ထူးထူးခြားခြား နားရွက် (၄) ခု ရှိတဲ့ ကြောင်လေး (မမြင်ရဘူးမပြောနဲ့နော် သေချာတင်ထားပေးတယ်)။
ရုရှနိုင်ငံ အရှေ့ပိုင်း မြို့တော်တစ်ခုဖြစ်တဲ့ Vladivostok မြို့တော်က ကားပြုပြင်ဆိုင် တစ်ခုမှာ လူးနစ် (Lunit) လို့အမည်ရတဲ့ ၃ လအရွယ် ကြောင်လေး တစ်ကောင်ရှိပါတယ်။ ထူးထူးခြားခြား ကြောင်လေးမှာ မွေးကတည်းက နားရွက် (၄) ခု
ရှိနေတာပါပဲ။
ကြောင်လေး လူးနစ် ကို နာမည်ကျော် ရုရှ ကာတွန်းထဲက လကမာ္ဘ့ကနေ ရောက်လာတဲ့ ဂြိုလ်သားလေးရဲ့ အမည်ကိုပေးထားတာပါ။ လူးနစ်မှာ ပုံမှန်နားရွက် ၂ ခုရဲ့ရှေ့မှာ နောက်ထပ် နားရွက် အသေးလေး ၂ ခုပါပြီး အဲဒီ အပိုပါတဲ့
နားရွက်တွေက အသံကြားနိုင်တဲ့ ပြွန်မပါဘူးလို့ သိရပါတယ်။
လူးနစ်က ဒေသတွင်းမှာရှိတဲ့ လူတွေကြား စိတ်ဝင်စားစရာ တစ်ခုဖြစ်လာပြီး ရုပ်မြင်သံကြားကလည်း ကြောင်လေး လူးနစ်အကြောင်းကို ပြသခဲ့ပါတယ်။ လူးနစ်က စူးစမ်းတတ်တဲ့ အလေ့အထ ရှိပြီး သူ့ကို လာရောက်ကြည့်ရှုတဲ့ လူတွေကြား သဘောတကျ
ဓါတ်ပုံ အရိုက်ခံလေ့ရှိတယ် လို့ ဆိုပါတယ်။
5 comments
winne
August 20, 2010 at 5:00 am
မြင်ရတယ် မြင်ရတယ်။
kai
August 20, 2010 at 5:23 am
ရှုးတိုးတိုး..။
တော်ကြာ“ပူစီတော်”ဆိုပြီး ဟိုမြို ့တော်ကိုရောက်သွားဦးမယ်..။
Yin Nyine Nway
August 20, 2010 at 7:02 am
ဒီတခါ တကယ်မြင်ရပြီ
မန်း ရိပ်
August 26, 2010 at 2:27 pm
ထူးဆန်းတယ်နော်
small cat
November 10, 2011 at 2:34 pm
အိတုန်ရေ ၊ကြောင်လေးတစ်ကောင်ကို အဗက်တာလုပ်ဖို့ယူလိုက်လု့ိရမလား