Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မာမီ Twig

Silver TwigJanuary 26, 20151min47914

 

မာမီ Twig
========

ကျွန်ုပ် တောပျော်ကြီး ကတွတ်ပီ Twig သည် ဆံပင်ညှပ်ဆိုင် ဟူ၍ သီးသန့် မရှိ. ဆိုင် အသွင်အပြင်သပ်ရပ်သည်ထင်ပါက..ကြုံရာကျပန်း…ခေါင်းထိုးညှပ်လေ့ ရှိလေသည်..
အမျိုးသမီးများညှပ်သော ဆိုင်ကိုတော့ တောပျော်ကြီးပီပီ ရှက်တတ်ပါသဖြင့် မသေးမျှင်မပါက မဝင်ရဲချေ….

မတော်..ငါ့ဆွဲထားနေမှဆိုတဲ့ အတွေးနဲ့ ရင်ခုန်မိပါရဲ့

…………

လွန်ခဲ့သော ၂ နှစ်ခန့်က ..

ထိုနေ့တွင် ပြာလချောင်ကို စမ်းချောင်းရှိ ဧရာဝတီ တိုင်း မြို့နာမည် ရှိသော လမ်းတခုတွင် ကျူရှင် ပို့ပြီး သကာလ. ၂ နာရီ ထိုင်စောင့်ရမှာ ပျင်းပျင်း ရှိလှသဖြင့် ဟိုဝင်ဒီထွက် လမ်းလျောက် ငေးမျော နေမိ၏..

ဟော အလို…..ဟိုမှာ
ဆံပင်ညှပ်
ခေါင်းလျော်
မျက်နှာချေးချွတ်ရွှေသွင်း
ခြေဆေး လက်ဆေး

အဆင်သင့် ဖြစ်ပြီ…ဆိုင်က သပ်သပ်ရပ်ရပ် နဲ့မို့ ပိုနေတဲ့ အချိန် ဝင်ဖြုန်းလိုက်မဟဲ့..
မှန်း..အမျိုးသား/အမျိုးသမီး ဆံညှပ်ဆိုင်ဆိုပဲ..ဟန်ကျပီပေါ့..

ဆိုင်ဝန်ထမ်း ပိုင်ရှင်သည် လူငယ်တဦးဖြစ်၏
သပ်သပ်ရပ်ရပ် ဝတ်စားထား၏
အကူ လူငယ်တယောက် နှစ်ယောက် မှာလည်း..ရုပ်ရည် ပြေပြစ် ၏
ဆံပင် နီကြောင်ကြား မဟုတ် အင်္ကျ ီ လုံချည် သပ်ရပ်စွာ ဝတ်ဆင်ထားလေ၏..
အရှေ့ပိုင်း ဆံပင်ညှပ်ခန်းတွင် အမျိုးသမီး ဝန်ထမ်း မတွေ့ ၍…
အော် နောက်ဖက် ခေါင်းလျော် အခန်းတော့ ရှိမှာပေါ့ အတွေးနဲ့….
ဆံပင်ညှပ်အပြီး.

.ခေါင်းလျော် မလား
အေးကွ…လျော်မယ် မျက်နှာပါ ချေးချွတ်မယ်..
နောက်ဖက် အခန်း ဝင်လိုက်ပါ..

နောက်ဖက် အခန်းဝင် ထိုင်ခုံပေါ် လှဲအပြီးတွင်..နုနယ်ပြေပြစ်လှသော ယောက်ကျားလေး တယောက်က ခေါင်းလျော် မျက်နှာ ဆေးပေး လုပ်မည်ဆိုတော့..
ထွက်ပြေးလို့လည်း မဖြစ်တော့..
ထိုသူငယ်၏ လက်ချောင်းများက ကျွန်ုပ်၏ ခေါင်းပေါ် မျက်နှာပေါ်တွင် ကျွမ်းကျင်စွာ လှုပ်ရှားပြေးလွှားပေးနေသည်ကို အသဲတယားယား ကြက်သီး တဖြန်းဖြန်းနဲ့.မျက်လုံးပိတ်.ညိမ်နေပြီးသကာလ

ကဲ..လာစမ်း ဒီသူငယ် ဘယ်ပုံ ရှိမလဲလို့ အတွေးနဲ့..မျက်စိတဖက်ဖွင့်အကြည့်…

အို..အလို..ကလေးငယ်၏ မျက်နှာတွင် ဝမ်းစာအတွက် လှုပ်ရှားယင်း..အမည်မဖော်နိင်တဲ့ ဝေဒနာ တခုခု..ကို မြင်နေရသလို…

စကားစမြည်း ဆိုမိလေသည်..

နေပါအုံးကွ..မင်း.ဒီခေါင်းလျော် မျက်နှာဆေး ပညာ ဘယ်လို တတ်လာခဲ့တာလဲ
သင်ရတာပေါ့..ဦးရာ
တဖြည်းဖြည်းနဲ့..ထိုသူငယ်လည်း..သက်သောင့် သက်သာ ဖြစ်လာ သည့် အသွင် ဖြင့် စကားဆိုလာယင်း

အပေါ်ထက်မှာ အနှိပ်ခံ ခြေဆေး..လုပ်လို့ ရတယ်

ကျွန်ုပ် တောပျော်ကြီးသည်.ယခု ခေါင်းလျော်စဉ်ပင် အသဲတရားရား ရှိလှကာ…
တော်ပါပြီ..ဟု ဆိုစဉ် ထိုခန

လှုပ်လီးလှုပ်လဲ့ ကောင်ကလေး တဖွဲ့ ဆိုင်ထဲ ဝင်လာတာ တွေ့ရလေသည်
……………….
မသေးမျှင်.. အဲ့ဆိုင်က တမျိုးကြီးပဲလို့ ပြောခဲ့မိသော်လည်း…အဓိပ္ပါယ် မဖော်တတ်ခဲ့..
သို့သော်…ယခု Eleven မှ ဆောင်းပါးဖတ်အပြီး…

ဟော…..ဟိုမှာ..မသေးမျှင် ခေါ်နေလို့

စကားကောင်း နေ လိုက်တာ..ခန နော်
…………

တော့ ကတွတ်ပီ..
ရှန်….

==============================

Eleven Media Group

ရန်ကုန်မြို့အတွင်း အမျိုးသား အနှိပ်ခန်းများနှင့် အမျိုးသား ပြည့်တန်ဆာ လုပ်ငန်းများ ကျယ်ပြန့်စွာ လုပ်ကိုင်နေသော်လည်း ဖမ်းဆီးအရေးယူခြင်း မရှိသေး

ရန်ကုန်မြို့အတွင်း အမျိုးသား အနှိပ်ခန်းများနှင့် အမျိုးသား ပြည့်တန်ဆာ လုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်နေမှု တွင်ကျယ်နေသော်လည်း ဖမ်းဆီးအရေးယူခြင်းနှင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခြင်း မရှိသေးကြောင်း အဆိုပါ အသိုင်းအဝိုင်းနှင့် ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

သတင်း အစအဆုံး .Eleven.စာစောင် ဝယ်ဖတ်ကြလေကုန်

=======

11

14 comments

  • Silver Twig

    January 26, 2015 at 2:35 am

    မာမီက..HP မှာ ရေးပီး..MG ကို copy paste လုပ်တာ တချို ့ သဝေထိုးစာလုံး တွေ..ပါမလားဘူး..သားလေး သူကြီးမင်း ရေ..MG မှာ တင်ချင် လွန်းလို့ သာ တင်လိုက်ရတာ..

  • Mr. MarGa

    January 26, 2015 at 9:01 am

    မှားရက်ပလေ….
    copy paste က စာလုံးအားလုံး ပေါ်ပါကြောင်း 🙂

    • Silver Twig

      January 26, 2015 at 1:09 pm

      မပေါ်လို့ ပေါ့ ..မောင်လေး မာဂ ရယ်….
      ခုခေတ်က မပေါ်လည်း ပေါ် အောင်ဖော်တဲ့..ခေတ်ကိုအေ့..
      မာမီလည်း (ဝစ္စ) နှစ်လုံးပြူ း ပေါ်အောင် ဖော်…အဲ..ဟုတ်ပေါင်..
      ရှုပ်ကုန်ပြီ..မောင်လေးရေ…နောက် အနှိပ်ခံ ချင်ရင်လာနော်….
      အိမ်..မကျော်သွားနဲ့…

  • Mike

    January 26, 2015 at 10:13 am

    .ဂဇက်မှာ စာတင်ရင်၊ ကွန်မန့်ပေးရင် အဲ့လိုပဲကွ
    .ထိပ်ဆုံးစာလုံးပျောက်တဲ့အခါပျောက်တယ်
    .သေချာချင်ရင် ခုငါမန့်သလို အစက်လေးခံပြီး ရေးရတယ်
    .ထူးဆန်းပေစွ ဂဇက်ဘွ :k:

    • Silver Twig

      January 26, 2015 at 11:00 am

      Mike, let me know how do you post that news in comment. I am far cry behind the knowledge of the rules of do and don’t

  • Mike

    January 26, 2015 at 11:35 am

    .4. အခြားမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ
    .လို့ဆိုထားတော့ စာကူးတင်တာမဟုတ်ပဲ မူရင်းလင့်တော့ပေးလို့ရတာပေါ့ဟ :b:

    • Silver Twig

      January 26, 2015 at 12:57 pm

      I tried but didn’t know the instruction ., that’s why I just gave a hint of Eleven Media Article.

  • အလင်းဆက်

    January 26, 2015 at 11:39 am

    အဲ တော့ကတွတ်ပီလို့ ခေါ်တာကို ရှန် လို့ထူးတယ်
    :k:

    • Silver Twig

      January 26, 2015 at 1:18 pm

      ဆံပင်လေး တခါညှပ်..ခေါင်းလေး တခါ လျော်မိ ပါတယ်…

  • ဂျက်စပဲရိုး

    January 26, 2015 at 2:40 pm

    ရန်ကုန် မှာဆို အရင်တုန်းက မိန်းကလေး တွေ ဆံပင်ညှပ်ပေးတာ ယောက်ျားလေးတွေလောက် မကောင်းပါဘူး ဆိုပြီး မိန်းမ တွေ ညှပ် တဲ့ ဆိုင်မှာ တစ်ခါမှ မညှပ်ဖူးဘူး။
    ခုတိုင်းဆိုရင်တော့ မိန်းကလေးတွေ ညှပ်တဲ့ ဆိုင်ပဲ ရွေးညှပ်ရတော့မလို ဖြစ်ပြီ…. 😀

  • Silver Twig

    January 26, 2015 at 3:31 pm

    Someone has already made self confession.

  • padonmar

    January 26, 2015 at 7:19 pm

    .ဟို ..လိင်တူလက်ထပ်တဲ့ သတင်းကြီးပါလာပြီးကတည်းက .ပိုပွင့်ပွင့်လင်းလင်းဖြစ်လာကြသလိုပဲ။

    • Silver Twig

      January 26, 2015 at 7:57 pm

      ကြားဖူးနားဝ ပြောရရင်…ဟို.NGO မှာ လုပ်နေတဲ့.ရုပ်ရှင်မင်းသမီးကြီး..ရဲ့ မှတ်တမ်းအရ..
      . ရေးရတာ ကြာတာ..
      They have distributed 4000 pcs of condoms in the year of 2000 and increased to one million in 2004.
      You can imagine, how much it could have been increased in a year now a day.
      Education is better than condemnation and open to the world.
      BTW, I dont mean you have condemned about gay..
      ပွင့်လင်းတာ ကောင်းပါတယ်..သမီး ပဒုန်မာ..

Leave a Reply