Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အိုဘယ့် ဗယ်လင်တိုင်း

sorrowFebruary 15, 20151min48915

မနေ့ကမရေးရဲလို့ ..ဒီနေ့လာရေးတာ..အဟီး ( အင်မတန် ချစ်ခင်မြတ်နိုးတဲ့ပုံတွေနဲ့ ချစ်သူများကို ကန့်လန့်တိုက်ခြင်းမဟုတ်ပါ ..)

လူသားတွေရဲ့ နူးညံ့တဲ့ အားနည်းချက်ကို ခုတုံးလုပ်ပြီး …. သာမန်ရက်လေးတခုကို
ယဉ်ကျေးမှုတခုအဖြစ် ဆွဲထည့်လိုက်တဲ့ Evil Marketer တွေ ငရဲမှာဘယ်လောက်ခံစားနေရပြီလဲတော့မသိ….

ကျော်တို့ ဆြာလေး ဂီဂီ ပို့တခုမှာ မားကတ်တာတွေ လုပ်ထားတဲ့ ဆယ်ချက်ဆိုလား …အကျယ်တဝင့်ရှင်းထားတာလေးရှိပါရဲ့ ..မှတ်မိသူများ လင့်လေး မစစေခြင်းကြောင်း

အချစ်ဆိုတာကလဲ ..အင်မတန်ဆတ်ဆတ်ထိမခံတဲ့ ဘာသာရပ်တခုမဟုတ်လားဗျာ …စုံတွဲတွေကို ပစ်မှတ်ထားတာကတော့ လွန်သပေါ့ဗျာ… ဘယ့်နှယ့် … ချစ်ခြင်းရဲ့နေ့ရက်လား …ချစ်သူများနေ့လား ..
( . မြန်မာစကားများ တယ်ရှုပ်…ကချင်စကားကအဲ့လိုမဟုတ် ) အဟိဟိ …
ချစ်သူများနေ့ဆိုတော့ .. တခြားရက်တွေကျမချစ်ကြတော့ဘူးလားမသိ..


ဒီနေ့အချစ်လွန်ပြီး ..နောက်တစ်လနှစ်လလောက်ကျရင် ..တစ်ယောက်အခွက်တစ်ယောက် မမြင်ချင်တဲ့ အဖြစ်တွေ ကြုံလာရင်ဘယ့်နှယ့်ဖြေရှင်းကြမယ်မသိ…အဟိဟိ

လစာဒေါ်လာ တစ်ရာပဲရတဲ့ အသိ ဝန်ထမ်းကောင်မလေးက သူ့ကောင်လေးကို သိန်းကျော်တန် မျက်မှန်ဝယ်ပေးတယ်တဲ့ဗျာ…
တစ်လလုံးဘာနဲ့စားမလဲတော့မသိ….

ချစ်သူလက်ကလေးဆွဲပြီး .. လိုအပ်တဲ့တနေရာရာမှာ နိုင်သလောက် ငွေလေး လှုပြီး … ချစ်ခြင်းကိုဖော်ပြလို့လဲရတာပဲ .. ချစ်ခြင်းဆိုတာ နေရာနဲ့ အရောင်မရှိဘူးလေ… ဟုတ်ဘူးလား …

… အချစ်ဆိုတာ စစ်မှန်နက်ရှိုင်းသွားရင် … ဖော်ပြစရာမလိုဘူး ..အလိုလိုသိတယ်တဲ့ …( ကွကိုယ်ထင်တာပါ )
မနေ့ကတော့ ချစ်မဝတဲ့သူလေးက ပြောသွားလေရဲ့ …ဘာရိုးမန့်မှမလုပ်တတ်တဲ့  ဆယ့်ရှစ်ရာစု အဖိုးကြီးတဲ့ …..ကျော်လဲဘယ်လိုနေပေးရမယ်မှန်းမသိ …ကျော်ပဲအသက်ကြီးနေပြီလားတော့မသိ…

ရေစုပ်ယူမှုအားကောင်းတဲ့ နှင်းဆီပန်း သန်းချီကြောင့်
ဆုံးရှုံးသွားတဲ့ ရေနဲ့ သဘာဝအရင်းအမြစ်တွေ…
တရက်စာ ငွေနဲ့ လုပ်အား ပြုန်းတီးမှု …
ပျက်စီးသွားတဲ့ တန်ဖိုးတွေ…
ကုန်ထုတ်စွမ်းအားမြင့်တဲ့ လူငယ်ထုရဲ့အချိန်တွေ..သူတို့မိဘတွေရဲ့ စိတ်ပူပန်မှုတွေ…

တကယ်တော့ .. ချစ်သူလက်ကလေးကို ကိုင်ပြီး ချစ်သူနဲ့အတူရှိတဲ့ရက်တိုင်းက ချစ်သူများနေ့ပဲမဟုတ်လား …

15 comments

  • အလင်းဆက်

    February 15, 2015 at 2:18 pm

    ဟုတ်ပါ့ ဟုတ်ပါ့
    ချစ်သူနှစ်ဦးအင်္တွက်တော့ နေ့ရက်တိုင်းဟာ ချစ်သူများနေ့ပဲ ဖြစ်ရမှာပေါ့

    စကားမစပ်

    သီတင်းကျွတ်လပြည့်ျနေ့မှ မိဘကို ကန်တော့ဖို့ သတိရကြတာလည်း ရှိသေး
    :k:

  • မြစပဲရိုး

    February 15, 2015 at 2:54 pm

    .ပြောချင်နေတာ။
    .ပြန်လာမယ် မောင်စော .. :))

  • ခင်ဇော်

    February 15, 2015 at 3:00 pm

    ချစ်တတ်တဲ့ ခင်ဇော့် အတွက်တော့
    နေ့တိုင်းးဟာ ချစ်သူတို့ နေ့ ဖြစ်ပါတယ် လို့ ပြောသားးးပဲ ဟာပဲ

    အဲ
    နေ့တိုင်းးး ဟိုတယ်သွားးးတယ်လို့တော့ ဘာသာပြန်နဲ့နော်
    ခါတလေမှ ရောက်တာာာာ
    ဟွာဘာာာ
    လူကြုံ ပစ္စည်းးးသွားးးယူတာာာာဘာာာာ

    :k:

  • မွသဲ ( 17082011 )

    February 15, 2015 at 5:08 pm

    တကယ်ချစ်ရင် ဒါတွေကအလကားပါအေ။ ဘဝတခုထူထောင်ကြပြီဆိုရင်ဒါတွေကအပိုတွေဖြစ်ကုန်တာပါပဲ။ လက်တွေ့ကျတာကိုပဲသဘောကျလို့လားမသိဘူး ဒါတွေကိုမခံစားတတ်ဖူး။ အသက်ကြီးသွားတာလဲပါမထင့်။ ဒါပေမဲ့ တကယ်ချစ်တယ်ဆိုရင်တကယ်လိုအပ်တာက နှင်းဆီပန်းမဟုတ်ပါဘူး။ ချောကလက်မဟုတ်ပါဘူး။ သစ္စာတရားနဲ့ တဘဝလုံးမတ္တာထားနိုင်ဖို့ကပိုအရေးကြီးပါတယ်

  • kai

    February 15, 2015 at 5:19 pm

    ဥက္ကာကျော်နဲ့ဆုပန်ထွာတို့..ဒီနေ့..သဲသောင်ပြင်ဝယ်မင်္ဂလာဆောင်တဲ့အကြောင်း…။
    အဲဒါ..သူတို့စေ့စပ်တုံးကမြန်မာ့ဂဇက်သတင်းစာထဲထည့်တာမှာ.. မြန်မာပြည်ကသတင်းစာတွေထဲ.. မြန်မာ့ဂဇက်နာမယ်ကြီးနဲ့.. ရှေ့နေစာတွေထွက်ဖူးသမို့.. အခုပွဲကိုတော့.. သေချာအောင်သွားတက်..ဓာတ်ပုံရိုက်..သတင်းယူလာပါတယ်ဆိုတဲ့အကြောင်း…။
    ဒီနေ့ဟာ.. ဖေဖော်ဝါရီလကြီးဖြစ်ပေမယ့်… လော့ကျတဲ့ကျလိကျလိအိမ်မှာ.. တော်တော်ပူတာကြောင့်.. ပစိဖိတ်ကမ်းခြေတခုလုံး… ရေကူးရေဆော့နေပူဆာလှုံသူ.. ဗစ်ကီနီမမတွေနဲ့.. အပြည့်ဖြစ်နေတဲ့အကြောင်း…။
    ဓာတ်ပုံတွေလည်း… များများရိုက်လာပါတယ်ဆိုတဲ့အကြောင်း..။ :k:

  • Ma Ma

    February 15, 2015 at 9:24 pm

    …ကျော်ပဲအသက်ကြီးနေပြီလားတော့မသိ…
    ဒီအတိုင်းဆို မောင်ဆောရိုးအသက်ကြီးနေပြီ…. လို့ :k: မဆိုလိုပါဘူး။
    ရင့်ကျက်တဲ့ တည်ငြိမ်တဲ့ စိတ်ဓာတ်ရှိသူလို့ ချီးကျူးချင်ပါတယ်။ 🙂

  • မြစပဲရိုး

    February 16, 2015 at 12:06 am

    ဟိုဘက်မှာ အရှိန်လွန်သွားလို့ အတိုချုပ် ဘဲ ပြောတော့မယ် မောင်စော ရေ။

    ဒီလိုကွဲ့။
    ဘယ်လို သတ်မှတ်သင့်တယ်တော့ မသိ။
    ဒီက စီလီဗျစ်တီ တွေ ရဲ့ အတင်းပြောတဲ့ သတင်းစာ ထဲ ပါတာ။
    အဲဒီ မိန်းမ က ဟိုမရောက် ဒီမရောက် စီလီဗျစ်တီ ဆိုပါတော့။
    သွသူ selfie လုပ်ပြီး တွစ်တာ ထဲ အမြဲ တွိ လုပ်သူပေါ့။
    မျက်လုံး လှလှ။ အပေါ်ပိုင်း ကလဲ ဝင့်ဝင့်ထွားထွား မို့ ပုံထဲ အတော် အမြင်ကောင်း လှတယ်။
    လူလွတ် မဟုတ်၊ ယောကျာင်္းကြီး နဲ့။ ကလေး နှစ်ယောက် နဲ့။

    အဲဒါကို အခု လဆန်းရက် က သူ့ဟာသူ ပေါင် နှစ်ရာ နဲ့ စပြီး လေလံ တင်ပါတယ်။
    အများဆုံး ပေးနိုင်သူ နဲ့ ဗယ်လင်တိုင်း နေ့ ည မှာ ဒိတ် လုပ်မတဲ့။
    ပြီးတော့ အဲ့ ရတဲ့ ငွေ ကို ချာရတီ တစ်ခု မှာ လှူမတဲ့။
    . စေတနာ ထက်သန်သူ ပုရိသ အပေါင်း စိတ်ဝင်စားပြီး လေလံဆွဲ ကြတာ အမြင့်ဆုံး တစ်သောင်းသုံးရာ ရသတဲ့။
    ဗယ်လင်တိုင်း မတိုင်ခင် ၃ည က အဲဒီ ဒိတ် ည မှာ ဝတ်ဖို့ အောက်ခံ တွေ ကို ဆိုင်မှာ ဝယ်ပြီး ဝတ်ကြည့်နေတာ လဲ သတင်းထဲ ပါလာတယ်။
    . ပြီးလဲပြီးရော ဗယ်လင်တိုင်း မတိုင်ခင် ၂ည မှာ အဲဒီ ဗယ်လင်တိုင်း နေ့ ဒိတ် ကို cancel လုပ်ပြီး နောက်လ ထဲ မှာ reschedule လုပ်ထားသတဲ့။
    သူ့ ယောကျာင်္းကြီး က သာမာန်လူလဲ မဟုတ်။
    ပါလီမာန် အမတ်။
    . လောကကြီး လဲ ဘာတွေ ဖြစ်ကုန် သည် မသိ။

    ဗယ်လင်တိုင်း နာမည် ကို အသုံးပြု လာတဲ့ အလှူခံနည်း တနည်းမို့ ရွှေပြည်ကြီးထဲ ကော်ပီကူးချင်ကူးနိုင်အောင် မျှလိုက်တာပါ။
    lol:-)))))

    http://www.dailymail.co.uk/news/article-2953786/Karen-Danczuk-reveals-winning-bidder-Valentine-s-Day-date-cancel-plans-tonight.html

    • pooch

      February 17, 2015 at 3:00 pm

      အံ့ဩပါ့ သူ့ယောက်ျားကလည်း အားပေးအားမြှောက်နဲ့
      ဘယ်လိုစိတ်မျိုးနဲ့များ လက်သင့်ခံနိုင်တယ် မသိဘူး

      ကိုယ့်လခကုန်အောင် ချစ်တတ်ကြသူများအားလုံးကိုလည်း လေးစားပါတယ်လို့
      ကိုယ်သာဆို ကိုယ့်ချွေးနည်းစာ သူများပေးဖို့ မသထာလိုက်တာ
      ကွကိုယ်တောင် သုံးမလောက်ဖူး :mrgreenn:

      အဲ့လိုစိတ်တွေကြောင့်လည်း ဒီလိုဘဝရောက်နေတာ နေမှာ :cryy:

  • Mr. MarGa

    February 16, 2015 at 10:27 am

    ဘာရိုးမန့်မှမလုပ်တတ်တဲ့ ဆယ့်ရှစ်ရာစု အဖိုးကြီးတဲ့

    ဟုတ်ရဲ့လားဗျာ 🙄
    ကွကိုယ် သိသိကြီးနဲ့ အသာလေး အရူးကွက်နင်းတယ်တော့ထားလိုက်ပါ
    :mrgreenn: :mrgreenn:

  • Ma Ei

    February 16, 2015 at 10:47 am

    .ဒီနေ့ မှ
    .နှင်းဆီ၊ချောကလက်၊ အရုပ် ပေးမှ ရမှ ဆိုသူတွေရှိလို့
    .ပန်းအလှဆိုင်တွေ ရောင်းကောင်းချက်များ…
    .ဆိုင်ဖွင့်ချင်စိတ်သာပေါက်ရော…

    • sorrow

      February 16, 2015 at 1:21 pm

      ကျော့်ကုန်ပဏီက ဖောက်သည်တွေကို ချောကလက်ပို့တယ်ဂျ …. ပြီးတော့ ဝန်ထမ်းတွေကို
      .. ညစာသွားစားဖို့ ..မုန့်ဖိုးပေးတယ်ဂျ… အထိမ်းအမှတ်တခုထက် ..သူတို့စိတ်ကိုနားလည်ပေးတဲ့သဘောပါခင်ဗျ ..ကျော့်ဟာကျော်ကတော့မလုပ်

      ..ချစ်သူလေး လေယာဉ်လိုက်ပြီး ချွေးနည်းစာနဲ့ ဝယ်ပေးတဲ့ ..
      . Dapper ရှုးဖိနပ်နှစ်ရန်တော့ အားနာပါးနာနဲ့ ယူခဲ့တယ်..အဟိဟိ … ..ကွကိုယ်လက်ဆော့ပြီးဗယ်လင်တိုင်းဘာညာ ရေးထားလို့ ဖေ့ဘွတ်မတင်ရဲဘူးဖြစ်နေတယ်..အဟီးဟီး
      ( အဲ့တာကြွားတာ ..အငိငိငိ )

      • ခင်ဇော်

        February 16, 2015 at 1:41 pm

        စကားမစပ်
        အဲ့ ဒက်ပါ အတွက် ဘာ ပြန်ပေးလိုက်ရတုန်း??
        ညင့်ညင့်ညင့်

        :k:

        • Ma Ma

          February 16, 2015 at 4:12 pm

          ဒီမေးခွန်းက မဖြေမနေရ။
          :k:

  • သူ့နေရာနဲ့သူပေါ့လို့
    ကိုရင့်ဟာက စားသောက်ဆိုင်မှာပန်းကုံးစွပ်မယ့်လူကြီးကို ပုတီးစွပ်ခိုင်းသလိုဖြစ်နေဗြီ
    :mrgreen:

Leave a Reply