မနက်ခင်းလေးများကိုငေးကြည့်ခြင်း(ဓါတ်ပုံပိုစ်)
မနက်ခင်းလေးများကိုငေးကြည့်ခြင်း(ဓါတ်ပုံပိုစ်)









အရင်က မနက်မနက်ဆို လမ်းထထလျောက်ပါတယ်။
အခုတော့ အကြောင်းအမျုးိမျိုးပြပြီး မနက်လမ်းလျောက်မထွက်တာ အတော်ကြာပါပြိ
ပြီးခဲ့တဲ့ ဥပုဒ်နေ့ကတော့ လူးလဲ ထပြီး မနက် စောစောဦးပိန်ကိုအရောက်သွားခဲ့ပါတယ်။
ဒီတော့ကျနော်ရိုက်ခဲ့ဘူးတဲ့ နံနက်ခင်းလေးတွေကိုစုပြီး တင်ပေးလိုက်ပါတယ်။
21 comments
Yae Myae Tha Ninn
November 27, 2014 at 9:14 am
တကယ်.. ရိုက်လဲ ရိုက်နိုင်တယ်… လေးပေါက်က… မထပ်တမ်းပဲ နော်… အကုန်ကြိုက်တယ်.. 🙂
ကိုပေါက်(မန္တလေး)
November 27, 2014 at 12:39 pm
ပြည့်ရှင်မင်းကြီးရေ
2010 မေလ က စပြီးဓါတ်ပုံရိုက်လာတော့
ကျနော်မှာမ တင်ရသေးတဲ့ ပုံတွေအများကြီး ရှိတယ် ဗျ
မဟာရာဇာ အံစာတုံး
November 27, 2014 at 10:07 am
အရင်က မနက်စောစော ထနိုင်ပီး
အခုကျ မထနိုင်တော့ဘူး ဆိုတော့ကာ …
တစ်ခုခုတော့ တစ်ခုခုပဲ ….
ဘာဖြစ်ဖြစ်
နေ သေချာ ထွက်မလာခင် အခိုက်အတန့်မှာ ရိုက်ထားတဲ့
မနက်ခင်း ပုံလေးတွေဆို လွှတ်သဘေကျတာ …
ကိုပေါက်(မန္တလေး)
November 27, 2014 at 12:47 pm
ခြောက်မျက်နှာရေ
အခု စောစောမ ထ လမ်းမလျောက်နိင်တာက
ည ည ရေ စောင့်တင်နေရလို့ပါကွယ်
အဲသဟာစောင့်ရင် း စာတွေရေး ပါသည်
စာတွေဖတ်ပါသည်
ဓါတ်ပုံအက်ဒက်လုပ်ပါသည်
Ma Ei
November 27, 2014 at 10:42 am
ပုံလေးတွေ အကုန်လှတယ်
9 အောင်ပင်လယ်ရဲ့နံနက်ခင်း ကအလှဆုံး အကြိုက်ဆုံးပါ…
ကိုပေါက်(မန္တလေး)
November 27, 2014 at 12:49 pm
မအိရေ မန်းလေးဆောင်းက မြို့ပြင်ထွက်လိုက်တာနဲ့ တကယ်လှပါသည်
weiwei
November 27, 2014 at 11:25 am
မနက်ခင်းအချိန်တိုင်း အိမ်မက်ထဲမှာပဲ ရှိနေတာများလို့ လောကကြီး ဒီလောက်လှနေမှန်း မသိခဲ့ဘူး …
ကိုပေါက်(မန္တလေး)
November 27, 2014 at 12:51 pm
မဝေရေ
မဝေတို့ တညင်မှာဆို လည်း ဆောင်း မနက်မှာရိုက်စရာအတော်ပေါမယ်ထင်ပါတယ်။
ကျနော်က ရန်ကုန်ဆောင်း က ရေငွေ့ ပျံ တာတွေကို သိပ်သဘောကျတယ်
ရောက်တိုင်းလဲ ရိုက်ဖြစ်တယ်
နောက်ရက် မနက်ငါးနာရီ ဖုန်းဆက်ပြိးနိူးလိုက်မယ်လေ
kyeemite
November 27, 2014 at 1:12 pm
.မှိုင်းမှုံဝေတဲ့နံနက်ခင်းပန်းချီကားတွေပဲ 🙂
ကိုပေါက်(မန္တလေး)
November 27, 2014 at 3:46 pm
ကိုမိုက်ရေ
ကျနော်က ဓါတ်ပုံဆရာတွေပြောလေ့ရှိတဲ့(under) အမှောင်ဘက်သန်းတာကို ကြိုက်လို့ပါ
ဂျက်စပဲရိုး
November 27, 2014 at 1:15 pm
ဒီ တစ်ခါ တော့ ပုံတွေ အကုန်ကြိုက်စ် ဟီးဟီး
မနက်ခင်းလေးတွေ ရိုက်ချင်ပါသော်လဲ
အိပ်ရာက အဲ့ချိန် မနိုးတာ ကြာရှာပြီမို့….
နီးရက် နဲ့ ဝေးးးး း)
(ဒီမှာလဲ အဲ့လောက် လှ တဲ့ ရှုခင်းမျိုး ရှိမှ မရှိဘဲကိုးးးးးးး)
ကိုပေါက်(မန္တလေး)
November 27, 2014 at 3:48 pm
ကိုဂျက်ရေ
ပုံတွေက မနှစ်ကရိုက်ထားတာလေးတွေရော
ဒီနှစ်ရိုက်ထားတာလေးတွေပါ ပေါင်းတင်လိုက်တာ
ကံကောင်းလို့ လဲ ဒီလိုလှတဲ့အချိန်ရောက်သွားပြီး
လှတဲ့ပုံတွေရလာတာပါ
အခုရက်ကတော့ ညမြင်ကွင်းတွေရိုက်ဘို့ အားသန်နေတယ်
ခင် ခ
November 27, 2014 at 1:23 pm
ချမ်းအေးသောဒေသတွင် အရှေ့ဆီကထွက်ပေါ်လာသော နေမင်းသည် သူ့တို့အတွက် အနွေးထည်တစ်ခုပင်ဖြစ်သည်တဲ့။
ကိုပေါက်(မန္တလေး)
November 27, 2014 at 3:50 pm
ဟုတ်တယ်ကိုခ
ဒါပေမယ့် ဓါတ်ပုံဆရာတွေက နေထွက်စ နှင်းငွေ့ ဝေ စ လေးတွေကို အရမ်းသဘောကျတော့
နေထွက်ချိန်ကို အသေအလဲမှတ်ထားကြတာ
aye.kk
November 27, 2014 at 3:31 pm
ရှုခင်းတွေအားလုံးက ပန်းချီကားချပ်လိုလှနေတာ ။
ကြည့်မဝတာအမှန်။
ကိုပေါက်(မန္တလေး)
November 27, 2014 at 3:53 pm
မမအေးရေ သဘာဝ အလှဆို တာ ကြည့်တတ်မြင်တတ် ခံ စား တတ်ရင် လှသွားတာပါဘဲ
CharTooLan
November 29, 2014 at 1:32 pm
No. 1 ပုံကြိုက်တယ် အဲ့လိုတစ်ခုခုကိုထောင့်မှာထားပီးရိုက်တာကိုသဘောကျတာ
ရှုခင်းတစ်ခုခုနဲ့လူနဲ့ တွဲရိုက်မယ်ဆိုရင် လူကိုအလယ်မှာမရပ်ခိုင်းပဲ
ထောင့်တစ်နေရာရာမှာ နေရာယူခိုင်းထားတာမျိုးလေ
အလင်းဆက်@မောင်သူရ
November 29, 2014 at 3:34 pm
သိသွားပြီ။
မနက်ခင်းတွေဟာ ဒီလောက် လှတတ်မှန်းးး
မြစပဲရိုး
November 29, 2014 at 7:01 pm
နံပါတ် (၆) ရဲ့ အလှ က လွမ်းစရာ ကပေါက်ကြီး။
နံပါတ်(၂) ရှုခင်းမျိုး ဒီမှာ ရှိတယ်။
နေ့တိုင်း တော့ မဟုတ်ပေမဲ့ ရာသီကောင်း တဲ့ မနက် တွေ ဆို တစ်အားလှ တယ်။
ကိုပေါက်(မန္တလေး)
November 29, 2014 at 9:41 pm
ဒီပုံလေးတွေကတော့ကျနော်စိတ်တိုင်းကျတဲ့ပုံတွေ
uncle gyi
November 30, 2014 at 11:17 pm
အားလုံးကိုခြုံပြီးပြောရရင်
အားလုံးကောင်းပါသည်ခင်ဗျာ