sorrowAugust 20, 20161min3277
ဒီနေ့အကင်ဆိုင်က စားပွဲထိုးလေးက…ပွက်ပွက်ဆူနေတဲ့ ဟင်းရည်ကို လက်ပေါ်မှောက်ချပေးတယ် .တောင်းပန်တဲ့အသံကတုန်ပြီး အလွန်ကြောက်နေရှာတဲ့ သူ့ကိုကြည့်ပြီး ..ပူလောင်နာကျင်နေတာကိုမေ့ထားပြီး….. ရပါတယ် အစ်ကိုသက်သာသွားမှာပါလို့ပြုံးပြီးပြောခဲ့တယ်.. ..ညလုံးပေါက်အလုပ်လုပ်စရာရှိတဲ့လက်က ခုထိနာတာမပျောက်ဘူး .. လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်တုန်းက အလားတူမတော်တဆမှုကိုကျူးလွန်ဖူးတဲ့ ကော်ဖီဆိုင်က စားပွဲထိုးလေးတစ်ယောက်… ဖြတ်ရိုက်ခံရဖူးတဲ့ ဘယ်ဘက်ပါးကို ပြန်စမ်းမိတယ်… အမှတ်ရလိုက်တိုင်းနာနေပေမယ့် …ဒီနေ့မနာတော့ဘူး…


sorrowJuly 28, 20161min97825
ကျွန်တော်တို့ ခရီးမထွက်တတ်ကြဘူး .. . Travel Planner တစ်ယောက်ရဲ့ အမြင်ကိုပြောရရင် … ကျွန်တော်တို့ အခြေခံအချက်သုံးချက်နဲ့ စဉ်းစားပါတယ် ။ နေရာ ။ သက်တောင့်သက်တာရှိမှု နဲ့ ပျော်ရွှင်မှုပါ ။ ငွေကြေးကိုနောက်ဆုံးမှစဉ်းစားပါတယ် ။ မြင်သမျှ လွဲမှားနေတဲ့ အချက်တွေထောက်ပြရရင် .. .လေယဉ်လက်မှတ်ရွေးချယ်တာကစချင်ပါတယ် မနက်ခြောက်နာရီထွက်တဲ့လေယဉ်မျိုးကိုရွေးချယ်မိရင် အိပ်မက်ဆိုးပါ.. ခြောက်နာရီလေယဉ်အတွက် လေးနာရီချက်ကင် ဝင်ရမယ် .. ဆိုတော့ကာ သုံးနာရီ အနည်းဆုံးထရမယ် ….အိပ်ရေးပျက်ပြီးပင်ပန်းနေတဲ့လူအတွက် ..အဲ့နေ့က မလန်းဆန်းနိုင်တော့တာ ငြင်းမရတဲ့အမှန်တရားပါ ..ဈေးသက်သာတဲ့လေယဉ်အများစုက အချိန်မကောင်းပါဘူး ..မနက်အစောကြီးဖြစ်ရင်ဖြစ် ..ညသန်ခေါင်ဖြစ်ရင်ဖြစ်ပါမယ် ။ နောက်တခုက. ကျွန်တော်တို့ နေရာစုံကိုအချိန်တိုအတွင်းငွေအနည်းဆုံးနဲ့သွားချင်ကြပါတယ် ။ ဓါတ်ပုံရိုက်ချင်ပါတယ် ။ ရောက်ဖူးကြောင်း ဖေ့ဘွတ်တင်ချင်ပါတယ် ။ အမှားတော့မဟုတ်ပါဘူး ။ […]


sorrowMay 20, 20161min49217
အခုခေတ်က လမ်းမှာပုခုံးချင်းတိုက်မိလို့ မေးကြည့် …သူလဲခရီးသွားကုန်ပဏီတခုခုက ဒါရိုက်တာ ….မန်နေဂျာစသဖြင့် ..ရာထူးကြီးတခုခုရထားတဲ့သူချည်း…. ငွေနည်းနည်းရှိရင် Travel ထောင်ပြီ…အသက်၂ဝလောက်နဲ့ .. ဘယ်လိုအုပ်ချုပ်နေလဲတော့မသိ.   .ကိုယ်တွေမန်းနေ့မန့်အတွေ့အကြုံ ဆယ်နှစ်လောက်ရှိတာတောင် …ခုထိ နှစ်ယောက်တပိုင်းပဲရှိတဲ့ဝန်ထမ်းတွေနဲ့ရန်ဖြစ်ကောင်းတုန်း…   တချို့များမေးကြည့်..တိုးဈေးလဲမတွက်တတ်..ခရီးစဉ်လဲမဆွဲတတ်…Airline system လဲမခေါက်တတ်…ဘာဆိုဘာမှမတတ်… မတတ်ပဲမတတ်လို့ Contact ရှိလားဆိုတော့ ဘာဆိုဘာမှမရှိ ပြီးတော့ခရီးသည်နည်းနည်းလေးရှိတဲ့ဈေးကွက်ကို ဝံပုလွေလိုက်သလိုလိုက်နေရတာ..တခါတလေ.တစ်ကျပ်တလေ ပိုမိရင်တောင် ဖုန်းဆက်ပြန်အမ်းခိုင်းတာ..   အသွားတစ်ကြောင်း ငါးကျပ်တဆယ် စသဖြင့် tax တွေ fuel ဈေးတွေမပြောပဲ air fare ချည်းပဲပြောပြီး လိမ်ရောင်းတဲ့ အဲလိုင်းတွေကရှိသေး..တကယ်လျော့တာက လေးငါးခုံကို…   ကိုယ်တွေကတော့ ရှင်းရရော သေအောင်. ကိုယ်တွေက.ငါးကျပ်နဲ့မရောင်းပေးရင်ပဲ လိမ်ရောင်းသလိုလို…တကယ်ဖြင့် ရတာလဲမဟုတ်..အဲ့ ငပေါအဲလိုင်းတွေ   ပြီးတော့ သဘေ်ာသားတွေအချိန်မှီတက်ရဖို့ တိုင်းတပါးကအဲလိုင်းတွေက…မန်နေဂျာမမတွေအချိန်မတော် […]


sorrowMarch 5, 20161min1448
လူသားတွေရဲ့ကမ္ဘာက တိုးတက်လာတာနဲ့အမျှ .. လူသားရဲ့လောဘ နဲ့မောဟ ဝါကြွားလိုမှုနဲ့ မာနက .ပိုပိုကြီးမားကျယ်ပြန့်လာတယ်… သို့သော်…ကမ္ဘာဟောင်းရဲ့ လူတွေကြားမှာ အချင်းချင်းသိရှိနိုင်မှုက အကန့်အသတ်နယ်နမိတ် တစ်ခုအနေနဲ့ပဲ ရှိနေတုန်းပဲ ….အဲ့တာနဲ့ လူသားတွေက…မဆုံးနိုင်တဲ့ဝါကြွားမှုနဲ့ လောဘ တွေအတွက် ကမ္ဘာအတုတစ်ခုကို ဖန်တီးလိုက်ကြတယ်..ကမ္ဘာအတုက.လူသားလောဘကနေ ဖန်တီးလိုက်တဲ့ အပြောင်မြောက်ဆုံးလက်ရာတခုပါပဲ …. အရင်ကမ္ဘာဟောင်းရဲ့ ဆက်သွယ်ရေးကိရိယာတခုက ကမ္ဘာအတုဝင်ပေါက်ရဲ့ သော့တွေဖြစ်လာတယ်…အပြိုင်အဆိုင်က ကမ္ဘာအတုဝင်ပေါက်ရဲ့ သော့တွေကစတယ်… တံဆိပ်အမျိုးမျိုး …အဆင့်အတန်းအမျိုးမျိုးနဲ့ …သော့တစ်ချောင်းအတွက်…ဘဝအပျက်ခံရဲတဲ့သူတွေတောင်ရှိလာကြတယ်… လူသားတွေရဲ့ မသိစိတ်ကဖြစ်တည်နေတဲ့ …အချင်းချင်း ရန်လိုမှုတွေ… ကြွားဝါလိုမှု ..အတုအယောင်တွေအကုန်လုံးက ကမ္ဘာအတုထဲမှာလွတ်လပ်စွာချပြလို့ဖြစ်နိုင်ပါတယ်..လူသားတဦးစီတိုင်းအတွက်…မာန..လောဘ..ဒေါသတွေကို ချပြနိုင်တဲ့ ..နံရံတံတိုင်းတခုစီ ..ကမ္ဘာတုထဲမှာပြိုင်ဆိုင်ကြတယ်…. နာမည်အမျိုးမျိုး အသွင်အမျိုးမျိုးနဲ့ ….အရောင်အဝါအပြည့်နဲ့ ..နတ်သား.နတ်သမီးတွေလိုမျိုး …ကမ္ဘာအတုထဲမှာ စစ်မှန်မှုဆိုတာ တခုမှမရှိပါဘူး…ချီးကျူးသံ ..အားကျသံဆိုတာတွေကလဲ …တကယ်တမ်းတော့ စွဲမက်စေတဲ့ ပျားရည်ဆမ်းထားတဲ့အဆိပ်တခုသက်သက်ပါပဲ… လူသားတွေရဲ့ထူးဆန်းတဲ့စိတ်က …ကိုယ်ခန္စာလှပတဲ့သူတွေက […]


sorrowJanuary 20, 20161min38013
ရူတင်လေးလဲခနနားတုန်း… ပျင်းပျင်းနဲ့ မင်းသားဆောရိုး… ယူကျုစ့်ကြည့်လိုက်မိတယ်..တကယ်တော့ နိုင်ငံကျော်ရုပ်ရှင်မင်းသားတစ်ယောက်ရဲ့ဘဝက အများပြည်သူပရိသတ်ပိုင်တာကလား ….နားရတယ်မရှိပါဘူး … အငိငိငိ …ခုလဲကြည့်လေ … ရုပ်ရှင်ကားကြီးတွေချည်းပဲ သုံးဆယ့်ရှစ်ကားဆိုင်ထားတဲ့အပြင် ..နိုင်ငံခြားရှိုးပွဲကတွေကလဲ သေအောင်ခေါ်တဲ့အပြင်…ပိုင်ထားတဲ့ခရီးသွားကုန်ပဏီဆယ့်ရှစ်လုံးထဲက ခရီးစဉ်တွေချရေးပြရအောင်ကလဲ …သူကြီးပိုက်ဆံတောင်းမှာကြောက်ရနဲ့ … လိုရင်းကိုပြန်ကောက်ရရင် …မန်းဂေဇက်ထဲက အနှစ်နှစ်အလလ အားပေးလာတဲ့ ရုပ်ရှင်ကြည့်ပရိသတ်ကို ကျွန်တော်မင်းသားဆောရိုး…ကြည့်မိတဲ့ Documentary လေးတခုကြည့်စေချင်တဲ့စေတနာပါ  ။ ******************************************** ဇွန်လ ၁၉၈၁ .. ရုတ်တရက်ကြီးဆိုသလို ..ဘက္ကဒက်မြို့ ကောင်းကင်ယံမှာ ဂျက်တိုက်လေယဉ်ရှစ်စီး ပေါ်ထွက်လာပါတယ် ။ အချိန်ကတော့ အီရက်အာဏာရှင် ဆဒမ်ဟူစိန်ရဲ့ ဘုန်းမီးနေလ တဟုန်းဟုန်းတောက်နေချိန်….. ဒီအဖြစ်အပျက်က ကမ္ဘာမှာဖြစ်ဖူးခဲ့သမျှ လုပ်ကြံသတ်ဖြတ်မှု..စီးနင်းတိုက်ခိုက်မှုတွေ စစ်ဖက်ဆိုင်ရာရုတ်တရက်တိုက်ခိုက်မှုတွေထဲက လုပ်ရဲကိုင်ရဲအရှိဆုံးတစ်ခုပါ ။ တိုက်လေယဉ်တွေက ရုတ်တရက် အီရတ်ကောင်းကင်ယံကနေ သူတို့ရဲ့ပစ်မှတ်တွေဆီ ထိုးဆင်းလာခဲ့ပါပြီ ။ အတောင်ပံတွေရဲ့တဖက်တချက်မှာ […]


sorrowFebruary 15, 20151min16815
မနေ့ကမရေးရဲလို့ ..ဒီနေ့လာရေးတာ..အဟီး ( အင်မတန် ချစ်ခင်မြတ်နိုးတဲ့ပုံတွေနဲ့ ချစ်သူများကို ကန့်လန့်တိုက်ခြင်းမဟုတ်ပါ ..) လူသားတွေရဲ့ နူးညံ့တဲ့ အားနည်းချက်ကို ခုတုံးလုပ်ပြီး …. သာမန်ရက်လေးတခုကို ယဉ်ကျေးမှုတခုအဖြစ် ဆွဲထည့်လိုက်တဲ့ Evil Marketer တွေ ငရဲမှာဘယ်လောက်ခံစားနေရပြီလဲတော့မသိ…. ကျော်တို့ ဆြာလေး ဂီဂီ ပို့တခုမှာ မားကတ်တာတွေ လုပ်ထားတဲ့ ဆယ်ချက်ဆိုလား …အကျယ်တဝင့်ရှင်းထားတာလေးရှိပါရဲ့ ..မှတ်မိသူများ လင့်လေး မစစေခြင်းကြောင်း အချစ်ဆိုတာကလဲ ..အင်မတန်ဆတ်ဆတ်ထိမခံတဲ့ ဘာသာရပ်တခုမဟုတ်လားဗျာ …စုံတွဲတွေကို ပစ်မှတ်ထားတာကတော့ လွန်သပေါ့ဗျာ… ဘယ့်နှယ့် … ချစ်ခြင်းရဲ့နေ့ရက်လား …ချစ်သူများနေ့လား .. ( . မြန်မာစကားများ တယ်ရှုပ်…ကချင်စကားကအဲ့လိုမဟုတ် ) အဟိဟိ … ချစ်သူများနေ့ဆိုတော့ .. တခြားရက်တွေကျမချစ်ကြတော့ဘူးလားမသိ.. ဒီနေ့အချစ်လွန်ပြီး ..နောက်တစ်လနှစ်လလောက်ကျရင် ..တစ်ယောက်အခွက်တစ်ယောက် […]


sorrowNovember 14, 20141min31629
.ရောက်နေတဲ့နေရာ ..ရနေတဲ့ရာထူး..စားနေတဲ့လစာ … .လုပ်သမျှဖြစ်နေတဲ့အသိုင်းအဝန်းတခုမှာမို့.. .ငါမောက်မာကောင်း မောက်မာမိပါလိမ့်မယ်.. .ဒါပေမယ့် သေချာသိတဲ့ အမှန်တရားက .မင်းမရှိရင် ငါဆိုတာ ဘာမှမဟုတ်ပါဘူး ဖြူဖွေးလေးရယ်… .အငိငိငိ …ဒါကကြူတာ… ********************************* သူမသည် Italian pasta ထဲတွင် Cabonara ကိုကြိုက်သည် ။ ရံဖန်ရံခါ Bolognese sauce ကို extra cheese နှင့်ကြိုက်သည် ။ Spare rib ကို ဝိုင်နှင့်မြည်းစမ်းရသည်ကို သဘောကျသည် ။ Tomato Cream Cheese Soup ကိုအသကုန်သမသည် ။ ထို့ကြောင့် ပေါင် ၁၃ဝ နှင့် Aisle ပင် မဆန့်သော လေယဉ်မယ် ဝဝကြီးဖြစ်နေလားတော့ မပြောတတ် …အဟိဟိ ရံဖန်ရံခါ […]


sorrowSeptember 8, 20141min16014
မျက်နှာမဲ့ ..နှာခေါင်းရှုှုံ့ ..ခေါင်းမငုံ့လိုက်ပါနဲ့ ..ဖြူဖွေးလေးရယ်.           မင်းကလေး အတွက် …ကောင်းကင်ကိုအန်တုမယ်….ငါကြီးက..ကိုးကွယ်မှုဆန်တဲ့ချစ်ခြင်းမျိုး… အဲ့လာ..ကြူတာ..အဟီး **************************** ငါးကင်စားပြီးတစ်ပတ်အကြာ…ညနေခင်းမှောင်ရီဖြိုးစ ဖုတ်ထသည့်အချိန် အနှီ အစားကြူးသော ချစ်လှစွာသော သူငယ်ချင်း. …ဝေသာလီပြည်ပေါက်. ဘီလူးအခြောက်၏ အာသီသ သည်..တကျော့ပြန်လာလေသည် ။ ( ဘီလူး၏ခက်ထန်ကြမ်းကြုတ်သောရုပ်သွင်နှင့် ကနွဲ့ကညဟန်ပန်ကို မြင်ကြည့်ကြကုန်…အဟိဟိ ) “” ငါနေမကောင်းတုန်းက ငါးကင်မှတ်မိလား…ကောင်းတယ်ကွ..နော်..ထပ်လုပ်ပေးဟမ်း…”” စိတ်ပါလက်ပါလုပ်ပေးချင်အောင် ပြောတတ်သည့် ငတိကို … ခါတိုင်းလို ကတ်ကတ်လန်နှုတ်လှန်မထိုးပဲ…ကျော်တို့တသိုက် ပြိုင်တူခေါင်းငြိမ့်လိုက်လေသည် ..    “” ရေနည်းငါးမို့ ..လုပ်ပေးမှာနော်..စေတနာတွေ..စေတနာတွေ…   ဖခင်ကြီးမှာ မေတ္တာမိုးတွေသွန်းဖြိုးလို့..”” ရင်ဘတ်ကိုပါထုပြလိုက်သေးသည်… ( ကွယ်..ဆောရိုးနှယ့်..တကယ့်အကယ်ဒမီရှော့ အဟိဟိ ) မေမြို့သားအုပ်ထဲ တစ်ကောင်တည်းရောက်နေသည့်အတွက်.. ရေနည်းငါးဟု […]


sorrowAugust 22, 20141min39020
ညိုနေတဲ့ကောင်ကင်ကြီးကိုကြည့်ပြီး ရင်မောနေရမယ့်အစား အမြင့်ပျံဌက်တစ်ကောင်ဖြစ်ပြီး ဖြူဖွေးလေး လေယာဉ်နောက် . . တကောက်ကောက် ..ငါကြီးလေ ..ပျံသန်းလို့ စောင့်ရှောက်လိုက်ချင်တယ် ။ အချစ်ဆိုတဲ့နတ်ဆိုး..ငါ့ရင်ထဲမှာ ဖြူဖွေးလေးနာမည်နဲ့ ပန်းတပင်ပျိုးသွားတယ် ။ အခုအကိုင်းအခက်တွေဝေ (ဒါကကြူတာ ..အဟီး ) ***************** မန်းလေး ရွှေမြို့တော်ကြီး၏ တနေရာ နေသည် ပူသည် ။ သစ်သားခြေတိုင်ရှည် အဆောက်အအုံ သုံးခု ပြန့်နှံ့တည်ရှိနေသော ခြံဝင်း ။ ဘယ်ဘက်..ထောင့်မကျတကျတွင် စီတန်းရှိနေသော .အိမ်သာလေးလုံး ။ အိမ်သာနှင့်ကပ်လျက်တွင် ရှိနေသည်က ရေနီမြောင်းသို့စီးဝင်သော ရေမြောင်းပေါက်စနကလေး ( ရံဖန်ရံခါ ..ကျော်တို့ ( ဟိုသူဌေးလေးအပါအဝင် ) မူးမူးနှင့် ထိုရေမြောင်းထဲ ရှုရှုးဖလားဝါးသည်…အင်အင်းပါသည် ။ အနေသန့်ပုံပြောပါတယ် အဟိဟိ )နှင့် မိုးရွာသဖြင့် […]


sorrowAugust 21, 20141min33831
တစ်ခါတစ်ခါ ကောင်းကင်ကိုမော့ကြည့်ရတဲ့ခံစားချက်က လွမ်းတယ်ဆိုတာထက်ပိုတယ်. .. ဖြူဖွေးလေးရယ်… ငါကြီးက တကယ်တော့ မင်းလေးရဲ့ကောင်းကင်အမိုးအောက်. . ကြယ်အကြွေကောက်တဲ့သူပါ… မကြူတတ်ဘူးရယ်…ခုမှ ဂီဂီလေး ဆီက သင်တုန်း…အဟေးဟေး တကယ်က ကျောင်းသားဘဝအကြောင်းလေးရေးမလို့ရယ်…တဏှာဆိပ်က ငယ်ထိပ်တက်နေလို့ …. ************************  ” ဘာ ”  အထူးအဆန်းဂြိဟ်သားတကောင်ကိုတွေ့သည့်နှယ့်  ” ဟကောင်..ကျောက်ရူး…မေမြို့သားအုပ်ထဲ တစ်ယောက်ထဲနေမလို့ ..   ဟုတ်လား….ရူးလို့ပြောတဲ့စကားမဟုတ်ပါဘူးနော်… “ အဆောင်မှုး အန်ကယ်ကြီးက ရိုးပုံရိုးလက် ချမ်းသာပုံရသည့် .. နောင်တွင် အရပ်မြင့်မြင့်နှင့်အနည်းငယ်ပိန်သွယ်သဖြင့် ပဲတောင့်ရှည်ဟု အမည်ရလာမည့် မိုးကုတ်သား ကိုပြောသည့်စကား ။ မေမြို့သားများကို ထိုမျှလောက် အယုံအကြည်ရှိပါသည် ။ မေမြို့သားဆိုသည် မှာ ချယ်ရီပင်များအောက် ပန်းအကြွေကောက်သည့် နူးညံ့သည့် ပန်းမြို့တော်သားများဖြစ်သည်ကို ယနေ့ချိန်ထိ .. ထိုအဆောင်မှုးအန်ကယ်ကြီး […]


sorrowJune 11, 20141min21310
ကြယ်တွေအကြောင်းပြောရအောင်… ဖြူဖွေးလေးရေ … တကယ်တမ်းက .. ကျုပ်ကြီးက မင်းလေးရဲ့ ကောင်းကင်အမိုးအောက်မှာ … ကိုယ့်ကိုကိုယ်… ကျပျောက်ခဲ့တဲ့ ကြယ်ပါ… မင်းရဲ့တစ်လောကလုံးမှောင်ပါစေ.. မင်းဘက်မှာမတ်မတ်ရပ်ပြီး… ကိုယ်ကိုကိုယ်လောင်ကျွမ်းပြီး …အစွမ်းကုန်တဖျပ်ဖျပ်လက်ပေးမယ် ငါကြီးက မင်းလေးရဲ့ မိုက်ရူးရဲကြယ်…. မင်းမှားနေပါစေ .. ကိုးကွယ်မှုဆန်တဲ့ ချစ်ခြင်းတွေနဲ့ .. ငါကောင်းကင်ကို အန်တုမယ် … ကျမ်းစာထဲက ဘေဘီလုံ မိုးပျံရဲတိုက်ကြီးလိုမျိုး …. မျက်နှာမမဲ့လိုက်ပါနဲ့ … ငါ့ရဲ့ကောင်းကင်အမိုးက မင်းရဲ့အပြုံးနဲ့ထောက်ထားတာရယ်… ( မနက်က ငယ်ထိပ်မှာ တောင်ပို့လိုမျိုး ဖုဖု ထွက်လာလို့ …ဆရာဝန်သွားပြတယ်…. ဘာပြောတယ်မှတ်သလဲ ..အဲ့တာအချစ်တဲ့ …ရင်ဘတ်တခုလုံး ပြည့်လာလို့ ငယ်ထိပ်ရောက်လာတယ်ပြောတယ်….ကယ်ပါ…ဖြူဖွေးလေးရေ…)  


sorrowMay 16, 20141min35025
မျက်နှာမမဲ့လိုက်ပါနဲ့ ..ကျုပ်ကောင်းကင်အမိုးက ခင်ဗျားလေး အပြုံးနဲ့ထောက်ထားတာရယ်…. စိတ်မပူပါနဲ့ ..ကျုပ်ကခင်ဗျားလေး ရဲ့လူပါ တသက်စာ …….. ( ကြည့် ကြည့် ..အဲ့လောက်ချစ်တတ်တာကို …မယုံ ဂီဂီ့မေးကြည့်…တုန်တက်နေတာကို …အဲ့ဖက်တီးမကြီးက ….အဟိ ) ********************* ဗီဇာအကြောင်းရေးလိုပါသော်လည်း ..ဘာတွေရေးမိမှန်းမသိပါဘူး…တဏှာအဆိပ်က ငယ်ထိပ်တက်နေတာမို့ သည်းခံဖတ်ကြကုန်…အဟီး လိုရင်းက ..အင်မတန်မှ ဖုန်းခေါ်ရခက်တဲ့ သံရုံး ဖြစ်တဲ့အပြင် အလွန်အလုပ်ရှုပ်ဆုံးဖြစ်တဲ့ ဩဇီဗီဇာအကြောင်းလေး ပြောပြချင်လို့ဗျာ ။ မျိုးကွဲများကြီးရှိတဲ့အထဲမှာမှ …ခက်ပါတယ်ဆိုတဲ့အထဲမှာမှ ဩဇီ စီးပွားရေးဗီဇာ လျောက်ဖို့ဖြစ်လာတယ်ခင်ဗျ ။ ဆိုတော့ကာ ရစ်ပါတယ်..ဆိုတဲ့ ..နာမည်ကြီး ဩဇီစီးပွားရေးဗီဇာ အကြောင်းလေးကို ရွာသားစီးပွားရေးသမားများအတွက်ရည်ရွယ်ပြီး ရေးပါတယ်ခင်ဗျ ။ ဒီဗီဇာကတော့ စီးပွားရေးနဲ့ပတ်သတ်တဲ့ကိစ္စတွေအတွက် လျောက်ထားရတာဖြစ်ပါတယ် ( ဪ..ရှင်ပြောမှသိတော့တယ် ) ။ ဥပမာ .. […]


sorrowJanuary 20, 20141min38722
အလွမ်းသည် ရင်နှင့်ရင်းပြီး အတောင်ပံမရှိပါပဲနှင့်  ကောင်းကင်တွင် အနေများသည့်  ကျွန်ုပ်၏ နတ်သမီးလေးကို လွမ်းပါသည် ။ ချစ်ခြင်းသည် ပျံသန်းနိုင်သည့် အမြင့်ပျံအတောင်ပံ တစ်စုံကို မွေးဖွားပေးနိုင်လျှင်  ချစ်သူလေး၏ လေယာဉ်ပျံနောက် တကောက်ကောက် ပျံသန်းစောင့်ရှောက်ချင်ပါသည် ။ လွမ်းသည် ဟန်နီ ….. ( ကြည့်…ငတို့ ကချင်တွေက ဘာဆိုဘားမှ  သိပ်မကြူတတ်ဘူး..အာဟိ ) ***************************** ***************************** ***************************** “” ငါကတော့ ကြီးလာရင် ခရီးသွားကုန်ပဏီမှာGM ကြီး လုပ်မယ် “” ”  ဟင့်အင်း ..ငါကတော့ ပါးပါးတို့မာမားတို့လို  ချစ်တီးမကြီးပဲလုပ်မယ် ..အတိုးအကြီးကြီးစားမယ်..နင့်ကိုအကြွေးနဲ့သိမ်းမယ်လေ..ခိခိခိ  ” “” ရော့ မာမား ထည့်ပေးလိုက်တာ ..ချာပါတီနဲ့ မလိုင်နဲ့စား ” “” အင်း ..ရော့… […]