ကျွန်တော်၏ ကျောင်းသားဘဝများ အပိုင်း (၁)
တစ်ခါတစ်ခါ ကောင်းကင်ကိုမော့ကြည့်ရတဲ့ခံစားချက်က
လွမ်းတယ်ဆိုတာထက်ပိုတယ်. ..
ဖြူဖွေးလေးရယ်…
ငါကြီးက တကယ်တော့ မင်းလေးရဲ့ကောင်းကင်အမိုးအောက်.
. ကြယ်အကြွေကောက်တဲ့သူပါ…
မကြူတတ်ဘူးရယ်…ခုမှ ဂီဂီလေး ဆီက သင်တုန်း…အဟေးဟေး
တကယ်က ကျောင်းသားဘဝအကြောင်းလေးရေးမလို့ရယ်…တဏှာဆိပ်က ငယ်ထိပ်တက်နေလို့ ….
************************
” ဘာ ” အထူးအဆန်းဂြိဟ်သားတကောင်ကိုတွေ့သည့်နှယ့်
” ဟကောင်..ကျောက်ရူး…မေမြို့သားအုပ်ထဲ တစ်ယောက်ထဲနေမလို့ ..
ဟုတ်လား….ရူးလို့ပြောတဲ့စကားမဟုတ်ပါဘူးနော်… “
အဆောင်မှုး အန်ကယ်ကြီးက ရိုးပုံရိုးလက် ချမ်းသာပုံရသည့် ..
နောင်တွင် အရပ်မြင့်မြင့်နှင့်အနည်းငယ်ပိန်သွယ်သဖြင့် ပဲတောင့်ရှည်ဟု
အမည်ရလာမည့် မိုးကုတ်သား ကိုပြောသည့်စကား ။
မေမြို့သားများကို ထိုမျှလောက် အယုံအကြည်ရှိပါသည် ။
မေမြို့သားဆိုသည် မှာ ချယ်ရီပင်များအောက် ပန်းအကြွေကောက်သည့်
နူးညံ့သည့် ပန်းမြို့တော်သားများဖြစ်သည်ကို ယနေ့ချိန်ထိ ..
ထိုအဆောင်မှုးအန်ကယ်ကြီး နားလည်မည်ဟု မမျှော်လင့်ခဲ့ပါ ။
( အာဟိ….အကျွန်ု့ရုပ်ကိုသာကြည့်ပါ…ကျောင်းဒကာ…)
အဆောင်မှုးကိုလည်း အပြစ်မပြောသာ.. အနှစ်နှစ်အလလ မေမြို့သားတွေကို အဆောင်မှုးလုပ်ရသည့် ဝဋ်ကနည်းသည်မဟုတ်…
အရက်ခိုးသောက်..အဆောင်ကခိုးထွက်.ရန်ဖြစ်..ဖဲရိုက်.ဆေးခြောက်ရှု ..
အဆောင်အခန်းထဲ ကြက်ပါတိုက်တတ်သေးသည့်
ပန်းမြို့တော်သားများကို လက်ခံရဲသည့် သတ္တိကို နည်းသည်မဆိုသာ ။
.အတော်ကံနည်းတဲ့လူမှဖြစ်တာကလား
သူ့မလဲ ဝမ်းရေးမို့သာ လက်ခံရသည် ။
ထိုအချိန်က မန္တလေးဟူသည့် ရွှေမြို့တော်ကြီးတွင် ကချင်နုထွားကြီး ဆောရိုး ပညာသင်ခဲ့သည်။
**************************
တစ်ရက်သား ကျောင်းပိတ်သည်နှင့် ကျော်တို့ အဆောင်ထဲခြေငြိမ်နေကြသည် ။
ရုတ်တရက်လှမ်းမြင်လိုက်သည်မှာ အဆောင်ဘေးက အုတ်တံတိုင်းထက်တွင် …
ယောက်ျားလက်ကောက်ဝတ်လောက် အရှည်တတောင်လောက်ရှိသည့် ပုတ်သင်ညိုအပြာကြီး က အခန့်သား ။
ပုတ်သင်ညိုအပြာအထီးကြီးတွေသည် အလွန်စိတ်ဆတ်သည် ။ ကိုက်လဲကိုက်တတ်သေးသည် ။
ကျော်တို့ကချင်တွေက ပုတ်သင်ညိုတွေကို အရေခွံခွာ ဗလချောင်ကြော်လုပ်စားတတ်လို့ သိသည်။
ယောက်ျားပီသ ခန့်ညားချောမောသော ကချင်နုထွားကြီး၏ စိတ်အစဉ်တွင် နတ်ဆိုးတို့၏အမှောင်ထုကျသည် ။
( ဒါကကြော်ငြာ..ပင်ကိုယ်စိတ်ထားကောင်း သည်ဆိုတဲ့သဘော အဟိဟိ )
့ ငါးမျှားကြိုးနဲ့ ကွင်းလျောလုပ် ဖမ်းထားပြီး အနှီကံဆိုးကောင် မိုးကုတ်သား ခေါင်းအုံးအောက်မှာ ခြေထောက်နဲ့ ကုတင်တိုင်နဲ့ ပူးချည်ထားလိုက်သည် ။
ဟိုငတများတော့ ညပိုင်း ဖွန်ထွက်ကြောင်ပြီး ဆယ့်တစ်နာရီလောက်မှ အုတ်တံတိုင်းကျော်ပြီး အခန်းထဲပြန်ရောက်လာလေသည် ။
သူ၏နေ့ရက်များသည် ထိုအချိန်မှစပြီး ကာလနာတိုက်သည် ။
“”ဟရောင် ကချင်ကောင် ..ဒီနေ့ခင်လာတဲ့ စော်လေး သောက်ရမ်းချောတယ်ဟ . ပုံလာကြည့် “”
” မင်းလို ..နှာဗူးများမှတ်နေလား ပဲတောင့်ရှည် … စော်ဆိုတာ ငါ့ဘဝမှာ အပေါဆုံးဟ .. စိတ်မဝင်စားဘူး “”
မေမြို့သားများနှင့်ပေါင်းသင်းပြီး အကျင့်စာရိတ္တတိုးတက်ကောင်းမွန်နေသော
အနှီသကောင့်သားသည်…ကျွန်ုပ်ကိုမျက်နှာရှုံ့မဲ့ပြပြီး …လက်ဆစ်များကိုကွေးကောက်ပြသည်။
ဆိုလိုချင်သည့်သဘောမှာ …ကျွန်ုပ်သည် ကိုယ်ရေပြားရောဂါသည် ဟူသည့်သဘော …
“မင်းသာ မဲမဲမြင်ရာ ထိုးထိုးဟောင်ပြီး ..တစ်ကောင်မှမဟပ်မိတဲ့ ..မိုးကုတ်အောင်နက် “”
အနိုင်ပိုင်းပြီး ဘေးစောင်းအိပ်နေလိုက်သည် ။
ဖရုသဝါစာ တေးသံသည် ..လေပြေနှင့်အတူ အခန်းတဝိုက် ပျံ့လွင့်လာသည် ။
အနှီမိုးကုတ်သား မအီမလည်မျက်နှာပေးနှင့်
နင်သွားလေသည် ။ ဆောရိုးဟူသည့် ငနဲမှာ လွန်လေပြီးသော ကာလကတည်းက ထိုသို့ထိုပုံ…
တစ်ဖက်သားနားဝင်အောင်ပြောတတ်ခဲ့လေသည် ။
. အနှီကောင်လေးတွင် ပီတိတွေကို ကြွားချင်ရှာသည့်စိတ်နှင့်
ခေါင်းအုံးအောက်ကို လက်ထည့်ပြီး မှောက်လိုက်တဲ့သကာလ …သူ၏ကောင်းကင်တွင် လျှပ်စီးများလက်သည် ။
“” အား….ဟကောင်ကချင်ကောင်..ငါ့ကိုမြွေကိုက်ပြီဟ ” ပုတ်သင်ညိုကိုက်ရာကနေ သွေးလေးများပင်စိမ့်ထွက်လာသည် ..
ထိုတွင် .ဝမ်းနည်းသူကို.ဖေးမကူညီတတ်သော ကျော်တို့ မေမြို့သားတစ်အုပ်မပင့်ပါပဲ ရောက်လာရင်းက … အချွန်နဲ့ဝိုင်းမတော့သည်။
“”ဟကောင် အဲ့တာမြွေဟောက်ရာကွ..မင်းတော့ သေပြီပဲ “”
” ပေါက်ကရပြောမနေနဲ့ .နင့်အဘမြွေဟောက်လား….အဲ့တာမြွေပွေးဟ…မနက်ကတောင် အဆောင်ရှေ့ထင်းပုံနားတွေ့သေး “”
ချွေးသီးတွေ ဇီးကင်းလောက် ဆိုသည့် စကား ..ထိုအချိန်အတိအကျတွင်မှန်ကန်လေသည် ။
“” ဟကောင် ငြိမ်ငြိမ်နေ…မြွေကိုက်ရင် ဒဏ်ရာကို ရေအရင်ဆေးရတယ်… “”
“” ရေမှမရှိတာ ..နင့်အဘ .ဘယ်လိုလုပ်မလဲ “”
“”နွားရယ်..အုံးမရှိလိုက်တာ…ရေမရှိရင် ..သေးနဲ့ဆေးပေါ့ကွာ “”
မေမြို့သားတစု ..ခွက်အဟောင်းတခုထဲ စုပြုံ သွန်းလောင်းပြီးသကာလ….မိုးကုတ်သား၏ လက်ကို ဖမ်းဆွဲနှစ်ထားလိုက်သည် ။
အသန့်အပြန့်ကြိုက်လွန်းသော ..သူဌေးသားကလေး၏ မျက်နှာသည် …ပြိုတော့မည့် မိုးအသွင်…..အသက်ဘေးကအရေးကြီးသည် မဟုတ်လော
နာရီဝက်လောက် ပွက်ပွက်ထနေပြီးတဲ့အချိန်မှာမှ ..အဆောင်မှုးရောက်လာပြီး
” ဘယ်မတုန်းမြွေ…အခန်းထဲဘယ်မြွေရောက်လာမှာလဲ “”
ခေါင်းအုံးကို ဆွဲလှန်လိုက်တဲ့အချိန်မှ တွေ့ပါတော့သည် ။ မာန်ဖီနေတဲ့ ပုတ်သင်ညိုအပြာကောင်ကြီး..
ဒေါသထိန်းမရတော့သော မိုးကုတ်သားသည် …ခွက်အဟောင်းထဲမှအရည်ဖြင့် မေမြို့သားအုပ်ကို မေတ္တာရေသွန်းလောင်းပါတော့သည် ။
အဲ့နေ့က ကျော်တို့ တစ်ယောက်ငါးရာဖိုင်းတပ်ခံရပါလေသည်။ သို့သော် ပျော်သည် ။ ( စိတ်ထားဖြူသည့်သဘော…အဟိဟိ )
တက္ကသိုလ်ကျောင်းသားဘဝသည် တချိန်က ထိုသို့ထိုပုံ လတ်ဆတ်သစ်လွင်ခဲ့သည် ။
*************************
တစ်ပတ်သာငြိမ်သည် ။
ငြိမ်နေစဉ်ကာလအတွင်းပင် အလွန်အအိပ်ကြီးသော မိုးကုတ်သား အိပ်နေလျှင် ခြင်ထောင်လှန်ပေးခဲ့ခြင်း
( မနက်မိုးလင်းလျှင်တစ်ကိုယ်လုံးခြင်ကိုက်ဖုများနှင့်အပြည့် ) ။
ဖွန်ကြောင်သီချင်းသွားဆိုသည်ကို မလိုက်လျှင် အိပ်ယာကို ရေပုလင်းလိုက်လောင်းပေးခဲ့ခြင်း
( မန်းလေးဆောင်းရာသီ ကြုံဖူးမှသိမည် အဟိဟိ )
သွားတိုက်ဆေးဗူးထဲတွင် ကုလားအော်ငရုတ်သီးမှုန့်ထည့်ထားပေးခြင်း
ထမင်းချိုင့်တွင် ဖါးပြုတ် ။ ငါးရံ့ခေါင်းတို အရှင်လတ်လတ် ထည့်ပေးထားခြင်း ။
သွားတိုက်ဆေးဖြင့် ဆံပင်ကို ပန့်ကေ ထောင်ပေးထားခြင်း ။
အင်မတန်အသန့်ကြိုက်သော သူ၏ မျက်နှာသစ်ဆေးဗူး..သွားတိုက်ဆေးဗူး
သွားတိုက်တံ..ဆပ်ပြာများကို UN Aids မှအခမဲ့ဝေသော ကွန်ဒုံးများစွပ်ပေးခဲ့ခြင်း (sanitary purpose ကအရေးကြီးသည်မဟုတ်လော )
အစရှိသည့် လူကြီးလူကောင်းဆန်သော အပြုအမူများပြုလုပ်ကြပါသေးသည် ။ ( ငါဟဲ့ ဆောရိုး…အာဟိ )
ဆက်ပါအုံးမည် ….အဟိဟိ
31 comments
ဇီဇီ ခင်ဇော် (15102012)
August 21, 2014 at 6:18 pm
Heeeeeheeeeeheeeee..!
Will be rt back..!
Iris
August 21, 2014 at 6:35 pm
လူယုတ်မာကြီး..အဲ့ဒါကြောင့်ဟိုကတစ်ယောက်တည်းနေမယ်ပြောတာဖြစ်မယ်။ အုပ်စုလိုက်အနိုင်ကျင့်တာကောင်းလား။ အခုဝတ်လည်ပြီး တစ်ယောက်တည်းကအနိုင့်ကျင့်တာ ကို အလူးအလဲခံနေရပြီမလား။ 😀
အလင်းဆက်(24/05/2011)
August 21, 2014 at 6:39 pm
ကချင်အတိုရီးးး
အတိုရီးရဲ့ ဖြူဖွေးလေး ဆိုတာ
ကျနော် ဟိုဒင်းဖြစ်ချင်နေတဲ့ ဖွေးဖွေးတော့ မဟုတ်ပါဘူးနော်။
မဟုတ်ရဘူးနော်။
ဒါပဲ။
အတိုရီးရဲ့ ကျောင်းသားဘဝကို ဖတ်ပြီး ကိုယ့်ဘုန်းဂျီးကျောင်းသားဘဝကို ဘာမဆိုင်ညာမဆိုင် သတိတွေရသွားတယ်
😆
(စာရှင်း။ ။ ဟိုဒင်း ဖြစ်ချင် ဆိုသည်မှာ သမီးရီးဇားဟု ဆိုလိုသည်။)
ဂစ်ဂစ်
sorrow
August 21, 2014 at 7:16 pm
အောင်ရဲလင်းလေးရဲ့ဖွေးဖွေးဟုတ်ရပါဘူးဗျာ…ငါးပေခြောက်လောက်ရှိတဲ့ ဖြူဖွေးလေးပါ ။
JackSkellington
August 21, 2014 at 6:47 pm
အဲ့လိုတွေ ဖတ်ရတော့ မသောင်းကျန်းခဲ့ရတဲ့ ကျောင်းသားဘွ ကို စိတ်နာလိုက်တာနော်…
ကချင်နုထွားကြီး ဆိုတော့ ဘာဘီကျူးလေး လုပ်စားလိုက်ရရင် သိပ်ကောင်းမှာပဲ… ငိငိငိ… 😛 😛
ဇီဇီ ခင်ဇော် (15102012)
August 21, 2014 at 6:52 pm
နုပြီးထွားတာတွေက ဘာဘီကျူးလို့ မကောင်းဘူးး
ပြုတ်သောက်မှ ကောင်းတာ။
ခုခိ
ခိခု
:k:
sorrow
August 21, 2014 at 7:15 pm
ကိုဂျက်နဲ့ အကြည် …ပါစင်နယ်မပါဂျေး…ပါစင်နယ်မပါဂျေး…အဟိဟိ
ဇီဇီ ခင်ဇော် (15102012)
August 21, 2014 at 6:51 pm
ကဲဆို။
ကျုပ် ညွှန်းတာ မလွန်ဘူးမလားးး
ဒီ ရေးလက်ကိုပြောတာ။
နိ အပြုတ်လုပ် အဲ အလုပ်ပြုတ်ရင် စာရေးစားးး
နာ ထုတ်ဝေသူ ရှာပေးမယ်။
ဟိ။
:k:
sorrow
August 21, 2014 at 7:17 pm
မမရယ်..ကွကိုယ် ကားလက်မှတ်လေးပဲရောင်းစားလိုပါကြောင်း….
.နောက်တခုက ပြုတ်သောက်လို့လဲမကောင်းပါကြောင်း…အဟီး
JackSkellington
August 21, 2014 at 7:24 pm
ဘာဘီကျူး က ပို အဆင်ပြေမယ့် လေသံပဲဟ…. း)
ကန္နားစီး မိဂီ
August 21, 2014 at 10:41 pm
ဂလောက် ညက်နေအောင် ရေးနိုင် ပြောင်နိုင် ရိုမန်တွေ တစ်နိုင်တဲ့လူကများ
ကျော့်ဆီ က သင်အုံးမယ်ဆိုဗဲ…
ဟိုလူယီးတွေ စကား ငှားပြောရရင်…
ဝိစသုဒ္ဓိမဂ် က ကိုရင်လေးကို
ဩကာသ သင်ခိုင်းသလို ဖြစ်နေပါ့မယ် ဆြာသမားရယ်..
P.S //
ကျနော် နောက်တပါတ်ထဲ လာခဲ့ပါအုံးမယ်..
ရှူံးနိမ့်မှုများနဲ့.. လူ
August 22, 2014 at 8:52 am
မေမြို့သားဆိုတာ ဘာများကြောက်စရာကောင်းလဲလို့ ဖတ်လိုက်တော့ တစ်ချို့နေရာတွေ လွဲနေတယ်ထင်တယ်.. တစ်ကယ်တန်း မန္တလေးမှာ နာမည်ကြီးတာ ကိုယ်တို့ခေတ်အခါတုန်းကတော့ တစ်မျိုးပေါ့လေ.. လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကျော်က ပြောပါတယ်..
ပြောရမယ်ဆို နည်းနည်းတော့ ရှည်လမျောကြီးဖြစ်နေမပေါ့ကွယ်.. ဖတ်ရင်း ဘတ်လဘိုင်လိုက်သွားရင်တော့ မသိဘူးပေါ့
ဆိုတော့ကာ.. ကိုယ်တို့မှီလိုက်တဲ့ ကိုယ်တို့သိလိုက်တဲ့ ခေတ်တုန်းကပေါ့
အဲ့ဒီတုန်းက (ခုတစ်ခေါက်ပြန်ရောက်ခဲ့တုန်းကလို) မေမြို့သားတွေက ဖင်ကြားမှာ အင်ဂျင်တုန်းကြီးတွေ မညှပ်နိုင်သေးတော့ ပိုက်ဆံအနည်းငယ်တတ်နိုင်သူများက ဖီးဆင့်ဘီးကို နောက်ကယ်ရီယာဖြုတ်ပြီး နင်းတာကကို စမတ်ဂွမ်နေတာလား… မတတ်နိုင်သူများကတော့ ဆိတ်ငါးကောင်ဘီးကို နောက်ကယ်ရီယာခုံဖြုတ်၊ လူတင်ချင်တင်လို့ရအောင်ရယ်၊ အရေးကြုံလာရင် ဆော်ပလော်တီးရအောင်ရယ် သစ်သားဘားတန်းကို စက်ဘီးထိုင်ခုံတန်းမှာ ထိုးရင်း မေမြို့တစ်ခွင်ပါတ်နေရတာ။ စာမေးပွဲနောက်ဆုံးရက်တွေမှာတော့ ချိန်းဖုံးကြားမှာ ချိန်းကြိုးတွေပါ ပါတာပေါ့နော..
ဆိုတော့… အဲ့ဒီကာလတုန်းများကပေါ့.. မေမြို့သားတွေမှာ တတ်နိုင်လွန်းပါတယ်ဆိုမှ စူပါကပ်လေးတွေပေါ့၊ ကျောက်စိမ်းလေးများ စီးလိုက်လို့ကတော့ ဆော်ကြည်ဘဲပဲ။ ဇွတ်အတင်း မရမက ပြောရမယ်ဆိုရင်များ ကိုယ်တို့မြို့မှာ ကိုယ်တို့မြို့သူ ထ(၂)က ဆရာမ မစန္ဒာရဲ့ ယောကျာ်း နိုင်ငံကျော် (ထိုခေတ်က နာမည်အတော်ကြီး) အငဲတောင် မေမြို့ရောက်ရင် သူ့ဆံပင်ဖားလျားကြီး၊ ဂလန်ဂလားကြီးနဲ့ လေးဖြူတို့ ဟာလေကြီးတွေစီးပြီး ဓါတ်ပုံအရိုက်ခံနေတာမှမထောက် မြို့အနှံ့ ဆူပါကပ်ဆိုင်ကယ်အပုလေးနဲ့ လျှောက်သွားနေလိုက်တာမှကွာ.. သိပ်ပြီး Rocker ကြီးပီသလွန်းလို့ သူများတွေ လေးဖြူကို အားကျနေရာကနေ အငဲကို အားကျလို့တဲ့ ဆူပါကပ်ပဲ တွင်တွင်ကျယ်ကျယ်စီးကြတယ်။ (အိတ်ဇောပိုက်တောင် ဖြုတ်လိုက်သေး.. အဲ့လို)
နောက်တစ်ခုကကွာ မေမြို့သားတွေမို့ ကြုံတုန်းလေး ပြန်အလွမ်းသင့်လိုက်ချင်ပါသေးတယ်.. မေခလမ်းထဲမှာကွာ လမ်းမဆုံးခင်ထောင့်ချိုးကွေ့လေး ဘယ်ဘက်ကတိုက်လေးက သီချင်း အနည်းငယ်ဆိုဖူးတဲ့၊ ခုဘယ်ရောက်နေမှန်းမသိတဲ့၊ ဒို့များခေတ်တုန်းက ထွဏ်းထွဏ်းတို့နဲ့ ခေတ်ပြိုင် ခရစ္စတိုဖာ ဆိုတာ ရှိဖူးတယ်ကွ၊ တစ်ချို့များတော့ သိမယ်ထင်တယ်။ သူတို့ဆို သိပ်ပြီး Rocker ပီသကြတာ။ အဲ့ဒီလမ်းတစ်လျှောက် အဲ့ဒီတုန်းက ကိုယ်ပိုင်ကားတွေ ရှိကြတယ်.. ညီတို့လို ကချင်နုထွားတွေရော၊ ကချင်မ နုထွားလေးတွေရောပေါ့။ ကိုယ်လဲ အဲ့ဒီလမ်းမှာ နေခဲ့ဖူးတယ်ဆိုတာ PM ကနေ တစ်ခါပြောခဲ့ဖူးပါတယ်..။ လိုရင်းကို ပြောမယ်ပေါ့ကွာ.. အဲ့ဒီခရစ္စတိုဖာတို့ မိသားစုက ROCK ဂီတကို သိပ်ပြီး မြတ်နိုးလွန်းတာရယ်၊ ကိုယ်နေဖူးတဲ့ အိမ်နောက်ဖေးကပ်လျက်က ကိုအငဲကို သိပ်အားကျတာရယ်ကြောင့် ဆူပါကပ်ကြီးပဲ ၅ စီးတောင် အိမ်သုံးအနေနဲ့ ထားထားသတဲ့။ ဖြစ်ပုံများ အဲ့လို။
ကြုံတုန်းလေး ပြောပြချင်လာပြန်ရော.. ပြောရရင် ကိုအငဲတို့ခြံနောက်ဘက်မှာ သင်္ဘောသီးပင်တွေ စိုက်ထားသကွ၊ အပင်တွေကလဲ အတော်လေးရှည်တယ်ပေါ့.. ဒီတော့ ခြံစည်းရိုး ကျော်နေတယ်ပေါ့ကွာ.. ဆိုတော့ နေ့တိုင်း မြင်နေရတယ်ပေါ့။ ဖင်ချင်းပေါက်အိမ်တွေဆိုတော့။ တစ်နေ့တော့ ကိုယ်တို့တွေ (ဆိုတော့ တစ်ယောက်တည်းမဟုတ်ဘူးပေါ့) အကြံရလာပါရော။ ရဆို အဲ့ဒီတုန်းက လူငယ်တွေဘဝကိုးကွ။ သင်္ဘောသီးတွေခူးပြီး သုတ်စားကြမယ်ပေါ့။ ပြောရမယ်ဆို အဒေါ်ကို ရှင်မဿ ဲကို လိုက်ပို့ပြီးတော့ တစ်ညနေလုံးအားနေတာလဲပါတာပေါ့။ ကိုယ်က သူ့ကို ထမ်းပြီးတော့တင်၊ သူမကလဲ တစ်လုံးလားဖြုတ်ရသေးတယ်၊ ဆရာမ မစန္ဒာက မြင်သွားပြီးအော်တာနဲ့ ပြေးလိုက်ရတာ၊ သူမလက်ထဲမှာ သင်္ဘောသီးစိမ်းတစ်လုံးနှင့်။
အဲ့ဒီတုန်းက စားလိုက်ရတဲ့ သင်္ဘောသီးသုတ်လေးက ခုထိတိုင် မှတ်မိနေတုန်းပဲ….။
ဪ.. သူမလား? မေးမနေပါနဲ့တော့ကွယ်… ကိုယ့်သူငယ်ချင်းတစ်ယောက်က သူမကို မာတာမိခင် ဖြစ်ခွင့်ပေးလိုက်တယ်တဲ့။ ပြန်ရောက်တုန်းတောင် မဆုံဖြစ်လိုက်ကြဘူး။ အဲ့လို။
ပြောနေရင်းနဲ့ ဘယ်ရောက်သွားတယ်မသိ။
ဪ… မှတ်မိပြီ Rocker ကြီးတွေဆိုတဲ့အကြောင်း။
ဆိုတော့ ကိုယ်တို့တွေ ဂေါ်ခဲ့ကြတယ်ဆိုတာပေါ့နော်.. ဂျင်းဘောင်းဘီဖင်ကျပ်၊ အောက်မှာခေါင်းလောင်းဖြစ်ချင်ဖြစ်၊ ဒါမှမဟုတ် ဒဲ့ပွတွေပေါ့နော်၊ ဆံပင်တွေကတော့ လူတိုင်း အရှည်နီးပါးထားကြတယ်.. ရာသီဥတုကလဲကောင်းတာကိုး။
ပြောရရင် ကိုယ့်ညီရာ.. အဲ့ဒီတုန်းက မေမြို့ကန်တော်ကြီးဆိုတာ သစ်တောဌာနကပိုင်တာကွ.. ဘာမှ ပြင်ဆင်မှုမရှ်ိ၊ သဘာဝအတိုင်းထားတာ.. ညီတို့ခုဝင်နေရတဲ့ ဆင်လမ်းရွာနားကနေ ဝင်ရတာမဟုတ်ဘူး… ကန်တော်လေးကနေတက်လာတာနဲ့ ကန်တော်ကြီးဆိုတာကို တန်းတန်းမတ်မတ်ဝင်ရတာ.. ဝင်ခက ကလေး ၁၀၊ လူကြီးကြီး မကြီးကြီး ၁၅ ကျပ်ပေါ့။ ဝင်လိုက်တာနဲ့ ခု ကိုယ့်ညီတို့မြင်နေရတဲ့ ငှက်ပြခန်းဆိုလားဆိုတာ နယ်နမိတ်အဆုံးပေါ့.. အဲ့ဒီနောက်မှာ တောအုပ်ကြီး ဟီးနေတာပဲ… ကန်တော်ကြီးနဲ့၊ ကန်တော်လေး ဘောင်ပိတ်ထားတဲ့အခြမ်းက ဝင်မယ်ဆိုရင် ညာဘက်ခြမ်းမှာ ကန့်သတ်နယ်မြေ မဝင်ရ ဘာဖြစ်သည် ညာဖြစ်သည်တောင် ပါသေး.. ဟေးဟေး
ပြောချင်တာက ဒီမှာစမှာ၊
မန်းသားတွေက အဲ့ဒီတုန်းက ဒိုတွေ ဖင်ကြားညှပ်တယ်ပေါ့ကွာ၊ ဒိုခရမ်းတွေပေါ့
ဒို့မေမြို့သားတွေကလဲ ဖင်ကြားမှာ ဖီးဆင့်တို့ ဆိတ်ငါးကောင်တို့နဲ့ပေါ့
ဒါပေမယ့် ကိုယ်တို့က စည်းထားပါတယ်။ ဆံပင်ရှည် ဂျင်းဘောင်းဘီကြီးတွေနဲ့ မန္တလေးကို မဆင်းကြဘူး၊ သူတို့မန်းသားတွေသာ ကိုယ်တို့ဆီ မနေနိုင် မထိုင်နိုင်လာကြတာလား။ ဆိုတော့ကာ ကန်တော်ကြီးထဲမှာ ကဲကြတယ်ပေါ့။ တစ်ချို့ကလဲ ကန်တော်ကြီးထဲက တောအုပ်တွေကို သဘောကျလို့ သူတို့စကီလေးတွေနဲ့ လာကြတယ်ပေါ့။ ကိုယ်တို့က မြို့ခံတွေဆိုတော့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုထားပါတယ်။
ဒါပေမယ့် တစ်ချို့တွေကတော့ ကိုယ်တို့မြို့သားတွေကိုတွေ့ရင် နှိမ်ချင်ကြသကွ။ လူငယ်သဘာဝ သွေးဆူနေတာလဲ ပါမှာပေါ့။ သူတို့ကိုယ်သူတို့ အဖွဲ့တောင့်တယ်လို့ထင်တာလဲပါမယ်ထင်ပါတယ်။ ကန်တော်ကြီးထဲမှာ ရုတ်ရုတ် ရုတ်ရုတ် မကြာခဏဖြစ်တတ်ကြတယ်။ ဖြစ်ပြီဆို ကိုယ်တို့ဘက်က တစ်ယောက်ထဲချည်းပဲ။ ချယ်ရီဓါတ်ပုံတိုက်က လူတွေဆို သိကြပါတယ်။ ခုထိ သူတို့က ရိုက်ကူးခွင့်ရထားတုန်း။ ကိုယ်တို့ကပြောရရင်ကွာ ကိုယ့်အထာနဲ့ကိုယ်နေကြတာလား။ ဥပမာ ရကက ၅ မှာ ရကက ၁ ကလူတွေ ရေမြွေလို နေရသလို ရကက ရ ကို ရကက ၃ ကလူတွေသွားရင်လဲ ကုပ်ကုပ်လေး နေကြရတယ်။ သွားတော့ မစလေနဲ့၊ အများနဲ့ တစ်ယောက် ပထမ ခံချင်ခံလိုက်ရမယ်၊ စုရပ်က TEA ဆိုင်ကို အဖော်ပါတဲ့ တစ်ယောက်က သွားသတင်းပေးလိုက်တာနဲ့ အဲ့ဒီအဖွဲ့ ထွက်ပေါက်မရှိ ဖြစ်သွားတတ်ကြတယ်။
အဲ့လိုပေါ့ကွယ်.. လူငယ်သဘာဝ ငြိကြတယ်ပေါ့၊ ငြိကြတာနဲ့ မန်းသားတွေ ကန်တော်ကြီးကနေ အနီးစခန်းရောက်တဲ့ထိ ရင်တစ်မမသာနေကြပေတော့ပဲ၊ သူတို့က အင်ဂျင်တုန်းကြီးတွေ ဖင်ထဲညှပ်ထားပေမယ့် မေမြို့သားတွေကတော့ ဂျောက်ဂျက်၊ ဂျောက်ဂျက်နင်းရင်း ပြန်လမ်းတစ်လျှောက်ကနေ ဆီးလို့ကြိုဆိုနေတတ်ကြလို့ပါ။
ပြောလိုရင်းက ဒါပါပဲကွယ်.. ကိုယ်တို့ ခေတ်အခါတုန်းကများပါ။
(သူငယ်ချင်းများဆီမှ ပြောဆိုခဲ့သည်များကို ပြန်လည်မျှဝေခြင်းသာ)
sorrow
August 22, 2014 at 9:33 am
ကိုစိုင်းခင်ဗျာ .. ကျွန်တော်တို့ကျောင်းသားဘဝက ကျောင်းတက်ဖော် သူငယ်ချင်းမေမြို့သားများကိုသာ ရည်ရွယ်ပါသည်ခင်ဗျာ ။ လေးစားအားကျရပါသော ကိုစိုင်းအပါအဝင်.. နောင်တော့်နောင်တော် မေမြို့သားများအား မရိုမသေပြုလိုစိတ် အလျင်းမရှိပါကြောင်း ။ စာစုတွင်ပါဝင်သော မိုးကုတ်သားဆိုသည်မှာလည်း ကျွန်တော်တို့ အလွန်ချစ်ခင်မြတ်နိုးရသော ..စိတ်ထားဖြူစင်လွန်းသည့် ကျွန်ုပ်တို့၏ သူငယ်ချင်းအရင်းကြီးသာဖြစ်ပြီး လေးစားရပါသော မိုးကုတ်သားများကို စော်ကားလိုစိတ်တစိုးတစိမျှမပါဝင်ပါကြောင်း .
ဒီစာစုများကိုဖတ်မိပြီး …နောင်တော်မေမြို့သားများ တစုံတရာ ထိခိုက်မိပါက ကျွန်တော်၏အရေးအသားညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
.လေးစားစွာ တောင်းပန်အပ်ပါတယ်ခင်ဗျာ ။
ရှူံးနိမ့်မှုများနဲ့.. လူ
August 22, 2014 at 11:19 am
ဆိုတော့ကာ မိုးကုတ်ဆိုတာလဲ ခု မေမြို့ခရိုင်ထဲမှာပါပါတယ်
သူလဲလေ မေမြို့သားပါပဲပေါ့..
ဘယ်မေမြို့သားကိုမှ စော်ကားတာမပါပါညီရေ
ကိုယ်တွေ့တွေ မျှဝေခြင်းသာ
ရေးသာရေးပါ
Mr. MarGa (12512)
August 22, 2014 at 9:15 am
အင်းးး
ကြည့်ရတာ ဒါ အကင်းပဲ ရှိသေးတယ်ထင့်
နောက်ထပ် ချောက်ချနည်းတွေ ဘယ်လောက်များ လျှိုထားသေးလဲမသိဘူး
မောင်မာဃရေ.. သတိထားနေဟဲ့
ဒီလူရီး ကြည့်ရတာ မလွယ်ဝူး :mrgreenn:
Kaung Kin Pyar
August 22, 2014 at 9:25 am
အဆောင်နေကျောင်းသားဘဝကတော့ ရေးကုန်မယ် မထင်ဘူးနော်…
ရေးပုံရေးလက်ကတော့ဖြင့်..ကိုရင်ဆောရိုး ပီသပါရဲ့….
ရီလဲ ရီရပါတယ်…
ပုတ်သင်ညိုကို ဘယ်လိုများ ဖမ်းလဲလို့တော့ စိတ်ဝင်စားသေးတယ်… (ခု ဈေးကြီးနေပြီလေ…။ အိမ်နောက်မှာ တစ်ကောင်အော်နေတာဖြင့် ညည ကြားတယ်…:k: )
ပြင်ဦးလွင်ကို တန်ဆောင်တိုင်တုန်းက တစ်ခေါက်ပဲ ရောက်ဖူးတယ်…။ ရုံးကို ကားလက်မှတ်မရလို့ပါ အကြောင်းပြပြီး ရက်တိုးနေခဲ့တာ..
အခြေချချင်စိတ်တောင် ပေါက်သွားသေး…..
စားကောင်းပြီး အရမ်းမခါးတဲ့ မယ်ဇယ်ဖူးသုပ်ကို ဒီအသက်အရွယ်မှာ….ပြင်ဦးလွင်တွင် တစ်ခါသာ စားဖူးပါကြောင်း။
မီးပုံပွဲသွားဖို့ ဆိုင်ကယ်ကို မြောင်းထဲကဆင်းမောင်းခဲ့ရတာ သတိရတယ်…။
ခြင်ထောင် ထောင်အိပ်စရာမလိုတဲ့ နေရာ၊ တစ်ညလုံး လူစည်တဲ့ မိုးအလင်းဆိုင်တွေ..၊ မက်မောစရာကောင်းတဲ့ သိုးမွှေးအထည်တွေ၊ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေ သတိရတယ်..။
ပျော်ပါ့…
ဒါနဲ့…
ကိုရင့်ဆက်ရန် စောင့်ပါသည်…
sorrow
August 22, 2014 at 9:59 am
ပုတ်သင်ညိုဖမ်းနည်းက အလွယ်လေး…. ငါးမျှားကြိုးကို ကွင်းလျောလုပ်ပြီး ..တုတ်ရှည်ရှည်တစ်ချောင်းထိပ်မှာ တပ်ပြီး ..ပုတ်သင်ညို ခေါင်းထောင်နေတဲ့အထဲကို စွပ်လိုက်တာ …ကွိကနဲ့ပဲ….အဟေးဟေး….
ရွှေတိုက်စိုး
August 22, 2014 at 10:50 am
အေးဗျာ ကိုဆောကြီး ပြောမှ ကျောင်းသားဘဝ ပြန်သတိရလိုက်တာ….
မန်းလေးမှာ အခုအထိ အဆောင်ရှေ.သီချင်းဆိုတာ ရှိသေးတယ်ဗျ….. ကျွန်တော် မန်းလေးရောက်တုန်းက ကျွန်တော် တူလေးတွေနဲ. အဆောင်ရှေ. သီချင်းသွားဆိုဖြစ်သေးတယ်…
ဖီးလ်ကတော့ အရင်အတိုင်းပဲ…. ဟိုကောင် ကျွန်တော်တူတွေက ဦးလေး ဦးလေး ဟိုသီချင်းဆို ဒီသီချင်းတီးဆိုပြီး အော်လို. မနဲကို လိုက်ပိတ်ရသေးတယ်.. ဟေ့ဟေ့…
ခင် ခ
August 22, 2014 at 10:55 am
ကလေးဘဝ ကျောင်းသားဘဝ ဆိုးလှတာတွေ အခုပြန်တွေး ရေးကာပေးတော့ ဖတ်ရသူမှာ ပြန်လည်တမ်းတ ကိုယ့်ငယ်ဘဝ။
kyeemite
August 22, 2014 at 10:57 am
:k: :k: :k: :k:
ပျော်စရာလေးဖတ်ပြီး မနာလိုဘူးကွာ…ကျုပ်ကျောင်းနေဖက်တွေလည်း အဆောင်မှာ ကမြင်းကြောထခဲ့တဲ့
အကြောင်းတွေပြန်ပြောရင်..ကျုပ်မှာပြောစရာမရှိ…ဒေးကျောင်းသားများ အဆောင်ကျောင်းသားများလောက်
မပျော်ခဲ့ရလို့…..ဒါတောင် သူငယ်ချင်းတွေအဆောင် သွားသွားအိပ်ဖြစ်သေးတယ်…ပျော်ချင်လို့ 😆
ဗုံဗုံ
August 22, 2014 at 11:44 am
အာဂျောင့်ထင်သား …. ကမြင်းမဲ့ ရုပ်ကြီးပါလို့… အာဟိ 😀
sorrow
August 22, 2014 at 11:54 am
လာရောက်အားပေးသော.ပေါတောတောစာစုများအား သည်းခံဖတ်ပေးကြသော..မမဇီဇီ ။ အောင်ရဲလင်းလေး ။ အကြည် ။ ကိုဂျက် ။ ဆု ။ လေးစားရပါသော ဆြာလေး ဂီဂီ နှင့် ကိုစိုင်း ။ တဂျားလေး ။ကိုရွှေတိုက်ကြီး ။ ဦးခ ။ ဥက္ကဌကြီး ။ ဗုံကလေး တို့ကို အလွန်ကျေးဇူးတင်ပါကြောင်း။ ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပါကြောင်း
( အကယ်ဒမီ ရသည့်လေသံဖြင့်..အာဟိ )
ဗုံဗုံ
August 22, 2014 at 11:57 am
သူ့ကိုယ်သူ မင်းသားမှတ်နေ ဖွလိုက်ရမကောင်း ရှိတော့မယ် .. 😛 😛
ရွှေတိုက်စိုး
August 22, 2014 at 1:42 pm
အဲဒီ မင်းသားပေါ့ ပေါက်သင်ညို ဖမ်းတဲ့အခန်းမှာ အကယ်ဒမီ ရသွားတာ… ဟဟဟဟ
လုံမလေးမွန်မွန်
August 22, 2014 at 12:45 pm
အိုက် မိုးကုတ်သားက နာသာဆို.. လူသတ်မှုနဲ့ ထောင်ထဲဝင်နေလောက်ပြီ…
ခိခိ.. မေတ္တာထားပုံက.. 🙂
surmi
August 22, 2014 at 3:07 pm
ကျုပ်ကတော့ ဒီလိုဗျ
ကျောင်းသားဘဝကပေါ့နော
ကျုပ်ဘော်ဒါတစ်ယောက်က သူ့ကောင်မလေးကို မျက်နှာလိုမျက်နှာရလုပ်ချင်လို့ လက်ဆောင်ပေးမယ်ဆိုပဲ ……
ဒါနဲ့ ကျုပ်လဲ ဘာမသိညာမသိအဲဒီကောင်ကို ဂျိုင်းချွေးနံ့ပျောက်ဆေးတောင့်ဝယ်ပေးလိုက်တာပေါ့ ။
သူကိုတော့ နိုင်ဂျံကားက အမွှေးဆီလို့ပြောထားတာပေါ့လေ ။
ဟဲ ဟဲ ဘာပြောကောင်းမလဲ အဲဒီသကောင့်သားလည်း မျက်နှာမရ လက်ဝါးရဖို့သီသီလေးဘဲဟေ့
ဒါကြောင့်ထင်ပါတယ် ဒီဂဇက်ထဲလဲ ဓတ်တူနံတူတွေလာစုမိနေတာ :kwi:
ဦးကျောက်ခဲ
August 22, 2014 at 3:29 pm
အဟိ… ကျောင်းသားဘဝ ဘော်ဘော်တစ်ယောက်ရဲ့ လွယ်အိပ်ထဲကို သူမသိအောင်…
“အဖော်” လေး လက်ဆောင်ထည့်ပေးလိုက်တာ… သူ့ကောင်မလေးနဲ့ ပြတ်ရော…
:k:
sorrow
August 23, 2014 at 10:15 am
ကို ကျောက်စ် ။ ကိုကြီးဆာ ။ မွန်ကလေး ။ မွသဲ… လာရောက်အားပေးတဲ့အတွက် ကျေးကျေးပါခင်ဗျာ .. မထင်ရဘူးမလား..ကျော့်ရုပ်ကလေးနဲ့ သောင်းကျန်းတာ…အဟိဟိ
မွသဲ ( 17082011 )
August 22, 2014 at 4:50 pm
ဟယ် ယုတ်မာချက်။ တခါမှမကြားဖူးဘူး။ ကမ်းကုန်ပါလားဟေ အတော်တော့ပျော်ဖို့ကောင်းမယ်။ ဟိုမိုးကုတ်သားလေးစိတ်မဆိုးဘူးလားဟေ။
sorrow
August 23, 2014 at 10:22 am
မမသဲရယ်….လိုက်ထိုးတာဗျာ ။ လူဆယ်ယောက်လောက်ကို သူ့ခဗျာထိုးရတော့ …ကျော်တို့တစ်ယောက်တစ်ချက်လောက်ပဲထိုးခံရတယ်.။ ငါးယောက်လောက်ထိုးပြီးရင် သူစိတ်ပြေသွားပြီ… တစ်ခါတလေ လူစေ့တက်စေ့တောင် သူ့လက်သီးစာ မစားရဘူး..ကျော်တို့ကစိတ်ထားကောင်းတယ်လေ.ဘယ်တော့မှ ပြန်မလုပ်ဘူး……..အဟီးဟီး
Shwe Ei
August 25, 2014 at 11:49 am
***ဖွန်ကြောင်သီချင်းသွားဆိုသည်ကို မလိုက်လျှင် အိပ်ယာကို ရေပုလင်းလိုက်လောင်းပေးခဲ့ခြင်း
( မန်းလေးဆောင်းရာသီ ကြုံဖူးမှသိမည် အဟိဟိ )****
ရွှေစက်တော်ဆောင်းမှာ ညမအိပ်ကြေး သောင်းကျန်းကြပြီး ခိုးအိပ်တဲ့ကောင်တွေ ရေပုလင်းလိုက် လောင်းခံရတာ သဒိရသွားဘီ 🙂
မိန်းခလေးတွေ တန်မဲ့ ချာမတွေ မျက်စိဇပါးမွေးစူးအောင် ပွေးခဲ့တာတွေ ပြန်ပြောရမှာ ရှက်လို့ မျိုချလိုက်ဘီ…ဂလု