Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သရဲ အခြောက်ခံရတဲ့ဂဇက်ရွာ (ဇာတ်အပြီးသတ်)

alinsettJanuary 20, 20146min65527

 

 

သရဲအခြောက်ခံရတဲ့ဂဇက်ရွာ ပထမပိုင်းကို…. ပြန်ဖတ်မယ်ဆို…..ကလစ်လိုက်ပါနော်…

အဲဒီအချိန်မှာပဲ. . . . . .

ညောင်ပင်ကြီးက ပက်ပက်စက်စက် ရမ်းခါသွားတယ်. . . .

 

သစ်ရွက်လှုပ်သံတဝေါဝေါကြီးကြောင့် . . .

ရွာသူားအားလုံး အော်နေတာတွေ ရပ်သွားတယ်. . .

 

လာပြီနေမယ်. . . .

သရဲကြီး ထွက်လာတာဖြစ်မယ် ဆိုပြီးးး

အသက်ရှူဖို့တောင် မေ့ကုန်ကြတယ်။

 

အားလုံးက ရင်တထိတ်ထိတ်နဲ့ ညောင်ပင်ကြီးကိုပဲ မျက်တောင်မခတ် စူးစိုက်ကြည့်နေကြတယ်. . . . .

 

ရုတ်တရက် . . . .ချောက်ချားစရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်ပြီး ကြယ်ရောင်အောက်မှာ သူတို့တွေ တုတ်တုတ်တောင် မလှုပ်မိကြဘူးးး

 

ကိုယ့်အသက်ရှူသံကိုတောင် ကိုယ်ပြန်ကြားနေရချိန်. . . . . .

 

အဲဒီအချိန်မှာပဲ. . . . . .

 

ရုတ်တရက်. . . . . .

 

. . . . . . .

 

. . . . . . .

. . . . . . .

. . . . . . .

. . . . . . .

 

 

. . . .

. . . .

. . . .

အဲဒီ အချိန်မှာပဲ. . .

ရုတ်တရက်. . . .

ဟားဟား… ဟားဟားးးးး

ဆိုတဲ့ ရယ်သံကြီး ဟိန်းထွက်လာတယ် . . .

 

တိတ်ဆိတ်ငြိမ်သက်သွားတဲ့ခဏမှာမှ ရယ်သံကြီးက ကျယ်ကျယ်လောင်လောင် ထွက်လာတာဆိုတော့ . . .

အားလုံး လန့်ဖျန့်ကုန်တယ် ။

Gအုပ်စုထဲက . . .ကြောက်လန့်တကြား

ညည်းတွားအော်ဟစ်လိုက်တာက

” အမလေးတော် သ သ သရော်ဒကဲ. . . .ထင်တယ်. . . ”

 

ဒါပေမယ့်. . . အဲဒီ ရယ်သံကြီးက အဆက်မပြတ်ထပ်ထွက်နေတာ. . . .

 

ညောင်ပင်ကြီးပေါ်က မဟုတ်ဘူး ။

 

သူတို့ သရဲဖမ်းမယ့်အဖွဲ့ရဲ့ အလည် လူအုပ်ကြားထဲက ရယ်နေတာ. .

 

အားလုံး တုန်ခနဲဖြစ်သွားပြီး ပြူးပြူးပြဲပြဲ ကြည့်လိုက်ကြတယ်. . . . . .

 

လူအုပ်ကြားထဲများ သရဲကြီးရောက်နေပြီလားးးး

ဒါဆိုရင်တော့. . .

ဒီလူအုပ် သရဲအစားခံရတော့မှာပဲ ဆိုပြီးးးး

ကြည်လိုက်တော့. . . .

တဟားဟားနဲ့ ဟီလာတိုက် ရယ်နေတာက

. . . . . . . . .

 

” သဂျားးးး ”

 

မျက်နှာသေကြီးနဲ့ ဟီလာတိုက်နေတာ. . .

သူ ရယ်တာ ပုံမှန်မဟုတ်ဘူး။

 

မျက်လုံးကြီးက ကြောင်စီစီနဲ့ . . .

သွားရည်တွေကလည်း တများများကျလို့ . .

သရဲများ ပူးထားသလား ဆိုပြီး

သူ ့အနားကနေ ရှဲခနဲ ခွါလိုက်ကြတယ်. . .

 

ရယ်သံကြီး ရပ်သွားတယ်. . .

သဂျားဟာ. . . . မျက်လုံးပြူးကြောင်ကြောင်ကြီးနဲ့ . . .

အားလုံးကို လိုက်ကြည့်တယ်. . . .

ပြီးတော့ လက်နှစ်ဖက်ကို ရှေ့ဆန့်တန်းလိုက်တယ်. .

ခေါင်းကို စောင်းလိုက်တယ်. . .

ပြီးတော့ လေသံတမျိုးနဲ့ အကျယ်ကြီးအော်ပြောနေလေရော. . . .

 

”အရူးတွေ. . . ခများတို့အားလုံးအရူးတွေ

လူသားအားလုံးကို ကျုပ်ကအရူးပဲထင်တယ်ဗျာ. . .

ကဲ ကဲ ရန်ပွဲတွေ ရပ်. . .

စစ်မဖြစ်ကြနဲ့. . . .

လူသားတိုင်း တာဝန်တစ်ခုခု ယူကြ . . .

အရူးဒွေ. . . ခညားတို့အားလုံး အရူးဒွေ . . .

လူသားအားလုံးကို အရူးစားပါတယ်. . . .ဟီဟီ”

 

အဲဒီလို ကျော်ဟိန်းအိုက်တင်ကြီးနဲ့ လက်ညိုးစုံ ထိုးထိုးပြီး ကတ်ကတ်လန်အောင်

ရန်တွေ ့နေတော့တာ. . .

 

ဦးကျော်ဟိန်းကြီး အရူးအိုက်တင်သရုပ်ဆောင်နေတာနဲ့မတူဘူးးး

 

ဦးကျော်ဟိန်းကြီးးတကယ်ရူးသွားတာနဲ့ သွားတူတာ . . .

ပီပြင်လွန်းလို ့. . . .

 

အားလုံးက သိလိုက်ပြီ ။

 

သဂျားလေး စိတ်နောက်သွားပြီ ။

 

နဂိုကမှ ကြောက်တတ်လွန်းတဲ့သဂျားး

ချောက်ချားဖွယ်ရာ အခြေအနေကြား လိုက်လာပြီး စိတ်မခိုင်လို့ ရူးသွားရှာပြီ ။

 

အခု ကြည့်. . . . . .

 

ပျော်တယ်ဟေ့ ပျော်တယ်ဟေ့ ဆိုပြီး ကွေးနေအောင်ကနေလိုက်တာ . . . .

မျောက်က မှ မျောက်ကအစစ် . . .

 

သဂျားရူး... တအားထူး...
သဂျားရူး… တအားထူး…

အဲဒီမှာ . . . တစ်စခန်းထလာတာက. . . .

မာမီဂီ . . . .

ကနားစီးပီပီ အဆိုအငို အမူအယာပိုင်ပိုင်နဲ့

ထဟဲတာ. . . .

 

” အောင်မယ်လေးးးးးရယ်မှ . . . . . .

ပြောရတော့မယ်. . . .

သဂျားရယ်.. . ညှစ်မှ ထွက်ရလေခြင်း . . .အဲမှားလို့. . . . . ဖြစ်မှဖြစ်ရလေခြင်း . . . .

ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ရူးသွားတော့ မမဂီလေ . . . . ယူကြုံးရယ်မရ . . . အပူလုံးနှယ်ကြွခဲ့ရပါပေါ့. . .

အောင်မယ်လေး သဂျားလေးရဲ့. . . .

ဖြစ်မှ ဖြစ်ရလေ သဂျားရယ်. . . .

ဒီလိုမှန်းသိရင် အစကတည်းက မမဂီတို့လိုင်းထဲ သွင်းခဲ့ပါတယ်တော့်

ကျဥ . . .ကျဥ အု အု ”

 

 

 

အမူအယာပိုပိုနဲ့ မဲ့ကာရွဲ့ကာ . . . အိုဗာတင်းတွေ ဖျော်နေတဲ့ မာမီဂီ ကို

တော်ပါတော့လို ့ ပြောတော့မယ်ဟန်ပြင်နေတဲ့ . . . ဦးဆာမိ

ပါးစပ်ကြီးဟစိဟစိ ဖြစ်သွားတယ် ။

မျက်လုံးကြီးလည်း ပြူးသွားတယ် ။

လက်ညှိုးကြီးကိုလည်း ညောင်ပင်ကြီးကို ထိုးပြပြီး ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေတယ် ။

 

အားလုံးကလည်း ညောင်ပင်ကြီးကို ကြည့်လိုက်ကြတယ် ။

 

ဘုရား ဘုရားးးးးးးးးးးးးး

 

ညောင်ပင်ကြီးပေါ်ကနေ တစ်ခုခု တွယ်ကပ်ဆင်းလာနေတယ်။

 

မည်းမည်းအရိပ်ကြီးအဖြစ်ပဲ မြင်ရတယ် ။

ဒါပေမယ့် ညှီစို ့စ်ို ့အနံ့ဆိုးတစ်ခု ရနေတယ်။

 

ဖြစ်နေသမျှ မြင်တွေ ့ရတာကြီးက မသတီစရာကောင်းလွန်းနေတယ် ။

 

အဲဒီ မည်းမည်းကြီးဟာ သရဲကြီးပဲ ဖြစ်မယ်။

သူ ညောင်ပင်ပေါ်က ဘာလို့ဆင်းလာတာလဲ. . .????

 

သရဲဖမ်းမယ့် အုပ်စုကို ဂုတ်ချိုးသတ် စားမလို့ များလားးး????

 

ညောင်ပင်ပေါ်က တွယ် ဆင်းနေတဲ့မည်းမည်းကြီးကို ပြူးကြည့်နေရင်းးး

အားလုံး ကြက်သေသေနေကြသလိုပဲ။

 

ပြေးဖို့လည်း သတိမရကြဘူး ။

 

လေက သုတ်ခနဲတိုက်ခတ်သွားတယ်။

 

ညောင်ရွက်တွေ တရှဲရှဲအော်မြည်လှုပ်ရမ်းသွားတယ် ။

 

ညှီစို့စို့ အနံ့ဆိုးက ပို သိသာသွားတယ်။

 

အနေအထားက သိပ်မကောင်းဘူး။

 

မည်းမည်းကြီးဟာ မျက်စိအောက်မှာ ကြည့်ရင်းနဲ့ပဲ ပျောက်သွားတယ်။

 

ညောင်ပင်ပေါ်ပြန်ရောက်သွားပြီလားးး

လူအုပ်ထဲရောက်နေပြီလားးးး

မသဲကွဲဘူးးးး

 

မာမီဂီရဲ့ ကြောက်လန့်တုန်လှုပ်စွာ ရေရွတ်ညည်းတွားသံသဲ့သဲ့ . .

ဖရော်ဒကားးး ဖရော်ဒကားးးး ဆိုပြီး ကြားလိုက်ရတယ် ။

 

(( Gအုပ်စုက ဖြစ်တာကနည်းနည်းဆို ဂယက်ထတာက များများပဲ။))

 

ညောင်ပင်ပေါ်က သရဲကြီး ဘယ်ရောက်သွားပါလိမ့်ဆိုပြီး

ပြူးကာပြဲ လိုက်ကြည့်ကြပေမယ့်

ဘာမှ ထပ်မထူးခြားတော့ပြန်ဘူး။

 

အခြေအနေက

မုန်တိုင်းတိုက်ခါနီး အချိန်လို မသင်္ကာဖွယ်ရာ ငြိမ်သက်နေတာ . . . . .

 

တိတ်ဆိတ်မှုကို ဖျက်လိုဖျက်ဆီး လုပ်ပြီး ရဲစိတ်တင်ထားတဲ့အသံနဲ့ အော်လိုက်တဲ့

အံစာတုံးရဲ့ ဟေ့ထွက်ခဲ့ဇမ်း သရဲဇုတ် ဆိုတဲ့ အသံကလည်း

ဘာမှ ထူးထွေမသွားဘူး။

 

တိတ်ဆိတ်မြဲ တိတ်ဆိတ် ငြိမ်သက်မြဲငြိမ်သက်နေတယ်။

 

ဒီလို အနေအထားကြီးနဲ့ နေရတာ မသိုးမသန့်ခံစားရလွန်းလို့

တစ်ခုခုကို ဆုံးဖြတ်မှ ဖြစ်တော့မယ် ။

 

ရွာဆော်ကြီး ရွှေတိုက်က . . .

 

” ဒို့ လူအုပ်စု များလို့ အဲ့ဒီသရဲ ကြောက်နေတာများလား . . . .”

လို့ ပြောတယ် ။

 

” ဒီလိုဆိုရင်တော့ ဖမ်းဖို့မလွယ်ဘူး ”

လို့ ဝင်ပြောတာက ကိုအမတ် . . .

 

” ဒါဆိုလည်း ဖမ်းမိမယ့် နော်ဒကီး လော်ဒကမ်းတစ်ခုခု လုပ်ကြပါလားတော့် ” လို့ . . .လျှာ ထ ရှည်တာက မာမီဂီ. . . .

 

နောက်ဆုံးမှာတော့ ကုလားနာမည်နဲ့ တရုတ်ကြီးကပဲ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ် ။

 

” ကိုင်းးး ဒို့ ရွာသား လူဗျိုများး သတ္တိရှိကြသလားဟေ့ ”

 

အဲဒီလို အော်မေးလိုက်တော့ တော်တော်များများက

” ရှိဘာဒယ် ရှိဘာဒယ် ”လို ့ ထအော်ကြတယ် ။

 

ဂဇက်ရွာရဲ့ လူပျိုချောလေး

အလင်းဆက်

သို့မဟုတ် ဒညင်းဝက်ကတော့ ကဗျာချစ်သူပီပီ သူရေးခဲ့ဖူးတဲ့ ကဗျာစာသားတစ်ခုကို တိုးတိုးရွတ်နေတယ် ။

_________________________________

 

” ငါ့မှာ သတ္တိတော့ ရှိပါတယ် . . . .

ဒါပေမယ့်. . . .

ထုတ် မသုံးရဲသေးဘူး . . .”

 

_________________________________

 

ဦးဆာမိက သေချာအောင် ထပ်မေးတယ်။

 

” တော်ကြာ သဂျားလို ကြောက်ပြီး ရူးသွားဦးမယ်နော် . . . .” လို့လည်း သတိပေးတယ် ။

 

ဒါပေမယ့် . . . .

ဘယ်သူမှတော့ . . .

သဂျားလို သည်းချေမပျက်ချင်ကြပါဘူး။

 

:kwi:

 

” ကိုင်း ဒါဖြင့် . . .လူစုခွဲမယ် ။

တစ်ယောက်ပဲ ဒီညောင်ပင်ရှေ ့နေခဲ့ရမယ်။

အဲဒီတစ်ယောက်က

ညောင်ပင်ပေါ်က သရဲကို

ထွက်ခဲ့စမ်း လိုက်ခဲ့စမ်းလို့ခေါ်ခဲ့ရမယ် ။

ငါတို ့ လူတွေက ဟိုခပ်လှမ်းလှမ်းမှာ အင်အားစုစည်းပြီး စောင့်နေမယ် ။

အဲဒီကို သရဲကြီး ပါလာအောင် မျှားခေါ်ခဲ့ ”

 

ကြံရာမရတဲ့အဆုံး ဒီလို လုပ်တာမဆိုးဘူးလို့ ယူဆကြတယ်လေ ။

 

လူစုခွဲတော့ ညောင်ပင်ရှေ ့နေခဲ့ရမယ့် သရဲမျှားသူ ဘယ်သူ လုပ်မလဲ ပေါ့. . .

 

တစ်ယောက်မျက်နှာတစ်ယောက် လိုက်ကြည့်ကြတယ် ။

 

အချိန်ကြာကြာဆွဲမနေကြတော့ပါဘူး။

 

” ကျုပ်နေခဲ့မယ် ”

 

အောင်မြင်ခန့်ညားတဲ့ အသံနဲ့ ရှေ့ကို မားမားမတ်မတ် တိုးထွက်လာတာက

ဗလ အလွန်တောင့်သော ” အံစာဒုန်းးးး ”

 

အံစာဒုန်းက. . . .

ရင်ကိုကော့ ခေါင်းကိုမော့ပြီး

လူ ့လက်မောင်းနှစ်ဖက်ကို ကာယဗလမောင်တွေလို ကားကားကြီးလုပ်နေပြနေသေးတယ် ။

 

အံစာဒုန်းရဲ့ လက်မောင်းကြွက်သားကြီးတွေကို မြင်တော့ မာမီဂီတို ့ Gအဖွဲ့ရဲ့ စီခနဲညံခနဲ ရီသံတွေ တခွိခွိ ထွက်လာတယ် ။

 

” ငုံးဥ ခိခိ ”

 

အံစာဒုန်း . . . ဘာလို့နေခဲ့ပြီး . . .

ဘာလို့ သရဲမျှားသူ လုပ်တာလဲဆိုတာ အားလုံးက သိတာပေါ့။

 

ရွာထဲက သူ ့ကောင်မလေး ကို သူဘယ်လောက် သတ္တိရှိကြောင်း ပြချင်လို့လေ ။

သရဲကို တကိုယ်တည်းမျှားခေါ်နိုင်သူအဖြစ် သူ ့သတ္တိ ကို ပြချင်တာကိုးးး

 

အံစာဒုန်း တစ်ယောက်ထဲ နေခဲ့ပြီး ကျန်တဲ့သူတွေအားလုံးက ခပ်လှမ်းလှမ်းက အကွယ်မှာ သွားစောင့်နေကြတယ် ။

 

အံစာဒုန်း သရဲကို စိန်ခေါ်နေတဲ့ အသံ ထွက်လာတယ် ။

 

ဟေ့ သရဲ ထွက်ခဲ့ဇမ်းး သတ္တိရှိရင် ငါနဲ့လိုက်ခဲ့ဇမ်းးးး

 

အဲဒီအချိန်မှာပဲ ညောင်ပင်ကြီးဟာ ယိမ်းထိုးလှုပ်ရှားသွားတယ် ။

ညောင်ပင်ကြီးပေါ်ကနေ ကတုန်ကယင်နဲ့ အသံအက်ကွဲကွဲကြီးတစ်သံ ထွက်လာတယ် ။

 

သရဲကြီးရဲ ့စကားပြောသံ . . . .

 

ဘာပြောတာလဲ ဆိုတာ

မနည်း နားထောင်ရတယ် ။

 

သရဲကြီးရဲ့ အသံဆိုးကြီးဟာ ကြောက်မက်ဖွယ်ရာ ထွက်နေတယ်. . .

 

” ပစ်ချလိုက်ရမလားးးး

ပစ်ချလိုက်ရမလားးးးးးးးးးးး

ပစ်. . .ချ. . . လိုက်. . . .ရ. . . .မ. . . .လားးးး ”

 

ပစ်ချလိုက်ရမလား ဆိုတဲ့ အသံကြီးက

ကြောက်စရာကောင်းလွန်းလို ့ ကြားလိုက်ရသူတိုင်း တုန်လှုပ်သွားမှာ သေချာတယ် ။

 

အံစာဒုန်း ကိုယ်တိုင်လည်း အထိတ်ထိတ်အလန့်လန့်နဲ့

ပစ်ချလိုက်ရမလားဆိုတဲ့ အသံတောင်မဆုံးလိုက်ဘူး

 

မပစ်ချလိုက်ပါနဲ့ ဆိုပြီး အော်ဟစ် ပုဆိုးစွန်တောင်ဆွဲပြီး ပြေးတာများ မှုန်လို ့ ။

 

သဂျားလို ရူးမသွားတာ ကံကောင်း ။

 

အံစာဒုန်းအခြေအနေ မဟန်တော့ နောက်တစ်ယောက် သွားရမယ် ။

မျှားခေါ်ရမှာကိုးးး

(အတိုချုပ်ပြောရရင်တော့. . .)

တစ်ယောက် ပြန်ပြေးလာလိုက်

နောက်တစ်ယောက် သွားလိုက်

သရဲကြီးက ပစ်ချလိုက်ရမလားးးအော်လိုက်

မပစ်ချပါနဲ့ဆိုပြီး ပြန်ပြေးလာလိုက်

နောက်တစ်ယောက်သွားလိုက်နဲ့ သံသရာလည်နေတာပေါ့ ။

 

ပစ်ချလိုက်ရမလားးဆိုတဲ့အသံကြီးက

မပြေးပဲ မနေနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ် ဂယောင်ချောက်ချားဖြစ်လောက်စရာကြီးကိုး ။

 

နောက်ဆုံးမှာတော့ ရွာ့ကာလသားချောလေး အလင်းဆက် (ဒညင်းဝက်) အလှည့် ရောက်လာပါလေရော ။

 

သရဲကို မျှားခေါ်ဖို ့

အလင်းဆက်က တာဝန်ဆက်ယူပြီး ညောင်ပင်အောက် သွားရပ်လိုက်တယ် ။

 

ပတ်ဝန်းကျင်တစ်ပြင်လုံး တိတ်ဆိတ် ငြိမ်သက်နေတယ် ။

 

လေတိုးသံ . . . .

သစ်ရွက်လှုပ်သံနဲ့ . . .

ဟိုးအဝေးက ခွေးတချို့ အူသံလောက်ပဲ ခပ်သဲ့သဲ့ ကြားရတယ် ။

 

ဒီလိုတိတ်တိတ်ဆိတ်ဆိတ် အချိန်အခါမျိုးမှာ . . .

သရဲကြီးရဲ့ အသံကြီး ကြားရင် ဒညင်းဝက်လည်း ရူးပြီး ထွက်ပြေးမှာပါ လို ့ အားလုံးက မှန်းထားပြီးသားးး ။

 

အဲဒီ အချိန်မှာပဲ . . . . .

 

အလင်းဆက်ရဲ့ အောင်မြင်ထည်ဝါတဲ့ အသံ ထွက်လာတယ် ။

 

” အဟမ်းး ရွှေသရဲကြီး ရေ. . .

ထွက်ခဲ့ပါဦးဗျ ။

ကျနော့်နောက် . . . လိုက်ခဲ့ပါဦးဗျ ”

 

အလင်းဆက်က ဘယ်သူမှ ထင်မှတ်မထားတဲ့ အသံမျိုးနဲ ့ . . .အေးအေးဆေးဆေး ညင်ညင်သာသာလေးပဲ လှမ်းပြောလိုက်တယ် ။

 

ချစ်သူ့ ့အိမ်ရှေ့မှာ သီချင်းဆိုနေသလိုလေးပေါ့ ။

 

အလင်းဆက် လေသံ ဘယ်လောက် နူးညံ့ သိမ်မွေ ့ပါစေ. . .

ဟို ညောင်ပင်ပေါ်က သရဲကြီးကတော့ လေသံ မပြောင်းလဲပါဘူးးး

 

ပစ်ချလိုက်ရမလားးး ဆိုတာချည်းပဲ ။

 

ပစ်ချလိုက်ရမလားးးဆိုတဲ့ အသံကြီးကြောင့် အလင်းဆက် သွေးပျက်မသွားပါဘူး ။

 

အေးဆေးပဲ ။

 

:kwi:

 

မကြောက်လန့်သလို အိုက်စတင်ကို အပီအပြင်ထုတ်ပြီး လက်နောက်ပစ်လိုက်တယ် ။

 

ပြီးတော့ အသံကို မှန်အောင်ထိန်းပြီး ညောင်ပင်ပေါ်က သရဲကြီးကို ပြန်ပြောလိုက်တယ် ။

 

” ပစ်ချလိုက်ဗျာ ”

 

သရဲကြီးက ထပ်မေးတယ် ။

 

အလင်းဆက်က ထပ်ဖြေတယ် ။

 

” ပစ် ချ လိုက် မလားးးး”

 

” အော် . . . .ပစ်ချလိုက်ပါဆိုနေဗျာ ”

 

အဲဒီ စကားအဆုံးမှာ . . .

အလင်းဆက် ရပ်နေတဲ့ ခြေထောက်အရှေ့နားကို

ညောင်ပင်ပေါ်က ပစ်ချလိုက်တဲ့ အထုပ်တစ်ထုပ်

ဘုတ်ခနဲ ကျ လာတယ် ။

 

သရဲကြီး ပစ်ချလိုက်ရမလားးဆိုတာ

အဲဒီ အထုပ်ကိုးးး ။

 

အုန်းသီးလုံးလောက် ရှိတဲ့

((အဝတ်တစ်စနဲ့ ထုပ်ထားတဲ့ ))

အထုပ်ကို သရဲကြီး ပစ်ချပေးလိုက်တာနဲ့ အလင်းဆက်က ပြောစရာရှိတာ ပြောထည့်လိုက်တယ် ။

 

” ကဲ ခင်ဗျား ဒလောက်တောင် ပစ်ချချင်နေတဲ့ အထုပ် ပစ်ချပြီးပြီ ။ ပစ်ချလိုက်ရမလားလို ့

တမေးထဲမေးနေစရာလည်း မလိုတော့ဘူး။

ဒီတော့ ခင်ဗျား go တော့ ။

နောက်နောင် ဒီညောင်ပင်မှာ ခင်ဗျားကိုလည်း မတွေ ့ချင်တော့ဘူး ။

ခင်ဗျားရဲ့ ပစ်ချလိုက်ရမလားဆိုတဲ့ အသံကြီးလည်း မကြားချင်တော့ဘူး။

ဟုတ်ပြီလားးး ကဲ လစ်တော့ ”

 

အလင်းဆက်ရဲ့

တည်ငြိမ် အေးချမ်းတဲ့စကားအဆုံးမှာ . . . .

ညောင်ပင်ကြီးဟာ ရှဲခနဲ တစ်ချက် လှုပ်သွားတယ် ။

 

ညောင်ပင်ကြီးပေါ်က မည်းမည်းအရိပ်ကြီးတစ်ခု တွယ်ကပ် ဆင်းလာပြီးးး

ဟို အဝေးက တောတန်းထဲ ငိုက်စိုက်ငိုက်စိုက် ထွက်ခွါသွားတာကို အားလုံး မြင်လိုက်ရတော့တာပါပဲ ။

 

____________

 

အလွန်တရာ သတ္တိရှိသော ကြောက်ရွံ့တုန်လှုပ်ခြင်း ကင်းသော

ရွာသားချောလေး အလင်းဆက်တစ်ယောက်လည်းး သရဲကြီး ပစ်ချပေးသွားတဲ့ အထုပ်လေးကို

ဆက်ခနဲ ကောက်ယူ ချိန်ဆရင်းးး

ပြန်လာခဲ့ပါတော့တယ် ။

 

သရဲဖမ်းတဲ့ အဖွဲ့ ထင်ထားတာက

အဲဒီ ပစ်ချသွားတဲ့ အထုပ်ထဲမှာ လူခေါင်းပြတ်ကြီးများလားးး

လူ ့အသည်း လူ ့အသားတွေများလား လို ့ တွေး ထင် နေကြတာပါ ။

 

အမှန်ကတော့ . . . .

ပစ်ချလိုက်ရမလားးးလို ့မေးလို ့ ပစ်ချလိုက်ဆိုလို ့ ပစ်ချပေးသွားတဲ့ အဲဒီအထုပ်ထဲမှာ ပါလာတာတွေက

တန်ဖိုးမြောက်များစွာ ရှိသော

စိန်ရွှေကျောက်မျက်ရတနာတွေပါ ။

 

_________________________

 

ဇာတ်ပေါင်းရရင်ဖြင့် . . . .

အလင်းဆက်ကလေးဟာ . . .

အဲဒီ စိန်ရွှေကျောက်မျက်ရတနာတွေကို ထုခွဲရောင်းချပြီးသဂါလ . . . .

ကျိကျိတက် ချမ်းသာသွားပါတော့တယ်။

စကားမကျန်အောင်..ပြောခဲ့ရရင်တော့….

ချစ်သုဝေထက် ပိုချောပိုလှတဲ့ မိန်းမလှလေးတွေ တရုန်းရုန်းနဲ့ ဘဝသက်ဆုံးတိုင် . . .

ပျော်ရွှင် ချမ်းမြေ့စွာ. . . . . . နေထိုင်သွားလေသတည်းးးးးးး

 

ဟီးဟီးး

 

:kwi:

 

 

:kwi:

 

 

ချစ်လို့စတာနော် ။

 

ဇာတ်လမ်းကို ကိုယ်လိုရာ ဆွဲသိမ်းပလိုက်တယ် ။ မှတ်ကရော ။

 

😆

 

((( ငယ်ငယ်က တက်ကျမ်းတစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတဲ့ ဇာတ်ကြောင်းတိုကလေးကို ပြန်လည် ခံစားရေးဖွဲ့ပါတယ် ။ )))

 

 

27 comments

  • Mr. MarGa

    January 20, 2014 at 8:18 pm

    အထင်နဲ့ အမြင် လွဲပုံက
    ဟိုက ပစ်ချလိုက်တာ
    ရတနာထုပ် မဟုတ်ဘဲ
    အမှိုက်ထုပ် ဖြစ်နေပါသတဲ့ ကွယ်
    အဲဒါကို ရလဲပြီးရော
    အလက်ဆင်း ဆိုတဲ့ ကောင်လေးတစ်ယောက်
    ဒီအမှိုက်တွေကို ရတနာတွေပါ ဆိုပြီး
    ရူးသွားတာ
    သွက်သွက်ကို ခါရော ဆိုလား………….. 🙂

    • ဒညင်းဝက်

      January 20, 2014 at 8:22 pm

      ကျန်း… သဂျားလေး…
      ဆေးသွားသောက်ပါကွယ်….
      သွားသွား..
      ဒီမှာ..စာလာဖတ်နေသူတွေကို လာ မရှုပ်နဲ ့နော်..
      လိမ်မာတယ်… ။

      ဆေးသောက်ပြီး.အိပ်တော့…

      :kwi:

      • MAUNG

        January 21, 2014 at 7:48 am

        ဟားဟား သူ့ အလှည့်ကြတော့ သဂျား ကိုအတင်း ဆေးသွားသောက်ခိုင်းနေတယ်

  • TNA

    January 20, 2014 at 9:09 pm

    အောင်မယ်လေး မင်းတားမှပါဘာ့မလားလို့စိတ်ပူလိုက်ရဒါအေရယ်။ ကဲကဲဒညင်းဝက်ကလေး ဆေးသွားသောက်ချည်။ လှုပ်သောက်လိုက်အုံးနော်။ :mrgreen:
    ရီလိုက်ရတာအေရယ်။ မျက်ရည်တောင်ထွက်တယ်။ 😀

    • ဒညင်းဝက်

      January 20, 2014 at 9:22 pm

      တိန်….
      အနော့်ကို..ဆေးလာတိုက်နေပြီ.. ။
      ပတ်ပြေးဦးမှ…

      😆

      တဲသီ..ရေ…
      နက်လိုင်းကို..အံတုပြီး… အရောက်လာ အားပေးတဲ ့အတွက်..
      ကျေးဇူး အများကြီးတင်ပါတယ်..လို ့… ။

      ဒါနဲ ့…
      သဂျားရူး.တအားထူးတဲ ့ ပုံလေး..လှတယ်မဟုတ်လားဟင်.. ။
      အဲဒါ… မန်းလေးသွားတုန်းက..
      ကျူံးဘေးလမ်းလျှောက်တုန်း.. ကပျာကယာ ရိုက်ထားလိုက်ရတာ…

      :kwi:

  • padonmar

    January 21, 2014 at 12:11 am

    ဒေါ်ဖွားမေရော တရုန်းရုန်းထဲပါသလားဟင်…

  • kai

    January 21, 2014 at 12:21 am

    စာအရ.. ချစ်သုဝေဆိုလေးတာ.. စံထားလောက်အောင်လှနေတဲ့ပုံ…။
    စကားအတင်းစပ်.. သရဲဆိုတာ.. ဘာလို့(အမြဲ) ကြောက်စရာကြီးဖြစ်နေရတာလည်းဟင်င်…. :kwi:

    • MAUNG

      January 21, 2014 at 7:55 am

      ဗျို့ သူကြီး ဘယ်သူကပြော လဲ သရဲ ကအမြဲတမ်း ကြောက်စရာကြီး လို့။

      Pee Mak ထဲက သရဲမလေး ဆို ချောမှချော ။ မယုံရင် ပုလင်းဖက်တဲ့ ဒညင်းဝက် ဆီမှာ ခွေရှိတယ်။ ငှါးကြည့်

  • kyeemite

    January 21, 2014 at 9:04 am

    အော်..ဒညင်းဝက်…ဒညင်းဝက် ငယ်ငယ်ရွယ်ရွယ်နဲ့ဖစ်မှဖစ်ရလေ….
    ပြောသာပြောတာ..အရူးပုံကတော့ သဂျားနဲ့တထေရာတည်းပဲ..ဟီဟိ 😀

    • ဒညင်းဝက်

      January 22, 2014 at 12:47 pm

      တိန်… ရူးတွားတာက..သဂျားပါဆို….. ဦးမိုက်.ယ
      ခိခိ..
      😆

      သဂျားရူး…တအားထူးတဲ့ပုံကို.. မန်းလေးသွားတုန်းက.. ခက်ခက်ခဲခဲစောင့်ရိုက်ထားရတာ..။
      အရူး မြင်သွားပြီး.လိုက်လုပ်မှာစိုးလို ့… ရိုက်နေရင်းနဲ ့ လက်တွေ တုန်နေတာ..။

      😆

  • Novy

    January 21, 2014 at 10:03 am

    မိဝက်ရယ် ညည်းလဲ နဲနဲ သွပ် သွားတာပေါ့လေ
    အရူးတွေအတွက်တော့ ဆေးရှိတယ် သွပ်တဲ့လူတွေအတွေက်တော့……………..

    • ဒညင်းဝက်

      January 22, 2014 at 12:48 pm

      အင်း.. သဂျားက..ရူး..
      ကျနော်က..သွပ်…
      ဟုတ်တော့ဟုတ်နေပြီ..
      ဟီဟိ
      :kwi:

  • sorrow

    January 21, 2014 at 10:10 am

    ကဲကြည့်….ရွာသားချောလေး အလင်းဆက် ပိုက်ဆံလဲရှိလာရော ချစ်သုဝေထက် ပိုချောပိုလှတဲ့ မိန်းမလှလေးတွေ တရုန်းရုန်းနဲ့ ဘဝသက်ဆုံးတိုင် တဲ့…ဆိုးတယ်နော်…အဟီး

    • ဒညင်းဝက်

      January 22, 2014 at 12:50 pm

      အဟိ.. ။

      အဲဒါ.. ဇာတ်သိမ်းမှာ..ကိုယ့်ကို ကိုယ် ဇာတ်နာထားတာ..
      အဟိ

      😆

  • လုံမလေးမွန်မွန်

    January 21, 2014 at 12:54 pm

    အွန်း..အဲ့ ကျောက်မျက်တွေ အစိုးရက မသိမ်းသွားဝူးလားဟင်င်. မသကာ ဘဂျီးကတော့ သိမ်းမှာသေချာတယ်.. ခိခိ.. 🙂

    • ဒညင်းဝက်

      January 21, 2014 at 7:16 pm

      အမငီးးး
      အက်သလောက်တော့ ဇာတ်မနာပါရဇီနဲ့ခည
      🙂

      သရဲမ ယောကျာ်းဘွတော့ မတွေးရဲစရာဂျီး
      အဟိ

      😆

  • မိုး မင်းသား

    January 22, 2014 at 7:16 pm

    ခံစားချက်နဲ ့ရေးတာလား

    ကိုယ်တိုင်ခံစားချက်ကပဲထင်ပေါ်စေတာလား…..ရယ်လိုက်ရတာဖတ်ဖတ်ကိုမောနေတာပဲ…..

    အလင်းဆက်ပြောပြောနေတဲ ့စကားတစ်ခွန်းကိုဖေါက်သည်ပြန်ချပါရစေ……

    ရူးနေတဲ ့လူတစ်ယောက်က…မရူးတဲ ့လူတွေကိုမြင်ရင်

    သူကဦးအောင်ပြောသတဲ ့…အရူးတွေတဲ ့လေ….

    အလင်းဆက်ရဲ ့စကားနော်….သားကဘာမှမတိဘူး…..

    ဘာဘာ….ဘာမှမတိဘူးဆိုသလိုပေါ ့နော်

    ချစ်ခြင်းမေတ္တာဖြင် ့

    • ဒညင်းဝက်

      January 22, 2014 at 8:03 pm

      ကျနော့်ကို.. ရူးနေသယောင်ယောင် လာလာ ပြောတတ်တဲ ့လူကြီး…
      အဟီး..
      Comment အတွက် ကျေးဇူးပါ… ။

      😆

  • Crystalline

    January 23, 2014 at 2:28 pm

    ဒညင်းဝက်ကတော့ ဇာတ်လမ်းဘယ်လိုပဲစစ နောက်ဆုံးပိုင်းမှာ သူချောကြောင်းကြွားရတာပဲ :))

    • ဒညင်းဝက်

      January 23, 2014 at 8:58 pm

      😆

      အဲဒါ.. တကယ်ချောလို ့မဟုတ်ဘူးဂျ…
      မချောတာကို.. လူတေါ သိမှာစိုးလို ့.. ကိုယ့်ကိုကိုယ် အားပေးစကားပြောရတာပါ..
      အဟိ.။..
      :kwi:

  • Ma Ma

    January 24, 2014 at 8:02 am

    အရူးက သူ့ကိုယ်သူ ရူးတယ်လို့ ဘယ်တော့မှ မပြောဘူးတဲ့။ :mrgreen:
    ချစ်လို့စတာနော်။ စိတ်မဆိုးနဲ့။

    ရတနာထုပ်ရထားတဲ့ သူဌေးကလေး မစ်စတာ အလက်ဆင်းကို နောက်တစ်ခေါက် တွေ့ဆုံပွဲမှာ ကံစမ်းမဲဖောက်ပေးဖို့ ပြည်တန်ပတ္တမြားလေး တစ်လုံးလောက် စပွန်ဆာပေးခိုင်းအုံးမှ……. 😀

    • ဒညင်းဝက်

      January 24, 2014 at 8:01 pm

      တိန်…
      ပြည်တန် ဘဒများ…တဲ ့..
      မြင်တောင် မမြင်ဖူးသေးဘူး..အဟိ
      😆

Leave a Reply