ညအလင်း လမင်းသာသည့်
ရင်ထဲသို့ရိုက်ခက်နေသေးသည်
အတွေးကလေး ခက်ရေးရေးမို့
ကြယ်လေးများ လင်းလတ်စဲပေါ့
ဝိုးတစ်ဝါးမို့ နိုးမထချင်ခဲ့တာလား
ကြင်နာသူကတော့ အနမ်းလေးခြွေရင်း
ကြွေသွားတဲ့ ကြယ်လေးကို လိုက်ကောက်မိတယ်
နှလုံးသားက အလင်းတန်း ဖြာဆင်းကျလုလု
မျက်ဝန်းကဗျာလေးက ကာရန်ကို အစပျိုးလို့
ပန်းကလေးများ နိုးထနေကြတယ်
ညမွှေးပန်း ရနံ့လေးက ချစ်သူတို့ရဲ့
အတွေးကို လှုပ်ခက် နိုးနေတယ်
ဒါကိုသူသိလေမလား
ရောင်ခြည်ပျိုးတော့မယ်ထင်တယ်
ငှက်ကျေးတို့ တစ်စာစာအော်ရင်း
လေပြေလေး လှုပ်ခက် ဆော့ကစားနေကြတော့မယ်
အတွေကလေး နိုးမထခင်လေးမှာ
ထိုညလမင်း အလင်းဘာကြောင့်မဖြာသေးပါလိမ့်ပေါ့
ကာရံ ၈ ့၉ ့၂၀၁၄
4 comments
ခင် ခ
September 9, 2014 at 8:24 am
လမင်းက မသာလေတော့
ကိုယ့်အတွေးနယ် ဝိုးတဝါးနဲ့
နိုးထမယ့် ဟန်ပြင်ပြီ
ပြိုးပျက်တဲ့ ကြယ်လေးတွေကြား
မျှော်မိတယ် လမင်းရယ်
အလင်းရယ် ဖြာလိုက်ပါကွယ်။
ကာရံ
September 9, 2014 at 8:25 pm
အားပေးလို့ကျေးဇူးပါ
kyeemite
September 9, 2014 at 9:32 am
.ကြယ်လေးများ လင်းလတ်စဲပေါ့…….လင်းလက်ဆဲပေါ့
.လှုပ်ခက်………………လှုပ်ခတ်
.ကျုပ်ထင်တာဝင်ရေးသွားတာပါ :))
manawphyulay
September 9, 2014 at 10:07 am
ညတစ်ညမှာ
လတစ်လ မရှိရင်
ကြယ်လေးတစ်ပွင့်ဟာ
သာယာသင့်ရဲ့လား…