နားဦးတည့်ရာ ငါး – Htoo Eain Thin (A Night Full Of Stars)
အခု လာမဲ့ အဂါင်္နေ့ က တပို့တွဲလပြည့် တဲ့။
ဟုတ်မှာပါ။
မနေ့ည က ကောင်းကင် ကလဲ ကြည်လင်ပြီး လ ရောင် ကြား မှာ ကြယ်တွေ မှ စုံလို့။
လှလိုက်တာ လို့ တွေးလိုက်ပြီး ဖြတ်ကနဲ သတိရလိုက်မိတာ က ဒီလိုဘဲ ကောင်းကင်မှာ ကြယ်တွေ စုံခဲ့တဲ့ တစ်ချိန်က ည တွေ အကြောင်းပေါ့။
အဲဒီချိန်တွေ တုန်းကတော့ အခုလို လှလိုက်တာ မတွေးမိဘူး။
“ကြယ်တွေစုံတဲ့ည အဝေးအိမ်ကိုလွမ်းတယ်” ဆိုတာ ကိုဘဲ ထပ်ခါ ထပ်ခါ ရွတ်ပြီး အဲဒီ ကြယ်တွေ ကို အားကိုးတကြီး ကြည့်ရင်း အိမ်ပြန်ခဲ့တာ။
တကယ်တော့ “အိမ်” မဟုတ်ပါဘူး။
“အဆောင်” ပေါ့။
ညဖက် ပြန်ချိန် ၈နာရီ ဆိုတာ အစောဆုံး။
တစ်ခါတစ်ခါ ၁ဝနာရီ လောက်ထိ ဖြစ်ရင်း ဘူတာ ကို ခတ်သုတ်သုတ် ပြေးရင်တောင် အဆောင် ကို ရောက်တော့ သန်းခေါင်နီးပါး ရှိပြီ။
ဒီတော့ လမ်းမှာ ကောင်းကင် က ကြယ် တွေဘဲ အဖော်ပေါ့။
“ကိုယ့်အိမ်မက် ဘဝမျှော်လင့်ခြင်း” တွေ ဆိုတာ ကို တစ်ခါတစ်ခါ တော့ မေ့ထားချင်လိုက်အောင် ကို ဖိအားများတဲ့ အချိန်တွေ မှာ ဒီ သီချင်း က စိတ်ထွက်ပေါက်ပါ။
. နှိမ်တယ် မခေါ်နိုင်ပေမဲ့ မိန်းမ တွေ ကို နေရာပေးတတ်တဲ့ ယဉ်ကျေးမှု ဓလေ့ မရှိတဲ့ မြေမှာ ကိုယ့်လူ ကို ယုံကြည်ချက် အပြည့်နဲ့ ဇွတ်အတင်း ရုံသွင်းခဲ့ တဲ့ ဒုတိယ အဖေ့ ကို အရှက်မရစေချင်ခဲ့ဘူး။
ပြီးတော့ ဒီလို ယောကျာင်္းတွေ မှ လုပ်နိုင်တာ ဆိုတဲ့ အတွေး ကို ရိုက်ချိုးပြချင်တာ။
ဒါပေမဲ့လဲ တစ်ဖက်မှာ ဘာသာစကား အခက်အခဲ တွေ နဲ့ နည်းပညာ ကွာဟချက် အလုပ် ဖိအား တွေ က ကိုယ့် အတွေးမာန်ကို ဟားတိုက် လှောင်ရီ ခဲ့ကြတယ်။
အဲဒီ “ဒါဏ်ရာတွေနဲ့ရေးခြစ်ထားတဲ့ နေ့တွေ” ကြားမှာ စိတ်ဓာတ် တွေ မြေကြီးထဲ ရောက်နေခဲ့သလားပါဘဲ။
ပရော့ဂျက် ကို ပေးထားတဲ့ deadline နီးရင် မပြီး မှာ စိုးလို့ ရုံးခန်းထဲ ကိုယ် တစ်ယောက်ထဲ ကျန်နေပြီး ရူးလောက်အောင် စိတ်ပူခဲ့ရတာ။
ညည အိမ်မက် လိုမက်ပြီး လန့်နိုးလိုက်ခဲ့ တာ တွေလဲ မနဲဘူး။
အဲဒီ အချိန်
“နာကျင်စွာတစ်ယောက်ထဲ ၊ တစ်ရေးနိုးတဲ့ညတို့မှောင်နေဆဲ၊ အိမ်ပြန်ချင်ပေမဲ့ မပြီးဆုံးတမ်းအိမ်မက်ရှည်တွေနဲ့” အပိုဒ် ကို ထပ်ခါ ထပ်ခါ ရစ်ပြီး နားထောင် မိပေါ့။
. ဖြစ်နိုင်ရင် အိမ်ကို ပြေးပြီး ပြန်လိုက်ချင်ခဲ့တာ။
လက်တွေ့မှာတော့ အိမ်မက် တစ်ခု ကို အဆုံးမသတ်ဘဲ ပြန်ဖို့ မဖြစ်နိုင်ဘူးလေ။
ဒါနဲ့ဘဲ ကြယ်တွေ နဲ့ ညတိုင်း စကားပြောရင်း ရောက်လာမဲ့ အိမ်ပြန်ချိန် ကို စောင့်နေခဲ့ရတာပါဘဲ။
ဘာဘဲဖြစ်ဖြစ် တစ်နေ့ တော့ အိမ်ပြန် ရမှာ ဆိုတဲ့ မျှော်လင့်ခြင်း နဲ့ပေါ့။
. နောက်ဆုံးတော့လဲ အရိုးစု သာသာဘဲ ကျန်တော့တဲ့ အီးတီ တစ်ကောင် အိမ်ပြန်ခဲ့ပါတယ်။
အခု စာရိုက်ရင်း ကြယ်တွေစုံ တဲ့ ည ကို ငေး ရင်း အဲဒီ သီချင်း ကို နားထောင် နေသပေါ့။
တစ်ဆက်တည်း တွေးမိနေတာက
တစ်ချိန် က တမ်းတမ်းတတ နဲ့ ပြန်ဖို့ စောင့်နေခဲ့ဘူး တဲ့ အမေ့အိမ် ဟာ
အခုချိန်မှာ ကိုယ် ပြန်ချင်နေဆဲ အဝေးအိမ် ဖြစ်နေတုန်းဘဲလား။
မသိတော့။
ရိုးသားစွာပြောရရင် အမေ၊ အဖေ ကို လွမ်းတာ ကလွဲလို့ အိမ် ဆိုတာ ကို မလွမ်းတော့။
ရှိနေဆဲ အဝတ်ဟောင်း တွေ နဲ့ ဘီရိုလေး ဟာ ကိုယ်နဲ့ မဆိုင်ချင်တော့။
စာထိုင်ဖတ်ခဲ့တဲ့ စားပွဲ ကုလားထိုင်လေး ကို မေ့နေပေါ့။
. နေခဲ့တဲ့ အခန်းလေး ကနေ အပြင်ကို ငေးနေခဲ့ ဘူး တဲ့ ပြူတင်းပေါက်လေး ဟာ ရာဇဝင်ထဲ ကျန်ခဲ့ပေါ့။
ဒါပေမဲ့လဲ လေ
တစ်ချိန်တုန်း ကတော့
အဲဒီ အိမ်ရယ်
အဲဒီ ဘီရိုလေးရယ်
အဲဒီ စားပွဲ ကုလားထိုင်လေး ရယ်
အဲဒီ ပြူတင်းပေါက်လေးရယ်
ကို
တမ်းတ လွမ်းဆွတ် လွန်းတိုင်း
အဲဒီ “ကြယ်တွေစုံတဲ့ည” သီချင်း ကို ခံစားချက် အပြည့် နဲ့ ရင်ထဲက ညည်းဆိုခဲ့ဘူးတဲ့ အကြောင်းလေး ကို သတိရမိတာမို့
ဒီအပါတ် နားဦးတည့်လိုက်တဲ့ သီချင်း တစ်ပုဒ် ရခဲ့ပါကြောင်း။
သည်းခံပြီး နားဒုက္ခခံ ပေးကြသော သူများ အားလုံး ကို ကျေးဇူးအထူးတင်ရှိပါတယ်။
အချုပ်ကတော့
မလွမ်းတာက မလွမ်းတာ တစ်ပိုင်းပါ။
သို့ပေမဲ့
တစ်နေ့မှာပေါ့ ….
ကိုယ့်အိမ်လို့ မမှတ်တော့တဲ့ အိမ် ရှိတဲ့ မြေ ကို
သဲ တစ်ပွင့် တာဝန် နဲ့ ပြန်လာဖို့အတွက် ကိုတော့
အိမ်မက်ရှည် တစ်ခု ဆက်မက် နေသေးကြောင်း ဆိုတာပါလေ။
ကြယ်တွေစုံတဲ့ည ကိုယ့်အိမ်မက်လေးရယ်
ကြယ်တွေစုံတဲ့ည ဘဝမျှော်လင့်ခြင်းရယ်
ရင်ခုံသံနဲ့ထုဆစ်ထားတဲ့ သီချင်းတွေလဲ
ရင်တွေကွဲသွားအောင် ဆိုနေဦးမယ်
ကြယ်တွေစုံတဲ့ည အဝေးအိမ်ကိုလွမ်းတယ်
ကြယ်တွေစုံတဲ့ည ခရီးမိုင်တွေခြားစေ
ဒါဏ်ရာတွေနဲ့ရေးခြစ်ထားတဲ့ နေ့တွေလဲ
. ကျော်လွန်သွားခဲ့ရင် ပြန်ဆုံဦးမယ်
နာကျင်စွာတစ်ယောက်ထဲ
တစ်ရေးနိုးတဲ့ညတို့မှောင်နေဆဲ
အိမ်ပြန်ချင်ပေမဲ့ မပြီးဆုံးတမ်းအိမ်မက်ရှည်တွေနဲ့
အိုး အမြဲတမ်းသတိရနေတယ်
ရှင်းပြလို့ပေးပါကွယ်
. ကြယ်ပွင့်လေးရေ ငါ့ရဲ့အကြောင်းတွေ
ကြယ်တွေစုံတဲ့ည ထပ်ကြုံရဦးမယ်
ကြယ်တွေတကယ်စုံတဲ့ည လှနေမှာပေါ့ကွယ်
. နေညိုညိုလေးလုံးထက် နေ့စဉ်စောင့်နေတယ်
. မျှော်လင့်ခြင်းများရယ် အိမ်ပြန်ချိန်များရယ်
21 comments
မြစပဲရိုး
February 1, 2015 at 4:19 am
ဒီတစ်ခါတော့ သီချင်း ခေါင်းစဉ်ကို ဂူးဂဲလ် ထရန်စလေတာ မပါ ရမ်းတီး ထားတာ။
ပိုကောင်းမယ် ထင်တာရှိရင် အကြံပြုပါ မောင်ဘလှိုင် ရေ။ :))
ထူးအိမ်သင် – ကြယ်တွေစုံတဲ့ည
“အိမ်ပြန်ချင်ပေမဲ့ မပြီးဆုံးတမ်းအိမ်မက်ရှည်တွေနဲ့”
https://www.youtube.com/watch?v=A46zrxHxjWE
မောင်ဘလိူင်
February 2, 2015 at 2:14 pm
ပိုကောင်းတာလဲ မရှိလို့ အကြံမပြုတတ်ပါ အရီးရေ။
ဗင်ဂိုးကတော့ သူ့ပန်းချီကားကို Starry Night
လို့ ပေးတာပဲ..။ “ကြယ်တွေအဆင်းနဲ့ လင်းတဲ့ည” ပေါ့လေ။
Mr. MarGa
February 2, 2015 at 5:16 pm
ကိုရင်ဘလှိုင် ဘာသာပြန်လိုက်ရင် နားထဲကို စွဲသွားတဲ့ စကားလုံးတွေချည်း 🙂
hmee
February 1, 2015 at 12:33 pm
အရီးရေ ကျွန်မ အကြိုက်ဆုံး အဆိုတော်ပဲ။ အသံက ဘယ်လိုလူနဲ့မှ မတူဘူးရယ်။ သူ့အမှတ်တရပွဲ မှာ သူ့သီချင်းတွေကို တခြားသူတွေ ပြန်ဆိုတာ ဘယ်လိုမှ ခံစားလို့မရဘူး။ ကျွန်မက သူ့ သီချင်း အားလုံးနီးပါးကို စွဲစွဲလန်းလန်းနားထောင်ဖြစ်တာလေ။ အမေ့အိမ် သီချင်းဆို ကျွန်မ ခံစားချက်နဲ့ တူလို့ ငယ်ငယ်က အဲ့ သီချင်းသံ ကြားတိုင်း မျက်ရည်ဝဲ ခဲ့ရတယ်။ စကား အတင်းစပ် ပြာသိုလပြည့်နေ့ မှာ ကျွန်မအသက် ၄ဝပြည့် ပြီ။ ကိုယ့်ကိုယ်ကိုတော့ ၂၀ကျော်လောက် ထင်တုန်း။ 🙂
kai
February 1, 2015 at 1:39 pm
လွန်ခဲ့တဲ့..၂၅နှစ်… . ဂျပန်မှာနေတုံးက…ခိုင်ထူးရဲ့.. အိမ်အလွမ်း ကိုအလုပ်တွေလုပ်နေရင်း.. ထပ်ခါဆိုဖူးတယ်…။
အခုတော့လည်း… ကမ္ဘာမြေဟာငါ့အိမ်ပဲလို့… လက်ခံခဲ့..။
အိ မ် အ လွ မ် း – ခို င် ထူ း
အိမ်ပြန်ချင်တဲ့အလွမ်း ဆီးနှင်းတို့ကျစတစ်ညမှာ အိမ်ကိုပစ်ပြီးတော့ မပြေလည်နိုင်မဲ့ လမ်းမှန်း သိရက်နဲ့ တစ်လှမ်းချင်းလှမ်းကာ ရင်ဆိုင်နေဆဲက အိမ်ပြန်ချင်တဲ့အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ် စိမ်ခေါ်နေတဲ့လမ်း ဆူးခင်းနဲ့ စီးချင်းထိုးကာ မြေလှန်ပစ်ပြီးတော့ စိုပြေနိုင်မဲ့ နည်းလမ်း ရှိရက်နဲ့ မနီးစပ်သေးခင် ရှာဖွေနေဆဲက အိမ်ပြန်ချင်တဲ့အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ် အလွမ်း ပြန်ချင်စိတ်ကြောင့် အလွမ်း ပြန်ချင်ဇောကြောင့် နေ့ခင်း အိပ်မက်ထဲမှာ အတွေး အိပ်မက်ထဲမှာ အိမ်ပြန်ဖြစ်တယ် မိန်ရာသီရဲ့စန်း နက္ခတ်နဲ့လိုက်လို့ညှိကာ အဖြေပြန်တွက်ပြီးတော့ အမေအို မျှော်မယ်မှန်းလဲ သိရက်နဲ့ ခရီးကြမ်းဖျက်ကာ ပြန်မလာနိုင်သေးခင် အိမ်ပြန်ချင်တဲ့အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ် အလွမ်း ပြန်ချင်စိတ်ကြောင့် အလွမ်း ပြန်ချင်ဇောကြောင့် နေ့ခင်း အိပ်မက်ထဲမှာ အတွေး အိပ်မက်ထဲမှာ အိမ်ပြန်ဖြစ်တယ် …………….
http://youtu.be/fGfVSyBs_UE
အလင်းဆက်
February 1, 2015 at 4:26 pm
ကြယ်တွေစုံတဲ့ညမှာ…ထူးအိမ်သင်ရဲ့ အသံနဲ့… စကားလုံးကို ဖော်ထုတ်မှု…အဲ့ဒါအကြိုက်ဆုံးပဲ..
စကားလုံးရဲ့ အဓိပ္ပာယ်ထက်…
စကားလုံးကို ဖော်ထုတ်ပြလိုက်တဲ့အသံ…
အဲဒါကို ပိုကြိုက်မိတာ..
aye.kk
February 1, 2015 at 5:58 pm
မလတ်ရေ…
ဒီသီချင်းနားထောင်ပီး၊မလတ်ရေးတာဖတ်ပီးခံစားရတယ်…
အတိတ်တစ်ခုရဲ ့နွေဦးရာသီရဲ ့ကျောင်းပိတ်ရက်ညတွေ…..
လှပတဲ့လသာညရက်တွေနဲ ့ကြယ်တွေစုံခဲ့တဲ့ရက်တွေထဲ…
ဖြတ်သန်းခဲ့တဲ့အတိတ်တွေလှပလွန်းနေခဲ့တာတွေကို၊အမြဲလိုလိုတဆွေးမြေ့မြေ့ခံစားခဲ့တာ၊ဝေဒနာတစ်ရပ်
ဖြစ်ခဲ့ရတယ်၊အလွန်လှပတဲ့သာယာတဲ့လသာညရက်မှာကြယ်တွေစုံ၊ဘဝရဲ ့ပြည့်စုံနေတဲ့အချိန်မှာ
လှပသာယာနေတဲ့လသာရက်ညတွေ၊ကြယ်တွေကလဲစုံတဲ့ညချမ်းအချိန်တွေမှာ….
လည်ပင်းဂုတ်သားပေါ်အနမ်းတွေကတိုးဝှေ့နှုတ်ဆက်၊အဆက်မပြတ်တဲ့လေပြေနုနုအေးအေးအနမ်းတွေကမေ့မရနိုင်အောင်ဖြစ်ခဲ့ရပါတယ်။
ကြယ်တွေစုံပြီး၊လရောင်ရှိတဲ့ညရက်တွေကို ၊ကြည်ကြည်နှူးနှူးခံစားရင်းအဖေရယ်အမေရယ်ကြားထဲတိုးဝှေ့
ဝင်ထိုင်ခဲ့ရင်းပျော်ရွင်ကြည်နှူးစွာဖြတ်သန်းခဲ့ရတာတွေကိုသတိရမိတယ်။
အတိတ်ကအိမ်မက်လိုလို၊ပြန်မရနိုင်တော့တဲ့လှပလွန်းတဲ့အတိတ်၊အရိပ်တစ္ဆေလို….မေ့မရနိုင်ခဲ့တာ၊
အလွမ်းဓတ်ခံတွေထဲမွေ ့ပျော်နေမိတဲ့၊နှူးညံ့သိမ်မွေ ့တဲ့စိတ်ကို၊ဘဝရဲ ့အလှဆုံးနေ ့ရက်ညတွေ
လို ့ပဲအမြဲထင်ယောင်နေခဲ့မိပါတယ်။
ဘဝရဲ ့အစိတ်အပိုင်းတစ်ခုမှာ၊အိမ်မက်ကလန့်နိုးခဲ့ပါပြီ၊အတိ်တ်ပြန်မရနိုင်တာကိုလည်းလက်ခံမိပါတယ်၊ ဘဝမှာအလှဆုံးနေ ့ရက်ညတွေအဖြစ်၊နွေဦးရာသီကာလတွေကိုဖြတ်သန်းခဲ့တဲ့ကြယ်တွေစုံတဲ့ညတွေကို၊ ဘယ်တော့မှပြန်မရနိုင်တာသိရက်နဲ ့နှလုံးအိမ်မှာအလွမ်းတည်နေခဲ့မိတဲ့အဖြစ်က၊မဖြစ်နိုင်တော့တာကိုပါ၊
ပစ္စုပ္ပန်ဟာဘဝမှာ၊တန်ဘိုးအရှိဆုံးနဲ ့အလှပဆုံးဆိုတာ၊လက်ခံသွားခဲ့တဲ့ အချိန်ကစလို ့
၊ဝေဒနာတွေကင်းပခဲ့ပါတယ် ။ကျေးဇူးတင်မိပါတယ်ပစ္စုပ္ပန်ရယ်လို ့ခံစားရင်း…၊
တန်ဘိုးရှိပြီးအဘိုးတန်တဲ့၊ စစ်မှန်သေသပ်လှပတဲ့ပစ္စုပ္ပန်နေ ့ရက်တွေဖြတ်သန်းဆဲ၊ကြိုးစားနေဆဲပါ
လို ့ပြောပြလိုက်ပါရစေ။။
Courage
February 2, 2015 at 1:23 am
“ရိုးသားစွာပြောရရင် အမေ၊ အဖေ ကို လွမ်းတာ ကလွဲလို့ အိမ် ဆိုတာ ကို မလွမ်းတော့။
ရှိနေဆဲ အဝတ်ဟောင်း တွေ နဲ့ ဘီရိုလေး ဟာ ကိုယ်နဲ့ မဆိုင်ချင်တော့။
စာထိုင်ဖတ်ခဲ့တဲ့ စားပွဲ ကုလားထိုင်လေး ကို မေ့နေပေါ့။
. နေခဲ့တဲ့ အခန်းလေး ကနေ အပြင်ကို ငေးနေခဲ့ ဘူး တဲ့ ပြူတင်းပေါက်လေး ဟာ ရာဇဝင်ထဲ ကျန်ခဲ့ပေါ့။”
ဒီစာကြောင်းဖတ်မိတော့ ရင်တောင် နင့်တယ်။
ဟုတ်တယ် ဒေါ်လေးမြ။ အရင်ကဆို ကိုယ့်အိမ်ရှိတဲ့ ကိုယ့်နိုင်ငံကို ပြန်လာတဲ့အခါ လူတွေက “ အလည်လာတာလား”တဲ့။ စိတ်တောင်နာတယ် ကိုယ့်အိမ်ကို ပြန်တာ အလည်ဖြစ်မလားးးးးးးးးး
အခုများ ကြာလေတော့ အိမ်ကိုပြန်ဖြစ်ရင်တောင် ဒီနေရာ ငါအိပ်ခဲ့တာ ဒီအဝတ်ငါဝတ်ခဲ့တာ ဒီပတ်ဝန်းကြီး ငါကြီးပြင်းခဲ့တာ ဆိုတဲ့ အသိကလွဲလို့ သိပ်တောင် မရင်းနှီးတော့ သလိုပဲ။
ဘယ်လိုပဲဖြစ်ဖြစ် အိမ်ဆိုတာကိုတော့ တိုက်ဆိုင်စရာရှိတိုင်း လွမ်းနေစဲပါ…
Mr. MarGa
February 2, 2015 at 8:51 am
ခေါင်းစဉ်ကိုမြင်တော့ ကြယ်တွေစုံတဲ့ည ဖြစ်မယ်လို့တော့ တွေးမိလိုက်တယ်
လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက တစိမ့်စိမ့် စွဲခဲ့တဲ့ သီချင်းတစ်ပုဒ်ပေါ့
အခုထိလည်း နားထောင်နေတုန်းပဲ
စာသား တစ်ကြောင်းချင်းစီမှာ စီးမျောရင်း ပေါ့ အရီးရယ်……
ခင်ဇော်
February 2, 2015 at 8:53 am
တိုက်ဆိုင်လိုက်တာာာာ…!!
ကျနော် မနေ့ညကမှ စလုံးးး ပြန်ရောက်တယ် အရီးးးး
အမြဲကိုယ့်အိမ် လို့ သတ်မှတ်ထားးးခဲ့တဲ့ မန်းလေးးးအိမ်မှာ ဧည့်သည်တစ်ယောက်လို ခံစားးးချက်ဖြစ်နေတာကို အံ့ဩလို့ မဆုံးးခင်
ယာယီ အိမ်လို့ သတ်မှတ်ထားးးတဲ့ အိမ် အရောက်မှာ….
လုံခြုံ သလို ဖြစ်သွားးးတဲ့ ကိုယ့် စိတ်ကို နားးမလည်တော့ဘူးးးး
ဒါပေမယ့် ထူးအိမ်သင် ရဲ့ အမေ့အိမ် သီချင်းးးကိုတော့ အိမ်က ထွက်လာတည်းးးက လုံးးးးးဝ နားးးမထောင်ဘူးးးးး
ဒီတစ်ခေါက်တော့ ကြယ်တွေစုံတဲ့ကောင်းးးကင် ကို အဝ ကြည့်ခဲ့တယ်…!!!
မီးးရောင်စုံတဲ့ တိုင်းးပြည်မှာ ကြယ်တွေစုံတာ ကို မကြည့်နိုင်အားးးဘူးးးလေ…!!
😥
ဦးကြောင်ကြီး
February 2, 2015 at 11:24 am
မှံအိ မှံအိ.. လူမိုက် ခင်ဇော်…
Kaung Kin Pyar
February 2, 2015 at 10:15 am
အရီးနေရာမှာ…ကောင်းကင်ပြာသာဆိုရင်…ဒီသီချင်းကို နားထောင်ဖြစ်ပါ့မလား မသိဘူး….။
ကိုယ့်စိတ်ကိုယ် သိနေလို့…
ကိုငှက်ကြီးကတော့ တကယ်ကို ရှားမှရှားတဲ့ အနုပညာသမားစစ်စစ်ပါပဲ….။
သူ အကြွေလွန်တာစောလို့ နှမြောတယ်…။
ဖားသက်ပြင်း
February 2, 2015 at 10:21 am
ဘိုးတော်သီချင်းတွေကို တခြားလူဆိုရင်မကြိုက်ဘူး
ကိုအော်ရင်တို့ ကိုတာရာတို့ဆိုရင်တောင်မကြိုက်ဘူး
နီနီဆိုမှကြိုက်တာ
ဒချိဒချိ
Ma Ei
February 2, 2015 at 10:31 am
ကြယ်တွေစုံတဲ့ည ကိုယ့်အိမ်မက်လေးရယ်
ကြယ်တွေစုံတဲ့ည ဘဝမျှော်လင့်ခြင်းရယ်…
…
ဒီစာလေးကိုဖတ်ရင်း ဒီသီချင်းလေးကို ညည်းရတာ အရသာပိုရှိသွားသလိုဘဲ..
… …ကြယ်တွေစုံတဲ့ည ထပ်ကြုံရဦးမယ်
ကြယ်တွေတကယ်စုံတဲ့ည လှနေမှာပေါ့ကွယ်… .
ဦးကြောင်ကြီး
February 2, 2015 at 11:18 am
ထူးအိမ်သင်သာမီး မိကွန်ထောလေးကို ထွေးပွေ့ပီး သီချင်း အတူတူ နားထောင်ခြင်လိုက်တာ…
ဖားသက်ပြင်း
February 2, 2015 at 11:21 am
ကြောင်ဏှာယီး တေချင်လို့လား
ခွီးးး
Mike
February 2, 2015 at 11:54 am
. ထူးအိမ်သင်ရဲ့ ကြယ်တွေစုံတဲ့ည အပါအဝင် သူ့သီချင်းတွေ အားလုံးလိုလိုကြိုက်ပါတယ်
.သူ့သီချင်းက သူ့အသံနဲ့ပဲလိုက်တယ်ဗျာ
.ကျုပ်ကတော့ပြည်တွင်းမှာဖြစ်တာရယ် …အမေ့အိမ်နဲ့နီးတာရယ်ကြောင့် သိပ်တော့လွမ်းစရာမရှိ
.ဒါပေမဲ့…ကျောင်းသားဘွကနေခဲ့ဖူးတဲ့ တပ်ထဲကအိမ်လေးကိုတော့ တခါတခါသတိရမိသား
.အရီးမုတ်ဆိတ်က နားဦးတည့်ရာလိုက်နားထောင်နေတော့ .ကျုပ်တို့လည်းပြန်နားထောင်ဖြစ်တာပေါ့ဗျာ..ကျေးကျေး ပါ :))
.သဂျီးပြောသလို “အခုတော့လည်း… ကမ္ဘာမြေဟာငါ့အိမ်ပဲလို့… လက်ခံခဲ့..။” လို့ရောလက်ခံနိုင်ပြီလားဗျ :p:
Wow
February 3, 2015 at 11:11 am
အမှန်က အိမ်ဆိုတာထက် memories တွေကို လွမ်းတာပါ…
ခုချိန်မာတော့ ချွိပေါသလို အိမ်ရောက်ရင်တောင် ဧည့်သည်ပြန်ဖစ်လို့မနေတတ်မထိုင်တတ်… :kwi:
မြစပဲရိုး
February 7, 2015 at 6:15 pm
မှတ်ချက်ပေးသူ အားလုံး ကျေးဇူးပါ။
ပြန်လာပါ့မယ်။
အခုတော့ ဇက်ကြော တက်နေပြီမို့ ကွန်ပူတာ နဲ့ ခဏခွါ မှ ဖြစ်တော့မယ်။
စကားများတိုင်း အငြင်းထူတိုင်း နောက်ဆက်တွဲ ဇက်ကြောတက် တာ ဆက်စပ်မှု ရှိနေသလို။
lol:-))))
black chaw
February 7, 2015 at 6:56 pm
အစ်မလတ်ခင်ဗျား…။
ကွန်းမန့် ဝင်မရေးဖြစ်ပေမယ့်…
အစ်မရဲ့…နားဦးတည့်ရာ တွေကို…
အမြဲတမ်းစောင့်ဖတ်ဖြစ်ပါတယ်…။
ကိုငှက် ရဲ့ ကြယ်တွေစုံတဲ့ည သီချင်း အကြောင်းပြောတော့
ကျွန်တော့်ကိုလည်း သီချင်းရေးသူ ကို ဖေါ်ထုတ်
ပြောခွင့်ပြုပါဦး အစ်မရေ…။
ကြယ်တွေစုံတဲ့…ည သီချင်းရဲ့ မူရင်းအဆိုရှင်က
ကိုအောင် ပါခင်ဗျ…။
တောင်ကြီးသားတစ်ယောက်ပါ…။
ကိုအောင် ရဲ့ စီးရီးအမည်ကိုက ကြယ်တွေစုံတဲ့…ည ပါခင်ဗျ…။
အဲဒီသီချင်းကို ရေးသားသူဟာလည်း ကိုအောင်ပါပဲ ခင်ဗျ…။
ဆိုတော့…
အစ်မရဲ့ နားဦးတည့်ရာ စီးရီး ကို
ငြိမ်သက်တိတ်ဆိတ်စွာနဲ့ အားပေးနေတဲ့
လူတစ်ယောက် ရှိနေတယ်ဆိုတာ
ဒီကွန်းမန့်လေးနဲ့ ကြော်ငြာထိုးခဲ့ပါရစေခင်ဗျာ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
့
မြစပဲရိုး
February 8, 2015 at 4:03 am
မောင်ဘလှိုင်
စကားလုံး မှော်ဆရာ တစ်ယောက် ဆိုတာ ပညာ က မွေးရာပါ တဲ့ ပါရမီ လို့ သာ ထင်တာဘဲ။
ဖိုးသိကြား ရေ
ထောက်ခံပါတယ်။ တကယ်တော့ အင်္ဂလိတ်စာတတ်တိုင်း စာကိုချောအောင်မရေးနိုင်၊ စကားလုံး က လှ အောင် မရှာနိုင်တာ အမှန်ပါ။
ဒီ သီချင်း က ပေါ်တာ လွန်ခဲ့ တဲ့ နှစ်ပေါင်း နှစ်ဆယ် ကျော်ရောပေါ့။
ဒါကို လွန်ခဲ့တဲ့ ၄ နှစ်ကမှ စနားထောင်တာ ဆိုတော့ အရီးတို့ကြား ဂျန်နရေးရှင်း တစ်ခု ကွာ နေပါပေါ့ လား ဖိုးသိကြား ရယ်။
ညီမမှီ
ထူးအိမ်သင် ရဲ့ အသံချိုချို လေး က သူ့ သံစဉ် တွေ နဲ့ ကိုက်နေတာ။
မွေးနေ့ မှာ ဘာတွေ လုပ်ခဲ့လဲ။
မှီ့ အစ်မ ကတော့ အသက် က သူ့ဟာသူ ကြီးနေ တာ သူတာဝန်၊ ကိုယ် ကလဲ သူ့ ကို ဂရုမစိုက်တော့ တာ ကိုယ့်တာဝန်။
သူကြီးမင်း
ကျွန်မလဲ ရောက်နေတဲ့ အရပ်ဟာ ကိုယ့် အိမ် လို့ လက်ခံလိုက်တာ ကြာပေါ့။
ဒါပေမဲ့လဲ အရင် အိမ် ဆိုတာ ကို ဘယ်လိုမှ မထားခဲ့နိုင်သေးတာခက်သား။
ခိုင်ထူး သီချင်းလေး အတွက် ကျေးဇူးပါ။ ဆိုဖူးခဲ့ပါတယ်။
ဆက်ဆက်
ဟုတ်ပါ့။
စကားလုံးတိုင်း ကို သရုပ်ဖော် သွားနိုင်တဲ့ အသံပိုင်ရှင်ပါ။
အစ်မအေး
ရေးပြသွားတာ မျက်စိထဲ တောင် မြင်လာတယ်။
ဂုတ်မှာ လေအေးလေး တိုက်သွားတယ်။
“ပစ္စုပ္ပန်ဟာဘဝမှာ၊တန်ဘိုးအရှိဆုံးနဲ ့အလှပဆုံးဆိုတာ၊”
အဲဒီစကား လေး လောက် တန်ဖိုးရှိတာ မရှိပါဘူး အစ်မရေ။ ကျေးဇူးပါ။
မောင်ကာကြီး
မင်းကလဲ အဝေးကလူ ဘဲလား။
တို့တွေ အဖော် ပိုရပြီပေါ့။
ဟုတ်ပါတယ်။ အရင်အကြောင်း တွေ ဆိုတာ တိုက်ဆိုင်မှု ရှိရင် လွမ်းမြဲပါ။
ဇီကလေး
အရီး က တမင်တိုက်ပြီး ဒီ သီချင်း ကို တင်လိုက် တာ လို့ မထင်ဘူး ပေါ့လေ။
ကြည့်ရတာ အိမ် ဆိုတာကလဲ လက်သာ တဲ့ ပိုကောင်းတဲ့ နေရာ (ဒါမှမဟုတ်) ကိုယ့်ကို အသိအမှတ် အပြု ခံ ရတဲ့ နေရာ ကို ကိုယ့် အိမ်လို့ သတ်မှတ်လိုက်ကြတာ ထင်တာပါဘဲ။
အိမ်ပြန်ခရီး လေး အကြောင်းတော့ ဆက်ပြီး ဖွဲ့ပြပါဦး။
ကြောင်ကြောင်
မသိပေါင်တော်။ ဟိုမှာ ဘဝ ပြောင်းလိုက်ပြီလားလို့။
နှင်းတော ထဲ ပြန်ရောက် နေပြီပေါ့။
ကလေးမ လေးတော့ ချမ်းသာပေးပါ ကြောင်ကြောင်ရယ်။
တစ်ချို့ ကြောင်မွေးအလာဂျီ ရှိတယ်။
ကင်းကောင်လေး
အရီး က သမီး ကို စိတ်မာတယ် မှတ်တာ။
သီချင်းနားထောင် ရင် အလွမ်းပြေတယ် မဟုတ်လား။
သမီးက ပိုလွမ်းတတ်တယ်ပေါ့။
မောင်ဂီ
အရီး ကတော့
နီနီ ဆိုလဲ မကြိုက်ဘူး။
ဂီဂီ ဆိုလဲ ကြိုက်ဘူး။
ဝီဝီ ဆိုရင်တော့ ဆန်ဒါပြမယ်။
မအိ
ခင်ဝမ်း နဲ့ ဘယ်သူ့ ကို ပိုကြိုက်လဲ။
သီချင်းစာသား တွေ က လှတော့ မအိပြောသလိုဘဲ စာသားဖတ်ပြီး သီချင်းညည်းရတာ အရသာရှိလွန်းတယ်။
မိုက်မိုက်
အိမ်ထောင်ကျပြီး နိုင်ငံခြား သွားချိန် အိမ် ကို မလွမ်း တဲ့ သဘောပေါ့။
တောက်စ် – မိုက် တို့ ဟိုမှာ ဘယ်လောက် ကဲ နေမယ် မှန်းနိုင်ပြီ။
ဒီမှာတော့ ” ကမ္ဘာမြေဟာငါ့အိမ်ပဲလို့” သူကြီးမင်း နဲ့ တူသွားပါတယ် မိုက်ရေ။
ဝါးလေး
ပြောတတ်လိုက်တာ။
ဟုတ်တယ်။ အမှန် က လက်ရှိမှာ အတိတ်က အကြောင်း အမှတ်တရ တွေ ကို လွမ်းတာပါ။
အမှန်တော့ အိမ် ဆိုတာ “where the heart is” ပါ။
တို့တွေ မှာတော့ အိမ် နှစ် အိမ် လို ဖြစ်နေတော့ “where the liver is” လို့ ထပ်တိုး လိုက်မယ်။
မကောင်းလား။
ကိုချော
အပိတ် အဖြည့်စကား လေး မှာ သီချင်းစပ် သူ ကို ပြောပြပေးလို့ ကျေးဇူးပါ။
အစ်မ အသိ မမှား ရင်တော့ ” ကြယ်တွေစုံတဲ့ ည” ပါတဲ့ သီချင်း တစ်ခွေ လုံး က ကော်ပီ လို့ ထင်ပါတယ်။
အခုသီချင်းရော၊ အိမ်ပြန်ချိန်များ သီချင်း ပါ ဒီ မှာ ရေဒီယို က မကြာ မကြာ ကြားဖူးတတ်တယ်။
မသိတာလေး ဖော်ပေးလို့ အစိမ်းချယ် လိုက်ပါတယ်။