ဒီလို နှုတ်ခမ်းလေးကိုက်
စူပြလိုက်ရုံနဲ့
ရှိတဲ့ နှလုံးသားက တုန်ခါ
ယုံပါလို့ ဟစ်ကြွေးရင်း
အချစ်တေးသီချင်းတွေကြား
ပျော်ပါးလို့ နေဘူးသပေါ့ ၊
အခုတော့ သမုကျော့ရေ
ပျော့ခွေလို့ ယိုင်နွမ်း
မခိုင်ပန်းကိုမှ လှမ်းမိသူ
အလွမ်း၏ အပူကြား
သူယူသွားတဲ့ ငါ့နှလုံးသား
အပြုံ းများကွယ်ပျောက်
အမုန်းတရားအောက်မှာ
ဆယ်သက်တာ ၊
Post Views: 482
18 comments
ခင်ဇော်
December 11, 2014 at 12:45 pm
ပညာသည်ပေါ့လေ။
လက်ဆပြင်းတယ်။
ရူးရင်ရူးးး
မရူးရင် အင်းးးး အဲ ထူးးးးမှာပေါ့နော်။
အားမလျှော့နဲ့ နာ့ အကို။
:k:
တောင်ပေါ်သား
December 11, 2014 at 1:02 pm
အရူးနှစ်ပိုင်းကို လာမြှောက်နေပြန်ပြီ ၊
Yae Myae Tha Ninn
December 11, 2014 at 1:01 pm
ဦးမျိုး… စာသား နဲ့ ခေါင်းစဉ်.. တားတား ကြိုက်တယ်… သို့သော် နှုတ်ခမ်းပုံကို ကြည့်ပြီး ကြက်သီးထသွားတယ်.. ဘာရို့လဲ ဟင်… 😀
တောင်ပေါ်သား
December 11, 2014 at 1:05 pm
အဲဒီ . . . အဲဒီ . . နှုတ်ခမ်းလေးနဲ့ပဲ
ငါ့ကို ပဒိုင်းပန်း ကျွေးသွားခဲ့သပေါ့ကွယ် ၊
Yae Myae Tha Ninn
December 11, 2014 at 1:18 pm
ဟုတ်လား.. သစ်သီးပွဲမှာ ပဒိုင်းသီးပါတယ် … တခါမှ မစားဖူးသေးဘူး… 😛
ဦးကျောက်ခဲ
December 11, 2014 at 2:02 pm
ဆိုင်းထီးဆိုင်ကတော့ … မောင့် အရိုင်းပန်း…
ကိုယ့်ဆြာ တောင်ပေါ်သားကတော့ … မောင့် ပဒိုင်းပန်း… ကို
နမ်းမိသွားလို့ ပျော့ခွေ ယိုင်နွမ်း … မောင့် အသီးကြွမ်းပြီ… တဲ့
အာကာသတွေ မထားပါနဲ့ဗျာ … ဥစ္စာရှင်မှန်ရင် ပြန်ရမှာပါ … ဟီ ဟိ
:k:
တောင်ပေါ်သား
December 11, 2014 at 2:15 pm
လူဆိုး
ခီညားကြီးတို့လို အိမ်ထောင်ကျနေသူတွေက
အသီးကျွမ်းဝေဒနာကို ဘယ်ကိုယ်ချင်းစာတတ်ပါ့မလည်းလေ 🙂
ဖားသက်ပြင်း
December 11, 2014 at 2:11 pm
ကြာပါတယ်အူးလေးယာ
ကျော်ယီးပြောသလို
ဆွဲစိပီးတော့မှ ထည့်ပလိုက်
ရင်ခွင်ထဲကို
တောင်ပေါ်သား
December 11, 2014 at 2:18 pm
အိုက်ဒီပညာ ငါ့ သင်ပေးဦးလေကွာ 😛
Zaw Lwin
December 11, 2014 at 2:20 pm
ဦးမျိ ု း
သိတ် မ လွမ်း ပါ နဲ ့
လွမ်း လေ လေ ၊ ခံ ရ ခက် လေ လေ ပါ။
မေ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ပ လိုက်။
ဒါ မှ မဟုတ် နောက် တစ် ယောက် ရှာ ့ ့ ့ ့ ့ ့ ့ ့ ပ လိုက်၊
တောင်ပေါ်သား
December 11, 2014 at 2:46 pm
ကွဲစရာ အသီး မရှိတော့ပါဘူးကွယ် ၊
စိတ်ကြီးတို ရိပ်အနီးခိုရင်း
ငိုချင်းကိုဟစ်ကြွေး အို အသစ်ကလေးရေ
မင်း ဘယ်ဆီမှာလည်းလေ
အလင်းဆက်@မောင်သူရ
December 11, 2014 at 8:26 pm
ရောင်စဉ်ခုနှစ်သွယ် နတ်ိမိမယ်လေးများဆိုတဲ့…မာမီများ ကပြတဲ့ တေးသရုပ်ဖော်ပြဇာတ်ထဲက…
အဲ့လို နှုတ်ခမ်းလေး ကိုက် ကိုက်ပြတတ်တဲ့ မာမီတစ်ယောက် ရှိတယ်။
အဲဒီတစ်ယောက်ကိုများ… အိုးမြူး…လွမ်းနေလေသလား….လို့..တွေးမိတယ်။
ဂွစ်ဂွစ်
:k:
တောင်ပေါ်သား
December 12, 2014 at 9:47 am
ပြောရက်လိုက်တာ ဆက်ဆက်ရယ် 🙂
Kaung Kin Pyar
December 12, 2014 at 1:30 pm
ပဒိုင်းသီးကို မင်းကွန်းဘက်မှာမှ မြင်ဖူးခဲ့တယ်….။
ဆုပ်လဲဆူး၊ စားလဲရူးဆိုတာ….
ဦးကျောက်ခဲ
December 12, 2014 at 1:53 pm
ရှိသေးတယ် … နမ်းရင် မူး သတဲ့…
ရှူ မကြည့်ခဲ့ဘူးလား… ထန်းရည်ဖိုးသက်သာအောင်… ခွိ
:k:
Kaung Kin Pyar
December 12, 2014 at 4:27 pm
ဟင့်အင်း…
အူးမျိုးက အလုံးလိုက် မျိုချမှာ…..ခ်ခ်
:k:
တောင်ပေါ်သား
December 12, 2014 at 4:33 pm
နာ့ကိုညား ကြောလိုက်ကြတာ ရစရာကို ရှိတော့ဝူး ၊
တွေ့မယ် ဒင်းတို့အလှည့်မှ 🙂
လုံမလေးမွန်မွန်
December 14, 2014 at 11:49 am
သမုကျော့ တဲ့.. မိုက်တယ်ဟ..