စောရိုး ရိုက်စားခြင်းး – ကျွန်တော်၏ကျောင်းသားဘဝများ ( အပိုင်း ၂ )
ညိုနေတဲ့ကောင်ကင်ကြီးကိုကြည့်ပြီး ရင်မောနေရမယ့်အစား
အမြင့်ပျံဌက်တစ်ကောင်ဖြစ်ပြီး ဖြူဖွေးလေး လေယာဉ်နောက် .
. တကောက်ကောက် ..ငါကြီးလေ ..ပျံသန်းလို့ စောင့်ရှောက်လိုက်ချင်တယ် ။
အချစ်ဆိုတဲ့နတ်ဆိုး..ငါ့ရင်ထဲမှာ ဖြူဖွေးလေးနာမည်နဲ့ ပန်းတပင်ပျိုးသွားတယ် ။
အခုအကိုင်းအခက်တွေဝေ
(ဒါကကြူတာ ..အဟီး )
*****************
မန်းလေး ရွှေမြို့တော်ကြီး၏ တနေရာ
နေသည် ပူသည် ။ သစ်သားခြေတိုင်ရှည် အဆောက်အအုံ သုံးခု ပြန့်နှံ့တည်ရှိနေသော ခြံဝင်း ။
ဘယ်ဘက်..ထောင့်မကျတကျတွင် စီတန်းရှိနေသော .အိမ်သာလေးလုံး ။
အိမ်သာနှင့်ကပ်လျက်တွင် ရှိနေသည်က ရေနီမြောင်းသို့စီးဝင်သော
ရေမြောင်းပေါက်စနကလေး
( ရံဖန်ရံခါ ..ကျော်တို့ ( ဟိုသူဌေးလေးအပါအဝင် )
မူးမူးနှင့် ထိုရေမြောင်းထဲ ရှုရှုးဖလားဝါးသည်…အင်အင်းပါသည် ။ အနေသန့်ပုံပြောပါတယ် အဟိဟိ )နှင့်
မိုးရွာသဖြင့် ရေကျန်နေသော …ရံဖန်ရန်ခါ အလည်လွန်သော ကြွက်ကလေးများ ကျသေသော ..
အနက်တစ်ထွာကျော်ခန့် …ငါးပေခန့်အကျယ် ရေအိုင်ကလေး။
ထိုအထဲတွင် ဘေးရန်မရှိ သန်မာထွားကြိုင်းနေသော ယောက်ျားလက်ကောက်ဝတ်ကျော်ကျော်
ငါးရံခေါင်းတို များ တချိန်က ကျက်စားမင်းမူ ပျော်ရွှင်ဖူးခဲ့သည် ။
အဆောင်ရှိ ..ကျွန်တော့်အခန်းသည် လူအလွန်စည်ကားသည် ။
အဘယ်ကြောင့်ဆိုသော်…
ကျွန်တော့်ကို အလွန်ချစ်သော ကျွန်တော့်ညီအလတ်ကောင် သုတ်ကိုင်းထောင်ဖမ်းဆီးထားသော စာကလေးကြော်များ.
မြောင်းကြိုမြောင်းကြား လယ်ကွင်းကြို လယ်ကွင်းကြားမှ လိုက်လံဖမ်းဆီးပြီး
ကြော်လှော်ချက်ပြုတ်ပေးလိုက်သော ငါးရှဉ့်ခြောက်စပ်ဗူးများ..
မေမြို့အိမ်ရှေ့တွင်ဆောင်းဦးနှင့်မိုးဦးတွင် အလျံပယ်ကျသော ပုရစ်များကိုကြော်ပေးလိုက်သော ပုရစ်ကြော်များ..
မေမြို့သားများအကြိုက် ကြယ်နီဆေးပေါ့လိပ်အစည်းများ .နှင့်
လေးနှစ်သာကွာသည့် ဦးလေးအငယ်သင်္ဘောသား ဖျက်ဆီးထားသဖြင့် အလကားရနေသော အရက်ပုလင်းများ
သူဌေးကလေး ပဲတောင့်ရှည် ခုတင်အောက်မှ ခေါက်ဆွဲခြောက်ဖာများနှင့် ကော်ဖီထုတ်များ နှင့်
အစွန်ဆုံးကျသည့် အလျောက် ဖဲဝိုင်းထောင်လျှင် အဆောင်မှုး အချိန်မှီရောက်မလာနိုင်ခြင်း များ နှင့်
အနှမြောတွန့်တိုခြင်းမရှိ စေတနာအပြည့် ကြင်နာတတ်သော စိတ်ထားရှိသည့်
ဆောရိုး၏ မျက်နှာချိုမှုကြောင့် ( ဒါကကြော်ငြာ အဟိ )
အခန်းထဲတွင် သူငယ်ချင်းများ လူမပြတ်ရှိနေတတ်သည် ။
********************************
“ဟင်း ဟင်း…ဟင်း…” တုန်ယင်မေးချင်းရိုက်နေသော အသံသည် ပဲတောင့်ရှည်ထံမှ. ပျံ့လွင့်လာသည် ။
“ဟရောင် ..ဘာဖြစ်တာလဲ ..မီးယပ်ချမ်းလား ..အေး ငါ့အမေတုန်းကလဲအဲ့လိုပဲ …”
“ကျောက်ရူး… ဌက်ဖျားထနေတာဟ..မင်းအဖေ ..ငါဌက်ဖျားထနေတာဟ ”
ထိုသို့ထိုပုံ အသလွတ်…ကျွန်တော့မိခင်ကို ခလုတ်တိုက်ရင်း
အနှီသကောင့်သားက ..ဂရုစိုက်ချင်ယောင် ပြောတတ်လေသည် ။
နံနက်ခင်းသည် ထိုသို့ သာယာခဲ့လေသည် ။
တစ်နှစ်ပတ်လုံး ညီအစ်ကိုကဲ့သို့ အတူနေထိုင်ခဲ့သော
ကျွန်တော်တို့ သူငယ်ချင်းတစ်အုပ်လဲ ထိုနေ့ကကျောင်းမသွားဖြစ်ပဲ …
နေမကောင်းသော ပဲတောင့်ရှည်ကို ဘေးတွင်တချိန်လုံး ဂရုစိုက်ခဲ့ကြသည် ။
ကုတင်ပေါ်တွင် လဲလျောင်းနေသော ပဲတောင့်ရှည်ကို ကြည့်ရင်း .
” ဟရောင်..တစ်မတ်စေ့ငုံထား ..မတော်သေရင် လမ်းစရိတ်မရှိဖြစ်နေမယ် …စေတနာစကား..နားထောင်စမ်းပါ”””
” အေး..ငါသေရင် မင်းညီမကိုဘယ်သူစောင့်ရှောက်မလဲ …အစ်ကိုဖြစ်ပြီး အကြင်နာနည်းတယ်….”
စသည်ဖြင့် ယောက်ျားတန်မဲ့ ကတ်ကတ်လန်လေသည် ။
.အောက်တွင် ကျော်တို့တစ်သိုက် ဖဲဝိုင်းထောင်သည် ။
ဖဲဝိုင်းတွင်းမှ ကျော်တို့အနည်းငယ်ဆူလာလျှင် ကုတင်ပေါ်မှ ဆောင့်ကန်တတ်သေးသည် ။ ( အနေအထိုင် ပိပြားသည့် သဘော )
“ကုလားကွာ…”
“တစ်ဝိုင်းလုံးသိမ်းတယ်…စိတ်မကောင်းဘူး…မင်းတို့ဒိုင် …ပါပါးက ဘဏ်ကျတယ်..”
“ ကုတင်ပေါ်က မသာကြီး …ငါ့ကိုမအုံးဟ..ကုန်တော့မယ်…”
မဆီမဆိုင်နေမကောင်းပြီး အိပ်နေသော ပဲတောင့်ရှည်ကို အောက်မှ လှမ်းကညော့လိုက်သည် ။
သူ၏ဘေးတွင်လည်း အခန်းရှင်ဖြစ်သောကြောင့် ဖဲဝိုင်းမှရသည့်အကောက်ငွေထည့်ထားသည့် ရေခွက်တခု …
ထမင်းထုတ်တစ်ထုတ် ။ ဖယောင်းတိုင်ပါထွန်းထားသေးသည် ။ တမလွန်ခရီးသည်အတွက် စားမြိန်စာ သဘော ….
ကျွန်တော့်အခန်းသည် ..ပီဘိ အသုဘအိမ် ..အဟိဟိ
ထိုအစဉ်ဖြင့် ညသည် သန်းခေါင်ဘက်ကို ယှက်သန်းစပြုလာသည် ။
အနည်းငယ်သက်သာစပြုလာသော ပဲတောင့်ရှည်က
“အဖေတော့ ဒီတောင်ကိုကျော်နိုင်မယ်မထင်တော့ဘူး…ငါ့သားတို့..မင်းတို့အမေ့ကို ဂရုစိုက်နော်..မဆိုးနဲ့ …”
စသည်ဖြင့် နေမကောင်းရင်းက အခွက်ပြောင်လေသည့်အပြင်…
“သား…လူလေးဆောရိုး…အဖေလေ…သားရဲ့ ငါးရှဉ့်ခြောက်စပ်ကို ဆန်ပြုတ်လေးနဲ့ သောက်ချင်မိတယ် သားရဲ့”
ထိုသို့ ကျွေးမွေးပြုစုချင်အောင် ပြောလေသည် ။နေသာကောင်းနေလျှင် ထုထောင်းကန်ကျောက်မိမည့် အပေါက်
“နွားရယ်..ဒီအချိန်ကြီးမှ အပင်းကဆို့တော်မူချင်တယ်လား ”
“ ကဲကြည့် ..အဲ့အနူက ကျပ်မပြည့်ဘူးဆိုတာ ယုံပလား ”
“ ဝိုင်းကောင်းနေပါပြီဆိုမှ….ကဲ..လာလာ..ထမင်းကျန်သေးတယ်မလား…အဲ့မသာကြီးကို ဆန်ပြုတ်လုပ်ပေးရအောင်’’
ထိုသို့ ဝိုင်းဝန်းအားပေးရင်းက … သူငယ်ချင်းထဲမှ တစ်ယောက်ကလှမ်းပြောလိုက်သည် ။
“ဟကောင်..နေမှမကောင်းတာ…အမာစားလို့ဘယ်ရမလဲ.ဆန်ပြုတ်ကို .ငါးကင်လေးနဲ့ဆိုဟုတ်သေး…”
ကျွန်တော်ဖြတ်ကနဲသတိရလိုက်သည် ။
အိမ်သာဘေး ရေမြောင်းထဲမှ ဖြတ်ဖြတ်လူးနေသော ငါးရံ့ခေါင်းတိုများ
“ဟုတ်တယ်..ငါးကင်နဲ့စား…”
ပဲတောင့်ရှည်မျက်ဝန်းများ ဖျက်ကနဲ အရောင်တောင်လာသည် ။
“စားချင်တာပေါ့ကွ….ဒီအချိန်ကြီးဘယ်ကငါးရမှာလဲ …ဒီချီးစားစုန်းနှယ့် .”
အတွန့်ကတက်လိုက်သေးသည် ။ရံဖန်ရံခါ ကျော့်ကို သူခေါ်သောအမည်သည် ထိုမျှ ကဗျာဆန်သိမ်မွေ့ပါသည် ။
( ကွာတယ်နော်…ရွာထဲက နူးညံ့တဲ့ကချင်လူချောလေးနဲ့ အဟိဟိ )
‘‘လျှာရှည်တာ့ ဒီမိချောင်းသား..စားရပြီးရောမလား…’’
စကားဆုံးသည်နှင့်…ကုတင်ထောင့်မှ ထီးအစုတ်ကိုင်းတံတခုကို ဆွဲဖြုတ်လိုက်သည် ။
လေးဂွသားရေကြိုးနှင့် တစ်တောင်ခန့်ရှိသော ဖိုင်ဘာရေပိုက်အဟောင်းနှင့်တွဲချည်လိုက်သည် ။
ငါးမိနစ်အတွင်း လက်ဖြစ် ငါးပစ်မှိန်းတခု တပ်ဆင်ပြီးစီးသည် ။
အကုသိုလ်နှင့်ထိုမျှ ဆောရိုးအကျိုးပေးသည် ။
ခြေလှမ်းများက အထက်တွင်ဖော်ပြခဲ့သည် အိမ်သာဘေးမှ ရေမြောင်းလေးဆီသို့ တည့်တည့်ဦးတည်လိုက်သည် ။
‘‘ဟကောင် ဓါတ်မီးနဲ့ထိုးလိုက်…ဟိုမှာ…အယ်ကြီး ..’’
လက်ကောက်ဝတ်လုံးလောက်ရှိသည့် ငါးရံ့ခေါင်းတိုကြီးက ရေအစပ်တွင် အခန့်သား
“ဒုတ်…ဖလပ်..ဖလပ် ” အသံနှင့်အတူ ထီးရိုးသံရှေ့တွင် ငါးရံ့ကြီး…လူးလွန့်လျက် ပါလာလေသည် ။
( ငါကွ ဆောရိုး…မြောင်းကြိုမြောင်းကြားမှာ ကြီးလာတာအဟိဟိ )
အဆောင်လှေကားရှေ့တွင်ပင်…ထုနှက်ရိုက်သတ်..အူထုတ်…အကြေးထိုး ပါးဟပ်ထုတ်
ဓါးမွှန်းရေဆေးပြီး …ကြက်သားမှုန့်နှင့်နယ်လိုက်သည် ။
အဆောင်မှုးအလှစိုက်ထားသည့် ပန်းအိုးထဲမှ တရုတ်နံနံပင်တဆုပ်ပါ..တစ်လက်စထဲဆွဲနှုတ်လိုက်သည် ။
ဆားအနည်းငယ်လူး .ဆီအနည်းငယ်လောင်းထည့်ပြီး ..ခဲစက္ကူပတ်လိုက်သည်။
အထက်ပါ ဖြစ်စဉ်များသည် ငါးမိနစ်အတွင်းပြီးစီးခဲ့သည် ။
ခဲစက္ကူပတ်ထားသော ငါးရံ့ကို ဖယောင်းတိုင်မီးနှင့်ကင်သည် ။
ညနေခင်းကျန်သည့် ထမင်းကို ရေနွေးထည့် …စတီးချိုင့်ထဲထည့်ပြီး ..အဆိုပါ ဖယောင်းတိုင်မီးနှင့် ချက်သည် ။
နာရီဝက်အတွင်း ဖယောင်းတိုင်အစွမ်းဖြင့် …သင်းပျံ့မဲတူးနေသော ဆန်ပြုတ်နှင့်ငါးကင်သည် စားချင်စဖွယ် သင်းပျံ့လာသည် ။
သူ၏ ညလယ်စာသည် ထိုမျှ ဂန္တဝင်ဆန်ခဲ့ပါသည် ။
“‘ဟရောင်တွေ ..စားအုံးလေကွာ..ဒီမှာ အများကြီး ’’
“ စားပါကွာ..မင်းကလူမမာ..မကြာခင် သေတော့မှာ ..မင်းပဲစား “
ထူးဆန်းသည်မှာ ထိုငါးကင်ကို အင်မတန်အစားကြူးသော ကျော်တို့ သူငယ်ချင်းတသိုက်…. ဘယ်သူမျှ တို့မျှပင်မတို့ …..
ပဲတောင့်ရှည်တဖြဲနှဖြဲစားသည်ကိုသာ …
ဘဝတွင် ပထမဆုံးအကြိမ်….မျောက်ပွဲကြည့်ဖူးသည့် တောသားများသဖွယ်…
ပါးစပ်အဟောင်းသားဖြင့်သာ အားပေးခဲ့ပါသည် ။
*************************
ဆက်ပါအုံးမည် ..အဟိဟိ
20 comments
marblecommet
August 22, 2014 at 3:35 pm
ကျော်လည်း
အစ်ကိုရီး ရှေ့ကမှ
ကိုယ့်ပေါင် ကိုယ်လှန်ထောင်းထားတာ
…
ဟေး ဟေး အခုတော့ အဖော်ရပြီဆိုတော့
ဆက်ထောင်းမှ ဆက်ထောင်းမှ….
…..
ခင်ညား ဒိုင်ယာရီလေး လွမ်းဈာကောင်းသဗျာ…..
sorrow
August 22, 2014 at 4:06 pm
အောင်မလေး ကိုကမ်းရယ်..မနောက်ပါနဲ့… လမင်းကြီးနဲ့ ပြိုင်မလင်းရဲပါဘူးရယ်…ကျော်ကပိုးစုန်းကြူးရယ်ပါ… ဆရာသမားများရှေ့ ပေါတောတောစာတွေပဲရေးတတ်လို့ ..သိမ်ငယ်ရပါတယ်ခင်ဗျာ ။
ဇီဇီ ခင်ဇော် (15102012)
August 22, 2014 at 3:59 pm
ဟဲ့။
ခေါင်းစဉ် ကိုအမျိုးမျိုးပေးပြီးမှ နောက်က အပိုင်းခွဲကို ထည့်။
နို့မို့ လူတွေက ခေါင်းစဉ်ပဲ မှတ်မိပြီး အပိုင်းမမှတ်မိရင် ရောပြီး ကျော်သွားမှာ။
ချစ်လို့ပြောတာမှတ်ပါ။
ခု ပြင်လိုက်။
ပြင်လို့မရရင် တဂျီးကိုပြော။
:k:
sorrow
August 22, 2014 at 4:08 pm
မမကျော်..ပြင်လို့မရဘူး..လုပ်ပေးပါခင်ဗျာ
ဇီဇီ ခင်ဇော် (15102012)
August 22, 2014 at 4:13 pm
အက်ဒစ် လုပ်လို့မရသေးရင် တဂျီး ကွန်ဂရက်မှာ သွားအော်ချည်။
:k:
အလင်းဆက်(24/05/2011)
August 22, 2014 at 4:02 pm
ဟိုအပိုင်းက တစ် ဖြစ်ပြီး…ဒီအပိုင်းက နှစ် ဖြစ်ရမှာ ဟုတ်ဖူးလားဟင်
😆
ခင် ခ
August 22, 2014 at 4:27 pm
သို့
အပိုင်း (၃)
လာနေခြင်းအား စောင့်စားလျှက်
မျှော်။
ရွှေတိုက်စိုး
August 22, 2014 at 4:52 pm
ငါးကျော်စားနေတဲ့ လူမမာကတော့ တော်တော် အရသာရှိမယ်ထင်ပဗျာ….
ဆက်အုံးဗျို….
sorrow
August 23, 2014 at 10:24 am
ကိုတိုက်ရေ…လတ်လတ်ဆတ်ဆတ်ငါးမို့လားတော့မသိ…အတော်ချိုပါတယ် ။ နောက်အပိုင်းမှာ အဲ့အကြောင်းလေး ဆက်ရေးပါ့မယ်ခင်ဗျာ
မွသဲ ( 17082011 )
August 22, 2014 at 4:56 pm
ရီလိုက်ရတာဟယ် ငါတို့မေမြို့သိပ်ခါကျသအေ။ ငါဆိုအေးလွန်းလို့ရေခဲတုန်းပါဟယ်။ နောက်အပိုင်းလဲမျှော်နေသအေ
အလင်းဆက်(24/05/2011)
August 22, 2014 at 5:36 pm
အံမယ်… ကျနော့်ကျောင်းသားဘဝထဲမှာလည်း…
မြောင်းဘေး လွယ်အိတ်ပစ်ချပြီး..အိုင်ပက်ခဲ့တဲ့နေ့ရက်တွေ ရှိပါ့ ။
ရလာတဲ့ ငါးလေးတွေကို..မြက်ပင်နဲ့ သီပြီး… အိမ်အပြန်…
လွယ်အိတ်ကလေးက….ရွှံ ့တပေပေနဲ့ပေါ့… ။
အိမ်ရောက်တော့… အမေ့ကို.. ရလာတဲ့ ငါးတွေပေးတော့…
မျက်နှာမရတဲ့ အပြင်… ကြိမ်လုံးရခဲ့တာလေးတောင်..ပြန်သတိရသွားတယ်ဗျ ။
😆
မြစာကလေး (23122011)
August 22, 2014 at 9:30 pm
မောင်စော ရေ
မင်း ဘာကြောင့် အခုလို အနှိပ်စက် ခံ နေရတယ် ဆိုတာ အကြောင်းရင်း သိပြီ ဟေ့။
ဝဋ် ဆိုတာ ဘွ တောင် မကူး။ lol:-)
ဖတ်လို့ တကယ်ကောင်းတာမို့ ဆက်ဖတ်ဖို့ မျှော်နေပါ၏။
မင်း ခံရတဲ့ အလှည့်လေးများရော ပါမှာလား။ :-))
sorrow
August 23, 2014 at 10:35 am
အပြန်အလှန်ခံရတာပါပဲ ..အရီးလေးရယ်.. ကျော့်ကိုလဲ သူသမတာ များကြီးမှများကြီး …မခံချင်အောင်လာလာပြောတာ ..ကျော်ကစိတ်ထားဖြူတယ်လေ ..အဟီး
Mr. MarGa (12512)
August 23, 2014 at 9:39 am
ဒီလူရီးး
လေယာဉ်မယ်ကြီး နှိပ်စက်တာ များများခံရပါစေ….
ဒါမှ မှတ်မှာ
ဟွန်းးး
အိုင်ထဲက ငါးရံ့ကလေးရေ.. အမျှ ဟဲ့ အမျှ :mrgreenn:
sorrow
August 23, 2014 at 10:29 am
လာရောက်အားပေးသော ကိုကမ်း ။ ဦးခ ။ မမကေဇီ။ မွသဲ ။ အောင်ရဲလင်းလေး ။ တဂျားလေး ။ ကိုတိုက် ။ အရီးလေး တို့ကိုကျေးဇူးအထူးတင်ပါကြောင်း
မ " တတ် ပါ့ "
August 23, 2014 at 11:00 am
သူငယ်ချင်းကို ချစ်တာများ အားကျစရာပဲ…
နို့ ..ပြောမရဘူး…ဒို့တွေ အခုစားနေတဲ့ ငါးကင်တွေကလည်း ဘယ်က ဘယ်လို ဖမ်းပီးရလာလဲမှ မသိပဲနော့..
မသိတော့လည်း စားလို့ကောင်းတာပါပဲလေ…။။။
Kaung Kin Pyar
August 24, 2014 at 1:00 pm
ရိုက်စားတာ မဟုတ်ပါဘူး….။ မှိန်းနဲ့ထိုးကျွေးခဲ့တာကိုပဲ….။
ဆက်သာ အဲ့ဒီမှာ ကိုဆောရိုးနေရင်…အဲ့ဒီနားက တိရိစ္ဆာန်မှန်သမျှ….ကိုယ့်အထုတ်ကိုယ်ထမ်းပြီး မြန်မြန်ပြေးနိုင်မှ…ချမ်းသာရာရမယ်….။ (တွတ်ပီနဲ့များ အမျိုးတော်လား မသိ…)
:k:
Nyo Win
August 25, 2014 at 11:01 am
မြန်မြန်ဆက်ပါကိုဆောရိုး……
အဆောင်မှာနေခဲ့တဲ့နှစ်ရက်တစ်ပိုင်းကိုလွမ်းသဗျားးးးးးးးးး 😀
Ma Ei
August 25, 2014 at 1:29 pm
မထင်ရဘူးနော်…
🙂
kyeemite
August 26, 2014 at 2:49 pm
.ကိုရင်ဆောရိုးတို့ပွေချက်က ၈လောက်ရှိတယ်နော..ပျော်စရာဘွတွေပေါ့ဗျာ…ဂွတ်ဒ်