သူ ဆိုသော သူ
သူ ဆိုသော သူ
မာနကိုအသာခွ အတ္တဦးထုပ်ဟန်လုပ်ကာဆောင်း
ဒေါသလမ်းကြားလျှောက်လမ်းသူ . . . .
မတရားခြင်းကိုအသာကြည့် မောဟပူပူလေးတစ်ခွက်ကို
သောကကင်းကင်း သောက်ချင်သူ . . . .
တဏာရမက် လောင်မီးစာလေး
ဖိတ်ယိုကာစီး ကင်းဝေးသီလ
စောင့်ထိန်းခက်မို့ သစ္စာဆိုသော
အရိပ်လေးအောက် တူလျှောက်စေချင်
လူဖြစ်တစ်ခဏ ဆုံဆည်းဘဝ
အပူရယ်ကင်း မြူ နှင်းလည်းကြေ ွ
နှလုံးသားလေး လန်းပါစေ . . . .
ကာရံ ၁၁ ့၁၂ ့၂၀၁၄
3 comments
အလင်းဆက်@မောင်သူရ
December 11, 2014 at 8:23 pm
မောဟ ပူပူလေး..တဲ့…
အသုံးလေး…လှတယ်…ဗျ။
ကျနော်လည်း… ဘာတွေ ထည့်ကြိတ်ထားမှန်းမသိတဲ့..
မြန်မာပြည်က…ကော်ဖီမစ်ထုတ် တွေ….
ဘာမှန်းညာမှန်းမသိပဲ…သောက်နေမိတာ..ဖြတ်ရမယ်…
အဲဒါ…မောဟပူပူလေးတွေ…
😆
အောင် မိုးသူ
December 12, 2014 at 9:54 am
သူ………………
ကာရံ
December 15, 2014 at 6:58 pm
ဟုတ်မယ်ထင်တယ် အလင်းဆက်ရေ