ချစ်ခြင်းပုံပြင် နိဒါန်း
အလွမ်းသည် ရင်နှင့်ရင်းပြီး အတောင်ပံမရှိပါပဲနှင့် ကောင်းကင်တွင် အနေများသည့် ကျွန်ုပ်၏ နတ်သမီးလေးကို လွမ်းပါသည် ။ ချစ်ခြင်းသည် ပျံသန်းနိုင်သည့် အမြင့်ပျံအတောင်ပံ တစ်စုံကို မွေးဖွားပေးနိုင်လျှင် ချစ်သူလေး၏ လေယာဉ်ပျံနောက် တကောက်ကောက် ပျံသန်းစောင့်ရှောက်ချင်ပါသည် ။ လွမ်းသည် ဟန်နီ …..
( ကြည့်…ငတို့ ကချင်တွေက ဘာဆိုဘားမှ သိပ်မကြူတတ်ဘူး..အာဟိ )
*****************************
*****************************
*****************************
“” ငါကတော့ ကြီးလာရင် ခရီးသွားကုန်ပဏီမှာGM ကြီး လုပ်မယ် “”
” ဟင့်အင်း ..ငါကတော့ ပါးပါးတို့မာမားတို့လို ချစ်တီးမကြီးပဲလုပ်မယ် ..အတိုးအကြီးကြီးစားမယ်..နင့်ကိုအကြွေးနဲ့သိမ်းမယ်လေ..ခိခိခိ ”
“” ရော့ မာမား ထည့်ပေးလိုက်တာ ..ချာပါတီနဲ့ မလိုင်နဲ့စား ”
“” အင်း ..ရော့… ခေါပုတ်နဲ့ ပဲပုတ်ထောင်း လဲစား “”
ဖြူဥနုဖတ်ချောမောခန့်ငြားသောကချင် ကောင်လေးတစ်ယောက်နှင့် အိန္ဒိယအနွယ်ဝင် ဖက်တီးကောင်မလေး နှစ်ယောက်သား မူကြိုခန်းရှေ့တွင် စကားပြောနေကြသည် ။
အပြစ်ကင်းလွန်းသော ပီဘိကလေးငယ်ဘဝတွင်ပင် ဘဝသည် ပြဌာန်းပြီးသား စာမျက်နှာများးးးးးးး
အဖြူရောင်စာမျက်နှာများတွင် ရေးချယ်ထားသော ပန်းချီကားတစ်ချပ်တွင် နေကြာပန်းများနှင့် .. အာလူးစားသူများ
ဆယ်နှစ်ခန့်လွန်သော် ….
ဆယ်ငါးနှစ်သားဆောရိုးပေါက်စန စာအုပ်တပွေ့တပိုက်နှင့် ကျောင်း ကော်ရစ်ဒါတလျောက် ပဲပေးလျှောက်လာသည် ။
နူးညံ့ချောမောခန့်ငြားသော ရုပ်သွင် ၏ အရှိန်ကြောင့် သက်မဲ့ချယ်ရီပန်းတို့ ပင် ဟန်မဆောင်နိုင်ပဲကြွေသည် ။
“” ဟယ်…ဆောရိုးတဲ့လား ..အချောလေးနော် ..ငါတော့ဖြင့် ပါးဝင်းဝင်းလေးကို ဇိ ဆို ကိုက်လိုက်ချင်တာပဲ …အငိငိ “”
” အိုးးးး ကချင်လေးရယ် “”
ရှမ်းတရုတ်မလေးတစ်အုပ် …ခုန်ဆွ နေသည် ။ ဆောရိုး..မျက်ခုံးပင် လှုပ်မကြည့် .အဖက်တစိမျှပင်မလုပ် ..မိန်းကလေးများက အရောဝင်လျှင် ရောင့်တက်တတ်သည်မဟုတ်ပါလော … ( အာဟိ …ဆဲစေတတည်း ) ကျောင်းဆင်းကျောင်းတက် အာရုံနောက်စရာ မုန့်ထုပ်များပေးသူကပေး… ပို့စ်စကတ်ပေးသူကပေး …. တစ်ခါတရံ စားပွဲခုံအောက်တွင် မည်သူကလာထည့်သွားမှန်းမသိသော ချောကလက်ဗူးနှင့် ပန်းသီးများးးး …
“” ဖြူဖွေးရာ .. ငါတော့စိတ်မိုင်ကုန်လေတာပဲ…ဒီရုပ်ကိုတော့ ..မိန်းခေးတွေကလဲ စိတ်ညစ်ပါ့ဟာ “”ကချင်ကောင်ချောလေး စိတ်အိုက်နေသည် ။
အသားအရေ ငချိတ်အမေကဲ့သို့ မဲတူးလွန်းလှသဖြင့် နာမည်ပြောင်ပေးထားသော .ငယ်သူငယ်ချင်း အိန္ဒိယ ကောင်မလေး နှုတ်ခမ်းကိုမဲ့လိုက်သည် ။ စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည် …
“” သောက်ကချင်လေး …တနေ့ ငါရအောင်ယူပစ်အုံးမယ် ..ဒင်းးးးအဲ့လောက်ချောနေတာ … “”
စိတ်ဆတ်သလောက် ဒေါသကြီးသော ဖြူဖွေး ဆာရီစကို ပုခုံးပေါ်လွှားကနဲတင်ရင် း ဝုန်းကနဲထရပ်လိုက်သည် ။
“” ဘယ်သူတုန်း နင့်ကို အဲ့လိုလာစတာ …ပြောစမ်း …ငါသွားပြီး ဆွဲထိုးဆောင့်ကန် နင်းဖြဲ ပလိုက်မယ် “”
“” နေပါဟာ ..နစ်နာအောင်လုပ်တာမဟုတ်ပါဘူး …ဒီတိုင်းချစ်တယ်ပြောကြတာပါ “”
( အာဟိ…ဆောရိုးနှယ့်..စိတ်ထားလေးကဖြူရှာတယ်…..)
“” အေး..နင်ကျပ်ကျပ်အဲ့လိုစိတ်ပျော့နေ ..တစ်ရက် နင့်ကို အဲ့တရုတ်မတွေ လှည်းတင်ပြေးလိမ့်မယ် “”
(ထိုခောတ်က ကားဆိုသည်မှာ အလွန်ရှားပါးသော ဇိမ်ခံပစ္စည်း )
ဖြူဖွေး လက်မောင်းတုတ်တုတ်ကြီး တုန်ရင်နေအောင် ဒေါသအလိပ်လိပ် ထွက်နေသည် ။
ဆောရိုးနုထွားလေး က ဖြူဖွေး နားခေါင်းရင်းမှ တုန်ခါနေသော ရွှေနှာခေါင်းကွင်းလေးကို ကြည့်ရင် း
နှုတ်ခမ်းလေးတွန့်ယုံသာ ပြုံးလိုက်သည် ။
ဖြူဖွေးစိတ်သဌာန်တွင်ကား…. “” အိုးးးး ကိုကိုရယ် …ပြုံးတာလေးက ချစ်စရာကောင်းလိုက်တာ “”
ရင်ခုန်တတ်စ ကုလားမလေး
ဖြူဖွေး၏စိတ်အစဉ်တွင် ဗီသိုဗင်၏ မွန်းလိုက် ဆိုနားတား …..ငြိမ့်ငြိမ့်လေးတသွင်သွင်စီးဆင်းနေသော စမ်းချောင်း
ငယ်ရွယ်နုနယ်သေးသော ရင်ထဲတွင် လမင်းဆယ်စင်း ..ခွေးဆယ်ကောင် ( လင်းလဲလင်း ဆူလဲဆူသည် ဟူသောအထာ ..အဟီး )
ငယ်စဉ်ကတဲ့က တစ်ဖက်သတ် ချစ်မြတ်နိုးခဲ့သော ဆောရိုးဟူသော ကချင်နုထွားကောင်လေးက သူမ၏ နှလုံးသားကို အပြီးတိုင် သိမ်းပိုက်အလံစိုက်ထားခဲ့ပြီမဟုတ်ပါလော ။ ( အာဟိ )
ချို့တဲ့နွမ်းပါးသော ချစ်စရာကောင်းလွန်းသည့် ကချင်ကောင်လေးကို ကာကွယ်ပေးလိုစိတ်သည် မည်သည့်အချိန်ကတဲ့ ကသန္ဒေတည်နေမှန်းမသိသော်လည်း သတိထားမိသည့်အချိန်တွင် ဖုံးမရ ဖိမရ ….နေ့စေ့လစေ့ …အာဟိ
“” ဆောရိုး ..နင်ငါ့ကိုဘယ်လိုသဘောရလဲဟင် “” ကုလားမလေးက ရွံ့တွန့်တွန့် တိုးတိတ်စွာမေးသည် ။
”’ ဟ ..ဖြူဖွေးရ …နင်က ငါ့သူငယ်ချင်းပေါ့ “” ကချင်နုထွားလေး ဆောရိုးသည် အချစ်ဆိုသည့် အရာကို စိုးစဉ်းမျှ မသိသေးသည့် ပီဘိ ကလေးငယ် …အချစ်သည် ဆောရိုးမသိကျွမ်း …မကျင်လည်သေးသော နယ်ပယ်အသစ်တခု …
“” အင်း …ငါ နင့်ကို ….ဟိုလေ ..””တိုးတိတ် ဆွံ့အ တိမ်ဝင်သွားသည် ။ အာဟိ ….
မျှော်လင့်ချက် ပြည့်လျှံနေသော ခါဂျယ်ဆိုးထားသော မျက်ဝန်းညိုကြီးကို မြင်ရက်က .. နားလည်နိုင်သော အသိဉာဏ်မရှိသေးသော ကချင်နုထွားလေး ဆောရိုးက ….နားမလည်နိုင်သော မျက်ဝန်းများဖြင့်သာ တုံ့ပြန်လိုက်သည် ။
“” ချစ်တယ် ကိုကို ရယ် “”
“” love is not about how much you say ” i love u ‘, but how much you can prove that it’s true “” တဲ့
“” အဲ့တာကိုရှင်မြဲမြဲမှတ်ထားပါ ကိုကို …””
“” ကိုကို..ရှင်က ကျွန်မရဲ့လူပါ တသက်စာ “” ရှင်ကို ကျွန်မ တစ်ရက်ပိုင်ဆိုင်ရမယ် ကိုကို “”
ဒန်းဆိုးထားသော လက်သီးကို တင်းတင်းကျပ်ကျပ်ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည် ။မေးကြောကြီးများထောင်အောင် အံကြိတ်လိုက်သည် ။ ဖြူဖွေး တိုးတိတ်စွာရေရွတ်ရင်းချာကနဲလှည့်ထွက်သွားလိုက်သည် ။
( အာဟိ…ဒီနေရာလေး ရေးရတာ အလွန် အရသာရှိ … )
“” ဖြူဖွေး သူ့အဖေ ပြန်ခေါ်လို့ အိန္ဒိယ ပြန်သွားပြီ ..ဆောရိုး “” အဝေးတွင် နွားလှည်းကလေးက ဖုန်တထောင်းထောင်းထအောင် မောင်းနှင်ရင် း မြင်ကွင်းမှ တဖြည်းဖြည်းဝေကွာသွားသည်ကို နားမလည်နိုင်သော မျက်ဝန်းများဖြင့် ကချင်နုထွားလေး ဆောရိုးငေးကြည့်နေမိသည် ။ နဖူးစာ ဆိုသည်မှာ လူသားတို့၏ ဉာဏ်နှင့်လိုက်မမှီအောင် အနုပညာဆန် သိမ်မွေ့လွန်းလှသည် မဟုတ်ပါလား …ပရိတ်သတ်ကြီး ….
( ဒုတိယ ပိုင် း ဒီမှာဖတ် ..အာဟိ )
22 comments
Mr. MarGa
January 20, 2014 at 6:34 pm
အင်…
ဇာတ်သိမ်းရေးပြီးမှ အစကို ပြန်သွားထားသကိုး
တကယ့် ပြောင်းပြန်သမားပါလားနော်
အဲ့ဒီ ချစ်တီးမကြီးကို ပြောရမယ်
မညှာနဲ့၊ မျက်နှာသာ မပေးနဲ့ လို့
:mrgreenn:
sorrow
January 21, 2014 at 9:45 am
နာက …ဇာတ်ဘယ်လိုသိမ်းလဲအမြဲအရင်ဖတ်တာ…နာ့လို ကြောင်တောင်တောင်တွေရှိမလားလို့ …အာဟိ
Ma Ma
January 20, 2014 at 7:45 pm
ဇာတ်လမ်းကို ဖတ်ပြီး ကချင်နုထွားကြီးကို သနားတယ်။
အပြင်မှာကြည့်ပြီး ချစ်တီးမကြီးဖြူဖွေးကို နှမျောတယ်။ :kwi:
sorrow
January 21, 2014 at 5:54 pm
မထင်ရင်မထင်သလို လက်သီးစာကျွေးခံရတာ ဘူဆိုဘူးမှမသိ…အန်တီမမလဲမသိ…ကျော် ဆောရိုးပဲသိ…အာဟိ
ဒညင်းဝက်
January 20, 2014 at 8:49 pm
ဇာတ်က…အတော်နာသကိုး…
အဟိ
ကိုယ့်ကို ကိုယ်…အဲဒလောက်..ဇာတ်နာအောင် မရေးပါနဲ့လားဂျာ…
😆
sorrow
January 21, 2014 at 5:55 pm
ဒါတောင် လည်ဂုပ်ကိုဖမ်းချုပ်ပြီး အာဘွားမွမွကျလူးခံရတာ မပါသေးဘူး…အငိငိ တသိန်း
padonmar
January 21, 2014 at 12:01 am
ညတ်ချွာဖျား
အတော်သနားဖို့ကောင်းတဲ့ နုထွားကြီးပါလား။
ပိုသနားစရာဖြစ်အောင် ချစ်တီးမကြီးက ဆယ်ပေါင်တူနဲ့ထုပါဇီ။
လက်သီးနဲ့ထိုးပါဇီ။
နီဂရိုးဆယ်ယောက်နဲ့ တွေ့ပါဇီ။
sorrow
January 21, 2014 at 5:31 pm
တီဒုံရယ်.. .မေတ္တာထားတယ်လား …စကားမစပ်..နီဂိုးဆယ်ယောက်နည်းတယ်..အဟိဟိ
ကပ္ပိယ သာဒင်
January 21, 2014 at 8:24 am
ဇတ်သိမ်းအရင်ရေးရတယ်လို့ဗျာ…
ဖတ်ရတာ တန်းလန်းကြီးဗျ ။
တော်တော်နောက်တဲ့လူ ။
ချစ်တီးမကြီးကအကြွေးနဲ့သိမ်းပါစေ …
sorrow
January 21, 2014 at 5:33 pm
ပေးတဲ့ဆုနဲ့အမြန်ပြည့်ပါရစေ ကိုကပ္ပိယ ကြီးရေ….ငါ့နှယ့် ..သိပ်မထိုးပေးချင်ရှာဘူး..အဟီး
kyeemite
January 21, 2014 at 8:55 am
“ံ့ချောမောခန့်ငြားသော ရုပ်သွင် ၏ အရှိန်ကြောင့် သက်မဲ့ချယ်ရီပန်းတို့ ပင် ဟန်မဆောင်နိုင်ပဲကြွေသည် ”
ကတောက်စ်….ဒီအဖွဲ့အနွဲ့လေး ကိုတော့ ကျုပ်တောင်ကြွေတယ် ကချင်နုထွားရယ်…..ရေးတတ်ပါပေ့
😀
sorrow
January 21, 2014 at 5:58 pm
ဥက္ကဌကြီးအားပေးသွားတယ်လား …. ကျေးကျေးပါဗျာ
ဦးကျောက်ခဲ
January 21, 2014 at 9:26 am
အင်ဟင့်… အကြောင်းမသိရင် ကချင်နူထွားဂျီးက သနားစရာ…
နေနှင့်အူး… ချစ်တီးမလေး ဖြူဖွေးကို ဂျိုနဲ့ဝှေ့ခိုင်းမယ်…
တတ်လည်းတတ်နိုင်တဲ့ ကမ္မဝါဖတ်မည့် နူထွား… အား ဟိ
😀
sorrow
January 21, 2014 at 5:57 pm
ကျောက်စ်..ဘာမသိချင်ယောင်ဆောင်သတုန်း…ကျော်သနားစရာကောင်းတာ ကျောက်စ်အသိဆုံး….အဟီး
sorrow
January 21, 2014 at 10:01 am
အလိုလေး….ဝိုင်းမေတ္တာပို့ထားကြပါလား….အဲ့ရာပြောတာနေမှာ …မှန်တာရေးရင် ရွာပြင်ထုတ်ခံရတယ်ဆိုတာ….အာဟိ
လုံမလေးမွန်မွန်
January 21, 2014 at 12:33 pm
ဖတ်ရင်းနဲ့ ဇာတ်ကောင်တွေကို ပြောင်းပြန်မြင်ပြီး သနားမိနေတယ်.. ဘိုလုပ်ရမလဲ..
sorrow
January 21, 2014 at 5:59 pm
အိုမို..အိုမို…. ကယ်ပဲတော်…ပြောင်းပြန်မြင်စရာလား…မားသမခံရတာ … ကိုယ်တော်ကြီးကိုယ်တော်လေးအသိ …အာဟိ
ဦးကြောင်ကြီး
January 21, 2014 at 1:21 pm
ကချင်နုထွား
အရှင်လုစား
မကြင်အုပြား
ဆံပင်တုယား..
KZ
January 23, 2014 at 2:33 pm
နာ တော့ ဂလို မျောက်စိတ်ကို အဟွာတော်ထားရတဲ့ ချစ်တီးမဂျီးကိုပဲ သနားတယ်
😀
nature
January 23, 2014 at 9:06 pm
1-ဆရာ…ချောတယ်နော်။
2-ဪ…အေး..အေး။
1-ဆရာ…ချောတယ်နော်…။
2-(ပီတိဖြင့်ပြုံးလျှက်)အဟီးးး
ရှလွတ် …ဘုန်း…..အင့်……
1. ဒါကြောင့်ဆရာ့ကိုပြောတာ ချောတယ်သတိထားလျှောက်ပါလို့သတိ အတန်တန်ပေးနေတာ…။ 😛
Crystalline
January 24, 2014 at 2:23 pm
ကိုယ်ကိုယ်ကိုများချောတယ်ရယ်လို့ပြောရဲတဲ့လူနှစ်ယောက် ဒီဂဇက်ရောက်မှပဲတွေ့ဖူးတော့တယ်.. ဒညင်းဝက်နဲ့ စိုင်းခမ်းဖမ်းမနိုင်… တို့များတော့ သူများကချောတယ်ပြောရင်တောင်ရှက်လွန်းလို့ :))
sorrow
January 8, 2017 at 5:18 pm
အသိသာကြီး..ချောလားမချောလား…….ချက်ချင်းပြန်ပြောမလို့ပဲ …အခုသုံးနှစ်ကြာမှ သေချာသွားလို့ ..အဟိဟိ