Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုယ်ရွေးချယ်ရာ ဘဝသာ….Choice!!!!!!!!

Normal
0

false
false
false

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-fareast-font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}

ပီးခဲ့တဲ့အပါတ် ပိတ်ရက်က မရောက်တာကြာတဲ့ မင်္ဂလာဒုံက အမေတို့အိမ်အလည်သွားဖြစ်ခဲ့ပါတယ်…အိမ်မှာ အမေနဲ့ ထိုင်စကားကောင်းနေတုန်း

ဘိုသီဘတ်သီနဲ့ အမျိုးသမီးတစ်ယောက် ကလေးငယ်ပေစုတ်စုတ်လေးတစ်ယောက်ကိုလက်ဆွဲလို့ ဝင်လာပါတယ်..ကလေးကပိန်ညှော်ညှော်..နှပ်တွဲလောင်းနဲ့

သေချာကြည့်လိုက်တော့မှ မတွေ့တာကြာပြီဖြစ်တဲ့ ကျုပ်ညီမငယ်ဖြစ်နေပါတယ်…အိုစာတဲ့ ရုပ်ရည်နဲ့ အဝတ်အစား နွမ်းဖတ်ဖတ်နဲ့…မြင်ရတာစိတ်မကောင်းစရာ..

ကျုပ်လည်းအမေတို့အိမ်သာရောက်ဖြစ်တာ…အိမ်ခွဲနေတဲ့ ညီ၊ ညီမတွေအိမ်တော့ မရောက်ဖြစ်ပါဘူး…အခုလိုအမေ့အိမ်လာရင်းတိုက်ဆိုင်မှသာတွေ့ဖြစ်ပါတယ်…

ဒါနဲ့ပဲ..ကျုပ်က….“ဟေ့..အသိန်း..နင့် မတွေ့တာတောင်ကြာပြီ..ဘယ်လိုလည်း..

အဆင်ပြေရဲ့လား…ကလေးတွေရော နေကောင်းကြလား…”

“ကောင်းပါတယ် အကို…စီးပွါးရေးကတော့…ဒီလိုပဲ လုံးချာလိုက်နေတာပဲလေ”

“နင်ကလည်း..အဆင်သာမပြေတာ..ကလေးကျတော့..တစ်ယောက်ပြီးတစ်ယောက်..

ခု..လေးယောက်ရှိပီနော်…အေး..တော်သင့်ပြီ..ဟ”လို့ ကရုနာဒေါသောနဲ့ ပြောလိုက်မိပါတယ်

ဟုတ်ပါတယ်..ကလေး လေးယောက်မှာ..အကြီးဆုံးက ခုမှ ရှစ်တန်း..အဲဒီတစ်ယောက်က ငယ်ငယ်ကတည်းက အမေတို့အိမ်ခေါ်ထားပြီး ကျောင်းထားပေးထားတာ…

ကျန်သုံးယောက်နဲ့တောင်…မလောက်မငနဲ့…တွေးရင်းနဲ့ စိတ်က အတိတ်ဆီကိုရောက်သွားပါတယ်..

ကျုပ်တို့ငယ်ငယ်က အဖေက စစ်မှုထမ်း..ကလေးတွေကလည်းများတော့

တော်တော်ချို့တဲ့ခဲ့ပါတယ်…ဒါပေမဲ့ အဖေက အားလုံးကို မဖြစ်မနေကျောင်းထားပေးပြီး

သင်ယူနိုင်သလောက်ထိ မငြီးမငြူထားပေးခဲ့ပါတယ်…အဲထဲမှာမှ..ဘွဲ့ရတဲ့သူရှိသလို

၁ဝတန်းနဲ့ ရပ်သွားသူတွေလည်းရှိတာပေါ့…ခုန ပြောခဲ့တဲ့ “အသိန်း” ဆိုတာက

အေးအေးသိန်း နဲ့ အေးအေးထွေး ဆိုတဲ့ အမွှာပူးမိန်းကလေးနှစ်ယောက်ထဲက တစ်ယောက်ပါ…အသိန်းက ဘိုင်အိုနဲ့ ဘွဲ့ရပြီး အထွေးက အီကိုနဲ့ ကျောင်းပြီးပါတယ်

အသိန်းက တက္ကသိုလ်တက်နေကတည်းက ပဲတော်တော်များပြီး အထွေးကတော့

ယောက်ကျားဆန်ဆန် ခပ်ကြမ်းကြမ်းပါ…ဘွဲ့ရပြီးဘာမှမကြာဘူး အသိန်းတစ်ယောက်

လင်နောက်လိုက်ပြေးပါတယ်…ရပ်ကွက်ထဲက လူငယ်တစ်ယောက်နဲ့ပါ

အဲဒီအချိန် ကျုပ်က အိမ်မှာမရှိတော့ပါဘူး..အလုပ်နဲ့ နယ်ရောက်နေပါတယ်…

အိမ်ကပြန်ပြောပြတာတော့..အဲဒီကောင်လေးနဲ့ဖြစ်နေတာ..ရိပ်မိကတည်းက

အတန်တန်တားကြပါတယ်တဲ့…အင်းပါ..အင်းပါ..ဆိုပြီး..နောက်တော့ လိုက်ပြေးတာပဲ

ကိုယ့်ဖက်ကမိန်းကလေးရှင်ဆိုတော့ ဘာတတ်နိုင်မလဲ..ပေးစားလိုက်ရတော့တာပေါ့…

ကောင်လေးက သူ့ထက်၅နှစ်လောက်ကြီးတယ်၊ ၈တန်းမအောင်ပဲကျောင်ထွက်ထားတာ

ကောင်းရော…။။။။

အင်း…အခုတော့ သူ့ယောက်ကျားက ဝါယာလက်ထိပ်မှာ ကွမ်းယာဆိုင်ရောင်းတယ်…

အသိန်းကတော့ ယောက်ခမအိမ်မှာကလေးသုံးယောက် ထိန်းကျောင်းရင်း ယောက်ခမအိုကို ပြုစုပေါ့…

အထွေး ကျတော့ နိုင်ငံခြားကုမ်ပဏီ တစ်ခုမှာ အကောင်တဲန့်၊ ဒေါ်လာစား၊ အဆင်ကိုပြေလို့

သူလည်းအိမ်ထောင်နဲ့ပါပဲ…ဒါပေမဲ့ အိမ်ပိုင်ယာပိုင်နဲ့..ရွှေနဲ့ငွေနဲ့…

ဒီအချိန်ကျမှတော့ မောင်နှမအရင်းတွေပေမဲ့ ကိုယ့်မိသားစုတာဝန်ကိုယ်ထမ်းကြလို့ တစ်ယောက်ကို တစ်ယောက်လည်း သာရေး၊ နာရေးကလွဲလို့ သိပ်ကြီးမဖေးမနိုင်ကြတော့…

ကျန်နေသေးတဲ့ အမေအိုနဲ့ အမေနဲ့အတူနေ အမ၊ ညီမအပျိုကြီးတွေကိုသာ

တတ်နိုင်သရွေ့  ဝိုင်းဝန်းထောက်ပံ့နေကြရတာမဟုတ်ပါလား…

အော်…ဘဝတွေ……ဘဝတွေ..ကိုယ်ရွေးချယ်တဲ့ဇတ်သွားအတိုင်း ကိုယ်ကနေကြရတာပါလား…..မိဘတွေက အခွင့်အရေးညီတူညီမျှပေးခဲ့ပါရက်နဲ့………

ကျုပ်လည်းဆက်မတွေးချင်တော့တာနဲ့  အသိန်းကလေးတွေအတွက်

မုန့်ဖိုးထုတ်ပေးပြီး အမေနဲ့ စကားပြန်ဆက်နေလိုက်ပါတော့တယ်။

အားလုံးကိုလေးစားခင်မင်လျှက်..

လမ်းဆက်လျှောက်နေတဲ့..

ကြီးမိုက်။

၂၀၊၁၊၂၀၁၄

မောင်နှမတွေငယ်ငယ်ကတော့ အပူအပင်ကင်း(အမွှာနှစ်ကောင်မမွေးခင်က)
မောင်နှမတွေငယ်ငယ်ကတော့ အပူအပင်ကင်း(အမွှာနှစ်ကောင်မမွေးခင်က)

 

 

 

31 comments

  • ဦးကြောင်ကြီး

    January 20, 2014 at 11:31 am

    ဒဂယ်ဒေါ့ ကိုယ်က ဘွကို ရွေးချယ်တာထက် ဘွကကိုယ့်ကို ရွေးချယ်တာသာ ခံဂျရတာများဗာဒယ် (၉၉.၉%) ဦးဂျီးမိုက်ရာ..။

  • kyeemite

    January 20, 2014 at 11:37 am

    စောစောစီးစီး ချမ်းချမ်းစီးစီးမှာ ကွန်မန့်လာပေးသွားတဲ့ ဆြာကြောင်ကိုသင့်ခရုပါဗျ 🙂

  • ခင် ခ

    January 20, 2014 at 11:50 am

    ရွေးရင်း ရွေးရင်း နဲ့ ဘဝ မလှသူတွေ
    ရွေးမိလိုက်လို့ ဘဝ လှသွားသူတွေ
    ထိုထို နှစ်ခုကြားမှာ ရွေးတာတော့ရွေးပါပေါ့
    အရွေးမှား မရွေးမမှားထက် ဖြစ်တည်လာတဲ့ဘဝပေါ် အကောင်းဆုံးဆက်သင့်တာပါဘဲလေ။

    • kyeemite

      January 20, 2014 at 2:47 pm

      ကွန်မန့်လေးတွေနဲ့ဝင်အားပေးကြပါသော…
      သဂျီး
      Kaung Kin Pyar
      ဦးကျောက်ခဲ
      surmi
      ကိုခင် ခ…တို့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ..

  • surmi

    January 20, 2014 at 12:00 pm

    တခါတ​လေ..
    ကို​ကြောင်​​ပြောသလို ​ရွေးခွင်​့မရှိတာလည်​း အများသား..
    ​ရေခွင်​့သာရမယ်​ဆိုရင်​ ? 🙂

  • Ma Ei

    January 20, 2014 at 12:12 pm

    ကိုယ်ရွေးချယ်ရာ ဘဝ…
    ကိုယ့်ဘာသာ ပိုင်ပေရော့လို့ သဘောမထားပါနဲ့
    မိသားစုတွင်းမှာ လှူခြင်းရယ်လို့ သဘောထားပါနော်…
    အကူညီပေးပါလို့ ကိုမိုက် ညီမလေးကိုယ်စား တောင်းဆိုလိုက်ပါတယ်…

    • kyeemite

      January 20, 2014 at 1:07 pm

      ညီမလေးဘက်က တောင်းဆိုပေးလို့ကျေးဇူးပါမအိရေ
      ဘယ်နေနိုင်ပါ့မလဲဗျာ..တတ်နိုင်သလောက်တော့ပံ့ပိုးနေရတာပေါ့
      အဲတစ်ယောက်ထဲမဟုတ်ဘူးဗျိုု့ …ကျန်သေးတယ်..နောက်မှရေးပါအုံးမယ်..

  • ဦးကျောက်ခဲ

    January 20, 2014 at 12:37 pm

    ကျောက်စ် လက်သုံးစကားပြောရရင်တော့…
    ယုံချင်ယုံ မယုံချင်နေ ၊ ဘဝဆိုတာ တင်ကြိုပြဋ္ဌာန်းချက်ရှိပြီးသား ခင်ဗျ…
    ဆင်ချင်ဉာဏ် သုံးနိုင်ပါမှ အဆင်းမကြမ်း ၊ အကျမနာအောင် ထိန်းနိုင်တာဗျို့…
    😀

  • TNA

    January 20, 2014 at 1:05 pm

    တဖအေတမအေထဲမွေးတဲ့ တအူတုံဆင်းမောင်နှမချင်းတောင် ကံအကျိုးပေးကွာတော့ အတော်ကွာ တယ်နော်ဦးမိုက်ရေ။ ကိုယ်ရွေးချယ်တဲ့ဘဝဆိုတာထက် ဗုတ်ဓဘာသာပီပီပြောရရင်တော့ ရှေးဘဝကံတွေ လဲပါမယ်ထင်ပါ့။

  • kyeemite

    January 20, 2014 at 1:15 pm

    TNAရေ…ကျုပ်သိသလောက်ကတော့ ကံ ဆိုတာထက်…စာမဖတ်တာဆိုးတာဗျ..
    ကျောင်းစာကလွဲလို့ ဘာစာမှမဖတ်တော့ အတွေးအခေါ်တိမ်တယ်၊ ဘဝမှာဆုံးဖြတ်ချက်တွေမှားတယ်
    ဖြစ်လာတဲ့ဘဝမှာလည်း မောင်တထမ်းမယ်တရွက်မကြိုးစားပဲ မျှောပစ်လိုက်တယ်…
    အဲဒီရဲ့ ရလာဒ်ပါပဲ….ဒါကြောင့်ကျုပ်သားနဲ့သမီးကိုတော့ စာဖတ်တတ်အောင်သင်နေတယ်
    သူတို့ဘဝတွေကို သူတို့ဆုံးဖြတ်ကြရမှာမဟုတ်လား…

  • အကြီးဆုုံးဖြစ်ရတဲ့ဘဝ မျိုးကရော.. အူးမိုက်…
    ကိုယ့်ဘဝကို မိသားစုက ပြဌာန်းပေးထားတဲ့ ဘဝမျိုးလေ..

    • kyeemite

      January 20, 2014 at 2:41 pm

      ဒါလဲဟုတ်တယ်မွန်မွန်…အကြီးဆိုတာကတော့ အငယ်တွေအတွက်အနစ်နာခံရတာတွေရှိတတ်ပါတယ်…
      ဓါတ်ပုံထဲက အမအကြီးဆုံးဆို ၁ဝတန်းနှစ်တခါကျပြီးတာနဲ့ အလုပ်ခွင်ဝင်ပြီး
      မိဘကိုတဖက်တလမ်းကူခဲ့ရတယ်…ညီငယ်ညီမငယ်တွေကိုထောက်ထားပြီး တောက်လျှောက်လုပ်ကျွေးလာတာ..အိမ်ထောင်လည်းမပြုဖြစ်တော့ဘူး…သူတစ်ဖက်တလမ်းကလုပ်ကျွေးခဲ့လို့ ကြီးမိုက်စာဆက်သင်နိုင်ခဲ့တာပေါ့..ဒါကြောင့် အမေနဲ့နေနေတဲ့ ကျေးဇူးရှင်အမကြီးကို အမေလိုပဲ
      ပြန်လုပ်ကျွေးနေပါတယ်…. 🙁

      • TNA

        January 20, 2014 at 4:00 pm

        အောင်မယ်လေး အူးမိုက်ရယ် အကြီးဖြစ်ပြီးအငယ်တွေအပေါ်ဗိုလ်ကျအနိုင်ကျင့်၊ သူအနိုင်ကျင့်သမျှ အငယ်ဆိုတော့ငုံခံ၊ သူဖွသမျှလိုက်ရှင်း သူလိုသမျှလိုက်ဖြည့်ရတဲ့ဘဝတွေလဲရှိသေးပါတယ်လေ။ 😥 ကိုယ်လိုတော့သူ့ဆီကမရ။ သူလိုတော့ပေးရ ခံရခက်ပါဘိ ဦးမိုက်ရယ်။

        • kyeemite

          January 20, 2014 at 4:13 pm

          ရှိတာပေါ့ မွသဲရယ်…လူအမျိုးမျိုး စိတ်အထွေထွေမဟုတ်လား

        • Novy

          January 21, 2014 at 1:53 pm

          အသဲရေ……..
          ဘွတူတွေပါလား…
          အငယ်ဆုံးဆိုပေမဲ့ ဒီနေ့ထက်ထိ သူတိုတောင်းသမျှ သူတို့မခြေမငံပြောသမျှလိုက်ပေးနေရတယ်

  • Kaung Kin Pyar

    January 20, 2014 at 2:29 pm

    ကောင်းကင်ပြာကြားဖူးတာတော့ ဘဝဆိုတာ ပြဋ္ဌာန်းထားပြီးသား စာတစ်အုပ်လိုပဲ….။ ဘယ်စာမျက်နှာ ရောက်ရင် ဘယ်လိုဆိုတာ သတ်မှတ်ထားပြီးသားတဲ့…..။ ဒါဟာ အတိတ်ကံကို လက်ခံတာလား…။ ကောင်းကင်ပြာတော့ လုံးဝ သဘောမတူပါ…။ လူတိုင်း အတိတ်ကံပါသည်ဆိုတောင် ရာခိုင်နှုန်းနည်းမှာပါ….။ လူတိုင်းက ဘဝဆက်လိုက်တိုင်း အတိတ်ကံကိုချည်းလက်ခံနေရမှာလား….။
    ကိုကြီးမိုက်ပြောသလို စာများများဖတ်ပေးသင့်ပါတယ်….။ ဒါပေမယ့် Too much knowledge make fool. အိမ်နားက အပျိကြီးမမဆို ရည်းစားတွေများပြီး ယောကျာ်းတွေအကြောင်းသိသွားလို့ ယောကျာင်္းမယူချင်တော့ဘူးတဲ့….။ ဘာတွေများ အသိလွန်သွားလဲတော့ မသိ!!!!

  • kai

    January 20, 2014 at 2:32 pm

    တော်ကြာနေ.. ယူအက်စ်က ကွမ်းယာဆိုင်ဖရန်ချိုင်းစ်မှာ.. အင်ဗက်စ်(ငွေရင်းနှီးမြုတ်နှံမှု) ထလုပ်မှ… အိုကေစိုပြေနေပါဦးမယ်..။
    အခွင့်အရေးကို ပေါ်လာရင်..ပေါ်တဲ့အချိန်မိအောင်ဖမ်းတတ်ဖို့ပဲလိုပါတယ်..။

    အင်း..
    ယောကျာ်း.. မိန်းမ… အိ်မ်ထောင်ဖက်… လူရောပေါ့လေ..။ :mrgreen:

  • Ma Ma

    January 20, 2014 at 4:54 pm

    ကိုယ့်နှမတစ်ယောက်အပေါ်ထားတဲ့ စေတနာနဲ့ ဖြစ်လာရတဲ့အခြေအနေအပေါ် စိတ်မကောင်းဖြစ်နေတာကို ခံစားမိပါတယ်။
    တကယ့်ဘဝအတွေ့အကြုံမို့ သင်ခန်းစာယူစရာပါပဲ။
    ပြောမယ့်သာပြောရ…
    ဒီရွာထဲက လူငယ်တွေ ရေးတာမန့်တာ ဖတ်မိရသလောက်တော့ ခံယူချက်မြင့်မားကြသူလို့ ခန့်မှန်းလို့ ရတာမို့ ကျေနပ်အားရစရာပါပဲ။ 🙂

  • Mr. MarGa

    January 20, 2014 at 7:40 pm

    အင်း…..
    စဉ်းစားစရာတစ်ခုပေ့ါ ဦးမိုက်ရေ
    ဘဝဆိုတာ ပြဌာန်းပြီးသားလို့ ဆိုကြပေမင့်
    ဉာဏ် နဲ့ ဝီရိယပေါ်မူတည်ပြီးတော့
    ပြန်ပြင်နိုင်တယ်လို့ပဲ မှတ်ထားမိသဗျာ

    • kyeemite

      January 21, 2014 at 8:45 am

      အမှန်ပေါ့ကိုရင်မာဃရယ်…
      ဒညင်းဝက်ရေ…ဝင်အားပေးတာသင့်ခရုပါ…လူငယ်တွေ
      အသိပညာမြင့်ပြီး အောင်မြင်တဲ့ဘဝတွေထူထောင်နိုင်ကြပါစေ…
      အန်တီမမ ကိုလည်းကျေးဇူးပါ…ဟုတ်တယ်ဗျ..ဒီဂဇက်မြို့သူမြို့သားတွေကတော့ခံယူချက်မြင့်မားကြသူများ
      ဆိုတာကျုပ်လည်းယုံပါတယ်… 🙂

  • padonmar

    January 20, 2014 at 9:18 pm

    အမွှာဆိုတဲ့ မွေးနေ့ချင်းတူတာတောင်မှ ပစ္စုပ္ပန် အလုပ်တွေ မတူတော့ အကျိုးပေးကွာသွားတယ်နော်။
    ……………………
    အတိတ်ကံဘယ်လောက် မကောင်းမကောင်း
    ရိုးသားမှု ဆိုတဲ့ ရှောင်သီလ နဲ့
    ပတ်ဝန်းကျင်ကို အလုပ်အကြွေးပြုမှုဆိုတဲ့ ဆောင်သီလ တွေကို လုံအောင်ထိန်းရမယ်ဆိုတဲ့ ဉာဏ်ရှိရင်
    သင့်တင့်အောင် ရလာမယ်လို့ ယုံကြည်ပါတယ်။
    ……
    မဖတ်ရတာကြာတဲ့ ဦးမိုက်လက်ရာလေး ဖတ်ရတာ ကျေးဇူးပါ။

    • kyeemite

      January 21, 2014 at 8:39 am

      အာတီဒုံရေ…အမွှာမှတစ်ယောက်နဲ့တစ်ယောက် ၅မိနစ်ပဲခြားပါတယ်…
      အတိတ်တွေဘာတွေကြောင့်ကိုမဟုတ်ဘူး…လက်ရှိပစ္စုပ္ပန် ဘဝမှာ ကို
      စာပေဗဟုသုတ လေ့လာလိုက်စားမှုမရှိ..အဲဒီတော့ အတွေးအခေါ်ညံ့၊
      အဆုံးအဖြတ်တွေမှား…ဝိရိယကနည်း…အဲဒါရဲ့ရလာဒ်ပါပဲ…

  • kai

    January 21, 2014 at 12:30 am

    ကံ၊ဉာ၊ဏ်၊ဝီရိယ၊
    ပြီးတော့ …ကံ၊စိတ်၊ဥတု၊အဟာရ၊
    ပြီးတော့.. အတိတ်၊ပစ္စုပ္ပန်၊အနာဂါတ်၊..
    .ပြီးတော့… ကာယကံ၊ဝစီကံ၊မနောကံ..။
    ပြီးတော့.. အဟောသိကံ..
    ပြီးတော့..ဇနကကံ၊ ဥပတ္ထမ္ဘကကံ၊ ဥပပီဠကကံ၊ဥပဃာတကကံ..
    ပြီးတော့.. ဂရုကကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ၊ ကဋတ္တာကံ..

    .. ပြောချင်တာက.. ပါမြူတေးရှင်း..ကွန်ဘိုင်နေးရှင်း.. ဖက်တိုရီရယ်တွေနားမလည်…. သချင်္ာမတတ်..မသိကြသေးတဲ့ခေတ်မှာ.. ဖြစ်နိုင်ခြေကို အတိအကျမသိ..မတွက်နိုင်ဘူး..ဆိုတာပါပဲ..။ သာမန်အားဖြင့်.. မြန်မာတွေနေ့စဉ်ဘဝမှာ… သုံးနေတဲ့ အတိတ်ကံဆိုတာကြီးဟာ.. အလုပ်တခုလုပ်တိုင်းဖြစ်နိုင်ခြေ ၁ရာနှုန်းတောင်မရှိလောက်ပါ..။ သိပ္ပံစကားနဲ့.. စာရင်းထဲထည့်မတွက်သင့်လောက်တဲ့အဆင့်ဖြစ်ကြောင်း..။

  • MAUNG

    January 21, 2014 at 9:48 am

    ဦးမိုက် ရေ…ဦးမိုက် ညီမငယ်လေး ဒီထက် ပို အဆင်ပြေ ပျော်ရွှင်နိုင် ပါစေလို့ ဆုတောင်း ပေးပါတယ် ။

    ကျွန်တော် ကတော့ ဒီနေ့ လူငယ်တွေတော်တော် များများ ပြောပြော နေတဲ့ ကိုယ့်သမိုင်း ကိုယ်ရေး ဆို တာကို အတိတ် ကံနဲ့ ညဏ် နဲ့ ကိုယ်တိုင် လုံ့လ စိုက်ပြီး ရောသမ မွှေ ရမယ် လို့လေးလေး နက်နက် လက်ခံထားတယ် ။

  • sorrow

    January 21, 2014 at 10:05 am

    ဘဝဆိုတာ ကျောက်တုံးကြီးတဲ့ဗျ… ကွကိုယ်ထုဆစ်တန်ဖိုးမြှင့်ရတာတဲ့ …….မထုဆစ်ပဲပစ်ထားတဲ့လူတွေလဲရှိသတဲ့…ထုဆစ်ပြီး ပုံမပေါ်တဲ့လူတွေလဲရှိတယ်တဲ့ ….ထုဆစ်ပုံဖော်ပြီး တန်ဖိုးအလွန်မြင့်သွားတဲ့လူတွေက လက်တဆုပ်စာလောက်ပဲရှိတယ်တဲ့ …

    ပုံ..ဆောရိုး….အာဟိ

  • kyeemite

    January 21, 2014 at 2:10 pm

    အမှန်ပဲ ကိုဆောရိုးရေ..ကွကိုယ်ထုဆစ်တန်ဖိုးမြှင့်တတ်ဖို့ ပညာနဲ့မဆုတ်မနစ်တဲ့ဝိရိယတော့လိုသပေါ့ဗျာ…..

    ကရုတစိုက်ဖတ်ပြီး အဖိုးတန်ကွန်မန့်လေးချီးမြှင့်တဲ့ ကိုမောင်ကိုလည်းကျေးဇူးပါဗျ

  • KZ

    January 23, 2014 at 2:30 pm

    ဘဝက ပေးသလောက်ကို ကိုယ့် ညာဏ် နဲ့ စဉ်းစားပြီး ရွေးချယ်ရတာပဲ။

    ကိုယ့် အကျိုးပေးဟာ ကိုယ့်ရွေးချယ်မှု ရယ် ကိုယ့် စိတ်ထားရယ်၊ ကိုယ့် နဂို ကံ ရယ် ဆိုင်သလားပဲ။

  • kyeemite

    January 23, 2014 at 2:37 pm

    ခုလိုပြန်တွေ့ရတာဝမ်းသာမဆုံးနိုင်ပေ….ဟေးဟေး
    အလုပ်ရှုပ်နေတာ ကိုယ်ချင်းစာပါတယ်ကေဇီ…
    မြင်နေကျကွန်မန့်တွေ မမြင်ရတော့ ဟာနေသလိုမို့ပါ…
    ကျေးဇူး..ရှဲရှဲနီ 😛

    • KZ

      January 23, 2014 at 3:38 pm

      အိမ်ရောက်တဲ့ချိန် အကုန်ဖတ်ဖြစ်တယ်။
      ကျနော်က မနက်နိုး ဖတ်၊ ညမအိပ်ခင်ဖတ် တာ ၂ ကြိမ်။
      နေ့လည်ခင်းမှ မန့်တာဆိုတော့ မအားတော့ မရောက်တော့ဘူးးးး
      စိတ်အပူနဲ့ ရွာကနေဘယ်မှ အသွားဘူးးးး
      တင်သမျှ အရင်ဆုံးဖတ်ဖြစ်တာချည်းပဲ။

      😀

  • ဦးဦးပါလေရာ

    January 24, 2014 at 6:53 am

    အမွှာနှစ်ယောက်မှာ
    တစ်ယောက်က လူများစု လိုပဲ ဖြစ်သွားပြီး
    ကျန်တစ်ယောက်ကတော့ လူနည်းစုထဲက တစ်ယောက်ဖြစ်သွားတဲ့သဘောပါပဲ ကိုမိုက်ရေ..။

Leave a Reply