက အန္တရာယ် ရှိသည့် အတွက် ကျွမ်းကျင် သူများ နှင့် ပြသ လုပ်ဆောင် သင့်သည်။

    (၃) နားသန့်ရှင်းရေးကို ဘယ်အချိန် လုပ်သင့်သလဲ။

    နား၏ အရေပြား လေးများ သည် ရေချိုးပြီး ချိန်တွင် နူးညံ့ နေချိန် ဖြစ်သော ကြောင့် သန့်ရှင်းရေး လုပ်ရန် ကောင်းသော အချိန် ဖြစ်သည်။ သို့သော် ရေချိုးချိန် မဟုတ်သော် လည်း ရေနွေး ဖြင့် နား သန့်ရှင်းရေး လုပ်ဆောင် နိုင်သကဲ့ သို့ ရေကူး ပြီး ချိန် များတွင် လည်း ပြုလုပ် နိုင်သည်။ အနည်းဆုံး တစ်နေ့ တစ်ကြိမ် သန့်ရှင်း သင့်ပေသည်။

    (၄) နား၏ အရေးကြီးဆုံး အန္တရာယ်က ဘာလဲ။

    နား၏ အပြင်ပိုင်း ကို သန့်ရှင်းရေး လုပ်နေ ရင်း သတိ မထားမိ ဘဲ နားအတွင်းပိုင်း ကို ထိခိုက် မိပါက နားမကြား တော့ သည် အထိ ဖြစ်နိုင် သည်။

    (၅) နားသန့်ရှင်းရေး လုပ်ဆောင်ရာ တွင် မည်သို့ အသုံးပြု လုပ်ဆောင် ရမလဲ။

    နား သန့်ရှင်းရေး လုပ်ဆောင်ရာ တွင် ဝါဂွမ်း အဖုလုံး များ ပါသော နားကျပ်တံ ဖြင့် ပြုလုပ် သင့်သည်။ နား အတွင်း ရှိ အလွှာ လေးများ မထိခိုက် မိစေရန် သတိထား ရမည်။

    မှတ်ချက်။ ။ မာကျောသော အရာ သော့၊ နားဖာချေး ကလော်တံ များဖြင့် သန့်ရှင်း ရေး မလုပ်သင့်။

    (၆) နားထဲရေဝင်ရင် ဘယ်လို လုပ်ရမလဲ။

    နားထဲ ရေဝင်ပါ က ရေထဲက ဗက်တီးရီးယား ပိုးများ ပါလာ နိုင်သောကြောင့် နားဒုက္ခ ပေးနိုင် သည်။ နားထဲ ရေဝင် က ခေါင်း အနည်းငယ် စောင်း ၍ ရေထုတ် ပစ်ရမည်။

    (၇) နားကို အလွန် အကျွံ သန့်ရှင်းရေး လုပ်ပါက ဘာတွေ ဖြစ်နိုင်သလဲ။

    နား သန့်ရှင်းရေးကို လိုအပ်သည် ထက် ပို၍ လုပ်ဆောင် ခဲ့ပါက နား ကျန်းမာရေး နှင့် ပတ်သက် သည့် နားပြည်ယို ခြင်း၊အကြား အာရုံ ချို့တဲ့ ခြင်းနှင့် နား အတွင်း အရေပြား ပျက်စီးခြင်း များ ဖြစ်ပွား နိုင်သော ကြောင့် နား သန့်ရှင်းရေး လုပ်ဆောင် မည် ဆိုပါက အထက်ပါ အချက် (၇) ချက် ကို သိထားသင့် ကြောင်း ရေးသား ဖော်ပြ လိုက် ရပါသည်။

    ကေတု
    https://www.facebook.com/photo.php?fbid=503264749771361&set=a.3510477149930

    • မဟာရာဇာ အံစာတုံး

      November 28, 2014 at 2:15 pm

      အဓိက နောက်တစ်ချက်က
      အခုခေတ် သွားရင်း လာရင်းနဲ့ သီချင်းတွေ နားထောင်ကြတယ်။
      ဒီလို နားထောင်တဲ့အခါမှာ အလွန်အင်မတန်မှ ဂရုစိုက်သင့်ကြပါတယ်။
      နင်းကန်အကျယ်ကြီးဖွင့်ပြီး နားထောင်လို့ကတော့ မြန်မြန် ကန်းမှာပဲ … နား ပြောပါတယ် …

  • Shwe Ei

    November 28, 2014 at 10:46 am

    နားကျန်းမာရေးအတွက်
    ငရံ့ပလူရွက် ပြုတ်-တို့
    ကြောင်ရှာသီး များများ ကြော်စား / သုပ်စား
    ခေါင်းလျှော်ရင် ရေမဝင်စေဖို့ ဂွမ်းဆို့ထား
    ———————————————
    နားနဲ့ ပတ်သတ်ရင် အကြိုက်ဆုံးတစ်ခုက သီချင်းနားထောင်ရတာဘဲ :mrgreen:

    • မဟာရာဇာ အံစာတုံး

      November 28, 2014 at 2:52 pm

      အဲ့ဒါ .. အဲ့ဒါ …
      အပေါ်မှာ ပြောထားဒယ်နော် …
      အကျယ်ဂျီး နားထောင်ဂျနဲ့ …
      တော်ကြာ .. ကိုယ့် ရဲဇားစကား လာပြောတာကို ဆဲတယ်လို့ ကြားနေအုံးမယ် …
      :mrgreen:

  • surmi

    November 28, 2014 at 11:26 am

    ဒါနဲ့ ပြောရဦးမယ် တိုးတိုးတိတ်တိတ် :mrgreenn:
    နားထောင်ချင်ယောင်ဆောင် တတ်ချင်တယ်ဆိုရင် ပြောနော်
    နည်းလမ်းကောင်းတွေပေးမယ်
    တဖက်လူက နားထောင်နေတယ်ဆိုပြီး ကျေနပ်နေစေရမယ်
    တကယ်တော့ သိတယ်မဟုတ်လား ဟဲဟဲ

    • ခင်ဇော်

      November 28, 2014 at 11:30 am

      ယောက်ခမွ ။
      အဲဒါ လူတိုင်းကို သင်လို့ မရဘူးးး
      ဟိ။
      နားထောင်ချင်ယောင်ဆောင်နေတုန်း တဖက်က ဖြတ်မေး ကောက်မေးလိုက်တာနဲ့ တပြိုက်နက် ချက်ချင်းဖြေနိုင်တဲ့ ဖြတ်ထိုးညာဏ်က ရှိဖို့လိုသေးးး
      မင်သေဖို့ ရုပ်တည်ဖို့လည်း လိုသေးတယ်။

      တကယ်က သိတယ်မို့လားးး
      ကိုယ်က တွေးချင်ရာတွေးနေတာ ဘေးက ပြောချင်ရာ ပြောတာကို နားထောင်ချင်ယောင်ဆောင်ပြီးးးးး
      အဟိ။
      :mrgreenn:

      • မဟာရာဇာ အံစာတုံး

        November 28, 2014 at 3:16 pm

        . ဥဥဆာ နဲ့ မမဂျီးတို့ဆီက
        . ဒီနည်းလမ်းတွေ သင်ထားဦးမှ ….
        . မရှိမဖြစ် နည်းလမ်းများထဲမှာ အဲ့ဒါတွေလည်း ပါဒယ် ….
        . ရုပ်တည်နဲ့တော့ နေနိုင်ဒယ် … ဒါမယ့် သူက ပြန်မေးရင် ဘာပြန်ဖြေလို့ ဖြေရမှန်း သိတတ်ဘူးရယ် … ဟီးးး

  • La Yeik

    November 28, 2014 at 12:42 pm

    ပြောနေကျစကားကတော့…“နားငြီးရင် နားပိတ်ထား“ ဒါဗြဲ

  • uncle gyi

    November 28, 2014 at 10:54 pm

    ရွှေနားတော်သွင်းတေးချင်း
    ရွှေနားတော်ဆင်ပါတော့
    နဲ့အချို့ကနားကိုရွှေချထားတာ

  • မြစပဲရိုး

    November 29, 2014 at 7:10 am

    {နားကနေတစ်ဆင့် နှလုံးသားထိ ရောက်လို့သွားပါတယ်}
    ကြားထဲ မှာ ဓာတ်ပြောင်းသွားလို့ အမှန်အတိုင်း မကြားဘဲ ရှိနိုင်သေးပါ့ မောင်အံ။
    ဒါကြောင့် သီချင်း တစ်ပုဒ်မှာတောင်
    နားနဲ့ မနာ ဖဝါးနဲ့မနာ
    နှလုံးသားနဲ့ နာတော်မူပါ တဲ့။
    (ကဆာမိ ရေ ဘူသူ့ သီချင်းလဲ ဗျ)
    ပါဝါကြီး ရင် နှလုံးသားက တိုက်ရိုက် နားဆင် နိုင်ပါ့။
    lol:-)))

    • ခင်ဇော်

      November 29, 2014 at 7:19 am

      ဖိုးးချို ထင်ပါ့ အရီးးးရေ

      ဒီပို့ ရဲ့ အကြိုက်ဆုံးးး ကောမန့်မို့ ဝင်ရေးးးတာ။
      ခါတလေ နားးးက မကြားးရပဲ နှလုံးးးသားးးကပဲ ကြားးးနိုင်တဲ့ အသံ၊ ဘာသာစကားးမျိုးးးရှိပါကြောင်းးးးး

      :chit:

      • မြစပဲရိုး

        November 29, 2014 at 7:43 am

        Really !!!!!
        Power of Love! 😉
        အဲဒီ ဘာသာစကား အကြောင်း ဆွေးနွေးပါဦး။ :))

      • မြစပဲရိုး

        November 29, 2014 at 7:45 am

        CELINE DION – “The Power Of Love”

        We’re heading for something
        Somewhere I’ve never been
        Sometimes I am frightened
        But I’m ready to learn
        Of the power of love

        The sound of your heart beating
        Made it clear
        Suddenly the feeling that I can’t go on
        Is light years away

        အိပ်ပြီ။ Night!!!
        Sorry .. Good mornning! lol:-)))))

Leave a Reply