Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ချစ်ခြင်းပုံပြင်

sorrowDecember 4, 20131min96330

” ဘာ…”..ဟိန်းထွက်လာသည့်အသံ…

” ပိုက်ဆံလိုပြန်ပြီလား…ရှင်တို့တောသားတွေဟာလေ.”…

ငွေတိုးချေးသည့် ချစ်တီးသူဌေးမ အပျိုကြီး စွာတေးလန် ဖြူဖွေး အသံက

ရင်ခေါင်းထဲက ထွက်လာသည် ။ လက်စွပ်အပြည့်ဝတ်ထားသည် ့ လက်ချောင်းများက

ယပ်တောင်ကို တဖျပ်ဖျပ် ….. လက်မောင်းတုတ်တုတ်ကြီးအရင်းမှ ဆာရီကိုသပ်တင်လိုက်သည် ။

အဟေးဟေး တောသား…လယ်သမားရုပ်နှင့် တစိုးတစိမှ မလိုက်ဖက်သည့်

ကချင်နုထွားကြီး ဆောရိုး မျက်လွှာချ ခေါင်းငုံ့လိုက်ရင်းက …

” အမေ ..နေမကောင်းလို့ပါ..သူဌေးမကြီးခင်ဗျာ…..”

” အဲ့တာ..လယ်လေးပေါင်ထားတဲ့အထဲက ..ငွေလေးထပ်လိုချင်လို့ပါ.”

. တိုးညှင်းဖျော့တော့နေသည့်အသံနှင့် တောင်းပန်သံ ….

လူမိုက်ရုပ်ပေါက်နေသော အခြံအရံတစ်အုပ်ကြားမှာ… မိန့်မိန့်ကြီးထိုင်ရင် း ..

ပရာဒါ အိတ်အပွကြီးထဲမှ ငွေစက္ကူတစ်ထပ်ကို ဘတ်ကနဲ ပစ်ပေးလိုက်သည် ။

“” ဟဲ့အကောင်..စာမတတ်တဲ့ကောင်….လက်ဗွေနှိပ်လိုက်အုံး .. “”

စာရွက်အလွတ်တစ်ရွက် လေထဲဝင့်လာသည် ။

သူဌေးမကြီး နှုတ်ခမ်းထောင့်ကို ကွေးယုံ ….ခပ်မဲ့မဲ့ပြုံးလိုက်သည် ။ ..

.မဆပ်နိုင်မှန်းသိသည့်အလျှောက် ….

ကချင်လူထွားကြီးဆောရိုး၏ တောသားနှင့်မျှ မလိုက်ဖက်သော ဝါဝင်းသောအသားအရေကို

စောင်းငဲ့ကြည့်ရင်း တံတွေးတချက်မြိုလိုက်သည် ။

မည်သည့် ကာလ..ကတဲက ပစ်မှားချင်နေမှန်းမသိ ..အဟိဟိ

မလှမ်းမကမ်း တွင် ခြင်းတောင်းဖြင့်အုပ်ထားသည် ့ အသွေးအမွှေးအတောင်စုံလင်နေသည့်

ကြက်ဖပျိုတစ်ကောင်က တိတ်ဆိတ်ဆွံအနေသည် ။ တွန်သံပေးရန်ပင် မေ့လျော့ရင်းးးးးး

ကောင်းကင်သည် ..မဲမဲမှောင်နေသည် ..

 

******************

 

*****************

.ခေတ်သည် အိန္ဒိယ အနွယ်ဝင် ချစ်တီးတို့ ကချင်လယ်သမားများကောင်းကင်တွင်..

.နေတစင်းလတစင်း ထွန်းလင်းနေသည့်ကာလ ….

မိုးခါးသည် ချို့တဲ့သူများကြားတွင် တစ်ကိုယ်စာ ရွာသည်။

” ခွီးး… လုပ်စားတော့မိုးခေါင် …ခိုးစားတော့ခွေးဟောင် ..ဆိုတာငါကြီးမှ အစစ် ..

ငါ့ဘဝမလဲ သောက်ရုပ်က သေအောင်ချောတာကလွဲရင် ..တစ်ခုဆိုတခုမှမကောင်း ..”

ရေရွတ်ရင်းက ..မိုးခေါင်သဖြင့် ကြုံလှီနေသော .စပါးခင်းကို ကြည့်ရင်း.ဆောရိုး.တောက် ခေါက်လိုက်သည် ။

ဒီနှစ်လည်းအကြွေးဆပ်နိုင်မည် မထင် ….

ပြင်ဦးလွင်မြို့ သည် ယခင်ကာလများနှင့်မတူ…ထူးထူးခြားခြား မိုးခေါင်လေသည် ။

ခြောက်သွေ့နေသည့် သစ်ခြောက်ပင် ကိုင်းတွင် ကျီးကန်းတစ်ကောင် ပျင်းတိပျင်းရွဲနားနေသည် ။

လေထုသည် ပူလောင်အိုက်စပ် ခြင်းဟူသော စကားစုထက် သာလွန်သင့်လျော်သောစကားမရှိ ။

နွေမိုးဆောင်းသည် ပြက္ခဒိန်စာရွက်များလို ဖျတ်ကနဲ ဖျတ်ကနဲ ……… ကုန်လွယ်လွန်းသည် ။

 

*******************

 

*******************

 

*******************

 

“” ဟဲ့အကောင် …နင်အကြွေးတွေ တစ်သောင်းရှိနေပြီ ။ တိုးရင်းပေါင်း နင့်လယ်အပြင် ငါးထောင်ပိုနေပြီ ..အခုဆပ် “”

သူဌေးမ အပျိုကြီးချစ်တီး ဒေါ်ဖြူဖွေး ဒေါအလွန်ပွခုန်ဆွနေလေသည် ။

“” သူဌေးမကြီးရယ် …မိုးကခေါင်တော့ မဆပ်နိုင်သေးပါဘူးခင်ဗျာ “”

“” မဆပ်နိုင်ရင် နင့်ကို သိမ်းမယ် “” မျက်မှောင်ကြုတ်..လက်ဆစ်တဖျောင်းဖျောင်း ချိုးနေသည် ့

လူမိုက်အုပ်ကြီးက သွေးဆာနေသည့် ဝံပုလွေများလို….

နယ်ချဲ့အလိုတော်ရိ ပုလိပ်များက မျက်နှာလွဲရင် း မဆိုင်သလိုလို

” ဂျာ “”

” ကျွန်မသားလေး ကို မသိမ်းပါနဲ့ အရမ်းငယ်သေးလို့ပါ ..မသိမ်းပါနဲ့ ..အဟင့်ဟင့် “”

“” ဘာမသိမ်းနဲ့လဲ …အကြွေး ယူတုန်းကယူထားပြီးတော့ ..ဘာမသိမ်းပါနဲ့လဲ “”

“” ဟဲ့အကောင် နင်မလိုက်ရင် နင့်အမေ နဲ့ နင့်အဖေကို ထောင်ထဲထည့်ပလိုက်မယ် .

.ဘာမှတ်နေလဲ ..ဖြူဖွေးတဲ့ တစ်ဖွေးထဲရှိတယ်.. “”

“” အဖြစ်ဆိုးလိုက်တာ သားကြီးရာ ”

” ဖခင်အိုကြီးအသံက ခပ်အက်အက် … တိတ်ဆိတ်လှသည့် ရွာကလေးသည်

တမဟုတ်ချင်း ငရဲတမျှ ပွက်ပွက်ထသွားသည် ။

အံကြိတ်သံ ..တောက်ခေါက်သံ..ခွေးဟောင်သံများဖြင့် ..

. ရွာလယ်လမ်းသည် ဖုန်တထောင်းထောင်းထကျန်ခဲ့လေသည် ။

ကချင်လူထွားကြီးဆောရိုးမှာ … လူမိုက်အုပ်ကြားတွင်

တရွတ်တိုက်ဆွဲခေါ်ခြင်းကို ခံလိုက်ရသည် ။

တန်ပြန်ရန် အင်အားလဲမရှိ ။

နေမကောင်းသည့် မိခင် ဖခင်နှင့် ငြိုးငယ်စွာ မျက်ရည် ဖြိုင်ဖြိုင်ကျနေသည် ့

ညီငယ် ညီမငယ် များကို လှည့်ကြည့်လိုက်သည် ။

အစ်ကိုကြီးအဖရာ မဟုတ်ပါလား ။ ဘဝသည် ခါးသည် ။

***************

 

**************

 

**************

တိုက်အိမ်တလုံး…အခန်းတံခါးကိုဆွဲဖွင့်လိုက်သည် ။

လူမိုက်သုံးယောက်ခန့်မှ နောက်ကျောကို ဆောင့်တွန်းလိုက်သဖြင့်

ကြမ်းပြင်ကို ဒလိမ့်ကောက်ကွေး ကချင်လူချောလေး ဆောရိုး လဲကျသွားသည် ။

တံခါးသည် ဂျပ်ကနဲ ပြန်ပိတ်သွားသည် ။

ကံသည် ဆိုးသည် ။ရမ္မက်သည် ထန်သည် ။

အခန်းအပြင်အဆင်ကခပ်မှိန်မှိန် ပြာလဲ့လဲ့ အရောင် ..

..နှစ်ယောက်အိပ်ဖဲသားကုတင်ကြီးတစ်လုံး ..ချယ်နယ်.ရေမွှေးနံ့ သင်းနေသော လေထု …

အမြည်းအစုံအလင်ဖြင့် စားပွဲဝိုင်းကြီးတလုံး ..XO ပုလင်းလုံးကြီး တစ်လုံး …

.ရမ္မက်ခိုးများဖြင့် ရီဝေနေသော သူဌေးမကြီး ဖြူဖွေး …

ကိုယ်လုံးမြုပ်မတတ် ..အိစက်နေသော ဆိုဖာခုံကြီးအပေါ်မှ ခြေချင်းချိတ်ရင်းက ..

..ခပ်မှေးမှေးကြည့်လိုက်သည် ။ စီးကရက်မီးခိုးများကြားတွင် ..

ကချင်လူချောလေး ဆောရိုး …မျက်ရည်ဝေ့လာသည် ။( တောက်..အတော်ဇတ်နာစရာကောင်းဗျ…အဟိဟိ )

အဆီပြန်နေသည့် သူဌေးမကြီး ဖြူဖွေး သည် အောင်နိုင်သူအပြုံးနှင့် ….

“” တကယ်တော့ အောင်ပွဲဆိုတာ ..စနစ်တကျ ပြင်ဆင်ထားသူတွေသာ …ပိုင်ဆိုင်ခွင့်ရတဲ့အရာ “”

ကညော့တော့တော့ကပြောတတ်လိုက်သေးသည် ။

အိပ်ခန်းနံရံတွင် သမင်ပျိုတစ်ကောင်အား

လည်ကုပ်မှ ခဲထားသော ခြင်္သေ့ပျိုမ ၏ လက်ရာမြောက်လွန်းသော ကျောက်စီ ပန်းချီကား …

. ပြင်ဦးလွင်ချယ်ရီတို့ ယခုနှစ်မှ အကြွေစော သည် … အဟိဟိ ..

. *****************

 

*****************

 

*****************

ဆယ်နှစ်ခန့် ကြာပြီးနောက် …..

“” သားလေ ..ဖေ့ဆီလာပါအုံး .. ”

” ဖခင်ခြေရာနင်းသောချောမောခန့်ငြားသည် ့ ဆယ်နှစ်သားကောင်ကလေးက ပြေးလာသည် ။

“” ဖေဖေ..မေမေက ဖေဖေ့ကိုအရမ်းနိုင်တာပဲနော်. .အရမ်းလဲချုပ်ချယ်တာပဲ ..”

” မိခင်၏ ကိုယ်လုံးပြည့် ပုံတူပန်းချီကားကြီးကို ကြည့်ရင် း လေသံတိုးတိုးဖြင့် မေးလေသည် ။

“” အင်း..မင်းအမေပေါ့ ….ငါ့ကို ဇွတ်အကြွေးနဲ့သိမ်းတာလေ…. “”

“” ခုတော့လဲ သူကကောင်းရှာပါတယ်ငါ့အပေါ်……””

“” တကယ်တော့ဖေဖေ့ဘဝ ကသိပ်တော့လဲ မခါးလှပါဘူးကွယ် . “”

ဖခင်ကြီးဆောရိုးက သားဆောရိုးကိုမျက်ရည်ဝေ့ရင်း မှာတမ်းခြွေသည် ။

နှင်းပွင့်များဝေနေသည့် ဒီဇင်ဘာလသည် တိတ်ဆိတ်စွာချဉ်းနှင်းဝင်ရောက်လာလေသည် ။
အချစ်နှင့်အမုန်းသည် ဒင်္ဂါးပြား ခေါင်းနှင့်ပန်းကဲ့သို့ …တစ်ချက်လှည့်သာကွာခြားသည်မဟုတ်ပါလော…

 

“” ဝူးးးးးးးးးးး..ဖွတ်ချက်ဖွတ်ချက် “” အိမ်ရှေ့တွင် ကားသံကြားရလေသည် ။

ပြောင်လက်တောက်ပသော ကားနက်ကြီးသည် ငြိမ့်ကနဲ ဆင်ဝင်အောက်ထိုးရပ်လာသည် ။

ကချင်လူထွားကြီးဆောရိုး အပြေးအလွှား တံခါးဖွင့်ရင်းက စလင်းဘက်အိတ်အနက်ကြီးကို ကူသယ်လိုက်သည် ။

“‘ ရမ်းချစ်နေတယ်မလားးးးးးး ခိခိ “” 

သူဌေးမကြီးဖြူဖွေး…..ပြောနေကျလေသံဖြင့် .ကညုတုတု လှမ်းချွဲလိုက်သည် ။

ကချင်လူထွားကြီး ဆောရိုးတွင်  ပြန်ပြောစရာ စကားတစိုးတစိမှမရှိ ။ ကချင်လူညိုချော နုထွားကြီးဆောရိုးအား ..တစ်ဖက်သတ်အနှစ်နှစ်အလလချစ် မြတ်နိုးခဲ့သော သူဌေးမကြီးဖြူဖွေး ထံ သူ၏ သနားချစ်များ ထုနှင့်ထည်နှင့် ရောက်ရှိခဲ့နှင့်ပြီး ဖြစ်သည် ..

( အဟိဟိ ….ဒီနေရာ ရေးရတာ အလွန်ကျေနပ်သကွာ )

အိမ်ကြီးအတွင်းမှ အိမ်ဖော်အခြွေအရံများ ဆောက်တည်ရာမရ အပြေးအလွှားနေရာယူကြလေသည် ။ .

..သူဌေးမကြီးပြန်လာပြီမဟုတ်ပါလား …

. “” သဲလေ…..ဒီနေ့ အရမ်းမောတာပဲ ကိုကိုရယ် ..ဇက်ကြောဆွဲပေးရမယ်နော် . ကိုကို ဒီနေ့ဘာချက်ထားလဲ ..””

“” ကိုကို့ကို …လွမ်းနေတာ တနေကုန်ပဲ “”

“” သားလေးမေမေ့ဆီလာပါအုံး .အမောပြေလိုက်တာ .

.ဖအေတူသား အချောလေး ..””

တရစပ်လွှတ်ရင်းက ထမင်းစားခန်းဆီသို့

ရယ်မော ပျော်ရွှင်စွာ သားအမိနှစ်ယောက် ချီတက်သွားလေသည် ။

ကောင်းကင်တွင် လမင်းတစ်စင်းရွှန်းရွှန်းပပသာသည် ။

လေညှင်းတို့က ပန်းရနံ့များကို သယ်ဆောင်လာသည် ။

……………….

………………

…………….. .

…………….ပြီးပါပြီ ……………….

30 comments

  • ဦးကျောက်ခဲ

    December 4, 2013 at 10:06 am

    တိန်… ဒါဆို မောင်ဆောရိုး ဘလက်ကော်ဖီ အဖျော်ခံလိုက်ရတာပေါ့…
    ချစ်တီးမကြီး ဖြူဖွေးဆိုတော့ အသားအရည် မိုးချုပ်နေမှာ မြင်ယောင်သား…
    မသနားပါဘူးဗျာ… ဟီ ဟိ
    😀

    • sorrow weaver

      December 4, 2013 at 10:12 am

      ဟုတ်တယ်ကျောက်စ် …ကျော့်ကို သိပ်အနိုင်ကျင့်လို့ …ရွာထဲလာဖွတာ..အဟိဟိ

  • KZ

    December 4, 2013 at 10:11 am

    ဟိ။
    သူ့ဟာသူ ရေးမှ တကယ် ကို ဥလဲကွဲ သိုက်လည်းပျက် ဆူးလည်းကျိုးးးး၊

    😀

    ဟို အပျိုကြီးတော့ စွေ့စွေ့ခုန်တော့မယ်။
    :mrgreen:

    • sorrow weaver

      December 4, 2013 at 4:42 pm

      ဒီနေ့ လေယာဉ်ပေါ်ကဆင်းလာရင် အခွက်စုတ်မယ်တဲ့ ….လော်လီပေါ့စုတ်သလိုစုတ်မှာလား ..အဝတ်စုတ်ခွေးဆွဲသလို စုတ်မလားတော့မသိ…အဟိဟိ …ထိရဲထိကြည့်….မေဂရေ့စ်ပယ်ရီလေးကို အနစ်နာခံပြီး ပစ်စလက်ခတ်ထိုးပေးပစ်မယ်…

  • Wow

    December 4, 2013 at 10:17 am

    အနက်နုရောင်အသားအရေလေးနဲ့ သထေးမဂျီးဖြူဖွေးက ကချင်နုထွား ဗေလုဝလေးကို သိမ်းပိုင်သွား သပေါ့လေ… 😛

    • sorrow weaver

      December 4, 2013 at 10:42 am

      လေယဉ်မယ်ကြီးရေ ..ခင်ဗျားလေးကို အနက်နုရောင်အသားအရေတဲ့ ….တစ်ယောက်ကဘလက်ကော်ဖီဖျော်တယ်တဲ့…ခုခွိခုခွိ…..ကိုကိုပြောဘူးနော်…လူညားပြောတာ …အဟိဟိ

  • ဦးကြောင်ကြီး

    December 4, 2013 at 10:50 am

    ကချင်နုထွား
    လျှာခင်ပြုယား
    ခါးတင်ဥဝါး
    ပါးပြင်ဖုညား
    နားလျင်ညုထား
    ကားစင်သူ့အား
    ငါးရှင်ယုတွား
    ဖားကင်လုစား..

  • TNA

    December 4, 2013 at 10:56 am

    အောင်မယ်လေး တကတဲတော် အောင်မယ်လေး တကတဲတော် အောင်မယ်လေး တကတဲတော်
    ဘယ်သူမှ သူ့ကိုလှတယ်မပြောတော့ သူ့ဟာသူအားတင်းပြောနေရချာဒယ်။ အကြွေးသိမ်းမဲ့သူကလဲ မချိတော့ သွ့သူမှန်ကျိပြီး ကွ့ကိုသိမ်းခံလိုက်ရဒယ်။ :mrgreen:

    • sorrow weaver

      December 4, 2013 at 11:49 am

      အောင်မလေးတော်..အောင်မလေးတော် .အရင်းရှင်..သူဌေးမကြီးအချင်းချင်းပင်းတာပေါ့လေ…ဂရုဏာသက်မယ်မရှိဘူး …ကိုကြီးသဲရာ..ကယ်ပဲတော်…ကယ်ပဲ …ခုခိခုခိ

  • မဟာရာဇာ အံစာတုံး

    December 4, 2013 at 11:21 am

    အခု စာရေးသူ ဆောရိုး ကရော
    နုထွားလှလှကြီး လား ???
    ဟိုဆောရိုးတွေနဲ့ ဘာတော်ဒလဲ တိဘာရစေ ခည …
    ဟိုဖြူဖွေးဆိုတဲ့ ဂျီးဒေါ်ကြီးကရော ဘယ်ဂလို နှိပ်စက်တာဒုန်း မတိဘူး
    အပေါ်ဂ နှိပ်စက်တာလား အောက်က နှိပ်စက်တာလား ခည …
    အိုက်ဒါလေး တိဘာရစေ …. ငိငိငိ

  • kyeemite

    December 4, 2013 at 11:44 am

    ကတောက်စ်…ဇတ်နာတယ်ကွာ…( 😥 )
    ကချင်လူထွားကြီးဆောရိုး ချောချက်ကတော့ ငါးရှဉ့် ကိုစက်ဆီသုတ်ထားသလိုပါလား 😀

    • sorrow weaver

      December 4, 2013 at 11:55 am

      လူဆိုးတွေလာဆွဲတဲ့အခန်းမှာ…ဗမာ အသုဘတွေမှာထည့်တတ်တဲ့ နှဲသံလေး
      ဒါမှမဟုတ်..မိတဆိုးရှင်ပြုထဲကလို ဗျာသံလေး…ထည့်လိုက်ရမှာ..နောက်ခံတီးလုံးကို …
      မင်းသားဆောရိုးကတော့ ပိတ်သတ်တွေမေတ္တာတပွေ့တပိုက်ကြီး ရမှာ ..နော့့်..ဦးမိုက်နော့်….

  • အဘရဟူဒီ

    December 4, 2013 at 1:31 pm

    အော်… ဆြာ ဂျင်… ပျောက်နေပါတယ်လို့ …လက်စသတ်တော့ ဆြာက ဒီမှာ လာသောင်းဂျန်းနေတာကိုး…

    ဆြာချမ်း တို့ ဆြာနတ်တို့ … ကိုကြပ်တို့ ရော ပါဝူးလား …

    အာ…ဟိ

  • alinsett

    December 4, 2013 at 2:21 pm

    အမ်းမလေးးး ဒဂဒဲဗျာ

    ကချင် နုထွားဂျီးရဲ ့ချစ်ပုံပြင်

    :kwi:

  • Mr. MarGa

    December 4, 2013 at 5:33 pm

    ဪ….ခါးလိုက်တဲ့ဘွ
    ဖတ်ရင်းနဲ့ မျက်ရည် ဘူးသီးလုံးလောက်တောင် ကျလာဒယ်…
    ဒါမျိုး မခံနဲ့ ဆန်ဒပြမယ်
    ယောက်ျားထုအခွင့်အရေး ချက်ချင်းပေး……. :mrgreenn:

    • sorrow weaver

      December 5, 2013 at 10:46 am

      နာအသံတောင်မထွက်နိုင်တော့ဘူး …နာကြီးက ကျွဲကောပင်အောက် ကိုယ့်ကိုကိုယ်ကျပျောက်တဲ့ တစ္ဆေ….အဟိဟိ

  • Thein Zaw

    December 5, 2013 at 2:49 pm

    ဖတ်ရတာငယ်ငယ်က Black and White ရုပ် ရှင်ကြည့်ရသလိုဘဲ။။

  • ” ခွီးး… လုပ်စားတော့မိုးခေါင် …ခိုးစားတော့ခွေးဟောင် ..ဆိုတာငါကြီးမှ အစစ် ..

    ငါ့ဘဝမလဲ သောက်ရုပ်က သေအောင်ချောတာကလွဲရင် ..တစ်ခုဆိုတခုမှမကောင်း ..”

    ဖျားဖျား ဖတ်မိလေတာငါ့အမှားးးးးးးးး
    ဟိုလယင်မယ်လေးသာ သူ့နာမယ်အလွဲသုံးဇားအလုပ်ခံထားရမှန်းသိရင်
    တလံလောက်မြင့်အောင်ဆွ့ဆွေ့ခုန်မယ်
    ကျွတ်စ် ကျွတ်စ်
    🙄

    • sorrow weaver

      December 7, 2013 at 10:02 am

      အလိုလေး…အလိုလေး…လေယဉ်မယ်ဟုတ်ဘူး …ငရဲသမီး….အဲ့ရာ.. ငရဲသမီး…အဟိဟိ ….

  • အောင်မယ်လေး..လေး.. ရင်နာလိုက်တာ…
    ဘူက ချစ်တီးတုန်း.. ဘူက မတရားသိမ်းတာတုန်း…
    အောင်မယ်လေး…. နာ စားထားတဲ့ ဟမ်ဘာဂါတွေ လည်ပင်းမှာတောင် တစ်နေပီ… :mrgreen:

    • sorrow weaver

      December 7, 2013 at 1:48 pm

      အန်တီမွန်မွန်..ခင်ညား..ဘာသူ့လူကိုယ့်ဘက်သားလုပ်ပြီး….ယောက်ျားနိုင်ဆေးပိုင်ရှင်အချင်းချင်း ပင်းသတုန်း….ကျုပ်အနိုင်ကျင့်ခံရတာ ..ခင်ညားအသိဆုံး…အဟိဟိ ….

  • Foreign Resident

    December 7, 2013 at 4:49 pm

    အသိမ်းသာ ခံလိုက်ပါ ၊ ကချင်နုထွားကြီး ရေ ။
    သူချစ် ဘဝ ဟာလည်း ၊ ပျော်စရာတွေ ရှိပါတယ်ဗျာ ။

  • Ma Ma

    December 7, 2013 at 5:40 pm

    ဖတ်ရတာတော့…
    (စီးကရက်မီးခိုးများကြားတွင် .. ကချင်လူချောလေး ဆောရိုး …မျက်ရည်ဝေ့လာသည် ။) တဲ့။
    မျက်စိထဲမြင်မိတာတော့ …
    (စီးကရက်မီးခိုးများကြားတွင် ..ကချင်လူချောလေး ဆောရိုး …ပါးစပ်နားရွက်တက်ချိန်လေတော့သည် ။) 😆

    • sorrow weaver

      December 7, 2013 at 6:48 pm

      အန်တီမမ …ဘာဆိုဘားးးမှ နားရွက်မချိတ်ဘူး…ဘဖော ပြောလို့ ..မဟုတ်ရင်တော်လှန်တော့မှာ …အဟီးဟီး …ဘဖောစကားက မမှားလောက်ဘူး…

  • padonmar

    December 7, 2013 at 11:40 pm

    ဒီဒူဝါ အတည်ရေးရင်လည်း ဖတ်ကောင်းမှာသေချာတယ်။
    အခုတော့ ပါးစပ်ပိတ်မရဘူး။

    • sorrow weaver

      December 9, 2013 at 9:38 am

      ပေါတောတောပဲ ရေးတတ်ပါ ..အန်တီဒုံရာ..အဟီး

  • ဗုံဗုံ

    December 8, 2013 at 1:24 pm

    အော်..ကရိုး…ကရိုး…..
    ဖြစ်ချင်တာတွေကို ဇာတ်ကောင်
    ပြောင်းပြန်လှန်ပြီး ရေးတယ် ထင်ပါ့…. :mrgreen:

    • sorrow weaver

      December 9, 2013 at 9:43 am

      ဘာဆိုဘားမှမသိဘူးပဲ ..အောင်ရဲလင်းကလေးနှယ့်..အတော်တော့ စိတ်ရှည်ရမယ်.. ခုခွိခုခွိ

  • Novy

    January 21, 2014 at 5:01 pm

    ကချင်လေးရ.. ချစ်တီမက ရှင့်ကို “နန်ဖက်ငိုင်စောရအိုင်” လို့တောင်မပြောပဲ သိမ်းပိုက်လိုက်တာပေါ့နော်

    • sorrow

      January 21, 2014 at 5:09 pm

      အင်အားသုံးတယ်လေ… ကျော့်ခါးလောက်ရှိတဲ့ လက်မောင်းတုတ်တုတ်ကြီးနဲ့….အာဟိ

Leave a Reply