အရိယာခွဲနည်း Holy
တနေ့က မမြင်ဘူးတဲ့ မန ္တလေးဂေဇက်က မိတ်ဆွေ ကိုလူဝက ရဟနာ္တစိတ် ဆိုတာဘာလဲလို့ မေးတဲ့စာတွေ ့လို့ဒီစာကိုဖြည့်စွက် ရေးလိုက်ပါတယ်။ တခုတောင်းပန် သတိပေးချင်တာက မယုံရင်၊ အပြစ်တင်ချင်လို့ရှိရင် ရေးသူကျွန်တော့်ကိုပဲ ဦးတည်ကြဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် စာသန်သူများအတွက် မဂ်တား၊ဖိုလ်တား ဖြစ်မှာစိုးလို့ပါ။ ဒီပညတ်ချက်အဆင့်တွေကို သဲအင်းဂူဆရာတော်ကြီး တရားတော်များမှ တဆင့် မိမိအာဘော်ဖြင့် သဘောပေါက် နားလည်သလို ပြန်လည်ဖေါက်သည် ချခြင်းသာ ဖြစ်ပါတယ်။ နောက်ထပ်ပြောချင်တာကတော့ ဒီအဆင့်သတ်မှတ်ချက်တွေဟာ အကြောင်းများမဟုတ်ဘဲ အကျင့်ရဲ့ အကြောင်းကြောင့် ဖြစ်လာတဲ့ အကျိူးတရားများသာဖြစ်ပါတယ်၊ ဒါကြောင့် သူဘာလဲ၊ငါဘာလဲ ဆိုတာကို နင်းကန်လိုက်ဖို့ မလိုကြောင်း အသိပေးပါရစေ။ တဖက်မှာလည်း သိလို့အကျိုးမမဲ့၊ အကျိုးများရန် သာဖြစ်ကြောင်း ကုမ္မဏီရုံးလုပ်ငန်းတွေမှာ သုံးတဲ့လုပ်ငန်းတိုးတက်မှု အခြေပြဇယားကိုသာ ဥပမာ ယူကြရန်ဖြစ်ပါတယ်။
တရားရိပ်သာဝင်လေ့ရှိသူ အတော်များများက မိမိကိုယ်မိမိတော့ အနည်းဆုံး တမဂ်တဖိုလ် မရသေးတောင် နာမ်၊ရုပ်ကွဲတဲ့ နာမရူပ ပရိစေဒ ညဏ်ရလို့ စူဠသောတာပန် ဖြစ်နေကြပြီ ထင်လေ့ရှိကြပါတယ်။ စာထဲမှာလည်း ရုပ်၊နာမ် ကွဲရင်ဖြစ်ပြီဆိုလို့ ထိတာရုပ် သိတာနာမ်၊ မြင်တာရုပ် သိတာနာမ် ဆိုပြီးဟုတ်ပြီထင်ကြပါတယ်။ ရိပ်သာဝင်တုန်းဆိုတော့ လောကီနဲလဲ ဝေးသင့်သလောက်ဝေး၊ စိတ်ကလေးကလည်း အထိုက်အလျေက် ငြိမ်နေလေတော့ ဟုတ်ပြီထင်ကြပါတယ်။ သဲအင်းဂူဆရာတော်ကြီးက ဒါကတော့ ခလေးလဲသိတယ်၊ တိရာစာ္ဆန်လဲသိတယ်။ အဲဒီလိုအသိမျိုးကို ပြောတာမဟုတ်ဘဲ ခန္ဓာကရှာလို့ရလာတဲ့ အသိကိုဆိုလိုတာပါ။ ပရမတ်တရားတွေကို ပညတ်တင်ပြောရတာ အလွန်ခက်ပါတယ်၊ နားလည်မှုလွဲနိုင်လွန်းလို့ပါ။ ဒါကြောင်ဆရာတော်ကြီးက ပရမတ်ကိုပြောပါဆိုရင် လက်ပိုက်နေရုံပဲ၊ ပြောစရာမရှိဘူးလို့ဆိုခဲ့ပါတယ်။ အသေးစိတ်တွေကို www.theinngu.net နဲ့ http://www.mediafire.com/kotseikkosit က အပိုင်း ဝ၇-သဲအင်းယောဂီတွေရဲ့ အမေးအဖြေ နဲ့ အပိုင်း ဝ၂-သဲအင်းဟောတရားတို့မှတဆင့် လေ့လာနိုင်ပါသည်။ (သူတို့က ကျွန်တော်နဲ့ဘာမှ သက်ဆိုင်မှုမရှိဘာကြောင်းလဲ တဆက်တည်းပြောပါရစေ။)
တရားတော်နဲ့ဆိုင်လို့ သုတမယညဏ်(မှတ်သားနာယူ) ၊ စိနာ္တမယညဏ်(စဉ်းစားဆင်ခြင်)၊ ဘာဝနာမယညဏ (ပွားများအားထုတ်) နဲ့ မဂ်ညဏ်ဖိုလ်ညဏ် (ချုပ်ငြိမ်းအေးချမ်း) ဆိုပြီးရှိတယ်လို့ မှတ်ထားပါတယ်၊ အဲဒီမှာ နောက်ဆုံးညဏ်ကသာ နိဗာ္ဘန်ကိုသွားလို့ရတဲ့ ယာဉ်ဖြစ်ပါတယ်။ လူတော်တော်များများက ရှေ့သုံးခု တခုနဲတခုရောထွေးပြီး ချုပ်ငြိမ်းနေပြီထင်ကြပါတယ်။ မဂ်ညဏ်ဖိုလ်ညဏ်မှာလည်း တတင်္ဂ်(ခဏလေး)၊ ဝိပန္ခဏ(မကြာခဏ) နဲ့ သမုစ္ဆေဒ (အကြွင်းမဲ့) ဆိုပြီးဘဟန်သုံးချက် ရှိတယ်လို့ဆိုပါတယ်။(စာလုံးပေါင်းသတ်ပုံမှားရင် ခွင့်လွှတ်စေလိုပါတယ်) သမုစ္ဆေဒဘဟန် အနေနဲ့ဝင်မှသာလျင် နောက်ပြန်လှည့်မကြည့်တဲ့ ဝင်နည်းမျိုးပါ။ ညဏ်စဉ်မှာလည်း ၁ဝပါးရှိတယ်လို့ စာထဲမှာဆိုပါတယ်။ အရိယာဖြစ်မဖြစ် အကောင်းဆုံး စစ်နည်းကတော့ မိမိရဲ့စိတ်ကို နှစ်အနည်းငယ်ကြာတဲ့အထိ စောင့်ကြည့်ဖို့ပါပဲ။ အရိယာဖြစ်ရင် စိတ်ပြောင်းရပါမယ်။ အောက်ဆုံးမဂ်ဖြစ်တဲ့ သောတာပတ္ထိမဂ္ဂ ရသူဟာ လောကီထဲမှာပဲ သူလိုငါလိုနေလို့ ခွဲရခက်ပါတယ်။ ဒုတိယမဂ်ဖြစ်တဲ့ သဒါပတ္ထိမဂ္ဂ အထိခွဲဖို့မလွယ်ဘူး လို့ဆိုပါတယ်။ ဒီနေရာမှာ ကိုယ်ကဘယ်မဂ်ရောက်နေလည်း သိရန်ခက်ခြင်းသာဖြစ်ပြီး စိတ်ပြောင်းတာကိုတော့ သိနေရမှာဖြစ်ပါတယ်။ စိတ်ဘယ်လိုပြောင်းသလဲဆိုတာကို သဲအင်းဂူ ဆရာတော်ကြီးတရားကို ကိုးကားပြီး အကြမ်းအားဖြင့် တင်ပြပါ့မယ်။ တကယ် စိတ်ဝင်စားလို့ရှိရင် အပေါ်မှာပေးထားတဲ့ လင့်ခ်တွေကိုသွားရန် အကြံပြုပါတယ်။
မတင်ပြခင် ဖြစ်ပျက်အကြောင်း နဲနဲပြောချင်ပါတယ်။ ဘုရားက ဖြစ်ပျက်ရှုရမယ်၊ ဖြစ်ပျက်မုန်းရမယ်၊ ဖြစ်ပျက်ဆုံးရမယ်၊ ဒါမှ နိဗာ္ဘန်လို့ဆိုပါတယ်။ ဒါပေမဲ့ ယောဂီအများက ဖြစ်ပျက်ကိုမုန်းအောင် မကြိုးစားဘဲ ဖြစ်ပျက်နောက်ကိုလိုက်နေကြတယ်။ ဆရာတော်ကြီးက အခုဖြစ်ပျက်နေရင်နောင်လဲ ဖြစ်ပျက်ကြအုံး။ အခုမမြဲ အနိစ္စဆို နောင်လဲ အနိစ္စ ကြအုုန်းလို့ သတိပေးထားပါတယ်။ ရှုရမဲ့ဖြစ်ပျက်က ရုပ်နဲ့နာမ် အကြောင်းတိုက်ဆိုင်တိုင်း ဖြစ်လာတဲ့ စိတ္တာသင်္ခါရတွေပါ။ ကံ၊စိတ်၊ဥတု၊ အဟာရကြောင့်ဖြစ်လာတဲ့ အမြဲပြောင်းလဲဖေါက်ပြန်နေတဲ့ ရုပ်ကြီးနဲ့လိုက်လိုက်ခံစားနေတဲ့ သိမှုနာမ်ကို ဆိုလိုခြင်းမဟုတ်ပါဘူး။ ဒီတရားတွေဟာ မသိမှု အဝိဇ္ဇာကြောင့် ရလာတဲ့ ဇာတိ၊ သင်္ခါရ၊ မရဏဆိုတဲ့ ပြောင်းလဲဖေါက်ပြန်ခြင်းသဘောကို ရည်ညွှန်းပါတယ်။ တနည်းအားဖြင့် မြင်၊ သိ၊ နာ၊ အေး၊ သွား၊ စား စတဲ့ ခံစားမှုတွေဟာ စိတ္တာသင်္ခါရ အကျိုးတရားတွေပါ။ ကျွန်တော်တို့ ရှုရမှာက အဲဒီအကျိုးတရားတွေကို ချုပ်စေတဲ့ သဘာဝအတိုင်း သူ့သဘောသူဆောင်နေတဲ့ သစ္စာတရားတွေကိုပါ။ ဥပမာအားဖြင့် တရားထိုင်သူဟာ ဘယ်လောက်ပဲ စိတ်ကတရားထိုင်ချိန် ပြီးချင်နေပစေ သူ့အချိန်ပြည့်မှပဲ နာရီအချက်ပေးသံကြားရမှာပါ။ ဒီကြားထဲမှာဖြစ်နေတဲ့ လောဘ၊ဒေါသ၊ မောဟစိတ်တွေဟာ တကယ်မရှိ၊ ငါဆိုတဲ့ အတ္တကြောင့် ဆင်းရဲခြင်း သလိုပေါ့။ ဖြစ်တိုင်းပျက်တိုင်းဟာ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်း ဆိုတဲ့သဘာဝ အရှိသဘောတွေကို ဆောင်တယ်လို့ သိဖို့လိုအပ်ပါတယ်။ တကယ်မြင်ရင် ဖြစ်ရမှာကို ကြောက်လာမယ်၊ ဘာပြုလို့လဲဆိုတော့ ပျက်ရအုံးမှာမိုလို့ပါ။ ညဏ်အဆင့်မြင့်ရင် မြင့်သလောက် ကြောက်ရပါမယ်။ ဒါကြောင့် ဆရာတော်ကြီးက အရိယာများသာလျင် ငါဆိုတဲ့အတ္တနဲ့ စောင့်ထိန်းထားတာမဟုတ်တဲ့ နိဗာ္ဘန်သွားနိုင်တဲ့ အိန္ဒြိယသီလလုံတယ်၊ ဝိနည်းသိက္ခာ ပုဒ်လုံတယ်။ (အထူးတလည် မစောင့်ထိန်းရပဲ ကာယ၊ ဝစီ၊ မနော အိန္ဒြေိ တွေလုံနေတာကိုဆိုလိုတာပါ။)
နောက်ဆုံးအနေနဲ့ အရိယာ ခွဲပုံခွဲနည်းကို ပြောပါရစေ။ အရိယာ ဖြစ်ဖို့ သွားတဲ့နည်း အမျိုးမျိုးရှိပေမဲ့ ဖြစ်လာရမဲ့ စိတ်တွေကတော့ အတူတူပဲဖြစ်သင့်တယ်လို့ ယူဆပါတယ်။ မဟာသောတာပန်ဆိုတာ နာမ်ပျက်၊ ဘယ်လိုပျက်သလဲဆိုတော့ မြင်တိုင်း၊သိတိုင်း၊ကြားတိုင်း၊ နံတိုင်း (တနည်းအားဖြင့်) ဖြစ်တိုင်းဖြစ်တိုင်း ချုပ်သွားရပါမယ်။ စိတ္တာသင်္ခါရတွေ (လောဘ၊ ဒေါသ၊ မောဟ၊ မာန တွေမလိုက်ရပါဘူး။ စိတ်လေးက ချမ်းသာနေလို့ ဆရာတော်ကြီးက နတ်ပြည်သွားမဲ့စိတ်လို့ ညွှန်းပါတယ်။ ကိလေသာ တဏှာကတော့ အပြည့်ပါပဲ။ သီလလုံသွားပါပြီ၊ ငါဆိုတဲ့ ဒိဋ္ဌိ အစွဲကင်းသွားပြီလို့ သတ်မှတ်ပါတယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးအပေါ်မှာ ဝိစ္ဆိကိစ္စ ယုံမှားခြင်းသံသယ လည်းကင်းသွားပါပြီ။ တနည်းအားဖြင့် အတိတ်သည် အကြောင်း၊ ပစ္စုပ္ပန် အကျိုး၊ ပစ္စုပ္ပန်က အကြောင်းပြန်တော့ အနာဂတ် အကျိုးဆိုတဲ့ ကာလသုံးပါး စပ်ဆက်မှု အပေါ်မှာ ဒွိဟသံသယ မရှိတော့ပါ။ ဒါကိုတချို့က စာခံပြီး ဘုရား၊တရား၊သံဃာ အပေါ်ယုံမှားခြင်းသံသယ ကင်းခြင်းလို့ဆိုပါတယ်။
သဒါဂမ်ဖြစ်ပြီဆိုရင် ရုပ်ပျက်ကို မြင်ရပါမယ်။ ရှေ့ သောတာပန်တုန်းက ဝေဒနာခံစားမှု အပေါ် ငါစွဲကင်းလို့ ချမ်းသာနေတဲ့စိတ်ပာာ ရုပ်ရဲ့အသုဘလက္ခဏာကို မြင်တော့ မတင့်တယ်မဖွယ်ရာတာကြီး ကိုမလိုချင်တော့ပါဘူ။ ရုပ်အပေါ်တဏှာသတ်လိုက်လို့ လောက ကနေရုန်းထွက်ချင်ပါပြီ။ ကာမဂုဏ်အာရုံ ခံစားချင်တဲ့ဆန္ဒလည်းတော်တော် နည်းသွားပါပြီ။ မြင်တာကလဲ သမုစ္ဆေဒ မြင်ခြင်းမျိုးကို ဆိုလိုပါတယ်။ ပါရမီပေါ်မူတည်ပြီး နောက်တဆင့်တက်နိုင်မယ် ထင်ပါတယ်။ ဒီ အောက်နှစ်ဆင့်အထိ လောကီမှာ ပျော်မွေ့နေသေးလို့ ဘုန်းကြီး၊ သီလရှင်၊ ယောဂီတို့ သမာဓိမနိုင်ရင် လူထွက်သွား နိုင်ပါတယ်။ အရမ်းကာရော ဝေဖန်သူများကို စေတနာနဲ့ အသိပေးပါတယ်။ တတိယအဆင့် သမုစ္ဆေဒ အနာဂမ်ကြီးကတော့ ရုပ်အသုဘလက္ခဏာဆိုတာ တကယ်မရှိ၊ သင်ညာကလိမ်ထားတာ၊ နာမ်ညွှတ်ရာ ရုပ်၊ဇာတိ ဖြစ်ရတာဆိုပြီး အမှန်သိလို့ အပြင်အာယဒန ခြောက်ပါး ကြေတယ်လို့ဆိုပါတယ်။ အဲဒီအဆင့်မှာ အရာရာတိုင်းဟာ ရုပ်၊နာမ် အဆင်းသဏ္ဍန်ပျောက်ပြီး ရုပ်ကုဋေ ငါးထောင်၊ နာမ်ကုဋေ တသိန်း တဖွားဖွားဖြစ်ပျက်နေတာကို ခံစား၊ မြင်ရတယ်လို့ဆိုပါတယ်။ ဒါမှ ဖြစ်ပျက်ကို တကယ်မြင်တာဖြစ်ပြီး သောတာပန် အဆင့်က အထင်ပျက်၊ သဒါဂမ်က အမြင်ပျက်ပဲ မြင်သေးတာပါ။ ကာမကိလေသာကုန်သွားလို့ ဒေါသလဲမရှိတောပါ။ ဒါပေမဲ့ အလွန်နူးညံ့တဲ့ မာန နဲ့ အတွင်း အပြင်အာယဒန ခြောက်ပါးကျန်ပါသေးတယ်။ အဲဒီအဆင့်မှာ သူသေလို့ သွားရမဲ့ ဗြမ္မာဘုံကို အာရုံပြု မြင်၊ ခံစားနိုင်တယ်လို့ ဆိုထားပါတယ်။
နောက်ဆုံးအဆင့် ရဟနာ္တကြီးကတော သင်ညာက လိမ်ထားတာတွေ့ အကုန်ဖြတ်လိုက်ပါပြီ။ အရမ်းကိုသိမ်မွေ့နူးညံ့တဲ့ မရှိတဲ့တရားတွေကို ပယ်လိုက်လို့ သုညဓါတ်ဆိုက်သွားပြီ ရှုစရာမရှိ၊ ဇာတိတဖန်ပြန်မဖြစ်တော့ပါ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ မရှိတဲ့ ပညတ်တရားတွေကို ပယ်လိုက်ပြီး မြင် မြင်ကာမတ်တတ်၊ ကြား ကြားကာမတ်တတ်၊ သိ သိကာမတ်တတ် တည်သွားပါပြီ။ အဲ သံသရာ အတိတ်ဘဝက ပါလာတဲ့ ဝသီဘော် ဥပမာ – စကားပြောမာ၊ ဆေးလိပ်သောက်၊ အချို၊ အငန် ကြိုက်၊ သွားလာလှုပ်ရှားမှု မြန်၊ ကြမ်း စတဲ့အရာတွေကလွဲရင် ကျန်စိတ္တာသင်္ခါရတွေ လုံးဝချုပ်ငြိမ်းသွားပါ။ သာသနာ ပြု ၊ မပြု၊ တန်ခိုး အဘိညဉ် ရ၊မရက တော့ အတိတ်ဆုတောင်းနဲ့သာ ဆိုင်ကြောင်းပါခင်ဗျာ။
One comment
weiwei
December 24, 2010 at 6:40 pm
ဒီပို့စ်အတွက်လဲ ကျေးဇူးတင်ပါတယ် …
လူသားအားလုံး ပုထုဇဉ်နဲ့ အရိယာ ၄ မျိုး က အတူတူရောထွေးပြီး ရှိနေကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူက အရိယာ ဘယ်အဆင့်ဆိုတာ မသိနိုင်ပါဘူး…. ဒါပေမယ့် အထက်အရိယာက အောက်အရိယာကို သိနိုင်ပါတယ် … အောက်အရိယာကလဲ ပုထုဇဉ်ကို သိနိုင်ပါတယ် … အဲဒါကြောင့် တစ်ဦးနဲ့တစ်ဦး မပြစ်မှားမိအောင် အကြီးနဲ့အငယ်ဆိုပြီး ပို့စ်တစ်ခုရေးတင်ခဲ့ပါသေးတယ် …