မလွမ်းတော့ဘူး
ခွဲကွာသွားတဲ့ အတိတ်တွေနဲ ့….
မလာသေးတဲ့ အနာဂတ်ဆိုတာ…။
ငါမှမပိုင်တာ…..။
ငါနဲ ့ဆိုင်နေတဲ့ ပစ္စုပ္ပန်ကိုသာ ငါမြတ်နိုးတတ်ရမယ်…။
ပြီးခဲ့တဲ့ပန်းချီကားသစ်ဆိုတာ ငါ့အတွက်တော့မဲညစ်ညစ်….။
ပြန်စဉ်းစားလို ့အသစ်မဖြစ်တာ…ငါသိနေတာပဲ…။
မလာသေးတဲ့အနာဂတ် ရွှေရောင်ကွတ်ထားတဲ့
ဇာပဝါအနားစလို လှနေပါစေ ၊ ငါမျှော်လင့်လို ့မှမရတာ….။
ပစ္စုပ္ပန်ဆိုတာ..ငါနဲ ့ဆိုင်နေတုန်းမှာသာ….။
ငါ့အတွက်ဆိုတာ…မရှိဘို ့…..။
ငါတန်ဘိုးထား မြတ်နိုးတတ်ရမယ်…။
ငါဆိုတဲ့အသိစိတ်မှာ….
ငါဆိုတာဘယ်အရာကိုမှ….
မပိုင်တာကိုသိရလို ့….
မလွမ်းလည်း မလွမ်းတော့ဘူး….။။
18 comments
ဗုံဗုံ
December 3, 2014 at 12:50 pm
သူ့ကိုလည်းမလွမ်းတော့ဘူး… 😥
ခင်ဇော်
December 3, 2014 at 12:53 pm
အနော်လည်း လွမ်းတော့ဝူးးး
ကိုယ် မပိုင်မှန်း သိသွားလို့။
:h:
aye.kk
December 3, 2014 at 12:56 pm
ကောင်းပါ၏..ကောင်းပါ၏။ အန်တီအေး
ဗုံဗုံ
December 3, 2014 at 1:16 pm
သများငိုတာက ပိုလှသလားလို့ မမဂျီး 😥
aye.kk
December 3, 2014 at 2:15 pm
သူများအတွက်ရော ကိုယ့်အတွက်ရော
မငိုရဘူး။ တိတ်တိတ်…. ငိုရင်.. မလှဘူး ။ အငိုချင်းလည်း မပြိုင်နဲ ့နော်။။
တောတွင်းပျော်
December 3, 2014 at 3:34 pm
ငိုလို ့များလှမယ်ဆိုရင်
ဗုံဗုံတို ့များ
တစ်နေ ့ ၂၅ နာရီငိုမယ်ပေါ ့..
ဗုံဗုံ
December 3, 2014 at 4:04 pm
အမလေး .. ဦးပျော်ရဲ့ ..အဟီး..အဟီး… 😥
Wow
December 3, 2014 at 4:33 pm
ငိုချင်ရင် ဒါညိုးအော်ငိုရဒယ် :byee:
aye.kk
December 3, 2014 at 12:54 pm
မလွမ်းတာ…
အကောင်းဆုံးပါဗုံဗုံရေ..
ပထမဦးဆုံးမန် ့သူမို ့အန်တီကကျေးကျေးပါနော် ။။
တောတွင်းပျော်
December 3, 2014 at 1:56 pm
မနေ ့က
ဝမ်းဗိုက်ကဆာ
အလွမ်းတွေက ဂုတ်စီး
ငါ ဗိုက်မှောက်နေခဲ ့တယ်…
ကနေ ့
မြိုဆို ့ဝမ်းပြည် ့
ဗိုက်ကြီးအင် ့လို ့
အလွမ်းဆိုတာ
အပလာ…
မနက်ဖြန်ချိန်
ငါမတွေးအားသေး
ဟိုအဆက်ရဲ ့
ဘိုနီ ့ခွက်ပက်လက်က
ကျဆိမ် ့ရည်လေး သောက်ချင်တယ်…
ဗိုက်လေးဆာမှ လွမ်းတတ်တဲ ့
ဝုတ်ဝုတ်
တောတွင်းပျော်
အလကားနောက်တာနော်
aye.kk
December 3, 2014 at 2:19 pm
ဆာရင်စားလိုက်ပါ။
ဝုတ်ဝုတ်တော့ မလုပ်ပါနဲ ့…နော်။
အခုမှလူ ့ဘဝရောက်လာတာ ဘာများကြာသေးလို ့လည်းကွယ်။
အန်တီအေး ။
weiwei
December 3, 2014 at 2:54 pm
ငါဆိုတာ မရှိဘူးလေ အန်တီအေး …
aye.kk
December 3, 2014 at 4:01 pm
ဟုတ်ပါတယ်။
ငါဆိုတာမရှိပေမယ့်။
သက္ကာယဒိဌိမပြုတ်သေးလို ့ပါဝေဝေ။
အလင်းဆက်@မောင်သူရ
December 3, 2014 at 5:06 pm
ကိုယ် မပိုင်ဆိုင်ရတော့ဘူးဆိုတာ သေချာလေလေ
ပို ပို လွမ်းလေလေ. . .
😥
Kaung Kin Pyar
December 5, 2014 at 2:28 pm
ဒေါ်ဖွားမေလား….ဖွေးဖွေးလားဟေ…..
🙂
aye.kk
December 3, 2014 at 8:44 pm
လွမ်းတာကို
လွမ်းတယ် လွမ်းတယ်ဆိုပြီး မနားတမ်းမှတ်ကြည့်လိုက်နော်။။
မြစပဲရိုး
December 6, 2014 at 10:16 pm
လွမ်းတာ ကို လွမ်းတယ် လွမ်းတယ် မှတ်ပြီး
ဟိုဘက်က မွန်းခါး လေး တော့ လွမ်းဗျစေ နော် အစ်မအေး။ 😉 :))
aye.kk
December 6, 2014 at 11:05 pm
အာရုံမှာချက်ခြင်းဖြစ်လာတာက တားမရ။
မွင်းခါးလေးတော့ ချွင်းချက်။ ရပါတယ် အမအေး။