အတိတ်သည် ကြည်နူးဖွယ်အတိ ။ ကျွန်တော်၏ကျောင်းသားဘဝများ ( အပိုင်း 3 )

sorrowSeptember 8, 20141min31614

မျက်နှာမဲ့ ..နှာခေါင်းရှုှုံ့ ..ခေါင်းမငုံ့လိုက်ပါနဲ့ ..ဖြူဖွေးလေးရယ်.           မင်းကလေး အတွက်
…ကောင်းကင်ကိုအန်တုမယ်….ငါကြီးက..ကိုးကွယ်မှုဆန်တဲ့ချစ်ခြင်းမျိုး…

အဲ့လာ..ကြူတာ..အဟီး

****************************
ငါးကင်စားပြီးတစ်ပတ်အကြာ…ညနေခင်းမှောင်ရီဖြိုးစ ဖုတ်ထသည့်အချိန်
အနှီ အစားကြူးသော ချစ်လှစွာသော သူငယ်ချင်း.

…ဝေသာလီပြည်ပေါက်. ဘီလူးအခြောက်၏ အာသီသ သည်..တကျော့ပြန်လာလေသည် ။

( ဘီလူး၏ခက်ထန်ကြမ်းကြုတ်သောရုပ်သွင်နှင့် ကနွဲ့ကညဟန်ပန်ကို မြင်ကြည့်ကြကုန်…အဟိဟိ )
“” ငါနေမကောင်းတုန်းက ငါးကင်မှတ်မိလား…ကောင်းတယ်ကွ..နော်..ထပ်လုပ်ပေးဟမ်း…””
စိတ်ပါလက်ပါလုပ်ပေးချင်အောင် ပြောတတ်သည့် ငတိကို …
ခါတိုင်းလို ကတ်ကတ်လန်နှုတ်လှန်မထိုးပဲ…ကျော်တို့တသိုက် ပြိုင်တူခေါင်းငြိမ့်လိုက်လေသည် ..
   “” ရေနည်းငါးမို့ ..လုပ်ပေးမှာနော်..စေတနာတွေ..စေတနာတွေ…
  ဖခင်ကြီးမှာ မေတ္တာမိုးတွေသွန်းဖြိုးလို့..”” ရင်ဘတ်ကိုပါထုပြလိုက်သေးသည်…
( ကွယ်..ဆောရိုးနှယ့်..တကယ့်အကယ်ဒမီရှော့ အဟိဟိ )
မေမြို့သားအုပ်ထဲ တစ်ကောင်တည်းရောက်နေသည့်အတွက်..
ရေနည်းငါးဟု အမည်ပေးပြီး..ကျော်တို့က ဖခင်နေရာကိုအမိအရယူထားသည့်နတ်သံနှောလိုက်သည်….
ယခင်နည်းစနစ်များအတိုင်း ..ပြုလုပ်ပြီးသကာလ…
ဂန္တဝင်ငါးကင်၏ ဖြစ်တည်မှုသည်…အနှီဘီလူးပေါက်၏ ခံတွင်းပေါက်တွင် နိဌိတံလေသည် ။
တဖြဲနှဖြဲ မြိန်ရည်ရှက်ရည် စားနေသည့် သူငယ်ချင်း ပဲတောင့်ရှည်၏ ပုံစံကိုကြည့်ရင်းက …
မေမြို့သားတစ်ကောင် စဖောက်လေသည် ။ (ဘီလူးရှိရာ အငတ်လာ ဆိုသည်မှာ ဒါမိုးလားမသိ )

“ ဟရောင်တွေ..တကယ်များ ..အရသာရှိနေလားမသိ “”

လေသံဖြင့်ပြောလိုက်သည်ကို ..နားပါးလွန်းသော မိုးကုတ်သားကြားဖြစ်အောင်ကြားလိုက်လေသည် ။
“ တကယ်မိုက်တာဟ…သားရ…မယုံရင် တစ်ဖဲ့စားကြည့် ” တိုက်တွန်းသံပင်မဆုံးလိုက်…
မေမြို့သားတစ်ယောက်၏ လက်သည် ဇိကနဲနှိုက်စားပြီးသားဖြစ်လေသည် ….
  “ဝေါ့…ထွီ..သူမို့မရွံမရှာ “”
ကျော်တို့အကြောင်းသိများက ..အကုန်မျက်နှာလွဲရင်းက ပျို့တက်လာလေသည် ။
ထိုမျှပြီးသလားဆိုသည်မှာ ..မပြီး
အကျင့်တန်လွန်းလှသည့် မေမြို့သားသစ္စာဖောက်က လုပ်တုန်းကလုပ်ပြီး ..
.အော်ဂလီဆန်ပြနေသည့်..ကျော့်ကိုကြည့်ရင်းက ..ကိုယ့်တပ်ကိုယ်ပြန်နင်းလေသည်…
   ” ဟကောင် စဏ္ဍာလ ဆောရိုး .မင်းအခွက်ကဘာဖြစ်တာလဲ..ဟကောင် စားနော်..””
ဇွတ်အတင်းကို တိုက်တွန်းလေတော့သည် ။
နောက်တော်ပါ မေမြို့သားများကလည်း…အားပေးရှာပါသည် ။
ဘယ်ခြေထောက်ကိုဖြောင့်..ညာတစ်ခြေထောက်ကိုထောင်ပြီး ..တင်ပါးတရွှတ်ဆွဲကာ..ကျော့်ကိုလှောင်သည် ။
( ကျော်သူတောင်းစားဖြစ်ပြီဆိုသည့်သဘော )
ရင်ဘတ်ကိုကော့ပြီး ခြေကိုခွင်ကာ… လက်ကိုမြှောက်ရင်း..ကွိကွိအော်သည် ။ ( မျောက်ဖြစ်ပြီဆိုသည့် အထာ )
“” မစားရင် ချီးကန်ထဲက …ဖမ်းလာတယ်ဆိုတာ… ငါဖော်မှာနော်… “”
ဟု သွားကြားထဲမှ လေသံဖြင့် ခြိမ်းခြောက်လေသည် ။
ကျော်..ချောင်ပိတ်မိနေသည်ကို ဝမ်းအသာကြီးသာနေကြသည့်မေမြို့သားတစ်အုပ်ဘက် ကိုလှည့်ရင်းက
“အော်..မင်းတို့ကတစိမှမပါဝင်မပတ်သတ်ကြဘူးပေါ့ဟုတ်လား….အပြစ်ကင်းတယ်ပေါ့လေ…”

စကားနာလှမ်းထိုးလိုက်သည် ။
     “မင်းတို့တကျိတ်ထဲတစ်ဉာဏ်ထဲမလား…ကျပ်မပြည့်တဲ့ကောင်တွေ…” မိုးကုတ်သားလေး …အံကြိတ်ရင်းမေးသည် ။
   “” ဂီလာနတွေ..ဟီလာထနေတယ်.. ဟုတ်လား “” နန်းစတော့ရေရွတ်ရင်းက

မေးကြောများပင်ထောင်ထနေလေသည် ။ ( ပျော်နေတာလားဟင် …ဟုသာမေးလိုက်လျှင်.မည့်သို့နေမည်မသိ။။အဟိဟိ..)
   “ဟုတ်တာပေါ့..ဟိုကောင်တွေကဓါတ်မီးထိုးပေးတာ…
              ဟိုကောင်တွေကပစ်မှတ်ရှာပေးတာ…ငါက ဒီလိုလေး…ဖတ်ကနဲ ပစ်ယုံလေးပစ်တာ..” သေဖော်ညှိလိုက်သည် ။
    “မြင်လား..အဲ့သောက်ကချင်…ကျောက်ရူး.ချီးစားစုန်း…အဲ့အနူကိုမယုံရပါဘူးဆို…တယ်လေ”.

           .မေမြို့သားများ ကျော့်ကို             ဝိုင်းဝန်းထုထောင်းကြလေတော့သည် ။
ခုနလေးတင်အောင်ပွဲခံထားသောအခွက်များမဟုတ်တော့…..အဟိဟိဟိ…ကာလနာတိုက်နေသည့်ရုပ်သွင်များအဖြစ်                                 ..ချက်ချင်းပြောင်းလဲသွားသည်..တတ်လဲတတ်နိုင်သည့်အမျိုး…

အထာနပ်သွားသော မိုးကုတ်သားက တံမြက်စည်းရိုးကိုကောက်ဆွဲလေတော့သည်…
မျက်နှာပေးမှာလည်း ..မဟုတ်တာလုပ်ထားရင် သေမယ့်သာပြင်ဟူသောအခွက်ဖြင့် …
မတတ်သာတော့…လာမည့်ဘေးပြေးတွေ့ရတော့မည် ။
ကျော်တို့လည်း ..တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းက .အခွက်များကိ ုရှုံ့နိုင်သမျှ မဲ့ကာ..
တစ်ဖဲ့စီဖဲ့လိုက်ရင်း ပါးစပ်ထဲပစ်သွင်းလိုက်သည် ။
  “ငင်…..ချိုလိုက်တဲ့ အမျိုး ”
အဆောင်အိမ်သာအနီး ..ရေကန်တွင်းမှ ငါးရံ့ခေါင်းတိုများ ပျက်သုန်းခြင်း၏နိဒါန်းသည် ထိုနေရာတွင်စတင်ခဲ့သည် ။

ရေထဲကငါးပဲ..ဆေးလိုက်ရင်ပြောင်ပါတယ်လေ….ဟု သဘောပိုက်ပြီးသကာလ….

ထိုနေ့မှစပြီး..ထိုရေကန်အတွင်းသို့ မည်သူမျှ ရှုရှုမဖလားဝါးတော့ ..အင်အင်း..မအင်အင်းတော့ပါ ။
( အနေသန့်သည့် သဘော..အဟိဟိ )
နောက်ရက်ညနေများတွင်… ပုဆိုးကိုခါးတောင်ကြိုက်ရင်း… ဓါတ်မီးတဝင်းဝင်းဖြင့်                      ငါးရံ့ခေါင်းတိုအမဲလိုက်နေသော ကျောင်းသားတစ်အုပ်သည် ကျော်တို့သက်သက်သာဖြစ်ပါတော့သည် ။

*****************************
ကျော်တို့မေမြို့ခြံကလေးသည် မြို့စွန်ဘက်တွင်တည်ရှိလေသည် ။ ဘေးဘက်အနီးတွင် ..
ဘောလုံးကွင်းနှင့် ရထားလမ်း .. စိမ်းစိုသော မြက်ခင်းများနှင့်ခြံရံထားသည့် အတွက်
…မိုးဦးဆောင်းဦးများတွင် ပုရစ်အလွန်ကျသည် ။
ညပိုင်းတစ်နာရီနှစ်နာရီခန့်သာ ကောက်လျှင်ပင် ..ကျန်ကျောင်းအိတ်တဝက်ခန့်အသာလေးရသည် ။
ပုရစ်ဆိုသည့်အမျိုးမှာလည်း…
လတ်လတ်ဆတ်ဆတ်ကြော်လျှင်အလွန်အရသာရှိလေသည် ။
မိခင်နှင့်ညီအငယ်ကောင်ကလည်း ကျော်ကြိုက်တတ်မှန်းသိသဖြင့်
တကူးတက ကောက်ပြီး ..အတောင်ညှပ် ..
ခြေထောက်ညှပ်..ဖင်ဖောက်ပြီးသကာလ ..
ကြက်သွန်ဖြူနှင့်ချင်းကိုထောင်း…ပုရစ်ဖင်ထဲထိုးထည့်ကာ…
ပဲဆီအစစ်ဖြင့်ကြော်ပြီး
မိုင်လိုပုလင်းများထဲထည့်ကာ တက္ကသိုလ်ကျောင်းသားကြီးကျော့်ထံသို့ ..အမြဲပို့ပေးလေသည် ။
ကျော်တို့ မေမြို့သားလဲ တစ်အုပ်လဲ ရောက်လာသည်နှင့် တဖြဲနှဖြဲ ..ဘီယာနှင့်မြည်းလေသည် ။

“ဟရောင်စားကြည့်ပါကွ…အလွန်မိုက်တယ.်…ကြွပ်ရွနေတာပဲ .”
      “ဟုတ်တယ်..မေမြို့ပုရစ်နော်….နာမည်ကြီး..ချစ်လွန်းလို့ကျွေးတာ…အချစ်တွေများကြီးပါတယ် ..”
ထိုမျှရက်ရက်ရောရော စေတနာရှိသည်ကို …အနှီ…

အလိုက်ကန်းဆိုးအလွန်ခေါင်းပါးသော ပဲတောင့်ရှည်က
“မေမြို့…မေမြို့..မိုးခေါင်တယ်ပဲ..ကြားဖူးတာ…

        ပုရစ်တောင်ဖမ်းစားရအောင် အစားအစာချို့တဲ့သကိုး..
    အငိငိငိ ..နှံကောင်တို့ ..ပိုးဟပ်တို့ ရောမစားဘူးလား ”
      “ဒါနဲ့…လပြင်ကွပ်..စားမလား..မင်းတို့…အဲ့လောက်ငတ်နေရင် ” ( လပြင်ကွပ်ကို အသံဖလှယ ်ထားသည်.. )
မသိလျှင် တကယ်ပင်ကင်ကျွေးတော့မည့်ပုံစံနှင့် ..ပုဆိုးကိုပါခါပြလိုက်သည် ။
ပြန်ပြောစရာ စကားတစ်ခွန်းမျှပင် ရှာမရ…..မိလ္လာကန်ထဲမှ ….ငါးရံ့ခေါင်းတိုကိုဖမ်းစားသည့်အထဲ သူတစ်ခါမျှပင် …မပါဝင်သည့်နှယ့် ….

ပါးစပ်အဟောင်းသားဖြင့် ကျော်တို့တသိုက်ဆွံ့အလေသည် ။
တစ်ခါဆို တလေမှပင် ပြင်ဦးလွင်ကဲ့သို့သော ပန်းမြို့တော်ကြီးကို …

မရောက်ဖူးပဲ ..စကားနာထိုးသည့်အပြင်…
“ပုရစ်ဆိုတာ..အင်းဆက်ကွ….အဲ့မျက်လုံးပြူးးပြူးးအင်းဆက်တွေကို ..Uncivilized တွေမှစားတာ…”
         “နော့်..ကချင်..နော့်..ဝန်ခံလိုက်..အရင်က မေမြို့ဆိုတာ…ကျားတောင်ရှိတယ်တဲ့….”
မသိလျှင်ကျော်တို့ အုပ်ကပဲ ..အမေဇုန်တောအုပ်မှ လူရိုင်းတွေလိုလိုဘာလိုလို…
မိုင်လိုထုတ်ကိုဖောက်ရက်နေရင်းက …စပ်ဖြဲဖြဲနှင့်ကညော့လေသည် ။
သည်းခံနိုင်စိတ်သည် ..ထိုနေရာတွင်ကုန်ဆုံးလေသည် ။

   “” အေး…သိကြရောပေါ့ကွာ…ဟကောင်တွေ..အဲ့ကောင်ပါးစပ်ထဲထိုးထည့်ရအောင် “” အဖော်ညှိလိုက်သည် ။
ဖမ်းချုပ်ပြီး ရုန်းကန်တွန့်လိမ်နေသော မိုးကုတ်သား ပါးစပ်ထဲသို့အတင်း ထိုးထည့်လိုက်သည် ။

“ဇိ..ဇိ..ကျလိကျလိ ” နှစ်ခါသာ ဇိလိုက်ရသည် …ပုရစ်တစ်ကောင်လုံး ဝါးမိသွားလေသည့်ခဏ …

ချင်းနှင့်ကြက်သွန်ဖြူကြော်ရနံ့သည် တမဟုတ်ချင်းသင်းပျံ့လာလေသည် ။

ကျော် အမှားကြီးတစ်ခုကိုကျူးလွန်မိလေတော့သည် ။
ပဲတောင့်ရှည် …မျက်လုံးများအရောင်တဖျတ်ဖျတ်လက်လာလေသည် ။

ရုန်းကန်ခြင်းအလျှင်းမရှိတော့ …အခွက်သည် လမင်းတစ်စင်းသဖွယ် ဝင်းပလာလေသည် ။
သူသည် အစားကြူးသောဘီလူးဝင်စားသူဆိုသည်ကို ကျော် ခဏတာမေ့လျော့သွားမိသည် …
“ဟ..အဟုတ်ဟ…တယ်လဲအရသာရှိပါလား ..သားရေ..သားရဲ့ …အဖေတော့ကြိုက်သွားပြီ….အဟေးဟေး.”
စကားသံအဆုံးတွင် …ကျော်တို့လည်လိမ်ထားသော ကြက်ဖများသဖွယ်…ဆွံ့အတိတ်ဆိတ်သွားမိသည် ။

ဖလတ်ဖလတ်လုပ်ပြီး ..အောက်အီးအီးအွတ်ဖို့အချိန်ပင်မရ…
ထိုနေ့မှစပြီး ..ကျော့်အိမ်မှပို့သော…ပုရစ်ကြော်ဘူးများသည် ..သူ့ဖခင်၏အမွေသဖွယ်….
.ကျော်တို့ သူ့ထံမှ တောင်းရမ်းစားသောက်ရပါတော့သည် ။
****************************************
ကျော်တို့ ပြင်ဦးလွင်သား တသိုက်သည် ..အလွန်ဆေးလိပ်ကြိုက်ကြသည် ။ ဖဲဝိုင်းထောင်သည့်နေ့တွင်…လူရှုပ်ရသည့်အထဲ                      .                 …ဆေးလိပ်ကမချတမ်းသမသည့်အတွက် …အခန်းသည် ဆေးလိပ်ငွေ့များဖြင့် …လှောင်ပိတ်မွှန်ထူနေသည် ။
ထိုအခိုက်တွင်..အင်မတန်ဆန်းပြားသည့်အဖြစ်အပျက်စတင်လေသည် ။ ကောင်းကင်ထက်တွင် လျှပ်ပန်းများလက်သည် ။  …ထိုနေ့သည် ဆေးပေါင်းခသောညဖြစ်သည် ။   “ ဘတ်….”” အသံနှင့်အတူ …ဖဲဝိုင်းတည့်တည့်တွင် …အမြှီးနှစ်ခွရှိနေသည့်ထူးဆန်းသည့် ..

အိမ်မြှောင်တစ်ကောင် ဆေးလိပ်နံ့ဖြင့် မူးယစ်ကာ ကျလာလေသည် ။
…………….ဆက်ပါအုံးမည် …………….

 

14 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 8, 2014 at 7:02 pm

    Love the way you write..
    :s:

  • JackSkellington

    September 8, 2014 at 7:03 pm

    တကယ်ကြီး အားကျတယ်ဗျာ။
    ကျနော်တို့ မှာ အဲ့လို တက္ကသိုလ် ကျောင်းသား ဘဝ မျိုး မရခဲ့ဘူး။
    ပုရစ်ကြော်နည်း အသစ် တော့ ရသွားပြီ အိမ်ကို ပြောဦးမှ
    လမ်းကြုံရင် ပို့ပေးပါလို့…… း)

  • Mr. MarGa

    September 8, 2014 at 7:40 pm

    ကတောက်စ်
    ပုရစ် ရာသီ မရောက်သေးလို့ပေါ့ကွာ….
    အခုတောင် ပြောရင်း စားခ ျင်လာပြီ
    ဟေ့လူရီး
    အိမ်မြှောင်ကိုတော့ ကင်မစားပါဘူးနော….
    (ပြောလို့တော့ မရဘူးရယ် ဒီကချင်က အစုံစားသတ္တဝါ) :mrgreenn:

  • ခင် ခ

    September 8, 2014 at 9:02 pm

    မန်း ရောက်ခါစက ပုရစ်တွေပေါလောလို့ ဝယ်ဝယ်စားလိုက်တာ ခုတော့သိပ်မစားဖြစ်တော့ဘူးဗျ စားရပါများလို့ရိုးသွားတာနဲ့တူတယ်လေ

  • မြစာကလေး (23122011)

    September 9, 2014 at 4:18 am

    ပရစ်ကြော် ကိုတော့ ကြိုက်သဟေ့၊
    ဆက်ရေးပါ ရဲဘော်။
    နေမြဲ မဖြစ်ရသေးပါ။ :-)))

  • manawphyulay

    September 9, 2014 at 9:09 am

    အတိတ်သည်
    ကြည်နူးဖွယ်….
    လွမ်းမောဖွယ်….
    တမ်းတလွမ်းဆွတ်ဖွယ်ပါတကား…..

  • Nyo Win

    September 9, 2014 at 10:03 am

    good writing!!!!!!!!!!!!!!!!!!!!!!!!

  • Crystalline

    September 9, 2014 at 12:42 pm

    အပိုင်းတစ်ထဲက ဖတ်မိပါတယ်.. တော်တော်စကားပေါတဲ့ကချင်.. အစစ်တောင်ဟုတ်ရဲ့လားမသိ :mrgreenn: ကချင်အစစ်ပြောတာပါ.. :kwi: အိမ်မက်ဆုံရာမှာပြိုင်ကြတဲ့ တိုင်းရင်းသားတွေထဲ ချင်းတွေ စကားပြောအညက်ဆုံး.. ဒီကချင်ကတော့ အဲ့ဒီ ချင်းတွေထက်သာသွားပြီ.. ဆိုင်ဆိုင် မဆိုင်ဆိုင်… :loll:

  • Lucifer

    September 9, 2014 at 12:45 pm

    ပုရစ်ကြော်လေး လွမ်းလိုက်တာ ရှလွတ်..
    ဒါထက် ကညော့တယ်ဆိုတာဘာပြောတာရဲငင်

  • sorrow

    September 9, 2014 at 1:36 pm

    အားပေးကြတဲ့ မမဇီဇီ..ကိုဂျက် ..တဂျားလေး ..ဦးခ ..အရီး..တီလေးမနော..ကိုညို..မခွစ်..ကိုလူစီဖာ ကျေးကျေးပါခင်ဗျ…ကညော့တယ်ဆိုတာက ..မခံချင်အောင်ပြောတာကို ပြောတာပါခင်ဗျ …ဗန်းစကားရယ်..အဟီး

  • kyeemite

    September 9, 2014 at 2:09 pm

    :k: :k: :k:
    .ခိခိခိ..အရင်ရီလိုက်ရသေးတာ…
    .ဘာပဲပြောပြော တက္ကသိုလ်ကျောင်းသားမှန်ရင် အဆောင်နေသင့်တယ်
    .အစိုးရက တက္ကသိုလ်နဲ့တွဲရက်ဆောက်ထားတဲ့ အဆောင်ဆိုပိုကောင်းတယ်၊ ပိုဖြစ်သင့်တယ်
    .အဲ့ဒီအဆောင်နေကျောင်းသားဘွအတွေ့ကြုံတွေဟာ ဘွမှာတစ်ခါပဲကြုံရပေတာကိုးဗျ
    .

  • ဇီဇီ ခင်ဇော် (15102012)

    September 10, 2014 at 10:17 am

    မနှစ်က အေရယ်။
    မင်းသားကြီး ရန်ကုန်သွားပြီး ပြန်လာတော့ …..
    နာ့ ကို လာပြောတာ။
    “နင်တို့တွေက နှံကောင် စားသလား” တဲ့။ မက်နှာကလည်းရှုံ့မဲ့လို့။
    :a:

    အာ့နဲ့ နာ လည်း ” နှံကောင် စားတာက ပြည်ကြီးမှာ စားကြတာလို့၊ နာ တို့ မစားဘူး” လို့ ပြောလိုက်ရော ….ဓာတ်ပုံပြသေးတယ်အေ။
    မှားလို့တဲ့။
    ခရစ်ကက် ကိုပြောတာတဲ့။
    သူကို ကျွေးတာ မစားရဲလို့ လေးဘာလေးပြောသေးတာ။

    နောက်ခါမှ မေမြို့သားတွေ စု ချုပ်ပြီး ခွံ့ပလိုက်စမ်းဘာအေ။
    ပုရစ် ဘယ်လောက်ကောင်းတယ် သိသွားအောင်။

    ပျင်းတဲ့ နေ့မှ ဒင်းကို နာတို့ စားတဲ့ တွင်းပိုးတွေကို ပြဦးမယ် စိတ်ကူးတယ်။
    ဟေးဟေးဟေး

    :mrgreen:

    • kai

      September 10, 2014 at 1:33 pm

      မိုးသီးဇွန်အပြောအရတော့.. မြန်မာဟာ စုံပလုံ.. အစားဆုံးသူပဲ..

      စိနပြီလ အီစားအီစာ လဲ အီကုန်စားလယ်..
      ကားလားဗြီကဟာဒွေလည်း… အားးးးးးးးးကုန်စားဒယ်..

      စိနပြည်ကသူတွေ.. ကုလားစာမစား..
      ကုလားပြည်သားတွေ တီရုတ်စာမစား…။
      =
      ယူအက်စ်ရောက်မြန်မာတွေအလုပ်အများဆုံးက.. စုရှိအလုပ်..
      ဟမ်ဘာဂါတွတ်လိုက်…။ ပဲ(မက်ဟီကို)စာတွေအုပ်လိုက်… နဲ့.. ဆုရှိလုပ်ကြတာ…။
      တရုတ်ဆိုင်တွေမလည်း.. မြန်မာတွေ..
      ကုလားဆိုင်တွေမှာလည်း.. မြန်မာတွေ..
      ကြားထဲ.. စပဲင်န်းနစ်တွေဆိုင်တွေဆိုလည်း.. ဟိုမေးဒီမေးနဲ့.. ထိုင်တွယ်တတ်တဲ့မြန်မာ…။

      ဆိုတော့…
      ဂဇက်သတင်းစာကြော်ငြာတွေကြည့်… ကုလား/တရုတ်၂မျိုးလုံးမြန်မာတွေဆိုင်ဖွင့် ကြော်ငြာထားတာ…ရှိ..။ :k:

      • ဇီဇီ ခင်ဇော် (15102012)

        September 10, 2014 at 2:01 pm

        ဒါမဲ့
        ဟိုလေ ကင်းမီးကောက်တို့ ပိုးဟပ် အကြီးကြီးတို့
        ဘာ အရှင် ညာအရှင်ကတော့ အနော်တို့ အဲလောက် မစားမိသေးပါဘူးဗျာ။

        ပြည်ကြီး မှာ ပိုစားကြပါတယ်။
        :a:

Leave a Reply